လေ့ကျင့်ခန်း CD ခွေများ

ရန်ကုန်မှာ ဆိုင်အချို့မှာ တင်ထားတာကို တွေ့ကြမှာပါ။ ဘာလေ့ကျင့်ခန်း ဘာလေ့ကျင့်ခန်းတွေဆိုပြီး။ ကျွန်တော့်အတွက် မလိုတော့ ကျွန်တော်လည်း ဝယ်မကျင့်မိဘူး။ ဒီနေ့ ညီလေး တစ်ယောက် ဝယ်လာတယ်။ ဘာတဲ့ 3D Animation လေ့ကျင့်ခန်းတဲ့။ ပြထားတဲ့ပုံကတော့ Game ထဲကပုံတွေဆိုတော့ လန်ထွက်နေတာပေါ့။ ကလေးသာသာပဲရှိသေးတော့ ပုံလှလှလေးတွေ့တော့ ငါလည်း ဒီလိုဆွဲလို့ရမှာပဲ ထင်ပြီး ဝယ်လာပုံရပါတယ်။ သူ့စက်ထဲမှာလည်း ဖတ်ရော မြန်မာစာတွေ မပေါ်ဘူး။ ဒါနဲ့ ကျွန်တော့်ဆီရောက်လာတယ်။ ကျွန်တော့်ဆီမှာ စမ်းတယ်။ မပေါ်ဘူး။ သူက PDF နဲ့ထုတ်ထားတာမဟုတ်ဘူးဗျ။ Microsoft ရဲ့ ဘာ reader လည်းတော့ မသိတော့ပါဘူး။ PDF လိုမျိုးဟာပဲလေ။ မမှတ်မိတော့ဘူး။ ကျွန်တော့်ဆီမှာ မြန်မာ Font တွေ ဒီလောက်ရှိတာတောင် ဖတ်လို့မရဘူး။ ဒါနဲ့ စာဘယ်နှစ်မျက်နှာ ရှိလဲ ကြည့်လိုက်တယ်။ ၁၃ မျက်နှာတည်း။ နောက်ပြီး ဘာမှလည်း မပါဘူး။ ဘာမှ မဟုတ်တဲ့ tutorial လေး။ ပုံထဲက ဟာဆွဲဖို့နေနေသာသာ ဘာမှမဟုတ်တဲ့ ဟာလေးပြထားတယ်။ တော်တော်လွန်တယ်လို့တော့ ခံစားမိသွားတာပဲ အမှန်ပဲ။ အခွေကိုလိမ်ရောင်းတာနဲ့ မခြားဘူးဗျာ။ ပိုက်ဆံဆိုတာ အလကားရတာမဟုတ်ဘူးလေ။ ပညာနဲ့ ထိုက်တန်လို့ ပေးရတာဆို ပေးပျော်တယ်။ အခုဟာက ပေးမပျော်တာအမှန်ပဲ။ internet ကနေရှာလိုက်။ ဒီထက်ကောင်းတဲ့ tutorial တွေအများကြီး။ ကျွန်တော်လည်း အဲဒီတစ်ယောက်ကို ဝမ်းနည်းပါတယ်ကလွဲပြီး ဘာမှ မလုပ်ပေးနိုင်လိုက်ဘူး။ မြန်မာတွေအနေနဲ့ ဘာမှမဟုတ်တာလေးကို အဲလို အခွေထုတ်ပြီး ရောင်းစားတာ မသင့်တော်ဘူးဗျ။ နောက်ပြီး pdf လည်းမဟုတ်။ လူတိုင်းဖတ်လို့ရတဲ့ font လည်းမဟုတ်။ အဲ.. ဝင်း font လို့ပြောလည်း သူပေးထားတဲ့ file က font လည်း ပြောင်းလို့မှမရတာ။ တော်တော်လေးကို ဆိုးတယ်ဗျာ။ မဖြစ်သင့်ဘူးဗျာ။ ပညာငတ်နေတဲ့လူတွေကို မညာသင့်ဘူးဗျာ…

3 thoughts on “လေ့ကျင့်ခန်း CD ခွေများ

  1. အဲဒီ Software က Microsoft ရဲ့ Office Document Imaging လို့ခေါ်ပါတယ်။ သူကဖောင့်နာမည် နဲနဲကွဲတာနဲ့ မရတော့ဘူး။ ဥပမာ Win Inwa နဲ့ -win—innwa နဲ့ -win–innwa ကွဲရင် မဖတ်တော့ပါဘူး။ Copy ကူးပြီး MS Word ထဲမှာ မြန်မာဖောင့် အင်္ဂလိပ်ဖောင့် စိတ်ရှည်ရှည် ပြန်ခွဲနိုင်ရင်တော့ ကြည့်လို့ရပါတယ်။ :)
    အဲဒီအခွေတွေက တစ်ခွေ ၅၀၀ လောက်နဲ့ National CD နဲ့ Active မှာဝယ်လို့ရပေမယ့်လဲ…….. သူတို့က Review လိုမျိုးလေး ရေးပြီး Learning ပဲပေးတော့မလို ရေးပြီးရောင်းတာပါ။ အခွေထဲမှာကတော့ ခုနကပြောတဲ့ စာမျက်နှာလေး ၁၃ မျက်နှာလောက်ပါပါတယ်။ အဲဒီ ၁၃ မျက်နှာကလဲ Install လုပ်ပုံလေးပဲပါမှာပါ။ Installer တစ်ခု သို့မဟုတ် Learning Guide တစ်ခုနဲ့ အထက်ပါလာတတ်ပါတယ်။ ရောင်းစျေးကတော့ ၁၃၀၀ ကျပ်ကနေ နှစ်ခွေတွဲဆို ၂၅၀၀ ကျပ်အထိရှိတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဝယ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း သူတို့ရေးတဲ့ Software တွေကိုမှတ် အပြင်ဆိုင်မှာဝယ်။ Manual တွေဖတ်လိုက်ရင် အခွေဝယ်ခပဲကျသင့်မှာပါ။ အဲလိုမျိုးရောင်းတာ နှစ်ခုလောက်ပဲရှိပါတယ်။ တစ်ခုက သင်တန်းနဲ့တွဲဖွင့်ထားတာပါ။ စာအုပ်တွေလဲရေးတဲ့ ဆရာတစ်ယောက်ပါ။ သူရေးတဲ့ စာအုပ်တွေကလဲ ပုံစံတူပဲလိုက်လုပ်လို့ရပါမယ်။ Tools တစ်ခုချင်း အလုပ်လုပ်ပုံတွေ မပါပါဘူး။ အခုဆို အဲဒီလိုအခွေတွေက အမှတ်စဉ် ၃၀ နားတောင်ကပ်နေပါပြီ။
    အကောင်းဆုံးကတော့ ကိုစေတန်ပြောသလိုပဲ Internet က Video Learning ပဲဖြစ်ဖြစ် PDF တွေပဲဖြစ်ဖြစ် ရှာလေ့လာရင် တစ်ကယ်ဝါသနာပါရင် အများကြီးရနိုင်ပါတယ်။ Internet ကို Chat ရုံပဲသုံးလို့ရတာမဟုတ်ကြောင်း သေသေချာချာသိသွားအောင် ရှင်းပြပေးနိုင်ရင် တော်တော်လေးအသုံးပြုလာကြမယ်လို့ထင်ပါတယ်

  2. အခု အားလုံး မင်္ဂလာ ကျွန်တော် လှိုင်း-၁၈ နှုတ်ဆက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>