My Sites has been down

မနေ့က ညနေကနေ စပြီးတော့ blog က ဖွင့်လို့မရတော့ဘူး။ အစကတော့ server restart ချတယ်ထင်ပြီး စောင့်ကြည့်လိုက်သေးတယ်။ ခက်တာက တော်တော်နဲ့ ဖွင့်လို့မရတာနဲ့ ည ၂ နာရီလောက်ရောက်တော့ bluehost ကို live chat နဲ့ မေးလိုက်တယ်။ သူတို့server ဘက်ကို မေးကြည့်ပေးမယ်ဆိုပြီး ခဏလောက်စောင့်လောက်တော့ site က DDos တိုက်နေလို့ down ထားပါတယ်တဲ့။ ပြန်ဖွင့်လို့ရတဲ့ အချိန်ပြန်ဖွင့်ပေးမယ်လို့ reply လာတယ်။ အင်း… ထင်တော့ ထင်သား။ ဘာလို့ DDos တိုက်လဲတော့ မစဉ်းစားတတ်အောင်ပဲ။ အရင်ကတည်းက တစ်ခါမဟုတ် တစ်ခါတိုက်ခံထိနေတာ။ တိုက်ခံထိလိုက်တိုင်း server ပြောင်းရတယ်။ Bluehost ကတော့ မဆိုးဘူးပဲ။ 24 hours စောင့်ကြည့်နေတာပဲ။ ပိုက်ဆံပေးရတာတန်တယ်။ တိုက်တယ်ဆိုတာနဲ့ sites ကို down လိုက်တယ်။ CPU over usages မဖြစ်တော့ဘူးပေါ့။ အခြား သုံးခဲ့တဲ့ Hosting တွေက DDos တိုက်တာနဲ့ CPU over usages ဖြစ်ပြီး site ပြန်ဖွင့်ခွင့်မရတော့ဘူး။ bluehost ကိုတော့ သဘောကျသွားတာအမှန်ပဲ။ ဒါနဲ့ ဖွင့်ချင်တဲ့ အချိန်မှ ဖွင့်ကွာဆိုပြီး ထားလိုက်တာ ဒီမနက်တော့ ပြန်ပွင့်သွားပြီ။

နားမလည်သေးတာက ဘာလို့ DDos တိုက်ရတာလဲဆိုတာပဲ။ အင်း.. ခက်ပါ့။ စဉ်းစားလို့လည်း မရ။ ဘယ်သူ့ကိုမှလည်း ပြဿနာ ကြီးကြီးမားမား မရှာမိပါဘူး။ DDos ကတော့ တိုက်ရတာ အခက်ကြီးလည်းမဟုတ်သလို ပညာလည်း မပါတော့ လက်တည့်စမ်းတာ ဖြစ်ရင်ဖြစ် မဖြစ်ရင်တော့ မနာလိုလို့ တိုက်ပဲဖြစ်မယ်။ ဟားဟားဟား…. အဲဒါပဲစဉ်းစားလို့ရတယ်ဗျာ။ တစ်ခြားဟာတွေတော့ စဉ်းစားလို့မရဘူး။ လက်တည့်စမ်းတာပဲဖြစ်ဖြစ် မနာလိုတာပဲဖြစ်ဖြစ် သေချာတာကတော့ ကလေးစိတ်မပျောက်သေးဘူးနဲ့တူတယ်။ ကဲပါလေ… ပြောမနေတော့ပါဘူး။ အခု ကိုယ့် sites လေး ပြန်တက်လာပြီဆိုတော့ ကျေနပ်ပါတယ်။ Thank you bluehost ပါ။ အခြား host တွေထက် စျေးပိုကြီးပေမယ့် ဒီတစ်ခေါက် DDos တိုက်တာကြောင့် server မပြောင်းလိုက်ရတာပဲ ကျေးဇူးတင်မိတယ်။


10 thoughts on “My Sites has been down

    • စတယ်လို့တော့ မမှတ်ပါဘူး.. ဘာလို့လည်းဆိုတော့ ကျွန်တော် hosting ၂ ခုကို ၃ လတည်းနဲ့ ပြောင်းရတာ ၂ ခေါက်ရှိသွားပြီ။ ကျွန်တော် $60 အလကား ရှုံးပြီးသွားပြီ။ စတဲ့အနေနဲ့ အဲလို DDos တိုက်တယ်ဆိုရင်တော့ ကလေးစိတ်မပျာက်သေးဘူးထင်တာပဲ။

      • ကလေးစိတ်နဲ ့လုပ်မိတဲ ့လူလည်းခုလောက်ဆို ရှက်နေပါပြီ…….

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>