Bada OS

Samsung ကလည်း Bada OS ကို စတင်လိုက်ပြီ။ သူ့ ဖုန်းတွေအတွက်ပေါ့။ နောက်ပြီး SDK လည်း ထုတ်ပေးထားတယ်။ Developer တွေအနေနဲ့ app တွေရေးလို့ရတယ်။ market place လည်း လုပ်ပေးထားမယ်ပြောတယ်။ developer challenge လည်း လုပ်မယ်ပြောတယ်။ ဆုက တော့ $ 3 သိန်းပါတဲ့ဗျာ။ အကြိုက်ဆုံးကတော့ Flash UI ဆိုတာပဲ။ Flash ကို fully အလုပ်လုပ်တယ်။ bada ကလည်း cloud ကိုပဲဦးတည်ထားသလိုပဲ။ ထုံးစံအတိုင်း facebook , twitter တွေ ရတယ်ပေါ့ဗျာ။ အခြား OS တွေ ထက် ထူးထူးခြားခြား ဖြစ်လာတာ တော့ မတွေ့မိဘူး။ ထူးခြားတာဆိုလို့ Flash လောက်ပဲရှိတယ်။ Game ကလည်း iPhone မှာရနေတာပဲလေ။ cloud ကလည်း android ကြီးရှိနေတာပဲ။ Android ရှိရဲ့သားနဲ့ ဘာလို့ OS ထုတ်လည်းတော့ မစဉ်းစားတတ်အောင်ပဲ။ နောက်ပြီး သူ့ presentation က လှပေမယ့် ပြောတဲ့ သူက မကောင်းဘူးဗျ။ Steve ကြီးနဲက ယှဉ်လိုက်ရင် တခြားဆီပဲ။ presentation လုပ်ထားတာလည်း ညံ့တယ်။ Animation တွေ စွတ်ထည့်ထားတာပဲရှိတယ်။ Statics တွေ တစ်ခုမှ မပါဘူး။ နောက်ပြီး စကားပြောတာ အားမပါဘူး။ စကားကိုလည်း ထိန်းပြောနေတော့ သူပြောတာတွေက မထိရောက်တော့ဘူး။ OS က ကောင်းချင်ကောင်းမှာပါ။ ဒါပေမယ့် presentation ကတော့ သိပ် သဘောမကျမိဘူး။ ပြောနေတဲ့သူ ကိုယ်တိုင်က သူ့ product ကို အောင်မြင်မယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောနေတာမဟုတ်တော့ ကြည့်ရတာ တော်တော်ခက်သား။ Microsoft တို့ Apple တို့ presentation တွေ ဆို ရေလည်မိုက်တယ်။

http://video.saturngod.net/other-source/bada-os

fight… fight… fight..

Amazone က touch screen အတွက် Touchco ကို ဝယ်ဖို့ ကြိုးစားနေပါပြီ။ Kindle အနေနဲ့ iPad ကို ယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာ လူတိုင်း သိပြီးသားပါ။ ဘယ်သူတွေ ဘာပြောပြော amazone ရဲ့ Kindle ရဲ့ ပြိုင်ဘက်အနေနဲ့ iPad က ရောက်လာပါပြီ။ Amazone က ဒါကို အစောကြီးကတည်းက ကြိုသိသင့်တယ်။ iPad မထွက်ခင် ကတည်းက ဝယ်ထားသင့်တာ။ Rumor တွေ ဒီလောက်ထွက်နေတဲ့အချိန်ထိ Amazone က Kindle ကို SDK ထုတ်ပေးလိုက်မယ်လို့ ပြောသေးတယ်။ ဒါပေမယ့် သူပြောပြီး မကြာခင်မှာပဲ iPad ကို Steve ကြီးက ပွဲထုတ်လိုက်တော့ သူ့ SDK ကို ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ color ကလည်း မပါ။ touch screen လည်းမဟုတ်ဆိုတော့ iPad ကို လူတွေ ပိုစိတ်ဝင်စားနေတာ မစမ်းဘူးပေါ့။ HP Slate ထုတ်မယ်ဆိုတုန်းကတောင် ဒီလောက် လှုပ်လှုပ်ရှားရှားမဖြစ်သွားဘူး။ iPad လာမယ်ဆိုရော သူလည်း ပြန်လည် ထိုးစစ်ဆင်ဖို့ ကြိုးစားရပြီ။

Kindle က touch screen မပါဘူး။ နောက်ပြီး color မပါတဲ့အတွက်ကြောင့် battery က ၁ ပတ်လောက် ခံတယ်။ အဲ… သူတို့နိုင်ငံမှာက battery ၁ ပတ်လောက် ခံလည်း ဘာလုပ်မှာတုန်း။ မြန်မာနိုင်ငံလို အတွက်ဆိုတော့ မဆိုးဘူးပေါ့။ ၁၀ နာရီ လောက်ပဲ ခံတဲ့ iPad ကို ပို စိတ်ရောက်သွားတာ မစမ်းပါဘူး။ iPad ၁၀ နာရီပဲ ခံတယ်။ ခရီးသွားရင်တောင် ၁၀ နာရီ ကျော်လုံး iPad ကြီး မကြည့်နိုင်ပါဘူးဗျာ။ နောက်ပြီး Laptop ရှိရင် iPad ကို အားသွင်းလို့တောင် ရသေး။ အဲဒီတော့ battery ၁ ပတ် ခံတာ ဘာလုပ်ရမှာတုန်းဗျ။

Kindle ကလည်း Touch screen နဲ့ မကြာခင်မှာ ထပ်ထုတ်တော့မယ် သဘောရှိတယ်။ နောက်ပြီး Google ကလည်း စာအုပ်လောကထဲဝင်လာပြီး နေရာလုအုံးမှာ သေချာတယ်။ အခု Google ကလည်း Tablet ထုတ်ဖို့ကြံနေပြန်ပြီ။ ထုံးစံအတိုင်း Chrome OS ဆိုတော့ လုံးဝလုံးဝ အကုန် internet ရှိမှပဲ ဖြစ်တော့မှာဆိုတော့ စျေးကတော့ iPad ထက် သက်သာနိုင်တယ်။ iPad ထွက်ပြီးတော့ အချို့တွေကလည်း HP Slate ကို စိတ်ရောက်သွားကြပြန်တယ်။ အဓိက အကြောင်းပြချက်တွေက multi tasking နဲ့ flash မရလို့ပါတဲ့။ ဘာပဲပြောပြော နောက် ၃ နှစ် ၄ နှစ်လောက်ဆိုရင် အကုန်လုံး tablet တွေနဲ့ဖြစ်ကုန်ကြတော့မှာပါဗျာ။

new idea, new concept, new design

keyboard နေရာမှာက -ိ လို့ပေါ်မယ်… ၁ ချက်နှိပ်ရင် ိ တစ်ခုပဲ ရိုက်မယ်.. ဖိထားလိုက်ရင် -ိ -ီ -ံ -ဲ -် တွေ ပေါ်မယ်… စာလုံး display မှာ – ပါပေမယ့် တကယ်ရိုက်ရင်တော့ – မပါလာဘူး။ ြ- ကို နှိပ်လိုက်ရင် ြ ပဲ.. ြ- ကို ဖိလိုက်ရင် ြ- ြ– -ျ ဆိုပြီး ပေါ်မယ်… ;) I have technology now….

အခုရုံးမှာ ၂ ပတ် ကျော်လောက်က time table ပြည့်နေတယ်။ ဒီဟာကို လှည့်နိုင်အုံးမှာတော့ မဟုတ်သေးဘူး။ ၂ ပတ်ကျော်ပြီး လို့ ၃ ပတ်မြောက်မှာ project အကြီးကြီးတွေ မရှိတော့ရင်တော့ စဉ်းစားရမယ်။ အခု time table ထဲမှာ project တွေက တန်းစီနေတယ်။ :(

နောက်ပိုင်းအားရင်တော့ localization ပါလုပ်မလား စဉ်းစားနေတာ :D အားမယ်လို့လည်း မထင်… iPhone ကိုတော့ ရေလည်ခိုက်သွားပြီ… jailbreak လုပ်လိုက်ရင် အရာရာဟာ opensource ဖြစ်သွားတာပဲ… ;) (but need Mac :D )

add path in Mac $PATH

open terminal

$cd ~

$open -a TextEdit .profile

In TextEdit

# MacPorts Installer addition on 2009-10-28_at_16:24:44: adding an appropriate PATH variable for use with MacPorts.
export PATH=/opt/local/bin:/opt/local/sbin:$PATH
# Finished adapting your PATH environment variable for use with MacPorts.

Add new path in export PATH like this

# MacPorts Installer addition on 2009-10-28_at_16:24:44: adding an appropriate PATH variable for use with MacPorts.
export PATH=/Applications/MAMP/Library/bin/:/sw/bin:/opt/local/bin:/opt/local/sbin:$PATH
# Finished adapting your PATH environment variable for use with MacPorts.