ဒါလား တို့မြန်မာ

အော်… လောကမှာ လူအမျိုးမျိုးပဲဗျ… တချို့တွေက အကျိုးအမြတ်မရှိလည်း ကူညီချင်ကြတယ်.. တချို့တွေက အကျိုးအမြတ်ရှိမှ ကူညီချင်တယ်.. တချို့တွေက အကျိုးအမြတ်ရှိမှ သူများကို အနှောင့်အယှက်ပေးတယ်။ တချို့တွေကတော့ အကျိုးအမြတ်ရှိပဲ အလကားနေရင်း နှောင့်ယှက်နေကြတယ်။ အများအကျိုးအတွက်တောင် အနှောင့်အယှက်ပေးကြတယ်ဗျာ။ ornagai ကို ကျွန်တော် ဆောက်ထားတာ မကြာသေးပါဘူး။ အခုထက်ထိတော့ စာလုံးအသစ်တွေ ဝင်ထည့်ပေးတဲ့လူတွေကတော့ တော်တော်နည်းသေးတယ်။ အဲ… မင်း ornagai က စာလုံးလည်း မစုံပါဘူးကွာလို့ ပြောတဲ့လူကတော့ များသား… စာလုံးအသစ်ထည့်ဖို့က ပင်ပန်းတယ်… အပြစ်ပြောဖို့ကတော့ ပါးစပ်ဖျားတင်ပဲလေ… ထားပါ… ဒါကတော့ ခွင့်လွှတ်နိုင်တယ်.. နားလည်နိုင်တယ်…  ကျွန်တော် နားမလည်တာက ပေါက်တက်ကရ စာလုံးတွေ လျှောက်ထည့်တဲ့လူတွေ… မိုက်မိုက်ရိုင်းရိုင်း စာလုံးတွေ လျှောက်ဖြည့်တဲ့လူတွေ… နောက်ပြီးတော့ word , state , def ပုံစံလည်းမကျ… ဖြည့်ချင်တဲ့နေရာမှာ ဖြည့်ချင်တဲ့စာလုံးတွေ လျှောက်ဖြည့်ပြီးတော့ မိုက်ရိုင်းတဲ့စာလုံးတွေ ထည့်သွားတဲ့လူတွေ… အနည်းဆုံး ၁ နေ့ကို ၁ ခုလောက်တော့ တွေ့နေရတယ်… တချို့ရက်တွေဆို ၄ လုံး ၅ လုံး မက ပါလာတယ်။ နောက်ပြီး word, state, def ပုံစံမမှန်ပဲ တရုတ်စာတွေ ကိုရီယားစားတွေ လျှောက်ဖြည့်တဲ့လူတွေလည်းရှိပါသေးတယ်။ ကျွန်တော်တို့ admin တွေအနေနဲ့ ဖျက်ရတာ အချိန်ကုန်တာပေါ့… ကျွန်တော်တို့ admin တွေက စာလုံး အသစ်ကို dicitonary ကိုကြည့်ပြီးလည်း ရိုက်ရပါသေးတယ်… ဖျက်ရတာလည်း လုပ်ရသေးတယ်… apporve လည်းလုပ်ရသေးတယ်… စာလုံအသစ်ထည့်တဲ့လူ အနည်းငယ်ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဒါပေမယ့် မြန်မာတွေအနေနဲ့ ကျွန်တော်တို့ ကိုယ်ကျိုးမကြည့်ပဲ အားလုံးအတွက် ဘယ်သူမဆို ကိုယ်ပိုင် dictionary ဖန်တီးနိုင်အောင် ကျွန်တော်တို့တွေ အပင်ပန်းခံပြီး လုပ်နေကြတာပါ။ ကျွန်တော်တို့ကို ဘယ်သူမှလည်း sponser ပေးတာမဟုတ်ဘူး။ အကုန်လုံးက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားပြီး အများအတွက်လုပ်ပေးနေကြတဲ့လူတွေပါ… တချက်လောက်တော့ နားလည်ပေးပါ… အရင်က ကြားဘူးနေတဲ့ စကား တခွန်းရှိတယ်…

မကူညီချင်နေ… မနှောင့်ယှက်နဲ့

11 thoughts on “ဒါလား တို့မြန်မာ

  1. အဲလို အဓိပ္ပါယ်မရှိတာတွေ ဖြည့်လို့ သူတို့တွေအတွက် ဘာတွေများရလို့ လည်းဆိုတာကို မေးချင်လိုက်တာ …

  2. အားလုံးက ဝိုင်းဝန်းပြီး ကြိုးစားလုပ်ထားတာကို appreciate မဖြစ်တဲ့အပြင် နှောင့်ယှက်တဲ့သူတွေကို အံ့သြမိတယ်။ I really appreciate the team that has created ornagai. Just a little request, can you please widen the definition field a little bit to ease the keying in of new words? And “defination” should be “definition”.

  3. dictionary မှာ ဖြည့်ရင်း တစ်ခုမှားသွားလို့ report လာလုပ်တာ။ tenant က ပထမတစ်ခုက n(noun) ဖြစ်ရမှာ။ v(verb) လို့ မှားရေးမိသွားလို့။ Sorry & thanks

  4. ( ငွေကြေးတစ်ပြားတစ်ချပ်မရဘဲ )public အတွက် လုပ်ထားတဲ့ dictionary တစ်ခုမှာ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် contribute မလုပ်ဘဲနဲ့ ပြောင်သလို ချောသလို လုပ်ကြတာတော့ စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး Internet user တွေထဲမှာ Cyber suffering လိုရောဂါဖြစ်နေပြီး တစ်ခုခုကိုတွေ့ရင် မကလိရရင် မနေနိုင်… လုပ်ပြန်ရင်လည်း မဟုတ်မဟတ်တွေပဲဆိုတဲ့ လူတွေသိပ်များနေသလား။ ကျွန်တော့် အမြင်တော့ local မှာ Internet usage သာ များလာတယ်… တကယ်ရော အကျိုးရှိရှိဖြစ်ရဲ့လားလို့ သံသယ ဖြစ်မိပါတယ် ကိုစေတန်ရေ။ Online usage နဲ့ ပက်သက်လို့လည်း education တစ်ခုလည်း အတိုင်းအတာ တစ်ခုအထိလိုအပ်နေလားလို့ (ကျွန်တော့် အထင်သက်သက်ပါ) ။

  5. Google မြန်မာ translation လုပ်တဲ့နေရာမှာလဲ တွေ့ဖူးတယ်ဗျ။ ဘာ language လဲတော့ မသိဘူး။ အကုန်လိုက်ရေးထားတာ။ Ornagai မှာလည်း ၀င်ရေးချင်တဲ့သူအတွက် လွယ်လွယ်ကူကူ account လေးတစ်ခုဆီ လုပ်ထားရင် ပိုကောင်းမယ်ထင်တယ်။ ဒါမှ ဘယ်သူ ဘာလုပ်တယ်ဆိုတာ သိနိုင်မယ်လေ။ အကန့်အသတ်ဖြစ်သွားနိုင်ပေမယ့် တကယ်ကူညီပေးမယ့်သူတွေ ရှိလာနိုင်တာပေါ့။ အနည်းဆုံးတော့ အခုလို ပြဿနာ သိပ်မဖြစ်နိုင်တော့ဘူးထင်တယ်။

  6. ကျွန်တော် ဖြည်းဖြည်းချင်း upgrade လုပ်ပြီးရေးသွားမှာပါ။ အဓိကကတော့ ကျွန်တော် တစ်ယောက်တည်းဖြစ်နေတာပဲ.. coding ပိုင်းကော admin ပိုင်းကောပေါ့…

  7. ဟား…အခုမှ တွေ့တယ်..ကျွန်တော်တော် ဒေါင်းပြီးသုံးနေတယ်..အရမ်းအဆင်ပြေတယ်ဗျ…တီထွင်သူကိုကျေးဇူးတင်နေတာ ကြာပြီ..တချို့သတ်ပုံလေးတွေ မှားနေတာတောင်ပြင်ပေးချင်နေတာ
    ဘယ်လိုလုပ်ရမှာ မှန်းမသိတော့ ဒီအတိုင်းကြည့်နေရတယ်..ကူညီနိုင်တဲ့အပိုင်းလေးကို ကူညီချင်ပါတယ်..ဒါပေမဲ့ ဘာမှ မလုပ်တတ်ဘူးဗျာ..email နဲ့ လမ်းညွှန်မယ်ဆိုရင် ၀မ်းမြောက်စွာလက်ခံပါ့မယ်..
    ကျေးဇူးတင်လျှက်

    • I wrote a new system and it’s OK now :) I will fix some spelling of Myanmar soon. Currently, I need to made ornagai email for report. I will soon for spelling report.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>