Ornagai နဲ့ ပတ်သက်၍
လက်ရှိ ornagai အခြေအနေ။
အခု လက်ရှိ ornagai မှာ add word function ကို disable လုပ်ထားတယ်။ ဘာလို့လည်းဆိုတော့ စာလုံးတွေ ကျွန်တော် စစ်နေလို့ပါ။ အခု စာလုံးတွေလည်း စစ်ပြီးသွားပြီ။ ဒါပေမယ့် upload တင်တာ အခက်အခဲဖြစ်နေတယ်။gmail ဝင်ရတာလည်း ခက်နေတယ်။ ကျွန်တော် database ကော ပြောင်းထားတော့ ornagai code အသစ်တွေပါ upload တင်ဖို့ လိုသေးတယ်။ မနက်ဖြန် မနက်စောစော ကြိုးစားပြီး တင်ကြည့်ပါ့မယ်။
ဘာပြင်ထားလဲ။
ornagai အသစ်မှာ မြန်မာစာ search ပိုင်းလေးပဲ ပြင်ထားတာပါ။ ဘာမှထွေထွေထူးထူး မပြင်ထားပါဘူး။ မြန်မာစာ searching ပိုင်းကိုတော့ ပြီးခဲ့တဲ့ post မှာ ပြောပြီးပါပြီ။
Swiss Dictionary ကိစဿစကေကာ
ကျွန်တော် mail ဝင်ဖို့ ခက်နေလို့။ ကျွန်တော် ကိုမင်းကျော်ဆီက လက်ရှိ ရိုက်ထားတဲ့ excel file လေး လိုနေတယ်။ ဒါမှ database ထဲကို ဘယ်လို import သွင်းရင်အဆင်ပြေမလဲဆိုတာ ကြည့်ဖို့ပါ။ ကိုမင်းကျော်ဆီကို ornagai ပို့ပေးပြီး အစအဆုံး ကူညီပေးဖို့ အသင့်ရှိပါတယ်။ gmail ကောင်းကောင်းဝင်လို့ရတာနဲ့ ချက်ခြင်းပို့လိုက်ပါမယ်။
ornagai ကို opensource ပေးမှာလား
လက်ရှိမှာတော့ opensource ထက် opentechnology ပဲပေးဖို့ရှိတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိ code က ရေးထားတာ အရမ်းညံတယ်။ နောက်ပြီး ရေးထားတာ အစီအစဉ်မကျပဲ ဖြစ်သလိုရေးထားတယ်။ လုံးဝ ညံဖျင်းတဲ့ ရေးသားပုံပါ။ ကျွန်တော် အကြမ်းသဘောမျိုးကနေ ရေးစမ်းတာကနေ ဖြစ်သွားလို့လဲဖြစ်မှာပါ။ လက်ရှိ coding ပိုင်းမှာ အားနည်းချက်တွေ အရမ်းများနေသေးတယ်။ ကျွန်တော် ပေးဖို့ အစီအစဉ်မရှိသေးဘူး။ ကျွန်တော် နည်းပညာတော့ ပေးနိုင်ပါတယ်။ search method ကို ဘယ်လိုလုပ်ထားလဲ။ offline dictionary ဘယ်လိုဆောက်ရမလဲ စတာတွေပေါ့။ နည်းပညာကိုတော့ ပေးမှာပါ။ အခုတလော မအားသေးတော့ ဘာမှမလုပ်နိုင်ဘူးဖြစ်နေတယ်။
ornagai ကို ပြန်ပြင်ဖို့ရှိသေးလား
အစအဆုံး ပြန်ရေးဖို့ရှိတယ်။ အခု search method ရှာနေတာ မတွေ့သေးဘူး။ စိတ်ကျေနပ်လောက်တဲ့ result မရသေးဘူး။ မြန်မာစာ searching အတွက် ဒီထက်မြန်တဲ့ result လိုချင်လို့။ လက်ရှိ search result ကိုတော့ သဘောကျတယ်။ ဒါပေမယ့် နှေးနေတယ်။ concurrency ပိုင်းအရမ်းအားနည်းနေတယ်။ server ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကျွန်တော် Framework သုံးပြီး CI နဲ့ ပြန်ပြင်ရေးဖို့ရှိတယ်။ ၂၀၀၉ နှစ်ကုန်မှ စရေးဖြစ်မလားမသိဘူး။ ကျွန်တော် မျှော်မှန်းထားတဲ့ ornagai 2.0 က user တွေ ကိုယ်တိုင် dictionary ဆောက်လို့ရမယ်။ သူတို့ကိုယ်ပိုင် dictionary တွေပေါ့။ ornagai မှာ register လုပ် ပြီးရင် သူတို့ ကိုယ်ပိုင် dictionary တစ်ခု စတင်ဆောက်လို့ရပြီ။ ဘာမှမလိုဘူး။ tsv import လေးပဲ လိုတယ်။ ornagai မှာ ရတဲ့ အတိုင်းရမယ်။ ဒါပေမယ့် အခုတလော လုံးဝကို မအားဘူး။ စိတ်ပဲရှိတယ်။
Dictionary လုပ်ချင်ရင်ကော ကူညီနိုင်မလား
လက်ရှိတော့ ကျွန်တော် ornagai မှာ English <> myanmar ရနေပါပြီ။ Swiss <> Myanmar လည်း မကြာခင်လာတော့မှာပါ။ Russia <> myanmar ကိုတော့ ကျွန်တော် ကို bluephoenix မဆက်သွယ်ရသေးဘူး။ ဆက်သွယ်ကြည့်မှပဲ သိနိုင်မယ်။ အခြား ဘာသာတွေ ရှိတယ်ဆိုရင် ကူညီဖို့အသင့်ပါ။ ကျွန်တော် Swiss မြန်မာ အတွက် သူတို့ ကိုယ်ပိုင် domain , hosting မှာပဲ ထိုင်ပြီး အသုံးပြုမှာပါ။ ကျွန်တော် အစအဆုံး ကူညီချင်ပါတယ် လို့ ကိုမင်းကျော်ကိုပြောတော့ သူလက်ခံတဲ့အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။ နောက်ပြီး ကိုမင်းကျော်ကို ကျွန်တော် swiss.ornagai.com ကနေ redirect လုပ်ခွင့်ရမလားဆိုတော့ လက်ခံတဲ့အတွက် ကျွန်တော် ဒီဘက်မှာ လိုင်းတွေ ပြန်ကောင်းရင် လုပ်ဖို့အစီအစဉ်ရှိတယ်။ အခြားဘာသာ စကားတွေ လုပ်ထားတဲ့လူတွေရှိရင်လည်း welcome ပါ။
You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.



July 12th, 2009 at 12:27 pm
ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့ ကိုစေတန်ကို ကျေးဇူးတင်ပါတယ်
July 12th, 2009 at 12:57 pm
ပို့ထားလိုက်မယ် … ကိုစေတန်ရေ
ကျေးဇူးနော်
July 14th, 2009 at 5:06 pm
ကျွှန်တော်လည်း sweden myanmar dictionary ကိုလုပ်ချင်ပါတယ်.domain တွေhosting လဲဝယ်ဖို့အဆင်သင့်ပါပဲ.database php mysql ကိုလုံးဝနားမလည်သေးပါ.အဲဒါကိုစေတန်နဲ့အတူလုပ်
ချင်ပါတယ်။ဘာတွေဘယ်လောက်GB banwith တွေဝယ်၇မလဲဆိုတာကျွှန်တော်email မှာအကြောင်း
ပြန်ပေးပါလို.အကူအညီတောင်းဆိုအသံဝင်လိုက်ပါတယ်
July 14th, 2009 at 5:53 pm
ကိုစေတန်ရေ
Search Boxလေးပါ Blogမှာထည့်ပေးထားပါလား
ခဏခဏလာလာရှာနေတာမို့ပါ
အမြဲတမ်းကျေးဇူးတင်နေပါတယ်
July 14th, 2009 at 6:44 pm
ဟုတ်ကဲ့… excel နဲ့ ရိုက်ထားတဲ့ဟာလိုပါတယ်… ကျွန်တော်တို့ အဂဿငလိပ် to မြန်မာ ကတော့ excel မှာ
A art ပထမ အဂဿငလိပ္စာ စာလံုး
Air n လေ
အဲလိုမျိုး column ၃ခု ခွဲပြီး ရိုက်ထားပါတယ်… ဒါကြောင့် ပြီးသွားပြီဆိုရင် excel format အကြမ်းလေးကို ပို့ပေးပါ… excel file ပဲလိုပါတယ်.. ကျန်တဲ့ အပိုင်းကို ကျွန်တော်ဘက်က ဆက်လုပ်ပေးပါ့မယ်.
July 15th, 2009 at 4:35 pm
ကိုစေတန်ရေ
သုံးရတာအရမ်းအထောက်ကူဖြစ်လို့ ကျေးဇူးတအားတင်ပါတယ်
မပြီးသေးဘူးဆိုတာ နားလည်ပေမဲ့
နမူနာဝါကျလေးပါ တကြောင်းစီလောက်ပဲဖြစ်ဖြစ်ထည့်ပေးလိုက်ရင်
Luanguageလေ့လာသူတွေအတွက် အတော်အထောက်ကူဖြစ်သွားမယ်
ထင်ပါတယ် Usageအတွက်ပေါ့လေ
(ပထမတခါ မဆိုင်တဲ့ ကွန်မန့်ရေးမိတာတောင်းပန်ပါတယ်)
July 15th, 2009 at 8:11 pm
အစီအစဉ်တော့ ရှိပါတယ်… ခက်တာက နမူနာ ဝါကျကို ပါလိုက်စစ်ဖို့ အချိန်မရှိဘူးဖြစ်နေတယ်.. ဒါကြောင့် ကိုယ်တတ်နိုင်သလောက်လေးပဲ လုပ်နေတုန်းပါ…. ဒီဘက်မှာ စာလုံးရေး ၄ သောင်းကျော်သွားရင်တော့ နမူနာထည့်ဖို့ အတွက် စပါမယ်..
July 16th, 2009 at 2:17 am
Ornagai.com ROCK!
btw…
Swiss Myanmar dictionary, Swiss ??? Do you mean Switzerland??
Switzerland is multilingual and has four national languages: German, French, Italian and
Romansh.Which one do you mean from these four official languages.?
I find it very interesting and am very eager to know more detail about it.
http://en.wikipedia.org/wiki/Languages_of_Switzerland
cheers,
July 16th, 2009 at 6:06 pm
ကိုမင်းကျော်လုပ်နေတာပဲ.. ကျွန်တော်လည်း သေချာမသိဘူးဗျ… သူတို့ ဘက်ကပြီးမှ ကြည့်ရမယ်.. sample တော့ ရှိတယ်.. မစမ်းရသေးလို့..
July 16th, 2009 at 10:04 pm
Hi, Ornagai.com will release for open source code?
July 17th, 2009 at 10:49 am
အခုအချိန်မှာတော့ မပြောနိုင်သေးဘူးဗျ… ကျွန်တော်ရေးထားတာ ကျွန်တော် သိနေတယ်…
security ပိုင်း အရမ်းအားနည်းတော့ ကျွန်တော် opensource ပေးလို့မရသေးဘူး…. နာက် CI နဲ့ ပြင်ရေးပြီးသွားရင်တော့ ပေးဖို့အစီအစဉ်ရှိပါတယ်..