Beware of something in social networks

ပြောချင်နေတာကတော့ ကြာပြီ။ အခုတော့ ဝေဖြိုးရေးထားတာတွေ့လို့ သူ့ blog က ဟာကို ပြန်ဖော်ပြပေးလိုက်တယ်။ မြန်မာက လူတွေ သူ့ blog ကို ဝင်ကြည့်ခက်မှာဆိုးလို့ ဒီမှာပဲ ရေးပြလိုက်ပါတယ်။

source: http://edwardwitten.blogspot.com/2008/02/beware-of-something-in-social-networks.html

 

ပြီးခဲ့တဲ့ ပို့စ်မှာ Social Networking အကြောင်းတွေ ပြောခဲ့လို့ ကျွန်တော် ဒီပို့စ်ကို ရေးဖို့ ဆန္ဒပေါ်လာပါသည်။

Personal ထင်မြင်ချက်နှင့် သတိပေးချက်တစ်ခုကို ပြောပါရစေ။ အွန်လိုင်းပေါ်မှာ ကျွန်တော်မကြိုက်ဆုံး မျက်စိအနောက်ဆုံးလို့ ထင်ထားတဲ့အရာတွေထဲမှာ Social Networking Tools တွေပါတယ်ဆိုရင် ယုံပါ့မလား။ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ အရမ်းကို clutter ဖြစ်နေပြီး အချိန်တွေကို မတရားအပိုင်သိမ်းနေတယ်လို့ ခံစားရလို့ပါ။ တော်ရုံတန်ရုံဆိုရင်တော့ အဲ့ဒါတွေက မဆိုးပါ။ တနေ့တနေ့ ကိုယ့် profile ကို ဖင်တပြန်ခေါင်းတပြန် လျှောက်ပြောင်းနေမဲ့အစား တခြားဟာတွေလုပ်လိုက်ရတာက ပိုအကျိုးရှိမယ်လို့ထင်ပါသည်။ အဆိုးဆုံးက Facebook ပါပဲ။ ကျွန်တော် အမျှော်လင့်ခဲ့ဆုံး နည်းပညာဆိုက်တွေထဲမှာ FB ပါပါတယ်။ ဒါပေမယ့် မဟားဒယားတိုးပွားလာတဲ့ အဲ့ဒီ Application တွေဟာ အကျိုးရှိတဲ့နေရာကနေ ေ၀းရာကို ပြေးလို့နေပါပြီ။ မနက်မိုးလင်းတိုင်း အရည်မရအဖတ်မရ App အင်ဗိုက်တေးရှင်းတွေ သိပ်များနေတာ မကောင်းဘူးလို့ ခံစားရပါတယ်။ လေး ငါးခုဆို လုံး၀ လက်ခံနိုင်ပေမဲ့ ခဏခဏ လေးငါးဆယ်လောက် ဂိမ်းကစားဖို့၊ ဘာလုပ်ဖို့ ညာအကောင်ကိုက်ဖို့ ဖိတ်စာတွေ များနေတာကို တော့ လက်လန်ပါ၏။ နောက်ပြီး ကျွန်တော်ကြိုက်တဲ့အရာဆိုရင် Accept လုပ်ပါ့မယ်။ မကြိုက်လို့ Reject လုပ်လိုက်တာတွေကို နောက်တစ်ခါထပ်မပို့သင့်ဘူးလို့ထင်ပါတယ်။ ဒီနေရာမှာ လူတွေအပြစ်မဟုတ်ပါဘူး။ FB ရဲ့ စနစ်ကိုက အထိန်းအကွပ်မရှိ မသတ်မှတ်ပေးထားတာပါ။ အရမ်းကာရော ပွားများနေတဲ့ ဂိမ်းတွေကလည်း ကြောက်စရာပါပဲ။ မှန်ပါတယ်။ ဆိုရှယ်နက်၀က်ကင်းဆိုတာ ဒီလိုမျိုး သူငယ်ချင်းတွေ စုပြီးကစားမှ၊ ဟိုကုတ်ဒီကုတ် လုပ်မှ ပျော်ဖို့ကောင်းမှာပါ။ လက်ဆောင်လေးတွေ ၀ယ်ပေးမှ စိတ်ချမ်းသာမှာပါ။ အားလုံးကို မငြင်းပါဘူး။ ဒါပေမယ့် ပြဿနာက အတားအဆီးမရှိတော့တာကို ဆိုချင်တာပါ။ ကျွန်တော်က အမြဲတမ်း အစွန်းရောက်သဘာ၀တွေကို လက်မခံနိုင်ပါဘူး။ ဒါကြောင့်ဒီစကားပြောတာ ဖြစ်မှာပါ။ ကျွန်တော့်သူငယ်ချင်းတွေ Social Networking Tools တွေကို သုံးပြီး အလုပ်လုပ် အဆင်ခြောသွားတဲ့ လူတွေ တပုံတပင်ပါ။ ဒါပေမယ့် အများစုက အခုထက်ထိ FB မှာ App တွေ အင်စတောလုပ်ရ၊ အင်ဗိုက်လုပ်ရ၊ ဟိုလျှောက်ချိန်း ဒီလျှောက်ချိန်းလုပ်ရတာနှင့် တစ်ရက်ကို နာရီ ၁၅နာရီလောက် အချိန်ဖြုန်းလိုက်တာကို တွေ့လိုက်ရပါသည်။ ကပ်စီးနဲသင့်ဆုံး အရာများထဲတွင် အချိန်ပါပါသည်ဟု နှလုံးသွင်း ယုံကြည်ထားခြင်းသည်လည်း ကျွန်တော့်၏ ထိုထို Social Networking တွေနှင့် clash ဖြစ်မှု ဇစ်မြစ် ဖြစ်နိုင်ပါသည်။

ထပ်ပြောပါရစေ။ အခုခေတ်ဟာ Social networking era ပါ။ Web 3.0 ဆိုတာကို cloud တစ်မျိုးပါလို့ ဂူဂယ် စီအီးအိုကြီးက အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီလို ချိတ်ဆက်မှုတွေကနေ အရင်းတည်မဲ့ ခေတ်တစ်ခုပါ။ အဲ့ဒီ နက်၀က်တွေကို အသုံးချပြီးလူတွေ ကူးလူးဆက်ဆံကြမဲ့ ကာလပါ။ ကျွန်တော်ကိုယ်၌မှာလည်း အခု ၂၀ မက ရှိပါတယ်။ အဲဒီလိုကာလမှာ ဒါတွေကို ခေတ်နှင့်အညီ သုံးကြတာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ရူးမူးစွာ အဲ့ဒီထဲမှာပဲ အချိန်ကုန်ကြ၊ တစ်ယောက်နှင့်တစ်ယောက် နာရီပေါင်းများစွာ အကျိုးမရှိတဲ့ဟာတွေ ပို့နေကြပြန်ရင်တော့ သိပ်မကောင်းတော့ပါဘူး။ Facebook မှာ ကျွန်တော်လေးစားရတဲ့ App တွေ၊ ရှိသလို စဉ်းစားလို့မရတဲ့ လက်မခံနိုင်တဲ့ App တွေလည်း ရှိပါတယ်။ ကျွန်တော်လည်း သူငယ်ချင်းတွေကို လက်ဆောင်တွေပေးပါတယ်။ လိုက်ကိုက်ပါတယ်။ ရံဖန်ရံခါပေါ့ဗျာ။ တစ်ချို့က အဲ့လိုမဟုတ်ပါဘူး၊ ဒါမှ မလုပ်ရရင် ညစာတောင်

ပျက်သွားပါမယ်။ ဘာမှတ်လဲတဲ့။ ဖရားဖရား ကြောက်စရာကလား။ ဆိုတော့ နောက်ဆုံးအကျဉ်းချုံးပြောချင်တာက သုံးတာသုံးပါ။ အားရပါးရလေ့လာရှာဖွေသုံးပါ။ ကျွန်တော်တို့က ဒီလိုသုံးမှ သူများတွေနှင့် ရင်ဘောင်တန်းနိုင်မှာပါ။ ဒါပေမယ့် ကိုယ်သုံးလိုက်တဲ့အချိန်တွေကို တခြားအရေးကြီးတဲ့ နေရာတွေမှာရော သုံးဖို့လိုနေမလား အရင်ဆန်းစစ်ကြည့်စေလိုပါတယ်။ လူတွေရဲ့ လုပ်ပိုင်ခွင့်ကို ကျွန်တော့်မှာ တိုက်ရိုက်ပြောပိုင်ခွင့် 0 ရာခိုင်နှုန်းတောင်မရှိပါဘူး။ ဒါပေမယ့် မြင်ရတာတွေကို အသံ(အကြံ)မပြုပဲမနေနိုင်တာကိုတော့ ခွင့်လွှတ်နားလည်ပေးပါ။ အင်း ကိုယ်ကိုယ်တိုင်ကလည်း ဟောင်ချင်နေမိတာဗျာ။

=D

Rgds,
-WaiPK

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>