iBell သံနှင့် မနက်မိုးလင်း
iBus stop မှာ iPeople များ…
iphone များနှင့် အလုပ်ရှုပ်နေ…
iMRT ဝယ် iPhone များနှင့် ကလိကလိ…
iPad များနှင့် iBook ကြီးကို ဖတ်နေကြပြန်…
iOffice မှာ iApp များ ရေးရပြန်သည်…
iApp အကြောင်း ဆွေးနွေးပြန်သည်…
iOS အသစ်အကြောင်း ပြောကြပြန်၏…
Continue reading
Category Archives: စိတ်အချဉ်ပေါက်မှုများ
Do not upgrade Ornagai 1.4
Ornagai 1.4 ကို upgrade မလုပ်နဲ့အုံးဗျ။ ကျွန်တော် iPodTouch ကို jailbreak လုပ်လိုက်တာ မှားသွားတယ်ဗျာ။ မြန်မာ font embed ကို စမ်းမရပဲ simulator မှာ ပေါ်တာနဲ့ တင်လိုက်တာ။ အခု jailbreak မဟုတ်တဲ့ device တွေမှာ မပေါ်ဘူးဆိုလို့ ပြန်စမ်းကြည့်မှ error တွေ့တယ်။ sorry ဗျာ။ ဒီည Ornagai 1.4.1 ကို တင်ပေးပါ့မယ်။ အခုတော့ ကျွန်တော့် device ကို restore လုပ်ထားတယ်။ iPhone simulator က မယုံရတော့ဘူး =(
time to change ve ?
မနေ့က MZ 2.0 ကို server မှာ တင်တော့ view တွေ ပါနေတော့ မရဘူး ဖြစ်နေတယ်။ ဒါနဲ့ MT ကို မေးရတယ်။ ၁ ရက်ကျော်ကျော်လောက် စောင့်လိုက်မှပဲ ပြန်ဖြေတယ်။ gs က view ဆောက်ခွင့်မရှိဘူးတဲ့။ dv ဝယ်ပါတဲ့။ dv တော့ မဝယ်နိုင်သေးဘူး။ ve ဆို၇င်ကော ရမလား မေးထားအုံး။ eee…. server ဖိုးက ကုန်အုံးမယ်။ iPad ကြောင့် ပိုက်ပိုက် တွေ ခမ်းသွားတာ။ server ထပ်ဝယ်ရအုံးမယ်ဆိုရင်တော့ =( VE က စျေးများတယ်ဗျ။ တနှစ်ကို $300 တောင် ဆိုတော့ ကျွန်တော့်အတွက် နည်းတာမဟုတ်ဘူးလို့ ဆိုရမလိုပဲ။ ဟူး…. Django ပါရရင်တော့ VE ကို ပြောင်းဖို့ များပါတယ်။ ဒီလ တော့ MZ 2.0 တင်လို့တော့ မရလောက်သေးဘူး။ ပိုက်ပိုက်က လက်ထဲမှာ မရှိဘူး။
VE ပြောင်းမယ်ဆိုရင်လည်း file တွေ database တွေ ပြောင်းတာနဲ့ အချိန်လည်းကုန်အုံးမယ်။ ငွေကော အချိန်ကော ကုန်မှာဆိုတော့ ပြောင်းသင့်မပြောင်းသင့် စဉ်းစားရမယ်။ နောက်ပြီး VE နဲ့ အဆင်ပြေမလား မပြေဘူးလား။ အခုတော့ သေသေချာချာ မေးနေတုန်းပဲ။ $30 ဆိုတာကတော့ အများကြီးရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မနည်းလည်း မနည်းဘူးဗျ။
အခု တလောအတွင်း MZ 2.0 ကို စမ်းလို့ရအောင် ကိုအောင်ကျော်ထက်ကို အကူအညီတောင်းပြီး MZ 2.0 test ဖို့ သူတို့ server မှာ ခဏလောက် run ကြည့်ရင် ကောင်းမလား မသိဘူး။ ………..
ပန်းပြားပင်
ရာဇသင်္ကြန် မဲဇာ ပို့ခံထိတဲ့ အကြောင်းကို ငယ်ငယ်တုန်းက ကျွန်တော်တို့တွေ သင်ခဲ့ရတယ်။ နရပတေ့ကို မင်းတင်ခဲ့ပြီး ချီးမြှင့်မြှောက်စားခြင်း မခံရတော့
“ပန်းပွတ်သည် သားမြေးတွေ ကောင်းစားနေသောကြောင့်”
ဆိုပြီး နရပတေ့ မင်း ကို ခနဲ့ ခဲ့တယ် ။ အဲဒါကြောင့်ပဲ မဲဇာ ပို့ခံထိတာပေါ့။ သို့ပေမယ့် မဲဇာရောက်တော့ ပန်းပြားပင်ကဲ့သို့ လေယူရာ မယိုင်းခဲ့လေခြင်း ဟု ဆိုခဲ့လေတယ်။
Continue reading
Keyboard ဘယ်တော့ရမလဲ
FAQ မှာလည်း ရေးထားပြီးပါပြီ။ ဒါပေမယ့် ခဏခဏ မေးနေလို့ post တစ်ခုအနေနဲ့ တင်လိုက်တာပါ။
အဖြေကတော့
Continue reading
WP Touch with Zawgyi Embed [Fixed]
WP Touch ကို update လုပ်လိုက်တာ Zawgyi font က iPhone ပေါ်မှာ မပေါ်တော့ဘူး။ ဒါနဲ့ ဘာလို့လည်း တော်တော်အဖြေရှာလိုက်ရတယ်။ css တွေဖျက်။ javascript တွေ ဖျက်။ ဘာမှမထူး။ နောက်ဆုံးတော့မှ Doctype ပြဿနာ ဖြစ်နေတယ်။
wp-content/plugins/wptouch/themes/core/core-header.php
အဲဒီက
<!DOCTYPE html PUBLIC “-//W3C//DTD XHTML 1.0 Transitional//EN” “http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd”>
ဆိုတာကို remove လုပ်လိုက်ရင် ရတယ်။ iDevice က Safari တစ်ခုတည်းက အဲဒီ ပြဿနာ ရှိတယ်ထင်တာပဲ။ အဲဒီ DOCTYPE ကြေငြာတာလေး ဖြုတ်လိုက်တော့ အလုပ်လုပ်သွားပါလေရော။
My Sites has been down
မနေ့က ညနေကနေ စပြီးတော့ blog က ဖွင့်လို့မရတော့ဘူး။ အစကတော့ server restart ချတယ်ထင်ပြီး စောင့်ကြည့်လိုက်သေးတယ်။ ခက်တာက တော်တော်နဲ့ ဖွင့်လို့မရတာနဲ့ ည ၂ နာရီလောက်ရောက်တော့ bluehost ကို live chat နဲ့ မေးလိုက်တယ်။ သူတို့server ဘက်ကို မေးကြည့်ပေးမယ်ဆိုပြီး ခဏလောက်စောင့်လောက်တော့ site က DDos တိုက်နေလို့ down ထားပါတယ်တဲ့။ ပြန်ဖွင့်လို့ရတဲ့ အချိန်ပြန်ဖွင့်ပေးမယ်လို့ reply လာတယ်။ အင်း… ထင်တော့ ထင်သား။ ဘာလို့ DDos တိုက်လဲတော့ မစဉ်းစားတတ်အောင်ပဲ။ အရင်ကတည်းက တစ်ခါမဟုတ် တစ်ခါတိုက်ခံထိနေတာ။ တိုက်ခံထိလိုက်တိုင်း server ပြောင်းရတယ်။ Bluehost ကတော့ မဆိုးဘူးပဲ။ 24 hours စောင့်ကြည့်နေတာပဲ။ ပိုက်ဆံပေးရတာတန်တယ်။ တိုက်တယ်ဆိုတာနဲ့ sites ကို down လိုက်တယ်။ CPU over usages မဖြစ်တော့ဘူးပေါ့။ အခြား သုံးခဲ့တဲ့ Hosting တွေက DDos တိုက်တာနဲ့ CPU over usages ဖြစ်ပြီး site ပြန်ဖွင့်ခွင့်မရတော့ဘူး။ bluehost ကိုတော့ သဘောကျသွားတာအမှန်ပဲ။ ဒါနဲ့ ဖွင့်ချင်တဲ့ အချိန်မှ ဖွင့်ကွာဆိုပြီး ထားလိုက်တာ ဒီမနက်တော့ ပြန်ပွင့်သွားပြီ။
Continue reading
Drag & Drop will replace programming ? I say, NO
မနေ့တုန်းက ရုံးမှာ PM က ပြောတယ်။ နောက်တချိန်မှာ Programming မှာ code တွေ ရေးတာ လျော့ကျလာပြီးတော့ Drag & Drop လုပ်ပြီး လိုအပ်တာလေးတွေကို library ခေါ်သုံးဖို့ ဖြစ်လာလိမ့်မယ်တဲ့။ အဲ… အဲဒါက ဘာလို့ပြောလဲဆိုတော့ ရုံးမှာက Google Enterprise Partner တစ်ခုဖြစ်တဲ့ Application ကို ရုံးမှာ ပြောင်းသုံးဖို့ပြင်နေတာကို။ ရုံးက Developer တွေက သိပ်ပြီး စိတ်ဝင်စားမှု မရှိဘူးဗျ။ ကျွန်တော်ကတော့ အဆိုးတကာ့အဆိုးဆုံးထဲမှာ ပါတယ်။ လုံးလုံးကို စိတ်မဝင်စားတာ။ ရုံးကလည်း အဲဒီ Company နဲ့ Parterner ဆိုတော့ ရုံးက project အချို့ကို အဲဒီ program နဲ့ run ချင်တာပေါ့ဗျာ။ သူက Drag & Drop တွေသုံးပြီး form ဆောက်။ နောက်ပြီးတော့ အရန်သင့် library တွေ ခေါ်သုံးလို့ရတယ်။ နောက်ပြီး webservice တွေ ရေးလို့ရတယ်။ PHP နဲ့ပြန်ချိတ်ချင်ရင် webservice သုံးပြီး ချိတ်ရမှာပေါ့။