No Embedded Fonts in iBooks Author output file .ibooks

Apple said :

For best results with iPad, use the Format bar to select fonts; the Format bar’s font list includes only fonts that are available on the iPad, so the book should look the same in iBooks Author and in iBooks on the iPad. If you use the Fonts window to select your fonts, all fonts available on your computer will be listed. Selecting a font that is unavailable on the iPad may have inconsistent results when you view the book in iBooks.[[http://support.apple.com/kb/HT5072]]

ဒီရက်ပိုင်းမှာ iBooks Author ကို စမ်းရင်း သဘောကျတာနဲ့ font embed ကို စမ်းကြည့်မိတယ်။ သို့ပေမယ့် ဘယ်လိုမှ မရပါဘူး။ font embed ထည့်လိုက်တိုင်း iBooks App က crash ဖြစ်ဖြစ်သွားတယ်။ ဒီ version မှာတော့ မရသေးဘူးလို့ ပဲ ဆိုရမယ်။ သို့ပေမယ့် ePub တွေမှတော့ font embed ကို allow လုပ်ထားတဲ့အတွက်ကြောင့် နောက် version အသစ်တွေမှာ font embed အသုံးပြုခွင့်ပေးမယ်လို့ မျှော်လင့်ရတာပဲ။

နောက်ပြီး Apple က .ibooks extension နဲ့ epub format ကို ပြင်ပြီးတော့ ထုတ်လိုက်တာကိုတော့ သဘောမကျမိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ standard မဟုတ်တာကြောင့်ပါ။ ePub 3 မှာတော့ Keynote နဲ့ 3D object တွေ ထည့်မရဘူး။ ဒါကြောင့် Apple က non-standard .ibooks ဆိုပြီး ထုတ်လိုက်ဟန် တူပါတယ်။

iBook Authors Tool ကတော့ တကယ့်ကို ကောင်းမွန်လှပါတယ်။ သို့ပေမယ့် font embed တော့ မရသေးတာကိုတော့ သဘောမကျပါဘူး။ font embed ပါ ရခဲ့ရင်တော့ မြန်မာ စာအုပ်တွေ တော်တော်များများကို တွေ့လာရနိုင်ပါတယ်။


အိန္ဒိယ ရုံးခွဲ

မတ်လ တုန်းက လုပ်ငန်းခွင် ဆိုပြီး post တစ်ခု ရေးခဲ့ဖူးပါတယ်။ အခုတလော ရုံးက အိန္ဒိယ ရုံးခွဲ နဲ့ အလုပ်လုပ်ရင်း သဘောပေါက်လာတာတွေ ရှိတယ်။ အိနိ္ဒယမှာ ရုံးခွဲ ဖွင့်ပြီးကတည်းက လူကောင်းကောင်း မရသေးဘူး။ အခုနောက်ပိုင်း ခန့်ထားတဲ့ UI designer ကတော့ တော်တော် တော်တယ်။ အခြား iOS developer တွေ resume တွေထဲမှာ ရေးသလောက် သုံးမရဘူး။ နောက်ပြီး ရုံးခွဲအတွက် web developer ရှာတော့ resume ဖတ်ပြီး အင်တာဗျူးခေါ်ဖို့ လူရွေးရတဲ့ အလုပ်က ကျွန်တော့် ဆီ ရောက်လာပါကော။
Continue reading


Copyright

တနင်္လာနေ့လောက်တုန်းက ကို မောင်မောင်ဆန်း facebook မှာ share ထားတာနဲ့ C-O-P-Y ကိုယ်ပိုင် ဆိုတဲ့ post ကို ဖတ်ဖြစ်သွားတယ်။ အဲဒါနဲ့ မှတ်မှတ်ရရ အရင်တုန်းက deviantArt မှာ windows XP theme တွေ ကျွန်တော် ဆွဲတုန်းက deviantArt မှာ မူရင်း ပိုင်ရှင်က သူ့ ကိုယ် icon တွေ ခွင့်ပြုချက် မယူပဲ ယူသုံးထားပါတယ်ဆိုပြီး ပြောခံထိဖူးတယ်။ အဲတုန်းက ကျွန်တော့် အသက် ၁၇ လောက်ပဲ ရှိအုံးမယ်။ ခွင့်ပြုချက်တောင်း ရမယ်ဆိုတာကို မသိခဲ့တာလည်း ပါတယ်။ ဒါကြောင့် အဲတုန်းက သူ့ကို တောင်းပန်ပြီး icon တွေ ပြန်ဖြုတ်ပေးရမလား မေးခဲ့ဖူးတယ်။ အဲဒီက စပြီးတော့ မှတ်မှတ်ရရ credit ကိစ္စကို စပြီး နားလည်လာတာပဲ။ အခုခေတ်မှာ ၁၇ ၊ ၁၈ အရွယ်တွေက ကျွန်တော်တို့ ခေတ် ၁၇ ၊ ၁၈ နှစ်ထက် အများကြီး ဗဟုသုတတွေ ရှိနေကြပါပြီ။
Continue reading


Information Technology

IT , IT ဆိုပြီး ခေတ်စားလာသလို IT သမားတွေပေါ်လာသလို IT ကို လေ့လာနေတယ်ဆိုတဲ့ စကားလုံးတွေလည်း တချိန်တခါတုန်းက သွင်သွင်ကြီး သုံးခဲ့ကြတာ မှတ်မိသေးပါရဲ့။ IT ဆိုတာက ဘာလဲလို့ဆိုရင် Information Technology ပါပဲ။ အရင်တုန်းက IT နဲ့ programming ဘာဆိုင်လို့လဲ။ web development နဲ့ IT နဲ့ ဘာဆိုင်လို့လဲ။ IT လို့ ပြောပြီး programming တွေ လေ့လာ web site ဆွဲတာတွေကို လေ့လာ။ နောက်ပြီးတော့ ဘာလို့ IT ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ခဲ့တာလဲဆိုတာကို လုံးလုံးကြီးကို မသိခဲ့တာ အမှန်ပါ။ အခုအချိန်မှာ လုပ်ငန်း အတွေ့အကြုံရှိလာတော့မှပဲ IT ဆိုတဲ့ စကားလုံးကို နားလည်လာတော့တယ်။
Continue reading


ရဲရဲနီကုန်ပြီ

ဘယ်သွားသွား ငါတို့ browser တွေ ရဲရဲနီကုန်ပြီ
ဘယ်ဝင်ဝင် မီးလျှံမြေခွေး ရဲရဲနီကုန်ပြီ
ဘာလုပ်လုပ် ရောင်စုံဘောလုံးလည်း ရဲရဲနီကုန်ပြီ

ငါလုပ်နေတာ မဟုတ်တာ မပါဘူး
ငါလေ့လာချင်တာ မဟုတ်တာ မဟုတ်ဘူး
ငါဖတ်ချင်တာ မဟုတ်တာ မဟုတ်ဘူး
မင်းတို့ကို ထိခိုက်မှာလည်း မဟုတ်ဘူး
ဒ​ါပေမယ့် ငါတို့ website တွေ
တဖက်သက် စွပ်စွဲချက်တွေနဲ့
အယူခံဝင်ခွင့်တောင် မရခဲ့ဘူး
Continue reading


WTF!!! Where is unsubscribe link

ရန်ကုန်မှာ အင်္ကျီဝယ်တုန်းက ကံစမ်းမဲ form လေးပေးလို့ email ပါ ထည့်ဖြည့်လိုက်ပါတယ်။ နောက်ပိုင်း ကြော်ငြာတွေ အလကားနေရင်း ဝင်လာတယ်။ ဒါနဲ့ Filter လုပ်ထားလိုက်ရတယ်။ အဲလိုပဲ တက်ခဲ့ဘူးတဲ့ သင်တန်းတွေရဲ့ ကြော်ငြာတွေလည်း ခဏခဏ ဝင်လာတယ်။ အဲဒါတွေလည်း Filter လုပ်ရတာပဲ။ မြန်မာနိုင်ငံက ပို့တဲ့ Mail တော်တော်များများက unsubscribe link မပါလာဘူး။ အဲဒါက Spam နဲ့ အတူတူပဲဗျ။ တကယ်လို့ သတင်းတွေ ပို့ချင်တယ်ဆိုရင်တောင် အနည်းဆုံး မလိုချင်တဲ့အခါမှာ Unsubscribe လုပ်ခွင့်ရသင့်တယ်။ ကြည့်ရတာ မြန်မာနိုင်ငံမှာ email marketing ဆိုပြီး email ပဲ အကုန်လုံးကို To တွေ ခံပြီး ပို့တယ်နဲ့တူတယ်။

No Track

ကိုယ်ပို့လိုက်တဲ့ email ကို ဘယ်နှစ်ရောက် ဖွင့်ဖတ်ပြီး ဘယ်နှစ်ယောက် click တယ်။ ဘယ်နိုင်ငံတွေက အများဆုံး ဖတ်တယ်။ ဘယ် device တွေက နေ အများဆုံး ဖတ်ကြတယ်။ စတဲ့ data တွေကို စိတ်ဝင်စားပုံမရဘူး။ ပြီးပြီးရော ပို့လိုက်တာပဲနဲ့တူတယ်။ Attatment file ထည့်။ ပြီးတော့ to ထဲမှာ အကုန်ထည့်။ Send လုပ်။ အဲဒါဆိုပြီးပြီလို့ မှတ်ယူထားပုံပဲ။
Continue reading


I hate it

လက် ရှိUnicode သုံးနေတာ အဆင်တော့ ပြေပါတယ်။ မပြေသေးတာက Mac font ပဲ။ လက်ရှိ Mac မှာက font က dotted circle မပါသေးဘူး။ မြင်ရတယ် ။ ဖတ်ရတယ်။ ရေးလို့ ရပေမယ့် dotted circle မပါတော့ ရေးထားတာ မှန်မမှန် မသိ။ ဒါနဲ့ စာရေးဖို့လုပ်တိုင်း ရေးထုံး order ကို ပြန်ပြန်စဉ်းစားနေရတယ်။ တစ်ခါတစ်လေ ကိုယ့် လို့မျုိး စာလုံးမှာ အရင်ကတည်းက ရေးလာတာ ယ–်–့ ပါ။ အခု Unicode 5.2 မှာမှ –့ –် ဖြစ်သွားရပြန်တယ်။ ငယ်ငယ်ကတည်းက လက်နဲ့ ရေးလာတာကလည်း ယ–်–့ ပါပဲ။ ကိုယ့်ဘာသာ ကိုယ် စဉ်းစားကြည့်တယ်။ ငါပဲ ငယ်ငယ်ကတည်းက မှားနေတာလား မသိ။ သူငယ်တန်း ဘဝတုန်းက သင်ခဲ့တာကို ပြန်စဉ်းစားလို့လည်း မမှတ်မိတော့ ခက်သား။

Windows နဲ့ Linux မှာ dotted circle တွေပါတဲ့ font တွေက ပေါပေါများများပဲ။ သနားဖို့ ကောင်းလိုက်တဲ့ မြန်မာ Mac သမားဘဝလို့တောင် ဆိုရမလားပဲ။ font ဆိုလို့ MyMyanmar နဲ့ Masterpiece ၂ မျိုး တည်း ။ နှစ်ခုလုံးမှာ dotted circle မပါ။ ပြောနေရင်းပဲ မျိုးဆိုတာကို ပြောင်းတာ မှန်မမှန် လက်နဲ့ ချရေးနေရပြီ။ ကို မျိုးသက်ပိုင် ကတော့ my.wikipedia.org မှာ ရိုက်ပြီး ရှာလို့တော့ ပြောတာပဲဗျာ။ အခုတော့ အဲလိုပဲ လုပ်နေရတယ်။ Windows သမားတွေ Mac သမားတွေကတော့ ပြောအားရှိမှာပေါ့ဗျ။ သူတို့မှာ dotted circle ပါပြီးသားလေ။ ကိုယ့်မှာကတော့ အဲဒီ circle မပါတော့ ဘာရေးရေး ဇော်ဂျီလိုပဲ အကုန်မှန်နေတာပဲ။ Windows ကနေ ကြည့်လိုက်တော့မှ ကိုယ် ရိုက်ထားတာ လွဲနေတာတွေ တွေ့တာပဲ။ အင်း ရေးထုံးလွဲတာ ဇော်ဂျီသုံးလို့ ပျက်စီးသွားတာနဲ့ တူပါတယ်လေ။ အမြန်တိုင်းပြောရင် စာရိုက်ရတာကို မစဉ်းစားခြင်ဘူး။ ရေးထုံးအတိုင်း ရိုက်ဆိုတာကြီးကို အတင်းပြန်စဉ်းစားနေရတယ်။ စာရေးဖို့အတွက် ဘေးမှာ ဘောပင် တစ်ချောင်းလောက်တော့ ထားရတယ်။ မသေချာတဲ့ စာလုံးတွေဆို လက်နဲ့ပဲ ပြန်ပြန် ချရေးနေရတယ်။

အင်း. .. Mac အတွက်ပဲ မပြည့်စုံသေးဘူးလို့ ဆိုရမှာပဲ။ မပြည့်စုံသေးဘူးဆိုလို့ Android 2.2 မှာလည်း Unicode အလုပ်မလုပ်ဘူးဗျ။ 2.3 နဲ့ 3.0 မှာ အလုပ်လုပ်လေမလား စောင့်ကြည့်လိုက်အုံးမယ်။ မနက်ဖြန် dead line ရှိတယ်။ အလုပ်က project မှာ ကိုယ်ရေးထားတဲ့ အပိုင်းတွေမှာ bugs တွေ ရှိလို့ fixed လိုက်အုံးပါမယ်လေ။


Is it worth ?

အခုတော့ infinity Blade ဆော့တာ အကုန်ပြီးပြီ။ Achievements ကတော့ ၃၈ ခု ပဲရှိသေးတယ်။ နောက်ထပ် ၄ ခုလောက် ရရင်တော့ ပြည့်ပြီ။ သို့ပေမယ့်လည်း မဆော့ချင်တော့ဘူး။ အခု All master ဖြစ်သွားတဲ့အတွက်ကြောင့် ထပ်ပြီး level တက်စရာ မရှိတော့သလို God King နဲ့ ချရင်လည်း လွယ်လင့် တကူနိုင်နေပြီ။ အဲ… အဆိပ်မမိသွားရင်ပေါ့။ God King နဲ့ ချတဲ့အခါမှာ ဓားစာ တချက်မိသွားရင် အဆိပ်မိသွားတတ်တယ်။ Heal ပြန်မလုပ်နိုင်ရင် သေပြီပဲ။ အဲဒါ တော်တော်ဆိုးတယ်။ တနည်းပြောရင် ညစ်ထားတာပေါ့ဗျာ။ ဆော့ရင်းနဲ့ ဂရုပြုမိလာတာက Infinity Blade company က တော်တော် ညစ်ထားတာပဲ။ God King ကိုလည်း ညစ်ထားတယ်။ အဲဒီ infinity Blade က magic ဓား မဟုတ်ဘူး။ ရိုးရိုးဓားပဲ။ Attack +200 ပေးထားတာပဲ ရှိတယ်။ God King မှာတော့ အဆိပ်ဓားဖြစ်နေတယ်။ ဒါကတော့ ညစ်တာ။ နောက်ပြီး level က ၄၀ ထိပဲ တက်လို့ရတယ်။ ဘယ်လိုမှ level 40 ထိ တက်လို့မရဘူး။ Game Center မှာ level 40 အထက် ရှိတဲ့သူတွေက အယောက် ၅၀ ကျော်တယ်။ ဒါက မဟုတ်ပဲနဲ့ ညစ်ထားတာတွေ။ Game Center ထိပ်ဆုံး အယောက် ၅၀ က အတုတွေ။ တကယ့်အစစ်တွေ မဟုတ်ပဲ ညစ်ထားတာ။ ဒါကြောင့် ဘယ်လောက်ဆော့ဆော့ top 50 ထဲ ကို မရောက်နိုင်ဘူး။
Continue reading