About saturngod

Mobile and Web Developer

Problem in Mahabote App

တခြား ဖုန်းတွေမှာ Day of the week တွေကို OS ကနေ reply ပြန်တာ တစ်ခု လျော့နေတယ်။ ဘာလို့ ဖြစ်တာလည်းတော့ သေချာမသိသေးဘူး။ လက်ရှိ သုံးထားတာကတော့ NSDateFormatter ကနေ ပြန်ပြီး ထုတ်ထားတာပဲ။ ကျွန်တော့် ဖုန်းနဲ့ ipad မှာတော့ မှန်ပေမယ့် UK နဲ့ Australia က ဖုန်းတွေမှာ မမှန်ဘူးဖြစ်နေတယ်။

ဘယ်လိုလည်း ဆိုတော့ တနင်္လာဆိုရင် ၂ ကို select လုပ်ရမှာ ဖြစ်ပေမယ့် ၁ ကို သွား select လုပ်နေတယ်။ ၁ ဖြစ်တဲ့အတွက်ကြောင့် တနင်္ဂနွေ ကို သွားပြီး select လုပ်လိုက်တဲ့အတွက်ကြောင့် result က မှားပြီး ပြနေတယ်။ fixed လုပ်ပြီး ကျွန်တော် upload ပြန်လုပ်လိုက်ပါ့မယ်။ နောက်အပတ်လောက်မှာ app store က approve ဖြစ်ပြီးရင် အခု ပြဿနာဖြစ်နေတဲ့သူတွေ တချက်ပြန်စမ်းပေးစေလိုပါတယ်။

နောက်တစ်ချက်က မြန်မာနှစ်သစ်ကူးပြီးမှ မွေးသည် ဆိုတဲ့ button က April 1 ကနေ ၁၃ အတွင်းပဲ အလုပ်လုပ်ခွင့်ပေးထားတယ်။ အဲဒီ အတွင်းက သင်္ကြန် ဖြစ်နေတတ်တယ်။ တခြား ရက်တွေဆိုရင်တော့ နှစ်သစ်ကူးပြီးမှ မွေးမမွေးကို ဆုံးဖြတ်လို့ရတယ်။ အခု UI design က အသုံးပြုသူတွေကို နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပုံစံဖြစ်နေတယ်။ အဲဒါကိုလည်း ပြန်ပြင်ပြီးတော့ နောက် version မှာ fixed လုပ်ပေးပါမယ်။

နောက်ပြီး comment မှာ မေးထားသလို US မှာ က ၁ ရက် နောက်ကျတဲ့အတွက် နှစ်သစ် မကူးသေးပေမယ့် မြန်မာမှာက နှစ်သစ်ကူးသွားပြီ။ အဲဒီဟာကို ဘယ်လို တွက်ထားသလဲဆိုတော့ နှစ်သစ် မကူးသေးဘူးလို့ သတ်မှတ်ပြီးပဲ တွက်ထားပါတယ်။ မြန်မာ time zone နဲ့ ကိုက်ပြီး မတွက်ထားပါဘူး။ ဘာလို့လည်းဆိုတော့ time zone calculation တွေ အများကြီး ရေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ထည့်မတွက်ထားတာပါ။ နောက်ပြီး ထည့်တွက်သင့် မတွက်သင့်ကိုလဲ မသိလို့ပါ။ တကယ်လို့ ဒီ အထဲမှာ မဟာဘုတ် တတ်ကျွမ်းတဲ့ ဆရာများရှိရင်လည်း အကြံဉာဏ်လေး ပေးခဲ့စေချင်ပါတယ်။ Time Zone calculation လုပ်ဖို့ကတော့ သိပ်မလွယ်တော့ ထည့်တွက် ဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်။

အဆင်မပြေမှုတွေအတွက် တောင်းပန်ပါတယ်။ Download ချပြီး စမ်းသပ် အသုံးပြုသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

update: iPhone 4 ပြဿနာပါ။ အခု fixed လုပ်ပြီး submit လုပ်ထားပါတယ်။ version အဟောင်းကော အသစ်ကော စမ်းသပ်ပေးတဲ့ ကို ပြည့်ဖြိုးဟန်ကိုလည်း ကျေးဇူးတင်ပါတယ်။

Mahabote iPhone App

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက မဟာဘုတ် iphone ကို ရေးပြီးပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်ကျော်ကျော်လောက်ကမှ app store ပေါ်တင်ဖြစ်တယ်။ ဘာလို့ မဟာဘုတ် App ကို ရေးဖြစ်ခဲ့သလဲဆိုတော့ လက်ရှိ computer လောကမှာ အောင်မြင်နေတဲ့ သူတွေရဲ့ အသက်တွေကို ကြည့်ရင်း မွေးသက္ကရာဇ် ကို ဂရုပြုမိတယ်။ ဒါနဲ့ ဘာဖွားလဲသိရအောင် တွက်ကြည့်အုံးမှ ဆိုပြီး တွက်ရင်း တစ်ယောက်ခြင်းဆီကို တွက်နေရင်တော့ မဖြစ်သေးပါဘူးဆိုပြီး App တစ်ခုကို ချရေးလိုက်တာ။ App က ဘယ်လောက်မှ မကြာပဲနဲ့ ပြီးသွားတယ်။ ပြီးမှ Admob ထည့်တာ နောက်ပြီး icon ဆွဲတာတွေအတွက် ဖြည်းဖြည်း နဲ့ ၁ ပတ်လောက် အချိန်ကုန်သွားတာ။ Mahabote iPhone App ကို သုံးပြီး ကျွန်တော်တွက်ထားတဲ့ လက်ရှိ နည်းပညာလောက အောင်မြင်နေတဲ့ လူတွေရဲ့ မဟာဘုတ်ကို ကြည့်ရအောင်။

Continue reading

Zawgyi iPad Keyboard ( not from cydia )

Update: 12:35 AM July 8

Now, you can install from cydia. Forget about that. Package name is Zawgyi Keyboard for iPad.

Sorry I try to make install from cydia but deb package have a some permission problem. If I have a time, I will try later. Now, you can install manually. Download the package from here. And then unzip it.

What you need ?

  • You need to install Zawgyi iOS 43 latest package.
  • You need to install OpenSSH from cydia.
  • You need to know how to connect SSH.
  • You need wireless connection to install.

Continue reading

New Zawgyi iOS package

အခုပဲ zawgyi iOS 4.3 package ကို update လုပ်လိုက်ပါပြီ။

Source မှာ cydia.macforus.com ကို ထည့်ပါ။ ပြီးရင် cydia.macforus.com ကို ရွေးလိုက်ရင် အောက်ကလို မြင်ရပါမယ်။

Continue reading

KeyMagic Unicode Keyboard for iOS

လက်ရှိ iPhone/iPod Touch တွေမှာ unicode ပဲ အသုံးပြုချင်ပေမယ့် keyboard မရှိသေးတဲ့ ပြဿနာကို keymagic က ဖြေရှင်းပြီးပါပြီ။ cydia.macforus.com မှာ keymagic ကို ထည့်ထားပါတယ်။ Unicode မှ Unicode ဆိုတဲ့ iphone/ipodtouch သမားတွေအနေနဲ့ အောက်က link မှာ သွားရောက် ဖတ်နိုင်ပါတယ်။

http://ttkz.me/blog/2011/06/29/keymagic-for-ios/

Information Technology

IT , IT ဆိုပြီး ခေတ်စားလာသလို IT သမားတွေပေါ်လာသလို IT ကို လေ့လာနေတယ်ဆိုတဲ့ စကားလုံးတွေလည်း တချိန်တခါတုန်းက သွင်သွင်ကြီး သုံးခဲ့ကြတာ မှတ်မိသေးပါရဲ့။ IT ဆိုတာက ဘာလဲလို့ဆိုရင် Information Technology ပါပဲ။ အရင်တုန်းက IT နဲ့ programming ဘာဆိုင်လို့လဲ။ web development နဲ့ IT နဲ့ ဘာဆိုင်လို့လဲ။ IT လို့ ပြောပြီး programming တွေ လေ့လာ web site ဆွဲတာတွေကို လေ့လာ။ နောက်ပြီးတော့ ဘာလို့ IT ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ခဲ့တာလဲဆိုတာကို လုံးလုံးကြီးကို မသိခဲ့တာ အမှန်ပါ။ အခုအချိန်မှာ လုပ်ငန်း အတွေ့အကြုံရှိလာတော့မှပဲ IT ဆိုတဲ့ စကားလုံးကို နားလည်လာတော့တယ်။
Continue reading