Technology Ruins Romance

တစ်ချိန်တစ်ခါတုန်းက romantic ဆန်ဆန်တွေ အခုအချိန်မှာ သုံးလို့မရတော့ဘူး။ တချို့ဟာတွေက ခေတ်ဟောင်းမှာ ကျန်ခဲ့လေပြီ။ ရုပ်ရှင်ကားထဲမှာ ကျန်ခဲ့ပြီ။ WongFuProductions က ရိုက်ပြထားတဲ့ Technology Runis Romance ဆိုတာလေး တော်တော်လေးကောင်းတယ်။ ၃ ပုဒ်ပါပဲ။

The Letters

တစ်ချိန်တစ်ခါကတော့ နိုင်ငံရပ်ခြားကို ပညာသွားသင်တဲ့အခါ… ခရီးတွေ သွားနေတဲ့အခါ စာလေးပို့ သူပို့လိုက်တဲ့စာလေးတွေကို စောင့်ပြီး ဖတ်။ အရမ်းကို romantic ဆန်ဆန်လေးတွေ ရိုက်ထားခဲ့တဲ့ ရုပ်ရှင်ကားတွေ အများကြီးပါ။ စာပို့ စာယူ ကြားထဲကနေ မိဘတွေက နှောက်ယှက်။ ကိုယ့်ပေါ်မကောင်းတဲ့သူက စာဖျောက်ဖျက်။ စာကို လက်ရေးတုနဲ့ ပြင်။ မင်းသား နဲ့ မင်းသမီးက နောက်ဆုံး အခက်အခဲတွေကြားထဲကနေ စာပို့ စာယူလုပ်ရတာတွေ တခမ်းတနားကြီးကို ရိုက်ပြထားတဲ့ ရုပ်ရှင်ကားတွေ အများကြီးပါ။ အခုအချိန်မှာတော့ Email အပြင် Facebook , Twiiter , Buzz စတာတွေတောင်မက Blog မှာ comment ဝင်ရေးမလား။ ကြိုက်တဲ့ နည်းနဲ့ ဆက်သွယ်ဗျာ။ စာထိုင်ရေးပြီးပို့ သူစာပို့မယ့်ရက်ကို ထိုင်စောင့်နေစရာမလိုတော့ဘူး။ နည်းပညာ Romantic ဆန်ဆန်လေးတွေ ဖျောက်ပလိုက်တယ်ပေါ့ဗျာ။

Destiny

ရုပ်ရှင်ကားတွေထဲမှာ တွေ့ဖူးပါလိမ့်မယ်။ ကောင်လေးနဲ့ ကောင်မလေး လမ်းမှာ မတော်တဆတွေ့။ နာမည်လေးပဲသိလိုက်ရတယ်။ ကံကြုံရင် ပြန်ဆုံကြတာပေါ့လို့ ကောင်မလေးက ပြောခဲ့တယ်။ ကောင်လေးက ပြန်ဆုံမယ့် ကံတရားကို စောင့်စားနေခဲ့တယ်။ ဖူးစာမှန်ရင် ကံဆုံပြီး ပြန်တွေ့ကြမှာပါ။ ဒီလို… ဒီလို… ဇာတ်လမ်းတွေ အများကြီးရှိပါ့… အရမ်းကို ကြည်နူးဖို့ကောင်းအောင် ရိုက်ပြထားတဲ့ ကားတွေ အများကြီး။ အထူးသဖြင့် ကိုရီယားကားတွေမှာပေါ့။ မင်းသမီး နာမည်ပဲသိလိုက်ရတယ်။ လမ်းမှာ တချက်တချက်တွေ့လိုက်တယ်။ နောက်ကနေ ပြေးလိုက်။ လူအုပ်ကြီးကြားထဲရောက်တော့ ပျောက်သွားရော။ မင်းသားက စိတ်ပျက်ပြီး ပြန်လှည့်။ အဲလို ကားတွေလည်း ရှိပါ့။ အရမ်းကို အားမလိုအားမရ ဟာခနဲ ဟာခနဲ ဖြစ်အောင် ရိုက်ပြထားတဲ့ ကားလည်း ရှိပါ့။ မင်းသားက အခြားတစ်ယောက်နဲ့ စကားပြောနေတုန်း နောက်ကနေ ဖြတ်လျှောက်သွားတာတို့။ အပေါ်ထပ်နဲ့ အောက်ထပ် လွဲသွားတာတို့။ ဓာတ်လှေကား အဆင်းနဲ့ အတက်ဖြစ်နေတာတို့ပေါ့။

အခုခေတ်ကြီးမှာတော့ အဲလို romantic ဆန်တဲ့ ကားတွေက ရယ်စရာကြီးလိုဖြစ်ကုန်ပြီ။ နာမည်သိပြီလား။ လာခဲ့ Social Search မှာ ရှာမယ်။ Facebook မှာ ရှာမယ်။ မတွေ့ဘူးလား။ ကိစ္စမရှိဘူး။ Buzz မှာ အော်လိုက်မယ်။ Twiiter မှာ twit လိုက်မယ်။ နာမည်မသိဘူးလား။ ဖြစ်တယ်။ ဖုန်းနဲ့သာ ဓာတ်ပုံဖမ်းရိုက်လိုက်။ ပြီးရင် Facebook , Twitter, Buzz မှာ ပုံပြပြီးတော့တာ သူငယ်ချင်းတွေကို မေးလိုက်ဗျာ။ ကိုယ့်ပတ်ဝန်းကျင်နားကလူဆိုရင်တော့ သိမှာပဲ။ မသိရင် Friend of friend တွေပါ ကြည့်လိုက်ရအောင် share လိုက်။ ဆက်စပ်ပြီး သိသွားလိမ့်မယ်။ Social Search ကနေ ရှာလိုက်ရင် အများကြီး အဆင်ပြေတယ်။ အို…. နောက်ဆုံး ကြံရာမရဖြစ်နေလား။ သူနဲ့ ကိုယ်နဲ့ တွေ့ခဲ့တဲ့ အချိန် နေရာတွေနဲ့ Google မှာ ရှာလိုက်ဗျာ။ သူ Blog ရေးရင်တော့ အဲဒီအကြောင်းလေးတော့ ရေးချင်ရေးမှာပေါ့ဗျာ။ တကယ်တန်းတော့ Facebook မှာတင် ရှာလို့ တွေ့နိုင်ပါတယ်ဗျာ။ တနည်းပြောရင် Romantic ဆန်ဆန် ဇာတ်လမ်းလေးတွေက ရုပ်ရှင်ကားထဲမှာလောက်ပဲ ကျန်တော့တယ်။

War Torn

ရှေးဟောင်းကားတွေမှာ မြင်ဖူးပါလိမ့်မယ်။ အထူးသဖြင့် တရုတ်ကားပေါ့။ တရုတ်ရှေးခတ်ကားတွေထဲမှာ မင်းသားက စစ်ထဲလိုက်သွား။ နှစ်ရှည်လများတိုက်။ ပြန်လာတော့ မိန်းမနဲ့ကလေးက မရှိတော့။ စစ်ဒဏ်ကြောင့် နေရာတွေပြောင်းရွှေ့။ မိသားစုက တစ်ကွဲတစ်ပြားတွေ ဖြစ်။ စစ်လည်း ပြီးရော ကိုယ့် မိန်းမကို လိုက်ရှာ။ အခက်အခဲတွေ ဒုက္ခတွေများစွာထဲကနေ နောက်ဆုံး မိန်းမကို ပြန်တွေ့။ အဲလို.. အဲလို…. ကားတွေလည်းအများကြီး ရှိခဲ့ပါတယ်။ အခုခေတ်တော့ အိမ်ပြောင်းသွားပြီလား။ ဖုန်းနံပတ်နဲ့ ဆက်သွယ်မလား။ Email နဲ့ ဆက်သွယ်မလား။ အဲ.. အဲဒါတွေကို မသိရင် အရင်ဆုံး သူ့မိတ်ဆွေတွေဆီကို ဖုန်းဆက်မေး။ ဒါမှမဟုတ် ပြန်ရောက်တာနဲ့ Gtalk , Skype နဲ့ ခေါ်မလား။ အို… ဆက်သွယ်ရေးက တခြားစီကို ဖြစ်သွားပြီ….

ဒီဟာလေးကတော့ သိပ်မကြိုက်ဘူး။ အပေါ်က ၂ ပုဒ်လောက် သဘောမကျဘူး။


2 thoughts on “Technology Ruins Romance

  1. ကြည့်ရတာ ဒီနေ့ဖုန်းဖိုး အကုန်မခံချင်လို့ အီးမေးပို့လိုက်တာ ဖြစ်မယ်။ ကပ်စေးနည်းတယ် အပြောခံရမှာစိုးလို့ EMail, Facebook တွေအကြောင်းနဲ့ ကြိုကန်တာဖြစ်ရမယ်။ :P

    • LOL!!! ဒီနေ့ 1818 ၂ ကဒ်… ၂ ကဒ်.. တောက်လျှောက်ပြောလိုက်တာ.. :P

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>