ကျွန်ုပ်ညံ့သည်

ကျွနု်ပ် web service ဆိုသည်မှာကို မြန်မာမှုမပြုတတ်ခြင်းမှာ ကျွနု်ပ်ညံ့ခြင်းသာ ဖြစ်ပေတော့သည်။ Web service နှင့် web api ဘာမှ မကွာချေ။ သို့သော် မတူချေ။ ထိုအကြောင်းကိုလည်း သေချာအောင် မရှင်းပြတတ်ခြင်းမှာလည်း ထပ်ညံ့ပြန်လေသည်။ oAuth နှင့် AuthSub ကွာသည်။ ဘယ်လိုကွာကြောင်း စာနှင့်ရေးပြီး မရှင်းတတ်သေးသောကြောင့် သေချာမသိကြောင်း သိသာလှပေသည်။ ထို့ကြောင့် REST ကို သုံးဖူးသော်လည်း REST ဆိုသည်မှာ အဘယ်နည်းဟု မေးသောအခါ အဓိပ္ပာယ်ပြည့်စုံစွာ မဖြေကြားနိုင်သောကြောင့် စာမေးပွဲဆိုလျှင် ကျွန်ုပ်ကျလေပြီ။

Google ကတောင် ညွှန်းဆိုသော Zend Framework အား အခုချိန်ထိ မသွင်းတတ်သေးသည်မှာ ကျွန်ုပ်၏ လေ့လာမှု အားနည်းခြင်းကို ဖော်ပြနေလေသည်။ REST server အတွက် code အသင့်ရှိသော်လည်း တစ်ခါမှမရေးဖူးသည့်အတွက် မသိပဲ အော်နေသော် လူညံ့တစ်ယောက် ပမာဖြစ်ပေတော့သည်။ ကျွန်ုပ်၏ ညြံ့ပန်လေသည်။ Zend Library ဖြင့် Gdata ကို လွယ်ကူစွာ သုံးတတ်သော်လည်း AuthSub မှ AuthSub ဖြစ်နေသော ကျွန်ုပ်စိတ်အား ကျွန်ုပ်ပြောင်းလဲ နိုင်စွမ်းမရှိသောကြောင့် ကျွန်ုပ်၏ စိတ်အင်အားဟာလည်း ညံလှပေသည်။ AuthSub နှင့် oAuth ၂ ခု အား ၄ ရက်တိုင်တိုင် လေ့လာခဲ့သော်လည်း AuthSub ၏ GET ဖြင့်သာ data ယူနိုင်ခဲ့ခြင်းမှာ ကျွန်ုပ်၏ ညံ့ဖျင်းမှုကြောင့်လို့ ဆိုနိုင်လေသည်။ PHP Library မရှိသောအခါ Python ကို background ထားကာ အလုပ်လုပ်ခြင်းမှာ ကျွန်ုပ်၏ ညံ့ဖျင်းမှုပင်။ API အတွက် PHP Library ကိုယ်တိုင် လွယ်လင့်တကူ ချက်ခြင်းကောက်မရေးနိုင်ခြင်းမှာ ကျွန်ုပ်၏ လေ့လာမှု စွမ်းအား အတော့်ကို အားနည်းသည်ခြင်းကို ဖော်ပြရာ ရောက်လေ၏။

ကျွန်ုပ်မသိပဲနှင့် များများပြောနေမိပြန်သည်။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်ထင်တာထက် ပိုညံ့ကြောင်း ပြဆိုနေလေသည်။ ထို့ကြောင့် ကျွန်ုပ် အခုအိပ်ပြီ။

စာကြွင်း :: ပညာတစ်ခုအား ဟပ်ချလောင်းဆိုတာနဲ့ ချက်ခြင်းမကျလာကြောင်းကို ကျွန်ုပ်မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရလေသည်။

9 thoughts on “ကျွန်ုပ်ညံ့သည်

    • LOL!!! ညံ့လို့ ညံ့တယ်လို့ဝန်ခံတာကို… သူကလည်း ဇွတ်ပဲ…

  1. ကိုစေတန်ညံတယ်ဆိုရင်တော့ ကျွန်မ ဘာမှမသိတဲ့လူဆိုရင်တော့ ညံထက်နိမ့်တဲ့ ကျွန်မဖွတ်သည်လို့ ဆိုရမလားပဲ။

    • LOL!!! if you think like that,Read my previous post သူရဲကောင်း ကဗျာ… :P ( ကျွန်တော် ဘာသာပြန်တွေလည်း မရေးတတ်ပါ။ ဝတ္ထုလည်း မရေးတတ်ပါ။ ;) သူများ ဘာသာပြန် ရေးထားတာများကိုသာ ဖတ်ပါတယ်။ )

    • ဟုတ်တယ် အမရေ…ကိုစေတန်က ကိုယ့်ဟာကိုညံ့တယ်လို့ပြောတာ ကျွန်တော်တို့ကို ဖွတ်လို့ပြောတာထင်တယ် :P

      • အွန်… အဲလိုမပြောဘူးလေ… လူတိုင်း သူ့နေရာနဲ့ သူတော်ကြပါတယ်ဗျ…

  2. ဟားဟား..နောက်တစ်ခေါက်ပြန်လာကြည့်တာ ဘာများရေးမလဲလို့။
    ကိုစေတန်ကြီးတော်ပါ၏။ ဆရာကလည်း လက်မခံဘူး။ မသိသေးတဲ့လူတွေကို သင်ပေးတာ တော်တာပဲလေ။

    • ဟုတ်ကဲ့… ပြန်လာကြည့်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ… နည်းပညာကလွဲလို့ ဘာမှမလုပ်တတ်ဘူး.. :D ဒါကြောင့် သူများရေးတဲ့ ကဗျာတွေ ဝတ္ထုတွေပဲ လိုက်ဖတ်တယ်.. :P

  3. ကိုစေတန် ့ comment ကြီးက ကျွန်တော့် ကိုခြိမ်းခြောက်နေသလိုပဲ ။
    ” ပညာတစ်ခုအား ဟပ်ချလောင်းဆိုတာနဲ့ ချက်ခြင်းမကျလာကြောင်းကို ကျွန်ုပ်မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရလေသည်။ ” ။ ကျွန်တော့် social networking project ကတင်ဖို ့ ၆၇ ရက်ပဲ လိုတော့တာလေ .. ( ဒီကြားထဲမှာလဲ ကျောင်းက စသင်ဦးမှာပါ .. Project လုပ်ဖို ့ကတော့ ၁ လ ပဲပေးတာ ) ။ ကျွန်တော်က မသိတာတွေ အများကြီးပဲ .. ။ ပညာတစ်ခုအတွက် ထိုက်တန်တဲ့ အချိန်ပေးရမယ် ဆိုတာ သိပေမဲ့ ကျွန်တော်ရ တဲ့ အချိန်နဲ ့ကျွန်တော် မသိတာတွေအားလုံးကို cover မဖြစ်မှာစိုးရိမ်တယ် ဗျာ ။

    (ဟီး သူများ blog မှာ ၀င်ရေးတာများသွားလားမသိဘူး ။ )

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>