Should be change PAC License

PAC လိုင်စင်…. တကယ် သုံးစားမရတာဗျာ… ထုတ်ထားတဲ့ စည်းကမ်းတွေက PAC တွေအတွက် စဉ်းစားသင့်တယ်….

သူတို့က ပိုက်ဆံပေးထားရတာ… ရတဲ့ service ကတော့ လူမိုက်ငှားဖို့လောက်ပဲ ရတာ… မြန်မာ unicode တွေ သေသေချာချာ စနစ်တကျ ရှိစေချင်တယ်ဆိုရင် PAC ကနေ ပဲသွားသင့်တယ်… ဆိုင်တွေတိုင်းမှာ မြန်မာ unicode တွေ မဖြစ်မနေ ထည့်ရမယ်… နောက်ပြီး keyboard တွေ မဖြစ်မနေထည့်ရမယ်.. လက်ကွက် စာရွက်ကို ထုတ်ထားပေးပါ.. စတာတွေ လုပ်ရင်တော့ Unicode က ဒီထက်ပို ကျယ်ပြန့်လာမှာ… ဆိုင်တွေမှာ ဘာ software တွေ မဖြစ်မနေထည့်ရမယ်.. အဲဒီဟာတွေ အကုန်လုံးကို PAC လိုင်စင်ရတာနဲ့ အခွေ တစ်ခွေလေးပေးလိုက်ရုံပါပဲ…. နောက်ပြီး ၆ လ ၁ခါ လိုင်စင်ကြေးသွင်းရတဲ့အခါမှာ update ဖြစ်တဲ့ cd ခွေလေး ထည့်ပေးလိုက်ရင် ကောင်းမှာပေါ့.. အခုက ရိုင်းရိုင်းပြောရရင် ဆက်ကြေးဆောင်ရတာ ကြနေတာပဲ… ၁ လ ၅သောင်း သွင်းရပြီး CD ခွေလေး တစ်ခွေတောင် supporting မပေးဘူး… connection ကျရင်တော့ မပြောနဲ့တော့… ၅ သောင်းနဲ့တန်အောင် ၁ လ ဘာလုပ်ပေးလဲပြော…. ဘာမှ တောင်မလုပ်ပေးပဲနဲ့ဗျာ… မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲတဲ့လူတွေက advanced user ဆိုတာ လက်ချိုးရေလို့ရတယ်.. အဲ… ဆိုင်ပိုင်ရှင်တွေကိုယ်တိုင်က end user ဖြစ်နေတာ…. သူတို့မှာ ပိုက်ဆံရှိလို့သာ ဆိုင်ဖွင့်သာ.. အင်တာနက် အခုမှ စသုံးဖူးတဲ့လူတွေလည်း ရှိပါ့… အဲဒါမျိုးတွေအတွက် supporting လုပ်သင့်တယ်.. သင်တန်းလေးတွေ လုပ်ပေးသင့်တယ်… PAC အနေနဲ့ ဘာလုပ်ပေးလဲ… ဟိုဟာမလုပ်ရဘူး.. ဒီဟာမလုပ်ရဘူး.. ပိတ်ပင်တာပဲရှိတယ်.. ဆိုင်ရှင်တွေဆီက ငွေလိုချင်တယ်ဆိုလည်း ကိုယ့်ဘက်က ပေးဆပ်မှုလေးတွေရှိမှ ဆိုင်ရှင်တွေက လိုလိုလားလားပေးမှာပေါ့.. အခုဟာက အလကား ငွေတောင်းနေတဲ့ပုံပေါက်နေတယ်…

အဆိုးရွားဆုံးက connection တချက်ချက် down သွားခဲ့ရင် ဘယ်သူ့ဆီ ဆက်ရမှန်းမသိ… bagan က အမြဲလိုလို ဆက်မရ…. ဆက်လို့ရရင်လည်း အဖြေက ရေရေရာရာ တိတိကျကျမရှိ…. လူကို ပြန်ဟောက်ဖို့လောက်ပဲ စဉ်းစားနေတာ… MPT လည်း ထူးမခြားနားပဲ… ဖုန်း operator ကိုယ်တိုင်က စကားပြောတာ စိတ်မရှည်.. အင်းလေ သူတို့လေ တစ်ယောက်လာလည်း ဒါပဲ ဖြေ… နောက်တစ်ယောက်လာလည်း ဒါပဲဖြေဆိုတော့ ဘယ်စိတ်ရှည်မလဲ… ဖုန်း operator ကို အနည်းဆုံး ၃ ယောက်လောက်ထားသင့်တယ်… အခုဟာက ဖုန်းက ၁လုံးတည်း… connection down ပြီဆို ဝိုင်းပြုံဆက်တော့ ဘယ်လိုလုပ်ရပါ့မလဲဗျာ…. ဖုန်းလေးတွေ ထပ်ဖြည့်ပေးဖို့ စဉ်းစားသင့်ပြီ….


2 thoughts on “Should be change PAC License

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>