တော်တော်…တော်တဲ့ ဒို့မြန်မာ

အခုတလော မြန်မာ IP

203.81.166.27

က DDos နဲ့တိုက်ခိုက်ရုံသာမကဘူး အခြားသော တိုက်ခိုက်ခြင်းတွေနဲ့လည်း တိုက်ခိုက်တယ်။ Login ဝင်မရအောင်လုပ်တာတို့ database ကြောင်အောင်လုပ်တာတို့ပေါ့။ gridserver သုံးထားတဲ့အတွက် ပြသနာက အေးပါတယ်။ ဒါပေမယ့် database အတွက် တခြားနည်းလမ်း စဉ်းစားရမယ်။

virus မဟုတ်ပဲနဲ့ လူတွေကို နှောက်ယှက်အောင် တမင်လုပ်နေတာလဲ မြန်မာကပဲ။ ဒီ post ကို ဖတ်ကြည့်တာနဲ့ မြန်မာတွေကို တော်တော်စိတ်ကုန်တယ်။ အကျင့်တွေက တဖြည်းဖြည်းပျက်လာပြီ။ အခုက မြန်မာတွေ တော်တာမဟုတ်တော့ဘူး။ စိတ်ဓာတ်အောက်တန်းကျကုန်တာ။ ဘယ်နည်းနဲ့ ဖျက်လို့ရမလဲ။ အခုက ဘယ်လိုဒုက္ခပေးရမလဲပဲ စဉ်းစားနေကြတာ။ သူများ ဒုက္ခရောက်ရင် ပြီးရောဆိုပြီး ကစ်နေကြတာလားမသိဘူး။ မြန်မာနိုင်ငံမှာ လူတော်ထက် လူဆိုးတွေက တဖြည်းဖြည်းတိုးပွားလာတယ်။ အဲလိုဒုက္ခပေးလို့ ဘယ် company ကမှ အလုပ်ခေါ်မှာမဟုတ်ဘူး။ သူများကို မကောင်းကြံချင်တဲ့ကောင်က ခေါ်ချင်ခေါ်မှာပေါ့ဗျာ။ တော်တော်လေးကိုတော့ စိတ်ကုန်ဖို့ကောင်းလာပြီ။ သနားဖို့လည်းကောင်းတယ်။ သူတို့ သိတာ တတ်တာတွေကို ပညာလို့ ထင်နေတယ်။ အဲဒါပညာမဟုတ်ဘူးဆိုတာ သူတို့မသိရှာဘူး…

အထူးသဖြင့် 203.81.166.27 ဆိုတဲ့ IP ကို အလွှဲသုံးစားလုပ်တဲ့ကောင်ကို စိတ်မကောင်းဖြစ်မိတယ်။ ပညာမဟုတ်ပဲနဲ့ ပညာလို့ ထင်နေမိတာကို သနားလွန်းလို့ပါဗျာ။

One thought on “တော်တော်…တော်တဲ့ ဒို့မြန်မာ

  1. အဲလို စိတ်ပုပ်တာက မြန်မာပြည်သူတွေ တင်မဟုတ်ဘူး အစိုးရလဲ ပါတယ်
    တော်ပြီဗျာ ဒါပဲ ရေးခဲ့တယ် ဆက်ရေးရင် မကောင်းတော့လို ့

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>