About saturngod

Mobile and Web Developer

UCSY ကျောင်းသားများနှင့် Programmer များသို့

Computer နယ်ထဲမှာ ဝင်ရောက်ဖို့ ဘယ်အချိန်ကဆုံးဖြတ်မိတာလဲ ? လူငယ်တွေက ဘာကြောင့် Computer ကို ဘယ်အချိန်မှာ စ၀င်စားတာလဲ ? ကျွန်တော်တွေးမိတယ်ဗျာ….. ကျွန်တော်ကရော ဘာဖြစ်လို့ Computer ကို ဒီလောက်သဘောကျနေတာလဲ…ကျွန်တော့် Blog ကို ဖတ်တဲ့ သူတွေကော စဉ်းစားမိရဲ့လားတော့ မသိဘူးဗျ…ကျွန်တော် စဉ်းစားမိတာလေးကတော့……

၁၀ တန်းအောင်ရင် လူငယ်တွေ ဘာလုပ်မလဲ? အဲဒီ အချိန်မှာ အိမ်က လူကြီးတွေက လူငယ်တွေ လေလွင့် ပျက်စီးမှာ စိုးရိမ်ကြတယ်…. သင်တန်းတစ်ခု တက်ဖို့ပြောရော…လူငယ်တွေကလည်း နားပူလို့ပဲဖြစ်ဖြစ်…စိတ်၀င်စားလို့ပဲဖြစ်ဖြစ်…Diploma လေးရဖို့ပဲဖြစ်ဖြစ်…. စာမသင်ရင် မနေနိုင်လို့ပဲဖြစ်ဖြစ်….အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ဖြစ်ကြတယ်….အဲဒီ အချိန်မှာ ဘယ်သင်တန်းတက်မလဲ…. လူငယ်ဆိုတာ သိတဲ့ အတိုင်းပဲ popular ဖြစ်တာကို တက်ချင်ကြတယ်… မိန်းကလေးချောချာ ရှိနိုင်မယ်လို့ထင်တဲ့ နေရာကို တက်ကြတာလားရှိတာပဲ… နောက်တာပါဗျာ….တကယ်တန်း ရွေးချယ်ဖို့လုပ်ရော နောက်ဆုံး Computer ကို စတက်ဖြစ်တာပဲ…ဘာကြောင့်လည်းဆို Computer က popular ဖြစ်တယ်… သင်တန်းတွေကလည်း အများကြီး…. Bill Gate က Computer နဲ့ ချမ်းသာသွားတာလည်း အပါအ၀င်ပဲ…. လေ့လာဖို့ကလည်းလွယ်လွယ်လေးလို့ ထင်တာနဲ့ပဲ စတတ်ဖြစ်သွားတာပေါ့…. အဲဒီမှာ စတာပဲ…ဘယ် Field က သင်ချင်တာလဲ…အမှန်တိုင်းဆို သူတို့လေးတွေကလည်း ဘယ် Field တွေရှိသလဲဆိုတာကို မသိကြဘူး…. အဲမှာ သင်တန်းကို သွားစုံစမ်းကြရော…စုံစမ်းတော့လည်း ဘာထူးသွားလဲ…. ဟိုကပြောလိုက်တာတွေကို လုံးဝကို နားမလည်တာ…. C++ , Java , C# , VB , .NET ဘာတွေမှန်းလဲမသိဘူး….အဲ…အဲမှာသိတာလေး တစ်ခုတော့ ရှိတယ်…ဘာထင်လဲ…Java ပေါ့ဗျာ…ဘာဖြစ်လို့လည်းဆို TV ကြော်ငြာမှာ ပါတာကို… ကော်ဖီဆို Java ကော်ဖီ…ဆို Java လေ… အဲဒီမှာ နားမလည်လို့ ထပ်ရှင်းပြရပြန်ကော…Programming ဆိုတာဘာလဲဆိုတာ… ဘယ်လိုရှင်းရှင်း နားမလည်တော့ရင် Game ဆွဲတာ programming တတ်မှရမှာလို့ ပြောကြည့်လိုက်… မိန်းကလေးဆိုရင်တော့ မသိဘူး… ယောကျာင်္းလေးတာဖြစ်ရင်တော့ တတ်မယ် တတ်မယ်ဖြစ်သွားရော… အဲဒါမှ မရသေးရင် Windows , Paint , Microsoft Office , etc တို့ကို programming နဲ့ ရေးတာလို့ထပ်ပြောကြည့်လိုက်…စိတ်မ၀င်စားရင်နေမယ်… လေ့လာကြည့်မယ်ဆိုပြီး တတ်ဖြစ်သွားတာတွေလည်းရှိပါတယ်…တချို့တွေကလည်း Computer Programming ကို မတတ်ပဲ Graphic ပိုင်းကို ၀ါသနာပါလို့ သွားတတ်တာလည်းရှိပါတယ်….အဲဒီအပိုင်းကိုတော့ မပြောတော့ဘူး…..

သင်တန်းတက်ရင်း တချို့တွေက စိတ်ပျက်လာတယ်… တချို့တွေက သဘောကျလာတယ်.. တချို့တွေက ဘာမှန်းကို မသိဘူး… တချို့တွေက ကြိုးစားပြီး လေ့လာတယ်… လေ့လာရင်း ဘာကိုတွေ့လာသလဲဆို Computer လုပ်ငန်းရှင်တွေက အရမ်းချမ်းသာတယ်လို့ မြင်လာတယ်… သူတို့လို ချမ်းသားချင်စိတ်ပေါက်လာတယ်… တစ်နေ့ သူတို့လို အောင်မြင်ရမယ်… အရမ်းချမ်းသာပြီး… နာမည်ကြီး company တစ်ခု ထူထောင်မယ်… ငါတို့ ထုတ်လိုက်တဲ့ product တွေက အရမ်းကောင်းပြီး နာမည်ကြီးလာရမယ်… ငါတို့လည်း အရမ်းချမ်းသာရမယ်… အဲလို စိတ်လေးတွေ မသိမသာ၀င်လာတယ်… လောကမှာ မချမ်းသားချင်တဲ့လူ…. မအောင်မြင်ချင်တဲ့ လူတွေဆိုတာ ဘယ်မှာရှိလို့လဲဗျာ…..

သင်တန်းတွေ တက်ပြီးတော့ Computer University ကို တတ်ချင်လာရော….သူတို့ထင်တာက ကျောင်းမှာဆို ဒီထက်ပိုကောင်းမယ်… ဒီထက်ပိုသိမယ်… ဒီထက်ပိုတတ်မယ်… လို့ထင်ကြတာကို။ ကျောင်းက မကောင်းဘူးတော့ မဟုတ်ပါဘူး… ကောင်းပါတယ်… လက်တွေ့ပိုင်းမရှိဘူး… နောက်ပြီး Theory ပိုင်းတွေကို အလွတ်ကျက်ဖြေရတာ….

ကျောင်းတက်တော့ Theory ပိုင်းတွေကို သိလာတယ်… အဲဒါတွေက အပြင်မှာ သင်လို့မရဘူး… အပြင်မှာ သင်လို့ရတဲ့ အပိုင်းတော်တော်များများကို လည်း ကျောင်းမှာ မသင်ဘူး…. Web Programming ကို အခုထက်ထိမသင်သေးဘူး…. Javascript , HTML လောက်ပဲသင်တယ်… Programming ကို VB ကို သေသေချာချာ သင်တယ်… Database နဲ့ ချိတ်တဲ့ အပိုင်းကို Third Year မှာသင်တယ်

…အော်ပြောရင်းနဲ့ လမ်းလွဲလာပြီ….

ကျောင်းပြီးတော့ အလုပ်ထဲဝင်ကြတယ်… အဲမှာ အတွေ့အကြုံယူတယ်… မျှော်လင့်ချက်အတွက် အတွေ့အကြုံက အရေးကြီးတယ်လေဗျာ… တဖြည်းဖြည်း တချို့တွေက အလုပ်မှာ မပျော်ကြတော့ဘူး… အလုပ်ကိုစွန့်လွှတ်…. မျှော်လင့်ချက်လည်း ပြောင်းလဲကြတယ်… တချို့တွေကတော့ မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ပြီး ကြိုးကြိုးစားစားလုပ်ကြတယ်… အတွေ့အကြုံ ရရုံနဲ့ မပြီးသေးဘူး… Company ထောင်ဖို့ဆို ပိုင်ဆံကလိုတယ်… တချို့တွေက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တယ်… တချို့တွေကတော့ မိဘတွေ ဆီကတောင်းတယ်…

အမှန်တိုင်းပြောရင် Computer လောကကနေ ချမ်းသာလာဖို့ဆိုတာ မလွယ်ဘူး…. အရမ်း အပြိုင်အဆိုင်များတယ်… ကိုယ့်လို လူတွေကလည်း အများကြီး…. တခြားလိုင်းလဲ မပြောင်းချင်တော့ဘူး…. နှစ်အများကြီး ဒီထဲမှာ နေခဲ့တာ… Software ရေးဆွဲဖို့ကလည်း အမြဲမကိုက်ဘူး… ဒါကြောင့် Company တွေက ပေါင်းစုံလုပ်တယ်… ရောင်းလည်းရောင်းတယ်.. ပြင်လည်းပြင်တယ်.. Network လည်းဆင်တယ်… ရှင်းရှင်းပြောရင်ဗျာ… အလုပ်လာအပ်ရင် ကို်ယ်လုပ်နိုင်မယ်ထင်ရင်လုပ်တယ်ဗျာ… တလိုင်းထဲမှာ မရှိတော့ဘူး…. အဲဒီအချိန်ရောက်တော့ ငယ်ငယ်တုန်းက သူဌေး ဖြစ်ဖို့ ဆိုတာထက် မရှုံးဖို့… အမြတ်ရဖို့ဆိုတာပဲ စဉ်းစားနိုင်တော့တယ်ဗျာ…..

ကျွန်တော် မေးချင်တယ်… ကျွန်တော်တို့ မျှော်လင့်ထားတဲ့ Computer လောက မြန်မာနိုင်ငံမှာ ပေါ်လာမလား…. ပေါ်ဖို့ဆိုရင် copyright က အရမ်းအရေးကြီးတယ်… ကိုယ်ရေးထားတဲ့ Software က မဖြန့်ရဲတဲ့ ဘဝမှာ ကျွန်တော်တို့နေရတာဗျ… Copyright ပေါ်လာရင်လည်း software တွေရေးဖို့မလွယ်တော့ဘူး… .NET ကိုပဲ US $ 100 ကျော်လောက်နဲ့ ဝယ်မှ ရမှာ…. အင်း ကျွန်တော်လည်း web programming တွေထဲမှာ PHP ပဲလေ့လာတော့တယ်… ဘာဖြစ်လို့လည်းဆို free ရလို့ပဲ… copyright ပေါ်လာမှာ ကြောက်ဖို့မလိုလို့ပဲ……

အမှန်တိုင်းပြောရရင် ကျွန်တော် မျှော်လင့်ချက်ကဘာလဲ… ဘာတွေဖြစ်ချင်တာလည်း… တနေ့ ဘယ်လို ဘဝမှာနေချင်တာလဲ… ဒီလောကမှာ ဆက်ရှင်သန်နေရင် ဒီမျှော်လင့်ချက်က ပြည့်ဝလာမှာလား…. ဘာတွေမှန်းလဲ ကျွန်တော် မသိတော့ပါဘူးဗျာ…

Programmer

ခဲတံနဲ့ ကျွန်တော် သူငယ်ချင်းဆွဲထားပြီး ကျွန်တော် အရောင်ခြယ်ထားတာပါ….

မြန်မာနိုင်ငံက Programmer အဆင့်က သန့်ရှင်းရေးသမားလောက်တောင် အဆင့်မရှိဘူးလားဗျာ….

ကျွန်တော်ပြောချင်နေတာ တော်တော်လေးကြာပြီဗျာ….ဘာလဲဗျာ….Computer ဘွဲ့က သုံးစားမရဘူးလားဗျာ….သုံးစားမရရင်နေ…..ဘွဲ့ရဲ့ သိက္ခာလေးကို တော့ ထောက်အုံးပေါ့ဗျာ… ဘွဲ့က အလကားနေရင်းရလာတ မဟုတ်ဘူးဗျ…၃ နှစ်အချိန်ကုန် ပြီးရလာတာဗျ…

ဘွဲ့ရပြီး အလုပ်၀င်တော့မယ်ဆိုရင် လောကကြီးကစတင် စိတ်ညစ်ဖို့ကောင်းလာမှာ အမှန်ပဲ…ကျောင်းတုန်းကနဲ့ မတူတော့ဘူးဗျ….Computer ကဘွဲ့ရပြီးလို့ programmer လေးဝင်လုပ်ရင် ဘယ်လောက်ရမယ်ထင်နေလဲ…. Singapore ကလို လခကောင်းမယ်ထင်နေလား…. ထင်မိရင်တော့ အဲဒီ အတွေးကို မြောင်းထဲပစ်လိုက်တော့…. ဒါက ရန်ကုန်… Singapore မဟုတ်ဘူး…. စ၀င်ခါစ ဆိုရင်တော့ လူငယ်တွေက ပညာသင်ချင်တာရယ် အတွေ့အကြုံရချင်လို့ရယ်…..ဒါကြောင့် အလုပ်လုပ်နေရတာ…. အဲဒါကို လုပ်ငန်းရှင်တွေက သိတော့ သန့်ရှင်းရေးသမားလောက်တောင် လခမပေးဘူးဗျ…. ရေးခိုင်းတာကလည်း အသေအကြေ… ပညာနဲ့ အတွေ့အကြုံအတွက် ကိုယ့်ဘ၀ ၂ နှစ် ၃နှစ်လောက်ကို အငတ်ခံပြီး ရင်းနေရတာဖြစ်နေပြီဗျ….စရတဲ့ လခက တစ်သောင်းခွဲ….စ၀င်ခါစ အဲလောက်ပဲပေးတယ်ထားတော့…. ရေးခိုင်းတာကတော့ အသေအကြေပဲ…ပြီးရင် သူတို့တွေက သိန်း၂၀လောက်နဲ့ပြန်ရောင်း….၁နှစ်ကို ထိန်းသိမ်းဆောင်ရွက်ပေးခ ၁သိန်းလောက်ယူ….ရေးပေးတဲ့ လူငယ်တွေကိုလည်း လခ တိုးပေးမယ် မစဉ်းစား…. ၂ နှစ်လောက်ကြာမှ ရာထူးလေးတိုး…. ဒါတောင် ၂ သောင်းလောက်ပဲရတာ….သန့်ရှင်းရေးသမား လောက်တောင်မရဘူးဗျ…. ကားစပယ်ရာ နဲ့တော့သွားမယှဉ်နဲ့…သူတို့က သန့်ရှင်းသမားတွေထက်စာရင် အများကြီး လခကောင်းတယ်…. ဒါကြောင့် ပညာနဲ့ အတွေ့အကြုံယူ…၂ နှစ်လောက်နေရင် နိုင်ငံခြားထွက်ပြီး ပညာသင်..ကျောင်းပြီးရင် ဟိုမှာပဲနေ အလုပ်လုပ်….အဲဒီလိုဖြစ်တော့ လူကြီးတွေက ပြောတာက ဘာလဲ….ဦးနှောက် ယိုဆင်းမှုဖြစ်တယ် ဆိုပြီးအော်ကြပြန်ကော….နောက်ပြီး တစ်ခါက ဧရာဝတီ ညများ ရုပ်ရှင် ကားမှာ ပါတဲ့စာက… တိုင်းပြည် အတွက် ကိုယ်က ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ မျိုးဆက်နဲ့….တိုင်းပြည်က ကိုယ့်ကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ မျိုးဆက်….ဆိုတဲ့ စကားကိုကြည့်ရင် လူကြီးတွေက တော်တော်လေး နားလည်မှုလွဲနေတယ်ဗျာ…. တခြားမကြည့်နဲ့ Computer သမားတွေ ငတ်နေကြတာ သူတို့ မသိဘူးလားဗျာ… ငတ်ပြီး သေကုန်ရင် တို်င်း့ပြည် အတွက် ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး… တခြားနိုင်ငံမှာ အလုပ်လုပ်နေရင်တော့ မချမ်းသာလာရင်နေမယ်…ဒါပေမယ့် ငတ်ပြီး မသေနိုင်တာတော့ အမှန်ပဲ… ငတ်မသေမှ တိုင်းပြည်အတွက် လုပ်ပေးလို့ရမှာပေါ့ဗျာ…ဘယ်သူမှ ကိုယ့်နိုင်ငံကိုယ် မမေ့ပါဘူးဗျာ…တတ်နိုင်ရင် တိုင်းပြည်အတွက်ပဲ လုပ်ပေးမှာပေါ့….လုပ်ပေးဖို့အတွက် ငတ်မသေဖို့က အရေးကြီးတယ်… ဒီမှာက ဘွဲ့ရ ပညာတတ် Computer ဘွဲ့က ဘာပညာမှ မတတ်တဲ့ စပယ်ရာ မပြောနဲ့…သန့်ရှင်းရေးသမားကိုတောင် မယှဉ်နိုင်တာ… ဦးနှောက်ယိုဆင်းမှု ဖြစ်တာနည်းနေသေးတယ်…. အခုလည်း လုပ်နေပြန်ပြီ….ရတနာပုံ စီလီကွန်တဲ့….ဘယ်လို လာအုံးမလဲမသိဘူး…. Computer သမားတွေ အတွက် အခွင့်အလမ်းလား…ဒါမှ မဟုတ် စျေးပေါပေါနဲ့ပို ခိုင််းစားဖို့ကောင်းလာမယ့် နေရာလားဆိုတာ မပြောနိုင်သေးတာတော့ အမှန်ပဲ…

ဒါကြောင့် အခုချိန်မှာ ကျွန်တော် ကျောင်းတက်နေတာ….ကျောင်းမတက်ပဲ အလုပ်လုပ်မလို့ အလုပ်လုပ်နေတဲ့ သူတွေ ငြီးလို်က်တာနဲ့ ကျောင်းပဲတက်ဖြစ်သွားတာ…. Computer သမားတွေ ဘယ်တော့ မှ လုပ်တဲ့ အလုပ်နဲ့ တန်တဲ့ လခ ရမှာလဲဗျာ….သင်တန်းမှာ ဆရာသွားလုပ်ရင်တော့ Programmer ထက်တော့ လခရလောက်သေးတယ်….. ကျွန်တော်တို့ရဲ့ အနာဂတ်ကဘယ်မှာလဲဗျာ….ဝိုးတိုးဝါးတားနဲ့ပဲ ရှေ့ကို မျှော်လင့်ချက်လေး တစ်ခုကို ဆုတ်ကိုင်ပြီး မရဲတရဲလေး ချီတက်နေရတဲ့ ဘဝလားဗျာ…..

ကို်ယ်ပိုင် Web မှာ မြန်မာ keyboard built-in ထည့်လိုလျှင်

ကျွန်တော် ပေးထားတဲ့ javascript ကို download ချလိုက်ပါ…

Planet.com.mm ကလိုမျိုး မြန်မာလို keyboard ထည့်လို့ရပါတယ်…ကျွန်တော်က Planet ကနေပဲ code ယူထားတာပါ…. Font အတွက်ကတော့ EOT Font သုံးလိုက်ပါ….

Adobe Acrobat 8 Professional

Adobe Acrobat 8 Professional ထွက်ပြီဗျ….GUI ပိုင်းကတော့ တော်တော်လေးပြောင်းလဲထားတယ်ဗျ….ပိုပြီးတော့ smart ဖြစ်သွားတယ်…နောက်ပြီး ms word ကိုလေး တိုက်ရိုက် export လုပ်လို့ရတဲ့အပြင် တခြား export file တွေလဲရလာတာတွေ့ရတယ်…နောက်ပြီး PDF File တွေကို merge လုပ်လို့ရလာတယ်.. အခု ရန်ကုန် ကဆိုင်တွေမှာ ၀ယ်လို့ရနေပါပြီ…တစ်ခွေထဲပါ….သွင်းရတာလည်းမြန်ပါတယ်..နောက်ပြီး အခွေထဲမှာ Adobe Reader 8 တောင်ပါလိုက်သေးတယ်..

Your Freedom ကိုမြန်အောင်လုပ်မယ်

Your Freedom ကိုသုံးမယ် ဆိုရင် Account တစ်ခုတော့ လိုတယ်ဗျ…အခုလတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြသနာက port HTTPS နဲ့သုံးတော့ မရဘူးဖြစ်နေတာပေါ့….HTTP ကိုသုံးပါ…ဒါဆိုရင် ရပါတယ်….နောက်ပြီး Address ကို အမြဲပုံသေမထားနဲ့…ပုံသေဆိုရင် connection ကနှေးသွားရော…၁ လ ၁ကြိမ်လောက်ပြောင်းပေး….ဘာကြောင့်လဲဆို freedom server ကိုကပြောင်းနေတော့…ကိုယ်ပါလိုက်ပြောင်းရတာပေါ့…..

ဘယ်လိုပြောင်းရမလဲဆိုရင်…..Freedom ကိုဖွင့်…Configure ကို၀င်…အောက်မှာ User Wizard ဆိုတာပါတယ်… Next တွေလုပ်သွား….Server ရှာနေတဲ့အချိန် ခဏလောက်စောင့်လို်က်…ပြီးရင် sever တွေက ရွေးတဲ့အခါမှာ HTTP တစ်ခုတည်း support လုပ်တဲ့ဟာပါရင် ရွေးလိုက်…မပါရင် HTTP support လုပ်တာကိုရွေးလိုက်….ပြီးရင် Protocol ကို HTTP ပြောင်းလိုက်…Save And Exit လုပ်….ပြီးရင် Start Connection လုပ်…ပိုမြန်တာကိုတွေ့လိမ့်မယ်….

Internet Information Services (IIS)

IIS ဆိုတာ Internet Information Services ကိုပြောတာပါ။ သူက ဘာတွေလုပ်ပေးသလဲဆိုင် web programming တွေနဲ့ browser တွေကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ PHP နဲ့ရေးထားတဲ့ code ကို IIS ကနေတဆင့် browser မှာ HTML ပုံစံပေါ်အောင် တဆင့်ခံပြုလုပ်ပေးတာပါ။ ASP , ASP.NET တို့ code တွေကိုလည်း HTML code ထွက်လာအောင် ကြားခံဆောင်ရွက်ပေးတာပါ။ IIS လိုမျိုး ဟာတွေကတော့ Apache ပဲဖြစ်ပါတယ်။ IIS က windows တွေမှာပဲ အသုံးပြုနိုင်ပြီးတော့ Apache ကတော့ Linux ရော Windows မှာပါသုံးနိုင်ပါတယ်။ နှစ်ခုလုံးက free ရဲ့တဲ့ဟာတွေဖြစ်ပြီး IIS က built-in ပါပြီးသားပါ။

IIS ကိုသွင်းမယ်ဆိုရင် Control Panel  Add Remove Program ကိုဖွင့်လိုက်ပါ။ Dialog တက်လာရင် Add Remove Component ကိုရွေးလိုက်ပါ။ နောက် box ထက်တက်လာပါမယ်။ အဲမှာ Internet Information Services (IIS) ကို check လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။ အဲဒီအခါ windows အခွေတောင်းပါမယ်။ CD ထည့်ပေးလိုက်ပါ။သူ့ဘာသာသူ install လုပ်သွားပါမယ်။ ပြီးရင် Administrative Tool မှာ IIS ပါလာပါလိမ့်မယ်။

ဘယ်လိုဖြစ်တာလဲ UCSY

ကျွန်တော်တို့ ကျောင်းကြီးဘာဖြစ်သွားတာလဲ….
ဘာတွေဖြစ်ကုန်တာလဲဗျာ……
Master ခေါ်တာက ၂ ယောက်ပဲ……
ခေါ်တယ်ထင်လား…….. မဟုတ်ဘူးဗျ….၂ ယောက်ပဲကျန်ခဲ့တာ။Hones တစ်ခန်းလုံးပါတယ်ဗျာ။ နောက်ပြီး Hones ကိုဘယ်လောက်ခေါ်လိုက်တယ်ထင်လဲ။ ၇၅၂ ယောက်တဲ့ဗျာ။ ဒါကြောင့် ကြွေးကျန်မပါသေးဘူး။ အားပါး..ပါး…ငါတို့ ပါချုပ်က ဘယ်လိုထိန်းမလဲမသိဘူး။ အဲဒါတောင် အားမရသေးဘူး First Year လေးတွေကို အယောက် ၃၀၀၀ ကျော်တောင်ခေါ်လိုက်တယ်ဗျာ။ ရက်စက်လိုက်တာ။ ကလေးတွေကို ခေါ်ပြီး နှိပ်စက်တာလားမသိဘူး။ တစ်ခန်းကို အယောက် ၂၀၀ မကထားတယ်ဗျာ။ ၁၃၅ ယောက်ကတောင် ပူလို့အိုက်လို့ သေချင်စိတ်ပေါက်နေတာ။ အယောက် ၂၀၀ ဆိုတော့ မတွေး၀ံစရာပဲ။ ၁၃၅ ယောက်ကတောင် ဆရာ ၊ ဆရာမတွေ စာကောင်းကောင်းမသင်နိုင်တာ။ အင်း…First Year လေးတွေကိုတော့ မပြောတော့ပါဘူး။ ဆရာ ၊ ဆရာမတွေ စာဘယ်လိုသင်မလဲဆိုတာကိုမြင်ယောင်ပါတယ်ဗျာ။ အဲဒါတင် မပြီးသေးဘူးဗျ… ကျောင်းမှာက DSA က Computer တွေရှိသေးတယ်။ သူတို့ကလည်း ခပ်များများ… ကျောင်းမှာလူတွေကနည်းတာ မဟုတ်ဘူး…. ပါချုပ်ရယ်…. လူတွေအများကြီးထိန်းနိုင်လို့လားဗျာ… မနှစ်တုန်းကလိုတော့ စည်းကမ်းမထုတ်လိုက်ပါနဲ့ဗျာ… ကျောင်းသားနှင့်ကျောင်းသူ ၃ပေ အကွာမှာနေပါ။ တစ်ခုံတည်း မထိုင်ရတဲ့ဗျာ… ဒီနှစ်လည်း ဘာစည်းကမ်းထုတ်အုံးမလဲမသိဘူး…. အခုကြားတာကတော့ ကျောင်းက canteen မှာ သီချင်းမဖွင့်ရဘူးတဲ့ဗျာ…. အင်း ပြောရင်းပြောရင်း ကျောင်းကို စိတ်ကုန်လာပြီ…တော်ပြီ..တော်ပြီ…ဆက်မပြောတော့ဘူး….နောက်မို့ဆို First Year လေးတွေ ငါ့ Blog ကိုဖတ်ပြီး ကျောင်းကထွက်ကုန်ရင် ငါ့ Blog Banned url အထဲပါသွားအုံးမယ်….