ကျွန်တော်တို့မြန်မာတွေ အလွယ်လိုက်လာတာကိုတွေ့ရတယ်။ လိုက်ချင်လည်းလိုက်စရာပဲလေ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံ မူလတန်းမှာကတည်းက အလွယ်လိုက်အောင် ရိုက်သွင်းလိုက်တယ်။ ဒါကြောင့် အသက်ကြီးလာတော့လည်း အလွယ်ပဲလိုက်လာပါတယ်။ တကယ်ရှာမတွေ့တာ သေချာပြီလား.. ရှာမတွေ့ဘူးဆိုမှ မေးပါ။ မေးထားတဲ့ အဖြေပဲ ထိုင်စောင့်မနေနဲ့။ ကိုယ်တိုင်ရှာပါ။ မတွေ့ဘူးလက်လျော့လိုက်ပြီဆိုမှ မေးပါ။ အခုတော့ Gtalk မှာတွေ့လည်း မေး။ အပြင်မှာတွေ့တဲ့ လူတွေကလည်း မေးချင်တာတွေ စုပြီးမေး။ မြန်မာတော်တော်များများ အဲလိုတွေဖြစ်လာတယ်။ ကိုယ်တိုင်လေ့လာနိုင်စွမ်းတွေ အများကြီးကျဆင်းလာတယ်။ Thesis ဆိုလည်း shadow အပ်။ စာမေးပွဲအောင်ဖို့ စာလုပ်တာ။ စာကိုသိချင်လို့ စာလုပ်တာမဟုတ်ဘူး။ ဒီလောက်ကျက်ရင် အောင်မယ်။ ဒီလောက်လုပ်ရင် အမှတ်ကောင်းမယ်။ ငါဘယ်လောက်ဖတ်မှ ဘယ်လောက်သိမယ်ဆိုတာ မဟုတ်တော့ဘူး။ အရမ်းကို ကျဆင်းလာတာ။ ကျွန်တော် ကိုယ်တိုင် တဖြည်းဖြည်း အလွယ်လိုင်းရောက်လာတယ်။ ဒါဟာမဖြစ်သင့်ဘူး။ ကျွန်တော် ဒီနေ့ ကိုယ့်ကိုယ် ပြန်မေးလိုက်မှ တွေ့မိလာတယ်။ Computer ပထမနှစ်တုန်းက ထက်စာရင် အခု အများကြီး အလွယ်လိုင်းတွေ လိုက်နေမိပြီ။ အလွယ်လိုင်း မလိုက်ကျပါနဲ့ဗျာ။ သိချင်လို့ စာလုပ်တာဖြစ်ပါစေ။ လုံးဝ ရှာမရတော့လို့ မေးတာ ဖြစ်ပါစေ။ မြန်မာတွေ အမြန်ဆုံး တိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ…
တတ်အောင်လုပ်ဖို့ထက် စာမေးပွဲအောင်ရမှာက အဓိကလိုဖြစ်နေပြီလေ။ မေးတဲ့အကျင့်ကတော့ …. တခြားသူပြောပြတာက ပိုပြီးလွယ်လို့ ဖြစ်မယ်ဗျာ့။ အားကိုးရှာတာလေ … နောက်ဘာသာစကားကြောင့်လည်းပါမယ်ထင်ပါတယ်။ အင်္ဂလိပ်စာတွေ တွေ့တာနဲ့ ဘာမှ ဆက်မလုပ်ချင်တော့ တဲ့ သူတွေ လည်း … း)
ကျွန်တော်လည်း အဲဒါမျိုးတွေ များနေတယ်လို့ ကျွန်တော်လည်း ထင်တယ်အကိုရေ ကွန်ပျူတာ မဂ္ဂဇင်းစာအုပ်တွေမှာဆို အမေးအဖြေ အခန်းမှာဆို အင်တာနက်သုံးနေတဲ့သူတွေက အလွယ်လေးတွေ ွမေးနေတာတွေပါတွေ့ရတယ်။ အင်တာနက်မရှိတဲ့နေရာက လူတွေဆိုထားပါတော့။ အင်တာနက်ရှိရင် Google မှာ ကိုယ်ရှာချင်တာတွေ မျိုးစုံရိုက်ရှာလိုက်တွေ့နေတာပဲကို ကျွန်တော်လည်း ကျွမ်းကျင်လို့ တတ်လို့တော့ မဟုတ်ပါဘူး။ ဒီလိုပဲ မသိတာရှိ လျှောက်ရှာရတာပဲ မရတော့မှ ဖိုရမ်မှာ မေးတယ်။ ကျွန်တော်တို့ဆီမှာ ကိုယ်ဘာသာ လုပ်တတ်တဲ့ အကျင့်က ငယ်ငယ်ကတည်းက ပျောက်နေကြတယ်။
Htoo Tay Zar
This isn’t concerned with your post. But I’d like to inform you that your glite site is banned when I tried to access it now. tell me it’s a joke or some temporary error.
answer everyone my brother…
you are good man
cheer….
ပြော၇င် လည်းခံ ၇ မှာပဲ ရှာနိုင် ဖို့အတွက် speed က အတော်နှေးတဲ့အတွက် အလွယ်လမ်းလိုက်တဲ့ အထဲမှာ ကျွန်တော် ပါ နေတယ် အကြောင်းကောင်းပြနေတာ ဖြစ်ချင်ဖြစ်နေမှာ
အမှားပါခဲ့၇င် ခွင့်လွှတ်ပေးပါ။