time to change ve ?

မနေ့က MZ 2.0 ကို server မှာ တင်တော့ view တွေ ပါနေတော့ မရဘူး ဖြစ်နေတယ်။ ဒါနဲ့ MT ကို မေးရတယ်။ ၁ ရက်ကျော်ကျော်လောက် စောင့်လိုက်မှပဲ ပြန်ဖြေတယ်။ gs က view ဆောက်ခွင့်မရှိဘူးတဲ့။ dv ဝယ်ပါတဲ့။ dv တော့ မဝယ်နိုင်သေးဘူး။ ve ဆို၇င်ကော ရမလား မေးထားအုံး။ eee…. server ဖိုးက ကုန်အုံးမယ်။ iPad ကြောင့် ပိုက်ပိုက် တွေ ခမ်းသွားတာ။ server ထပ်ဝယ်ရအုံးမယ်ဆိုရင်တော့ =( VE က စျေးများတယ်ဗျ။ တနှစ်ကို $300 တောင် ဆိုတော့ ကျွန်တော့်အတွက် နည်းတာမဟုတ်ဘူးလို့ ဆိုရမလိုပဲ။ ဟူး…. Django ပါရရင်တော့ VE ကို ပြောင်းဖို့ များပါတယ်။ ဒီလ တော့ MZ 2.0 တင်လို့တော့ မရလောက်သေးဘူး။ ပိုက်ပိုက်က လက်ထဲမှာ မရှိဘူး။

VE ပြောင်းမယ်ဆိုရင်လည်း file တွေ database တွေ ပြောင်းတာနဲ့ အချိန်လည်းကုန်အုံးမယ်။ ငွေကော အချိန်ကော ကုန်မှာဆိုတော့ ပြောင်းသင့်မပြောင်းသင့် စဉ်းစားရမယ်။ နောက်ပြီး VE နဲ့ အဆင်ပြေမလား မပြေဘူးလား။ အခုတော့ သေသေချာချာ မေးနေတုန်းပဲ။ $30 ဆိုတာကတော့ အများကြီးရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မနည်းလည်း မနည်းဘူးဗျ။

အခု တလောအတွင်း MZ 2.0 ကို စမ်းလို့ရအောင် ကိုအောင်ကျော်ထက်ကို အကူအညီတောင်းပြီး MZ 2.0 test ဖို့ သူတို့ server မှာ ခဏလောက် run ကြည့်ရင် ကောင်းမလား မသိဘူး။ ………..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>