twitter တို့ wordpress , blogspot တို့ ပိတ်တာကိုတော့ ထားလိုက်။ ဘာလို့ ကိုညီလင်းဆက်နဲ့ ထူးတေဇာ site ပါ ပိတ်လိုက်တာလဲ မသိဘူး… နောက်ပြီး http://mashable.com/ ကိုလည်း ဘန်း တယ်ဆိုတော့ စဉ်းစားမရဘူး.. blog ဆိုတာနဲ့ ပိတ်တာလား.. ဒါမှမဟုတ် traffic တွေများလို့ပဲပိတ်တာလား.. ပိတ်စရာ အကြောင်းလည်း မရှိပဲနဲ့ ဘန်းတယ်ဆိုတော့… ???? >.<
Category Archives: စိတ်အချဉ်ပေါက်မှုများ
လုပ်ချင်တာကိုလုပ်
အခု လူငယ်တွေ ခဏ ခဏ မေးနေကြတာတွေ့ရတယ်။ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ် programming ကို လိုက်သင့်လဲ။ web ပိုင်း နဲ့ application ပိုင်း ဘာပိုကောင်းလဲ။ အဲဒီလို မေးရင် ဖြေရတာ တကယ်ကျပ်တယ်။ တကယ်တန်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲဗျ။ အဲဒီ မေးခွန်းကို ကိုယ့်စီနီယာ တွေကို မေးနေတာထက် ကိုယ့်ကိုယ်ကို အရင်မေးကြည့်သင့်တယ်။ ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါဘယ်လိုင်း လိုက်ရင်ကောင်းမလဲ။ ကျွန်တော့်ကို မေးရင်တော့ အဖြေကရှင်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ။
Continue reading
လက်မှတ်တွေ ဝယ်မလား
ကဲ.. ဘာလက်မှတ်လိုချင်လဲပြော… လက်မှတ်တော်တော်များများတော့ ဝယ်လို့ရတယ်။ ကျွန်တော် လိုချင်တဲ့ PHP ကတော့ ဝယ်လို့ မရသေးဘူး။ ကဲ.. သင်သာ ပိုက်ဆံရှိမယ်ဆိုရင် လက်မှတ်တွေ အများကြီး ပိုင်လို့ရတယ်နော်။
http://www.certseasy.com/pricing.htm
Post of the week :)
မြန်မာတွေ ငယ်ငယ်ကတည်းကနေ သင်ကြားလာတဲ့ ပညာရေးပုံစံကြောင့် ဖြစ်လာတဲ့ ပုံစံကို ကောင်းကောင်းကြီး လိုရင်းတိုရှင်း ပုံဖော်ထားပေးတယ်။
http://blog.calmhill.info/2009/12/blog-post_10.html
Android,Mobile,SDK
Windows အတွက်က အကုန်ပါပြီးသားဆိုတော့ ကိစ္စက မရှိဘူး။ Mac အတွက်က လိုအပ်တာတွေကို ပြန်သွင်းခိုင်းနေတော့ သွင်းဖို့လုပ်ရပြန်ကော။ ဘာဆိုဘာမှ မပါလာဘူး။ ဘာလာတာတွေကလည်း သုံးမရဘူး။ SDK ကို download ချ။ ပြီးတော့ emulator က run လို့မရဘူး။ emulator ပဲ လိုချင်တာလေ။ ကိုယ်က program ရေးဖို့ ကိစ္စကို အဲလောက် စိတ်မဝင်စားဘူး။ web ပေါ်မှာ display ဘယ်လိုပြမလဲ။ screen ချိန်ထားတာ ကိုက်မကိုက်။ နောက်ပြီး touch အတွက် meta tag ကကော android မှာ အလုပ်လုပ်ရဲ့လား သိချင်တာရယ်ကြောင့် adroid SDK ကို download ချ။ emulator run တော့ မရ။ ဒါနဲ့ သူ့ SDK site မှာ ဖတ်ကြည့်တော့ <sdk>/android ကို run ပြီး သွင်းခိုင်းတော့ သွင်းဖို့ ကြိုးစား။ မရပြန်ဘူး။ SSL က မရလို့တဲ့။ ဒါနဲ့ ထပ်ရှာ။ google group ထဲရောက်။ ပြီးမှ
$vi ~/.android/androidtool.cfg
နဲ့ ဖွင့်ပြီး sdkman.force.http=true လေးထည့်။ ပြီးတော့ install သွင်းပြီး repostiory ကို update ပြန်လုပ်မှပဲ ရသွားတော့တယ်။ အခုတော့ လုပ်ရတာ အလွယ်လေးရယ်လို့တာ ထင်ရတာ။ မသိခင်တုန်းကတော့ ရှာလိုက် ဖတ်လိုက်ရတာ မူးသွားတာပဲ။ Eclipse သွင်းရမယ်။ SDK လေး စမ်းပြီး run ကြည့်ဖို့။ Android SDK နဲ့တော့ ရေးဖို့ အစီအစဉ်မရှိ။ အရင်ဆုံး iPhone ရဲ့ objective-C ကို ဖတ်ရမယ်။ အဲဒါဖတ်ဖို့ကလည်း မအား။ အဲဒါ မဖတ်ခင် PHP OOP ကို သေချာလေ့လာရအုံးမယ်။ အခု အလုပ်ထဲမှာ mobile ကိစ္စနဲ့ ခေါင်းစားနေတာနဲ့ တစ်ခေါင်းလုံး mobile တွေကြီးပဲ စဉ်းစားနေတာ။ ornagai mobile website အတွက်ပါ အဆင်ပြေသွားတာပေါ့။ ornagai mobile site က နောက်ဆုံးမှ လုပ်မယ်။ အရင်ဆုံး ornagai ကိုပြီးအောင်လုပ်။ PHP OOP က bus ကားစောင့်ရင်း ဖတ်နေရတယ်။ mobile အတွက် blueprint လည်း လေ့လာရအုံးမယ်။ ရုံးက blueprint သုံးချင်နေတယ်။ blueprint က phone တော်တော်များများ support လုပ်တာကြောင့်လည်းပါတာပေါ့။ blueprint ကိုတော့ သိပ်မကြိုက်ဘူး။ ခက်တာက ရုံးက ကြိုက်နေတော့ ဘယ်တတ်နိုင်မလဲ။ အဲဒါကိုလည်း ဖတ်ထားဖို့လိုသေးတယ်။ နောက်ပြီး web service ပိုင်းလေးတွေလည်း လုပ်စရာရှိသေးတယ်။ cross site တွေလုပ်ရတာ ခေါင်းစားတယ်။ admin panel က site တစ်ခု client က site တစ်ခု။ server ကလည်း မတူ။ store တွေအများကြီးဆိုတော့။ Android သွင်းတာလည်း ကြာပြီ မပြီးသေး။
iPhone အတွက်http://developer.apple.com/safari/library/codinghowtos/mobile/userExperience/index.html အဲဒါလေး တော်တော်ကောင်းတယ်။ နောက်ဆိုရင် mobile က အရမ်းခေတ်စားလာတော့မှာ။ customer တွေကလည်း mobile version လိုချင်တယ်။ ရုံး website တောင် ဒီနေ့ mobile version support လုပ်လိုက်ပြီ။ mobile အတွက် ရေးရတဲ့ design က website အတွက်ရေးရတာနဲ့မတူဘူး။ အရေးထဲ iPhone က တစ်မျိုး Android က တစ်ဖုံ နောက်ပြီး blackberry က ရှိသေး.. အဲဒါတွေက screen လည်း မတူ။ နောက်ပြီး iPhone က webkit သုံးတော့ အဆင်ပြေတယ်။ Android ကလည်း webkit ပဲ။ blackberry ကတော့ ဘာမှန်းမသိဘူး။ သုံးလည်း မသုံးဖူးဘူး။ သူ့ emulator ကလည်း exe ကြီး။ အလုပ်ရှုပ်တယ်။ windows မှာ သွားသွင်းရအုံးမယ်။ nokia ကလည်း တစ်မျိုး။ nokia နဲ့ internet သုံးတဲ့ လူရှိရဲ့လားမသိဘူး။ opera ဆိုရင်တော့ ကိစ္စမရှိဘူး။ http://www.opera.com/mini/demo/ ကနေ စမ်းလိုက်လို့ရတယ်။ သူ့ mini demo တောင် touch screen version ဖြစ်သွားပြီ။ အကုန်လုံးက touch တွေပြောင်းလာကြပြီနဲ့တူတယ်။ windows mobile ကို စမ်းဖို့အတွက် လုပ်ရအုံးမယ်။ windows mobile က IE ဆိုတော့ စိတ်တောင် မကူးချင်ဘူး။ IE ဆို စိတ်ကုန်လွန်းလို့။ သူ့ကိုတော့ နောက်ဆုံးမှပဲ စမ်းကြည့်တော့မယ်။ သူကတော့ သေချာတယ်။ mac မှာ စမ်းလို့ရမှာမဟုတ်ဘူး။ IE ကို mac မှာ wine bottle လေးနဲ့ run ထားရတာ။
အင်း.. ရေးချင်တာတွေ အကုန်ရေးချသွားတာပဲ။ နောက်မို့ဆို ခေါင်းထဲမှာ ပျောက်သွားမှာဆိုးလို့။ ပျောက်သွားပြီဆိုရင် link တွေ ပြန်ရှာရတာ အလကားထပ်ပြီး ပင်ပန်းလို့။
Gmail change SSL TO TLS
code က မမှားဘူး။ ဒါပေမယ့် mail က ပို့မရတာနဲ့ coding ကို စစ်လိုက်တာ.. ၃ နာရီ လောက်ကြာတယ်။ နောက်ဆုံးတော့ ပြဿနာတွေ့ပါပြီ။ gmail က SSL နဲ့ မဟုတ်တော့ပဲ TLS ပြောင်းသွားတာမသိလိုက်ဘူး။
http://mail.google.com/support/bin/answer.py?hl=en&answer=13287
မှာ SSL လို့ပြောထားပေမယ့် တကယ်တန်း ပို့ရတာကတော့ TLS နဲ့ပို့မှ ရတယ်။ gmail က information update မလုပ်တာနဲ့ အလကား အချိန် ၃ နာရီ ကုန်သွားတယ်။
Google ကနေ ရှာမယ်တဲ့လား
ဒီ post ဟာ negative scene အနေနဲ့ရေးထားခြင်းဖြစ်သည်။ စကားလုံးများသည် ခပ်ရင့်ရင့်ဖြစ်နေမည်။ ထို့ကြောင့် ကိုယ့်အား ဆဲနေသည်ဟု ထင်မှတ်ပါက ဆက်မဖတ်ပါနှင့်။
Continue reading
Just thinking
If Myanmar have 24 hours, our generator is worst. So, should we use generator today ? It will worst someday. How do you think about it ? Somebody told people, don’t use generator. It will worst and we will lost money for that. We are making 24 hours electric for Myanmar and you need to wait it. What day it will finish ? Off course, it will done soon. But we can’t declare what day.It is a revolution, not optional choice. So, should we use generator for current situation or waiting 24 hours electric ?

