About saturngod

Mobile and Web Developer

Read It Later

အခုတလော read it later လေးကို သဘောကျနေတယ်။ ရှိတဲ့ iPad က 3G မရတော့ MRT ပေါ်မှာ စာဖတ်ရတာ သိပ်အဆင်မပြေဘူး။ Ebook တွေကလည်း ဖတ်ချင်တဲ့ စာအုပ်တွေ သိပ်မရှိတော့ဘူ။ Getting Real , Rework ဒါတွေပဲ ထပ်ကာ ထပ်ကာ ဖတ်နေရတော့ မဖတ်ချင်တော့တာလည်း ပါတယ်။ အခြား programming စာအုပ်တွေ လည်း မဖတ်ချင်တော့ဘူး။ အသက်ကလေး ရလာလို့လားမသိဘူး သတင်းတွေလောက်ပဲ ဖတ်ချင်တော့တယ်။ မနက်စောစော စီးစီး သတင်းဖတ်ရတဲ့ အရသာလေးကို သဘောကျနေမိတယ်။ စနေ ၊ တနင်္ဂနွေတွေ ဆိုရင် နိုးနိုးခြင်း ကော်ဖီလေး ဖျော်ပြီး iPad က Pulse ကို ဖွင့်ပြီး သတင်း ဖတ်ရတာကတော့ တကယ့် ဇိမ်ပဲ။ MRT ပေါ်မှာလည်း သတင်းတွေ ဖတ်ချင်ပေမယ့် ဖတ်ဖို့က 3G network လိုနေပြန်ကော။ ရုံးရောက်တော့လည်း မဖတ်ဖြစ်ပြန်။
Continue reading

Keymagic Portable

အင်တာနက်ဆိုင်မှာ keyboard မရှိလို့ unicode ရိုက်လို့မရဘူးဆိုသူများ key magic portable ကို အသုံးပြုလို့ရပါတယ်။

http://dl.dropbox.com/u/176693/KeyMagic-Standalone-Portable.zip

Thank , Dr Carbon for keymagic portable :)

Change Unicode in Blogspot

Blogspot မှာ unicode ဘယ်လိုပြောင်းရမလဲ ဆိုသူတွေအတွက် ရေးထားပါတယ်။

ပါဝင်တာတွေက

လက်ရှိ Blogspot ကို Unicode ပြောင်းခြင်း။
လက်ရှိ Unicode Blog ကို font embed နဲ့ CSS ထည့်ခြင်း

Download

Official One Piece Wikia for Myanmarsar

ဒီနေ့ one piece wikia ကို ဖတ်နေရင်းနဲ့ မကျေမနပ်ဖြစ်လာတယ်။ အခြား ဘာသာ စကားတွေက de.onepiece.wikia , zh.onepiece.wikia ဆိုပြီး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေအတွက် my.onepiece.wikia ကို ခေါ်တာ မရဘူးဖြစ်နေတယ်။ ဒါနဲ့ ဘယ်လို လုပ်ရမှန်းလဲ မသိ။ လုပ်ကလည်း လုပ်ချင်နေတယ်။ onepiecemm.wikia.com က လက်ရှိ ဇော်ဂျီနဲ့ ရေးနေပေမယ့် official မဟုတ်သလို ခံစားနေရတယ်။ ရေးရတာ သိပ်အရသာမရှိသလို အခြား language တွေလို လက်ရှိ Article မှာ Langauge ဆိုတဲ့ နေရာမှာ မထည့်နိုင်ဘူး ဖြစ်နေတယ်။ ဒါနဲ့ မနေနိုင်တာနဲ့ wikia support ကို email ပို့လိုက်တယ်။
Continue reading

MM Unicode font on cydia

iOS အတွက် jailbreak MM Unicode ကို http://cydia.macforus.com မှာ ရပါပြီ။

Zawgyi Font သွင်းထားရင်တော့ သုံးမရပါ။ ဒါကြောင့် လက်ရှိ Zawgyi သွင်းထားသူများအနေနဲ့ကတော့ Zawgyi ကို ဖြုတ်ဖို့လိုပါတယ်။

Remove Zawgyi from iOS

၁. Zawgyi Font iOS Uninstaller ကို အရင် သွင်းပါ။

၂. ပြီးလျှင် Zawgyi Font iOS ကို update လုပ်ပါ။

၃. Zawgyi Font iOS ကို Uninstall လုပ်ပါ။

၄. နောက်ဆုံး Zawgyi Font iOS Uninstaller ကို Uninstall ထပ်လုပ်ပါ။

ဒါဆိုရင် Zawgyi Font iOS uninstall လုပ်ပြီးပါပြီ။

Install Unicode Font

Go to Cydia > Sources > Edit > Add

မှာ http://cydia.macforus.com ကို ထည့်လိုက်ပါ။

ပြီးလျှင် package ကို သူ update လုပ်သွားပါမယ်။

cydia.macforus.com ကို ထည့်ပြီးတဲ့သူတွေကတော့ Changes မှာ Refresh ကို နှိပ်လိုက်ရုံပါပဲ။

ပြီးလျှင် Sections > Zawgyi > MM Unicode Font ကို သွင်းလိုက်ရင် ရပါပြီ။

သွင်းပြီးရင် respring လုပ်ပါလိမ့်မယ်။ ပြီးလျှင် ရပါပြီ။ စက်ကို restart ချစရာမလိုပါ။ Uninstall လည်း ပြန်လုပ်လို့ရပါတယ်။

FAQ About Uni

အားရင်တော့ Myanmar Unicode For dummie ဆိုပြီး စာအုပ်လေး ရေးမလား စဉ်းစားနေတယ်။ အခုတော့ ကိုမျိုးကျော်ထွန်း မေးထားတဲ့ မေးခွန်းတွေကို အတိုဆုံး ဖြေထားပေးပါတယ်။

1. ဘာလို့ Unicode သုံးသင့်သလဲ။

Unicode ဟာ standard ပါ။ နောင်တချိန်မှာ ပြောင်းလဲသုံးစွဲရမယ့် standard တစ်ခုပါ။ လက်ရှိ app translaction တွေကလည်း unicode နဲ့ပဲ လုပ်နေတာပါ။

( အခု အချိန်မှာ မဖြစ်မနေ သုံးရမယ်တော့ မဟုတ်ပါ။ )

2. Standard Unicode List တွေက

လက်ရှိ ရှိနေတဲ့ Standard Unicode တွေက

၁။ Myanmar 3 ( Mac မှာ မရ )
၂။ ပိတောက် ( Mac မှာ မရ )
၃။ ပုရပိုက် ( Mac မှာ မရ )
၄။ သံလွင် ( Mac မှာ မရ )
၅။ ဝင်း အင်းဝ Uni ( Mac မှာ မရ )
၆။ ဝင်း အင်းဝ ကလော ( Mac မှာ မရ )
၇။ MyMyanmar
၈။ ယွန်းချို ( Mac မှာ မရ )
၉။ Masterpiece Uni Sans ( Only For Mac )
၁၀။ Xentotype (Only For Mac but not free )

Xentotype လွဲပြီး ကျန်တာတွေ အကုန် download လုပ်လို့ရပါတယ်။ Download link တွေကို မကြာခင် ထည့်ပေးပါ့မယ်။ ပြန်စုနေလို့ပါ။

Continue reading

I hate it

လက် ရှိUnicode သုံးနေတာ အဆင်တော့ ပြေပါတယ်။ မပြေသေးတာက Mac font ပဲ။ လက်ရှိ Mac မှာက font က dotted circle မပါသေးဘူး။ မြင်ရတယ် ။ ဖတ်ရတယ်။ ရေးလို့ ရပေမယ့် dotted circle မပါတော့ ရေးထားတာ မှန်မမှန် မသိ။ ဒါနဲ့ စာရေးဖို့လုပ်တိုင်း ရေးထုံး order ကို ပြန်ပြန်စဉ်းစားနေရတယ်။ တစ်ခါတစ်လေ ကိုယ့် လို့မျုိး စာလုံးမှာ အရင်ကတည်းက ရေးလာတာ ယ–်–့ ပါ။ အခု Unicode 5.2 မှာမှ –့ –် ဖြစ်သွားရပြန်တယ်။ ငယ်ငယ်ကတည်းက လက်နဲ့ ရေးလာတာကလည်း ယ–်–့ ပါပဲ။ ကိုယ့်ဘာသာ ကိုယ် စဉ်းစားကြည့်တယ်။ ငါပဲ ငယ်ငယ်ကတည်းက မှားနေတာလား မသိ။ သူငယ်တန်း ဘဝတုန်းက သင်ခဲ့တာကို ပြန်စဉ်းစားလို့လည်း မမှတ်မိတော့ ခက်သား။

Windows နဲ့ Linux မှာ dotted circle တွေပါတဲ့ font တွေက ပေါပေါများများပဲ။ သနားဖို့ ကောင်းလိုက်တဲ့ မြန်မာ Mac သမားဘဝလို့တောင် ဆိုရမလားပဲ။ font ဆိုလို့ MyMyanmar နဲ့ Masterpiece ၂ မျိုး တည်း ။ နှစ်ခုလုံးမှာ dotted circle မပါ။ ပြောနေရင်းပဲ မျိုးဆိုတာကို ပြောင်းတာ မှန်မမှန် လက်နဲ့ ချရေးနေရပြီ။ ကို မျိုးသက်ပိုင် ကတော့ my.wikipedia.org မှာ ရိုက်ပြီး ရှာလို့တော့ ပြောတာပဲဗျာ။ အခုတော့ အဲလိုပဲ လုပ်နေရတယ်။ Windows သမားတွေ Mac သမားတွေကတော့ ပြောအားရှိမှာပေါ့ဗျ။ သူတို့မှာ dotted circle ပါပြီးသားလေ။ ကိုယ့်မှာကတော့ အဲဒီ circle မပါတော့ ဘာရေးရေး ဇော်ဂျီလိုပဲ အကုန်မှန်နေတာပဲ။ Windows ကနေ ကြည့်လိုက်တော့မှ ကိုယ် ရိုက်ထားတာ လွဲနေတာတွေ တွေ့တာပဲ။ အင်း ရေးထုံးလွဲတာ ဇော်ဂျီသုံးလို့ ပျက်စီးသွားတာနဲ့ တူပါတယ်လေ။ အမြန်တိုင်းပြောရင် စာရိုက်ရတာကို မစဉ်းစားခြင်ဘူး။ ရေးထုံးအတိုင်း ရိုက်ဆိုတာကြီးကို အတင်းပြန်စဉ်းစားနေရတယ်။ စာရေးဖို့အတွက် ဘေးမှာ ဘောပင် တစ်ချောင်းလောက်တော့ ထားရတယ်။ မသေချာတဲ့ စာလုံးတွေဆို လက်နဲ့ပဲ ပြန်ပြန် ချရေးနေရတယ်။

အင်း. .. Mac အတွက်ပဲ မပြည့်စုံသေးဘူးလို့ ဆိုရမှာပဲ။ မပြည့်စုံသေးဘူးဆိုလို့ Android 2.2 မှာလည်း Unicode အလုပ်မလုပ်ဘူးဗျ။ 2.3 နဲ့ 3.0 မှာ အလုပ်လုပ်လေမလား စောင့်ကြည့်လိုက်အုံးမယ်။ မနက်ဖြန် dead line ရှိတယ်။ အလုပ်က project မှာ ကိုယ်ရေးထားတဲ့ အပိုင်းတွေမှာ bugs တွေ ရှိလို့ fixed လိုက်အုံးပါမယ်လေ။

Python ZG To Uni Converter

Hi Saturn,
I am attaching the lastest file with html2utf8 conversion and windows
standalone exe file inside the dist folder. Ko Thiha, please also test
for me if the windows exe works. Thanks.
The html2utf8 conversion will convert က to but will not convert
name html entities like &lgt; © etc which is useful in an html
file. For windows program I need to add a progress indicator bar as
write now user can not know when the conversion finished. But if their
file is not large this should not be a problem. Looking forward to
feedback. Sorry this took longer than expected.
After extracting this rar file, please rename two files from under
“dist” folder with extension .exe instead of .bak.
Cheers,
Ravi

Thank , Ko Ravi …

I can’t test today. I will test tomorrow and I will write how to convert using python converter.
download