Chrome version အသစ်မှာ မြန်မာစာ နဲ့ English စာ တွဲရိုက်လို့မရ။ Mac မှာကတော့ အရင်ကတည်းက မရတာ။ အခု Windows မှာလည်း မရတော့ဘူး။ Chrom 5 မှာ stable ဖြစ်သွားလို့နဲ့ တူပါတယ်။ မြန်မာစာ မရတော့တာ။ အရင်တုန်းက stable မဖြစ်ခင်တုန်းက ရှောင်လင်ပြောသလို bug ကြောင့် မြန်မာစာ ရတာဖြစ်မယ်။ Mac မှာမရတော့ သုံးမရဘူး။ Chrome ကို ပြောင်းသုံးဖို့ စဉ်းစားပေမယ့် Blog တွေ facebook မှာ မြန်မာလိုမှ ရိုက်လို့မရတော့ မသုံးဖြစ်တော့ဘူး။ Chrome မှာလည်း chrome addon ကောင်းကောင်းလေးတွေ ရှိတယ်။ သို့သော် …. မြန်မာစာ မရတဲ့အတွက် ကျွန်တော့်အတွက်ကတော့ firefox ပဲ ဆက်သုံးနေရဆဲပဲ။ Product တစ်ခုဟာ ဘယ်လောက်ကြီးကောင်းပါတယ်ပြောပြော ကိုယ့်အတွက်အဆင်မပြေတော့ အလကားပဲဆိုတာတော့ သိလိုက်ရတယ်။
Category Archives: စိတ်အချဉ်ပေါက်မှုများ
Today Quote
NSString *hate=@"app store";
if([hate isEqualToString:@"app store"])
{
NSLog(@"think about android development");
}
So sad new, today
ဒီနေ့ ကြားတဲ့ သတင်းက လုံးဝ စိတ်ထဲမကောင်း။ စဖြစ်ကတည်းက ကိုညီလင်းဆက် facebook တင်လိုက်တာကနေ သတင်းတွေ တောက်လျှောက်တက်လာတယ်။ twitter မှာလည်း တောက်လျှောက်ပဲ။ news website တွေမှာလည်း သိပ်မကြာလိုက်ဘူး တက်လာတာပဲ။ သင်္ကြန်ကြီးမှာ အဲလိုဖြစ်တဲ့အတွက် စိတ်မကောင်းစရာပါပဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူ ထပ်မျှ ကြေကွဲ ခံစားရပါတယ်ဗျာ။ တကယ်ကို ဘာပြောရမှန်းမသိတော့တာ။ ကိုယ့်နိုုင်ငံမှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းစရာပဲ။ ရန်ကုန်က မိသားစုက ဥပုဒ်စောင့်ပြီး သင်္ကြန်ထွက်မလည်တော့ သတင်းကြားပေမယ့် စိတ်မပူပေမယ့် သေဆုံးစာရင်းကြားတော့ တကယ်ကို စိတ်မကောင်းဖြစ်သွားတာ။ ဆဲဆိုရင်လည်း မထူးတဲ့ကောင်တွေပဲလေ။ ဓာတ်ပုံတွေကိုတော့ ကိုညီလင်းဆက် Blog မှာ သွားကြည့်လို့ရပါတယ်။
ဘယ်သူပဲဖောက်ဖောက် ဘယ်အဖွဲ့အစည်းကပဲ ဖောက်ဖောက် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။ ဒီလိုမျိုးလုပ်ရပ်တွေကို လုံးဝလက်မခံနိုင်ဘူး။ ပြင်းထန်စွာ ရှုံချတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ဒုက္ခရောက်ရတယ်။ သေဆုံးရတယ်။ ဒါဟာလုံးဝ လူမဆန်တဲ့ လုပ်ရပ်ပဲ။
No Git , No SVN
ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း git ပေါ်တင်ဖြစ်ရင် ဘယ်အဆင့်တွေ ဘယ်လောက်ပြီးနေပြီလဲဆိုတာ ကိုယ့်ဘာသာကိုယ် သိနိုင်သလို အခြားသူတွေလည်း သိနိုင်တယ်။ အခုတော့…. port 22 ကို ပိတ်ထားတာကြောင့် တင်မရခဲ့ဘူး။ ဒါနဲ့ SVN လေးရမလားဆိုပြီး wp plugin လေး update လုပ်ဖြစ်တာနဲ့ တင်မလို့ပဲ ဒါပေမယ့် မရပါ။ ဒါနဲ့ SSH ကိုစမ်းတော့လည်း မရပြန်။ port 22 ကို ပိတ်ထားလို့ ဖြစ်မရတာနဲ့ တူတယ်။ ftp port 21 ကိုတော့ ဖွင့်ပေးလိုက်ပြီ။ ရန်ကုန်မှာ FTP တော့ သုံးလို့ရပေမယ့် SSH ကိုတော့ သုံးလို့မရတော့ဘူး။ နောက်ပြီး ရုံးအလုပ်တွေ ရန်ကုန်မှာ လုပ်ဖို့ သိပ်မလွယ်ဘူး။ ရုံးက server တွေအားလုံးက port 222 ကိုပဲ အဓိက သုံးကြတာ။
အမှန်တိုင်းဆိုရင် port တွေကို ဖွင့်ပေးထားရင် ကောင်းမယ်လို့ ထင်တာပဲ။ နိုင်ငံခြား company တွေလည်း ရင်းနှီးမြုပ်နှံ့ဖို့ အခွင့်အလမ်းတွေ ပွင့်လာတာပေါ့။ အခုတော့ SFTP လည်းမရ SSH လည်း မရ git လည်း မထူး SVN လည်းသွား ဆိုတော့…….. freedom နဲ့သုံးရင်ရပေမယ့် freedom က mac မှာ မရှိတာရယ် နောက်ပြီး jap ကနှေးတာရယ်ကြောင့် နောက်ဆုံး မသုံးဖြစ်ခဲ့ပါဘူးဗျာ။
Oop! Google Doc
အကုန်လုံးက cloud လို့ အော်နေကျတာရယ် ကိုယ်ကလည်း cloud ထဲရောက်မှန်းမသိ ရောက်နေတာရယ်။ နောက်ပြီး ရုံးက google doc ကိုပြောင်းဖို့တွန်းအားပေးတာကြောင့် pages နဲ့ ရေးထားတဲ့ စာတွေကို ပြောင်းမယ်လို့ ပြင်လိုက်တယ်။ အရင်ဆုံး အကုန်လုံးကို copy ကူး ပြီးတော့ google doc ပေါ်မှာ တင်ပေါ့။ အကုန်လုံးတော့ တက်သွားပါရဲ့ ပုံတွေပါမလာဘူး။ web 2.0 ရောက်နေပေမယ့် ကိုယ့်စက် clipboard ထဲမှာ၇ိှတဲ့ picture ကိုတော့ အလိုလို upload တင်ပေးတာကတော့ မရသေးဘူးဗျ။ ဘယ်တော့ဆိုရင်တော့ clipboard ထဲက data ကို ဖတ်ပြီး picture upload တင်လို့ရမလဲမသိဘူး။ ဒါနဲ့ pages file ကို upload တင်ပလိုက်ကော။ သူကလည်း .pages extension မရဘူးလို့ message ကလည်း မပြတော့ ပြီးပြီပေါ့။ Continue reading
Ygn may do like UCSY ?
အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို သွားလိုသွားတွေ ဖြစ်ကုန်တာပဲ။ ဆရာမကြီး အနေနဲ့ သမီးရည်းစား သူတို့ဘာသာသူတို့ လက်တွဲသွားလည်း သူ့မျက်စိထဲမှာ အမြင်တော်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သတ်မှတ်ပုံပေါ်တယ်။ အဲလိုပဲ အတူတူထိုင်စကားပြောတာလည်း အမြင်တော်တဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆထားပုံရတယ်။
I can’t understand MCF
ကျွန်တော်လည်း ဘိုဘို ကြိုက်ပါတယ်။ ဒါပေမယ့် website of the year ကို http://bobo.6te.net/ ကိုပေးလိုက်တာတော့ လုံးဝ လုံးဝ နားမလည်ဘူး။ MCF က လူတွေ website of the year ကို ဘာအချက်နဲ့ရွေးချယ်လိုက်တာလဲ။ နောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်မကြည့်ဘူးလား။ ဒါမှမဟုတ် ဂျာနယ်တွေ ကြော်ငြာတွေပါတဲ့ အထဲကပဲရွေးတာလား။ သူ့ထက်စာရင် myanmardaily.net က ရသင့်တယ်လို့ထင်တယ်။ ဘာကြောင့် ဘိုဘို မရသင့်တာလဲဆိုတော့
Sorry, some of your comment in SPAM
Sorry, I couldn’t see your comment and don’t approve it. Today, I found some myanmar comment in Akisment SPAM. I don’t know why they are spam. Now, I approve it and I may lost some comment like in previous. Why Askisment do some Myanmar character to spam ?