About saturngod

Mobile and Web Developer

iOS App Developer Life

အရင်တုန်းကတော့ web development လုပ်ရင် IE ကြောင့် အမြဲစိတ်ညစ်ရတယ်။ Safari , Firefox , Opera စတဲ့ browser တွေမှာ align တစ်ခုနဲ့ တစ်ခု မညီတာ ညှိရတာတွေ တချို့ javascript တွေက အလုပ်မလုပ်တာတွေကို ပြင်ရတာတွေကို တော်တော် စိတ်ညစ်ခဲ့တာ။ လွန်ခဲ့တဲ့ ၁ နှစ် ကျော်လောက်တုန်းက အခုအချိန်လို HTML5 , CSS 3 standard က ကျယ်ပြန့်မှုမရှိသေးဘူး။ webkit မှာ တစ်မျိုး firefox မှာ တစ်မျိုး အဆိုးဆုံးကတော့ customer က IE 6 , IE 7 , IE 8 , IE 9 စတာတွေပေါ်မှာ အဓိက ထားလုပ်ပေးပါဆိုရင် ပြင်ရတာ တော်တော် အချိန်ကုန်တယ်။ Mac နဲ့သုံးလိုက် windows မှာ စမ်းလိုက်နဲ့ တော်တော် တိုင်ပတ်ခဲ့တာ။

iOS Developer ဘဝလည်း ရောက်ရင် အဲဒီ ပြဿနာတွေ မရှိတော့ဘူး။ သို့ပေမယ့်လည်း ထင်သလောက်တော့ မဟုတ်ဘူး။ iOS Developer တွေမှာ အခက်အခဲတွေ တော်တော်များများရှိပါတယ်။

iOS Version

App တစ်ခု ထုတ်တော့မယ်ဆိုရင် ဘာမှ မရေးခင် ဘယ် version အတွက် ထုတ်မှာလဲလို့ သေချာဆုံးဖြတ်ရတယ်။ iOS 4 နဲ့ iOS 5 က code တွေက တော်တော်ကွာသွားတယ်။ iOS 5 မှာ customize လုပ်ရတာ ပိုလွယ်တယ်။ Developer တွေကတော့ iOS 5 app တွေပဲ လုပ်ချင်ကြတယ်။ သို့ပေမယ့် အချို့ Partner တွေက iOS 4 ကိုမပစ်ပယ်ချင်ကြသေးဘူး။

50%-60% က iOS 5 users တွေ ဆိုပေမယ့် ကျန်တဲ့ percentage က တော့ iOS 4 နဲ့ iOS 3 ပါ။ iOS 3 ကတော့ percentage က အများကြီး မကျန်တော့ပေမယ့် အနည်း အကျဉ်းလေးတော့ ရှိသေးတယ်။ iOS 4 ကတော့ 50%-40% ရှိနေသေးတယ်။ Market ပေါ်မှာ iOS 4 သမားတွေ ကို လက်မလွှတ်ချင်ကြဘူး။ iOS 4 အတွက်ရေးထားရင် iOS 5 မှာ ရဖို့ သေချာတယ်။ သို့ပေမယ့် တချို့ feature တွေ animation တွေ သုံးလို့ရမှာ မဟုတ်တော့ဘူး။ သုံးလို့ရချင်ရင် သီးသန့် ထပ်ရေးရတော့မယ်။ အဲဒီအတွက် အချိန်ပိုကြာမယ်။ ငွေပိုကုန်မယ်။ အဲလို တွက်ပြန်တော့လည်း iOS 4 ကို လက်လွှတ်ချင်ပြန်တယ်။ Developer အနေနဲ့ကတော့ iOS 5 မှာ ရေးရတာ အဆင်ပြေဆုံးပဲ။

Continue reading

Nook Simple Touch

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်း Nook Store ကနေ Nook Simple Touch နဲ့ cover လေး ဝယ်ဖြစ်တယ်။ Kindle နဲ့ Nook Simple Touch ဘာဝယ်ရမလဲဆိုတာကို ဇန်နဝါရီလ ကတည်းက ခေါင်းစားနေတာ။ iPad 2 လည်း မဝယ်နိုင်သေး။ iPad 1 ကလည်း စာဖတ်ရတာ အဆင်မပြေဘူး။ သယ်ရတာ ပေါ့ပေါ့ပါးပါးမရှိတာကြောင့် လက်ထဲမှာ ကြာကြာ မကိုင်ထားနိုင်ဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါး စာဖတ်လို့ ကောင်းမယ် ebook reader လေး ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။ သို့ပေမယ့်လည်း Kindle နဲ့ Nook Simple Touch ကြားမှာ ဗျာ များနေတာ အမှန်ပဲ။

တော်တော်လေးကို ရွေးရခက်တယ်။ ဇနီး က ကြာတော့ စိတ်မရှည်တော့ဘူး။ စိတ်မရှည်လောက်အောင်လည်း နေ့တိုင်း နားပူနားဆာ လုပ်နေတာလည်း ပါတာပေါ့။ ဒါနဲ့ အခု လက်ရှိ ဘာ format နဲ့ စာဖတ်နေလည်း မေးတော့ epub နဲ့ ဖတ်ဖြစ်တယ်။ ဝယ်ထားတဲ့ စာအုပ်တွေကလည်း epub တွေပဲ ။ ၂ ခု လုံးမှာ epub ရလားဆိုတော့ မရဘူး။ Nook မှာပဲ ရတယ်။ ဒါဆိုရင် Nook ဝယ်ဆိုပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညမှ Nook store ကနေ order မှာပေးတယ်။ ကိုယ့်ဘာသာဆိုရင်တော့ အခုထက်ထိ ဘာရွေးရမှန်း သိအုန်းမှာ မဟုတ်သေးဘူး။

Shipping လုပ်တာက barnesandnoble က ပစ္စည်းတွေ ခွဲပို့တော့ ရောက်တဲ့ ရက်တွေက မတူဘူး။ barnesandnoble က ပစ္စည်း ပို့ပြီးသွားပေမယ့် VPost မှာက ပစ္စည်း ရောက်ကြောင်း မတက်လာသေးတော့ ပိုက်ဆံက ချေမရပြန်ဘူး။ အပြီးအစီး ၁၇ ရက်နေ့မှာ ငွေချေဖြစ်တယ်။ ပစ္စည်းကတော့ ၁ ပတ်ကြာတော့ အိမ်ရောက်လာတယ်။

Continue reading

Update mmwebfont

* add config.php to enabled or disable google analytics.
* for php 4 , remove use UnitedPrototype\GoogleAnalytics; in line 8 at fonts/index.php

Google Analytics for using how many users are request per day and what fonts are popular.

download https://github.com/saturngod/mmwebfonts

Mountain Lion

Lion ပြီးရင် ဘာ ကြောင်မျိုးနွယ် အသစ်ထွက်မလဲစဉ်းစားနေတာ Apple က နောက်ထပ် OS အသစ်ကို Mountain Lion လို့ နာမည်ပေးပြီးတော့ စတင် မိတ်ဆက်လိုက်ပါပြီ။ Lion မှာ ကျွန်တော်တို့တွေကို touch အသစ်တွေ နဲ့ မိတ်ဆက်ခဲ့ပြီးတော့ အခု Mountain Lion မှာ အခြား feature အသစ်တွေ ထပ်ပါလာပြီ။ iOS က feature တွေကို Mountain Lion မှာ ထည့်ပေါင်းလာပါတယ်။

Continue reading

Bootstrap

Twitter bootstrap ကို သိတာတော့ တော်တော်လေးကို ကြာလှပါပြီ။ Twitter မှာ bootstrap ကို တစ်ယောက်က tweet လိုက်ကတည်းက သဘောကျခဲ့တာ အမှန်ပဲ။ MMWebFonts ကိုတောင် Bootstrap က 1.1 ပဲ ရှိပါသေးတယ်။ အခု အချိန်မှာတော့ version 2 တောင် ရောက်နေပါပြီ။

Twitter bootstrap ဆိုတာကတော့ သူကတော့ ဒီလို ဆိုထားပါတယ်။

Simple and flexible HTML, CSS, and Javascript for popular user interface components and interactions.

user interface နဲ့ interactions တွေအတွက် လူသုံးများတဲ့ HTML , CSS , Javascript တွေ စုစည်းထားတာလို့ ဆိုလို့ရပါလိမ့်မယ်။ ကျွန်တော် ကတော့ နောက်ပိုင်း UI အပိုင်း စဉ်းစားဖို့ အချိန်မရှိတော့ဘူးဆိုရင် bootsrap ကို ပဲ လွယ်လင့် တကူ အသုံးပြုလိုက်ပါတယ်။

Continue reading