iPhone OS 3.1.3

လူတော်တော်များများက iPhone OS 3.1.3 ကို upgrade လုပ်ချင်နေကြတယ်။ ဘာလို့ လုပ်ချင်မှန်းတော့ ကျွန်တော်လည်း မသိ။ ကျွန်တော်လည်း အစက upgrade လုပ်ချင်နေတာ။ jailbreak မရဘူးဆိုလို့ iPhone 3.1.3 မှာ ဘာပါလဲလို့ ဖတ်ကြည့်လိုက်တော့ bugs fixed ကလွဲပြီး ဘာမှ မပါဘူး။ အဲ.. bug fix ဆိုလို့ battery bug fix တဲ့ဗျာ။ ထူးထူးခြားခြားပဲ။ battery bug fix က အခုမှ လုပ်ရလားလို့။ အဲဒါက iPhone 3Gs ထွက်ထွက်ပြီးချင်းကတည်းက လုပ်သင့်တာလို့ ထင်တာပဲ။ မဟုတ်တော့ မဟုတ်သေးဘူးလို့ ထင်တယ်။ အခု  3.1.3 က MC model တွေကို jailbreak လုပ်မရအောင် ချုပ်တဲ့ OS ပဲ။ ဘာမှ ထူးခြားတာ မပါတဲ့အတွက် upgrade လုပ်စရာမလိုဘူးလို့ထင်တယ်။ လက်ရှိသုံးနေတဲ့သူတွေလည်း upgrade လုပ်မရလို့စိတ်ပျက်စရာမရှိပါ။ အသစ်မှ မပါလာတာ။ upgrade လုပ်မရလည်း ဘာမှမဖြစ်ဘူး။

ကြည့်ရတာကတော့ Apple အနေနဲ့ iPad ကို jailbreak လုပ်မရအောင် စမ်းနေတဲ့သဘောအနေနဲ့ iPhone OS 3.1.3 ကို ထုတ်လိုက်လေလားလို့တောင် စဉ်းစားမိတယ်။ ဒီအဆင့်ကို jailbreak မလုပ်နိုင်ရင်တော့ iPad ကို jailbreak လုပ်ဖို့အိမ်မက်လေးက ဝေးသွားနိုင်တယ်။

Big Monster

Google က တဖြည်းဖြည်း ကြောက်ဖို့ကောင်းလာပြီ။ အခု Social Search Beta ကို စမ်းကြည့်လိုက်တာ ကျွန်တော့်ရဲ့ email ထွက်လာပါလေရော။ ဒါတင်မကဘူး။ နာမည်ရင်း ကို ရိုက်လိုက်ရင် မှတ်ပုံတင်တွေ ဖုန်းနံပတ်တွေ ထွက်လာပါလေရောဗျာ။ အခြားတစ်ယောက်က blog ပေါ်မှာ အလှုကိစ္စအတွက် information ပေးထားတာကနေ privacy တွေအကုန်လုံးကို google မှာ ရှာလို့ရသလိုတောင် ဖြစ်သွားပြီ။ နောက်ဆိုရင် နည်းနည်း သတိထား ဆင်ခြင်ပြီး post ရေးတာတွေ သူများကို blog တွေမှာ ကိုယ့် privacy data တွေ မပါအောင် ဆင်ခြင်နေထိုင်ပြောဆိုရတော့မယ်။

အပြစ်မတင်တော့ပါ

ကျွန်တော်လည်း ကျောင်းတက်တုန်းက computer အဟောင်းအစုတ်ကြီးနဲ့ ကိုယ့်ဘာသာကိုယ်လေ့လာခဲ့ရတာပဲ။ internet မသုံးနိုင်လို့ ebook တွေကို အားကိုးဖတ်ခဲ့ရတာပဲ။ မီးပြတ်လို့ မီးလာတဲ့အချိန်ထိစောင့်ပြီး စာတွေ တစ်ညလုံးဖတ်ခဲ့ရတယ်။ မေးစရာမရှိလို့ ပိုက်ဆံစုပြီး online တက်ပြီး webdeveloper.com တို့လို forum တွေမှာ မေးခဲ့ရတယ်။ နောက်ပြီး ဘယ်တော့မှ ကိုယ့်မိဘကို အပြစ်မတင်နဲ့။ ဘယ်တော့မှ အခြားသူကို အပြစ်မတင်နဲ့။ အရာရာအားလုံးဟာ အကျိုးကြောင်းဆက်စပ်နေတာပဲ။ အပြစ်တင်လို့ ဘာမှဖြစ်မလာဘူး။ ကျောင်းသားဘဝတုန်းက အများကြီး ကျော်ဖြတ်ခဲ့ရတာပဲ။ ကျောင်းတက်ရင် freelance လည်း လုပ်ခဲ့ဘူးတယ်။ မီးပျက်လို့ မီးလာတဲ့အချိန်တွေမှာပဲ လုပ်ခဲ့ရတာ။ တစ်ခါတစ်လေ တစ်ညလုံးမအိပ်ပဲလုပ်ပြီး မနက်မှ ထပြီး ကျောင်းသွားခဲ့ရတာတွေလည်း ရှိတယ်။ UCSM ဆိုရင် လူပျိုကြီးရဲ့blog ကို သွားဖတ်ကြည့်။ ကျွန်တော် ကျောင်းမှာလည်း စက်ခန်းမဝင်ခဲ့ဘူး။ အဲဒီအချိန်ဆိုရင် အတန်းထဲမှာပဲ အိပ်လိုက်တယ်။ ညဘက်ညဘက်တွေ မအိပ်ပဲစာဖတ်ခဲ့ရတာတွေ အများကြီး။ မီးပျက်တဲ့အချိန်တွေအတွက် ကိုယ်ရှာလို့ရတဲ့ ပိုက်ဆံနဲ့ ကိုယ် print ထုတ်ဖတ်ခဲ့ရတာတွေလည်း ရှိတယ်။ အဖေနဲ့အမေက အစိုးရဝန်ထမ်းတွေပဲ။ ပိုက်ဆံလည်း အများကြီးမတတ်နိုင်ဘူး။ computer တက္ကသိုလ် ကျောင်းစရိတ်က မကြီးပေမယ့် အစ်မ ဆေးကျောင်းစရိတ်က မနည်းဘူး။ Continue reading

ကျွန်ုပ်ညံ့သည်

ကျွနု်ပ် web service ဆိုသည်မှာကို မြန်မာမှုမပြုတတ်ခြင်းမှာ ကျွနု်ပ်ညံ့ခြင်းသာ ဖြစ်ပေတော့သည်။ Web service နှင့် web api ဘာမှ မကွာချေ။ သို့သော် မတူချေ။ ထိုအကြောင်းကိုလည်း သေချာအောင် မရှင်းပြတတ်ခြင်းမှာလည်း ထပ်ညံ့ပြန်လေသည်။ oAuth နှင့် AuthSub ကွာသည်။ ဘယ်လိုကွာကြောင်း စာနှင့်ရေးပြီး မရှင်းတတ်သေးသောကြောင့် သေချာမသိကြောင်း သိသာလှပေသည်။ ထို့ကြောင့် REST ကို သုံးဖူးသော်လည်း REST ဆိုသည်မှာ အဘယ်နည်းဟု မေးသောအခါ အဓိပ္ပာယ်ပြည့်စုံစွာ မဖြေကြားနိုင်သောကြောင့် စာမေးပွဲဆိုလျှင် ကျွန်ုပ်ကျလေပြီ။

Google ကတောင် ညွှန်းဆိုသော Zend Framework အား အခုချိန်ထိ မသွင်းတတ်သေးသည်မှာ ကျွန်ုပ်၏ လေ့လာမှု အားနည်းခြင်းကို ဖော်ပြနေလေသည်။ REST server အတွက် code အသင့်ရှိသော်လည်း တစ်ခါမှမရေးဖူးသည့်အတွက် မသိပဲ အော်နေသော် လူညံ့တစ်ယောက် ပမာဖြစ်ပေတော့သည်။ ကျွန်ုပ်၏ ညြံ့ပန်လေသည်။ Zend Library ဖြင့် Gdata ကို လွယ်ကူစွာ သုံးတတ်သော်လည်း AuthSub မှ AuthSub ဖြစ်နေသော ကျွန်ုပ်စိတ်အား ကျွန်ုပ်ပြောင်းလဲ နိုင်စွမ်းမရှိသောကြောင့် ကျွန်ုပ်၏ စိတ်အင်အားဟာလည်း ညံလှပေသည်။ AuthSub နှင့် oAuth ၂ ခု အား ၄ ရက်တိုင်တိုင် လေ့လာခဲ့သော်လည်း AuthSub ၏ GET ဖြင့်သာ data ယူနိုင်ခဲ့ခြင်းမှာ ကျွန်ုပ်၏ ညံ့ဖျင်းမှုကြောင့်လို့ ဆိုနိုင်လေသည်။ PHP Library မရှိသောအခါ Python ကို background ထားကာ အလုပ်လုပ်ခြင်းမှာ ကျွန်ုပ်၏ ညံ့ဖျင်းမှုပင်။ API အတွက် PHP Library ကိုယ်တိုင် လွယ်လင့်တကူ ချက်ခြင်းကောက်မရေးနိုင်ခြင်းမှာ ကျွန်ုပ်၏ လေ့လာမှု စွမ်းအား အတော့်ကို အားနည်းသည်ခြင်းကို ဖော်ပြရာ ရောက်လေ၏။

ကျွန်ုပ်မသိပဲနှင့် များများပြောနေမိပြန်သည်။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်ထင်တာထက် ပိုညံ့ကြောင်း ပြဆိုနေလေသည်။ ထို့ကြောင့် ကျွန်ုပ် အခုအိပ်ပြီ။

စာကြွင်း :: ပညာတစ်ခုအား ဟပ်ချလောင်းဆိုတာနဲ့ ချက်ခြင်းမကျလာကြောင်းကို ကျွန်ုပ်မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရလေသည်။

Get Contact List XML from Google Contact with AuthSub

oAuth နဲ့ AuthSub ကြားမှာ မူးသွားတာပဲ။ AuthSub နဲ့တော့ ရပြီ။ oAuth က နောက်တော့မှ twitter နဲ့စမ်းရမယ်။ google က အပြည့်အဝ support မပေးဘူး။ example တွေက AuthSub တွေနဲ့ ကြီးပဲဆိုတော့။ အခု code တောင် မနည်းမနည်းပဲ။ နောက်ဆုံးတော့ http://www.alexc.me/using-the-google-analytics-api-getting-total-number-of-page-views/74/#step2 အဲဒီကနေ တွေ့သွားလို့ အဆင်ပြေသွားတာ။ token ရပြီးရင် token ထပ်ယူရမှာကို မသိလိုက်တာ ဆိုးသွားတာ။

<?php

function make_api_call($url, $token)
{
$ch = curl_init();
curl_setopt($ch, CURLOPT_URL, $url);
curl_setopt($ch, CURLOPT_RETURNTRANSFER, 1);
$curlheader[0] = sprintf("Authorization: AuthSub token=\"%s\"/n", $token);
curl_setopt($ch, CURLOPT_HTTPHEADER, $curlheader);
$output = curl_exec($ch);
curl_close($ch);
return $output;
}

function get_session_token($onetimetoken) {
$output = make_api_call("https://www.google.com/accounts/AuthSubSessionToken", $onetimetoken);

if (preg_match("/Token=(.*)/", $output, $matches))
{
$sessiontoken = $matches[1];
} else {
echo "Error authenticating with Google.";
exit;
}
return $sessiontoken;
}

if(isset($_GET['token']))
{
$sessiontoken=get_session_token($_GET['token']);
$accountxml = make_api_call("http://www.google.com/m8/feeds/contacts/[email protected]/full", $sessiontoken);
print_r($accountxml);

}
else
{
$next=urlencode("http://www.mysteryzillion.org/gdata/index.php");
$scope=urlencode("http://www.google.com/m8/feeds/contacts/[email protected]/full");
?>
<a href="https://www.google.com/accounts/AuthSubRequest?next=<?= $next ?>&scope=<?= $scope ?>&secure=0&session=1">Click here to authenticate through Google.</a>

<?
}
?>

My En Blog has been ban

http://en.saturngod.net has been ban in Bagan. Yayyy… ငါလည်း အစ်မနိုင်းနိုင်း , ထူးတေဇာ , ကိုညီလင်းဆက်တို့လို အသိအမှတ် စပြုခံရပြီ။ ဒီ မြန်မာ site ကတော့ မကြာမှီလာမည်လို့ ပြောလိုက်သလိုပဲ။

သူရဲကောင်း

ငါတို့ဟာ သူရဲကောင်း…
ငါတို့ဟာ အောင်မြင်သူ…
ငါတို့ဟာ ရှေ့ဆက်သူ…
ငါတို့ဟာ ဦးဆောင်သူ…
ငါတို့ဟာ ခေါင်းဆောင်တွေပဲ…
ငါတို့ဟာ အနာဂတ်…
ငါတို့ဟာ အတိတ်….
Continue reading