Ask Question in MZ User
2

နားမလည်တဲ့ Google

Posted October 8th, 2008 in စိတ်အချဉ်ပေါက်မှုများ and tagged by saturngod

Microsoft နဲ့ အပြိုင်ကြဲနေတဲ့ Google....
Microsoft က Yahoo! ကို ဝယ်မယ့်လုပ်တော့ Yahoo! ကိုမရောင်းအောင် အမျိုးမျိုးလုပ်တဲ့ Google...
Opensource တွေကို အားပေးပါတယ်ဆိုတဲ့ Google...
Photoshop ထက် GIMP ကိုအဓိကထားပြီးသုံးတယ်ဆိုတဲ့ Google...
Python ကိုပဲ အဓိကထားပြီး သုံးတယ်ဆိုတဲ့ Google...

နားမလည်တာကတော့ Gtalk Client ကို ဘာလို့ Windows အတွက်ပဲ ထုတ်တာလဲ...
Chrome ကကော ဘာလို့ Windows အတွက်ပဲထုတ်တာလဲ...
Gtalk က Ubuntu မှာ အခုထက်ထိ voice ကအဆင်မပြေသေးဘူး...
Software တွေလည်း စမ်းပြီးပြီ...
တချို့တွေက အဆင်ပြေတယ်...
တချို့တွေက အဆင်မပြေဘူး...

Chrome ကလည်း သူများပြင်ပေးထားတာကလည်း windows မှာလောက် မမြန်ပြန်ဘူး...
Wine နဲ့ဆိုလည်း နှေးနေတာပဲ...

Windows အတွက်ပဲ ဘာလို့ ထုတ်တာလဲ Google ရယ်...
Ubuntu သမားတွေ Fedora သမားတွေ....
Linux သမားလေးတွေအတွက်..... Gtalk Client လေး ထုတ်ပေးပါလားဗျာ...


2 Responses so far.

  1. rainbow says:

    ဘာလို့တုံး ဆို ဒေါ့.... google က developer တွေက window ဘဲသုံး ဒယ် တဲ့ ဟဲဟဲ.. စဒါဘာ
    ပြော ပီး ပါ ရော ....| beta ဘာ ဆို .....

  2. EiEiYgn says:

    ရှင်းပါတယ်ပိုက်ဆံကြောင့်ပါ။
    အလကားပေးတာတွေအတွက်ငွေအကုန်ခံပြီးဘယ်လုပ်မှာလဲ။
    လင်းနပ်သုံးနေတဲ့အရေအတွက်ကလောလောဆယ်မှာသိပ်နဲနေသေးတာကြောင့်ပါ။

Leave a Reply