ပိတောက်က ဖတ်လို့ရမလားဆိုပြီး စမ်းကြည့်ပါသည်။ မရပါ။ မြန်မာ unicode နှင့်ရေးထားသော blog များအားလုံး ဖတ်မရပါ။ Mac OS X Snow Leopard စသုံးကတည်း rendering ပါသော မြန်မာစာတွေ ကောင်းစွာ ဖတ်လို့မရတော့ပဲ အရင်တုန်းက Windows XP ဘဝ ပြန်ရောက်သွားသလိုပဲ။
Mac အတွက် rendering တွေ ထည့်ရေးမယ်လို့ မျှော်လင့်ပါတယ်။ Mac အတွက် Apple Advanced Typography ကို font ထဲထည့်ရေးမှပဲ ရမှာ ဖြစ်ပြီး font developer တွေက Mac မသုံးကြတဲ့အတွက် အခုချိန်ထိတော့ ဝေးနေဆဲပေါ့။ ဇော်ဂျီ ၂၀၀၉ လည်း သုံးမရသလို unicode 5.x လည်း သုံးမရပေ။
Category Archives: စိတ်အချဉ်ပေါက်မှုများ
Why we change layout design ?
iPhone keyboard layout design က ဘာလို့ computer က လက်ကွက်နဲ့ မတူတာလဲ။ ရိုက်ရတာ ပိုခက်သွားတယ်။ စာလုံးတွေက နေရာမတူတော့ ပြန်ရှာနေရတယ်။ အဲလိုမျိုး ပြောကောင်းပြောပါလိမ့်မယ်။
ဘာလို့ မတူတော့တာလဲ။
သင့်အနေနဲ့ zawgyi ကို computer မှာ မရိုက်ဖူးဘူးဆိုပါဆို့။ computer keyboard လက်ကွက်အတိုင်းမြင်လိုက်ရရင် ဘာဖြစ်သွားမလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ ကျွန်တော် ကတော့ ပြောမနေတော့ပါဘူး။ ဦးသောင်းစုငြိမ်း ၊ကို Zack ၊ နောက်ပြီး ကျွန်တော် ကျွန်တော်တို့ သေချာ တိုင်ပင်ပြီး layout design ကို ချထားတာပါ။ ကိုရဲမြတ်သူရဲ့ လက်ရှိ ဘုန်းကြီးကျမ်းစာမှာ သုံးထားတဲ့ layout ကိုလည်း အခြေခံလိုက်တယ်။ ပြီးပြီလား ဆိုတော့ မပြီးသေးပဲ release လုပ်လိုက်ရတာပါ။ ကျွန်တော်တို့ စိတ်ကျေနပ်တဲ့ အဆင့်ထိ မရောက်သေးပဲ release လုပ်လိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ zawgyi on cydia ကိုတွေ့ပြီး လိုက်စမ်းရင်းကနေ restore ပြန်လုပ်ရတဲ့လူတွေ ရှိလာတဲ့အတွက်ကြောင့် အခြားလူတွေ အလကား data မဆုံးရှုံးရအောင် အမြန် release လုပ်လိုက်တာပါ။
ကျွန်တော်တို့တွေ အနေနဲ့ သာမာန် ဖုန်း အသုံးပြုတွေကိုပဲ ရည်ရွယ်ထားတယ်။ computer လက်ကွက်အတိုင်းလုပ်ဖို့လည်း မစဉ်းစားဘူး။ က ခ ဂ လောက်ကတော့ လူတိုင်း တတ်ပါတယ်။ ဒါကြောင့် လူတိုင်း အသုံးများတဲ့ စာလုံးတွေကို ရှေ့ဆုံးမှာားလိုက်တယ်။ ပက်ဆင့်တွေကို shift နေရာမှာထည့်လိုက်တယ်။ က နေရာမှာ shift နှိပ်လိုက်တာနဲ့ –္က ဆိုပြီးထား ပါတယ်။ မြန်မာစာမှာ အပေါ်ပိုင်းရှိတဲ့ –ိ –ီ တွေကိုတော့ 123 နေရာမှာ အပေါ်ဘက်တန်းမှာ ထည့်လိုက်တယ်။ –ှ–ူ –ွ စတာတွေကို အောက်ဘက်မှာထားလိုက်တယ်။ ြ– ြ– စတဲ့ ဘယ်ဘက်ကစတာတွေကို ဘယ်ဘက်မှာ ထားပြီးတော့ –ျ –ျ ကိုတော့ ညာဘက်မှာ ရှိတဲ့အတွက် ညာဘက်ကို ရွှေ့လိုက်တယ်။ အဲလို သဘောတရားလေးနဲ့ အသုံးပြုသူ မှတ်လို့ လွယ်အောင် ထားလိုက်ပါတယ်။ အဲဒီအတွက် ဇော်ဂျီ လက်ကွက် ကျွမ်းသူတွေအတွက် ရိုက်ရခက်ရင်တော့ sorry ပဲဗျာ။ ကျွန်တော်တို့တွေက computer expert တွေကို ရည်ရွယ်တာမဟုတ်ပဲ ဖုန်းသမားတွေကိုပဲ ရည်ရွယ်ထားပါတယ်။ မကျေနပ်ရင် ကိုယ့်ဘာသာကိုယ်ပြင်လို့ရပါတယ်။ http://code.google.com/p/networkpx/wiki/Creating_layout_plist အဲဒီမှာ ဖတ်ပြီးတော့ /Library/iKeyEx/Zawgyi/Layout.plist မှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေတာပြင်လိုက်ပေါ့။ ကျွန်တော်လည်း အဲဒီ စာမျက်နှာလေး ဖတ်ပြီး ကိုယ့်ဘာသာ ရေးလိုက်တာပဲ။ comptuer သမားတွေအနေနဲ့ လွယ်လွယ်လေး ပြင်လို့ရမှာပါ။ ဒါပေမယ့် ဖုန်းသမားတွေ သာမာန် user တွေအတွက်ကတော့ လွယ်တဲ့အလုပ်မှ မဟုတ်တာ။ သူတို့အနေနဲ့ SMS ကို မြန်မာလို ပို့လို့ရရင် လုံလောက်ပြီပဲ။ အဓိကတော့ End Users ကိုပဲ စဉ်းစားတဲ့အတွက် computer expert တွေအတွက် ဝမ်းနည်းပါတယ်။ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး ကိုယ့်ဘာသာကိုယ် ရိုက်တတ်သလို ပြင်လိုက်လို့ရပါတယ်ဗျာ။
ငါ့ဟာငါ
ငါ့ဟာငါ လောင်ကျွမ်းနေတာ…
မင်းတို့ကို အလင်းပေးဖို့မဟုတ်ဘူး…
ငါ့ဟာငါ လင်းထိန်းနေတာ…
မင်းတို့ကို မနက်ဆိုတာ ဖန်တီးဖို့မဟုတ်ဘူး…
ငါ့ဟာငါ ပူလောင်နေတာ…
မင်းတို့အတွက် ပိုးသတ်ဖို့ မဟုတ်ဘူး…
ငါဟာ့ငါ ပူပြင်းနေတာ…
မင်းတို့ အဝတ်လှမ်းဖို့ မဟုတ်ဘူး…
Continue reading
မြန်မာတွေကို စိတ်ပျက်တယ်
မြန်မာတွေကို တဖြည်းဖြည်းနဲ့ စိတ်ကုန်လာပြီ။ စာဖတ်လို့ ပြီးလို့ အခု ည ၂ နာရီထိုးသွားပြီ။ ဒါနဲ့ ornagai မှာ စာလုံးလေးတွေ သွားစစ်လိုက်အုံးမယ်လေ ဆိုပြီးသွားတော့ စာလုံး အလုံး ၃၀၀ လောက်ရှိတော့ အသစ်တွေ များလှချည်လားပေါ့။ စာလုံးတွေ စစ်ကြည့်လိုက်တော့ ဆဲထားတာတွေကော မကြားသင့်တဲ့ စာလုံးတွေကော နောက်ပြီး အဘိဓာန်ထဲမှာလည်း ရှာမတွေ့ google မှာလည်း ရှာမတွေ့တဲ့ စာလုံးတွေကော… အမှန်အကန် ဖြည့်ထားပေးတာ ၁ လုံး ၂ လုံးလောက်ပဲတွေ့သေးတယ်။ ကျွန်တော် စာလုံးတွေကို dictionary ၂ အုပ် နဲ့ တိုက်စစ် မတွေ့ရင် babylon မှာရှာ သေချာအောင် google မှာ ထပ်ရှာပြီး စာလုံးတွေ စစ်ပေးနေတာ အရမ်းအားနေလို့ လုပ်နေတယ်လို့ ထင်နေကြလားမသိဘူး။
စာအုပ်ထဲမှာ ဖတ်ဖူးတယ်.. မြန်မာတွေဟာ ၁၀၀ မှာ ၁ ယောက်က ကူပြီး ကျန်တဲ့လူတွေက နှောက်ယှက်နေတဲ့လူတွေပဲတဲ့.. အခု ornagai လုပ်တော့ အော်.. မှန်လိုက်လေခြင်းပါလား…. ( မဟုတ်မက စာလုံးတွေ လျှောက်ထည့်တာလောက် စိတ်ဆိုးတာ မရှိဘူး.. ဒီမှာ dictionary အနည်းဆုံး ၂ အုပ်လောက်နဲ့ တိုက်စစ်ပြီး ထည့်နေတာကို စာနာ နားလည်မှုမရှိဘူး… ) တစ်ခါတစ်လေ မြန်မာတွေကို အရမ်းစိတ်ပျက်တယ်..
အဲလို အလကားကောင်တွေကြောင့် အချိန်ကုန်ခံနေရတယ်။ လွယ်လွယ်နဲ့ စာလုံး အသစ်ထည့်ခိုင်းမိတဲ့ ငါ့အမှားပဲ။ စာလုံးအသစ်ထည့်တဲ့ ပုံစံ ပြင်တော့မယ်။ အလုံး ၂၀ လောက်တော့ စစ်ပြီးချိန်မှာ ၁ လုံးပဲ အမှန်ထည့်ထားတာ။ တော်တော်လေးကို စိတ်ပျက်သွားတာ။ အခုမှ နားလည်သွားတာ။ အမွေဆိုး ရတယ်ဆိုတာ ကိုယ်တိုင်ဖန်တီးခဲ့လို့ အမွေဆိုးတွေ ရနေတာ။ သူများကို အပြစ်မတင်နဲ့လို့ ဆုံးသွားတဲ့ အဖိုးပြောခဲ့တဲ့ စကားလေး သတိရမိတယ်….
Update: အလုံး ၄၀ ကျော်တဲ့ အချိန်မှာတော့ တော်ပြီ… လကုန်မှပဲ လုပ်တော့မယ်.. စာလုံး အမှန်ဆိုလို့ ကိုယ့်ထည့်ထားတဲ့ စာလုံး ၃လုံး + သူများထည့်ထား စာ ၁လုံးတောင် တွေ့တယ်။ အိပ်ရေးပျက် ပင်ပန်းတာပဲ အဖတ်တင်တယ်။ စိတ်ကုန်သွားပြီ။ လကုန်မှပဲ ပြန်စစ်တော့မယ်။ add system code ကိုတော့ ပြောင်းမှရမယ်။ မနက်ဖြန်မှ ပဲ coding ရေးပြီး တင်လိုက်တော့မယ်။
This is Internet
မေလ ဆိုရင် မြန်မာနိုင်ငံ အင်တာနက် bandwidth ကို အဆ ၂၀ တိုးမြှင့်တော့မှာပါ…
အဆ ၂၀ အင်တာနက် ဘယ်ကိုပျောက်လို့ ဘယ်ကိုရောက်..
နှေးကွေးနေတာ ထိပ်ကို ရောက်…
အာလောက်လောက်.. အာလောက်လောက်…
စိုင်းစိုင်း သီချင်းတောင် သတိရတယ်…
သူငယ်ချင်းလေးပါပဲ …. သူငယ်ချင်းလေးပဲတဲ့ကွယ်
ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ် … ချစ်ရသူရယ်
နောက်ထပ် နောက်တစ်ယောက်မချစ်ဘူး ..ယဉ်ယဉ်လေးနဲ့ရူးတော့့မယ်..
အချိန်တွေကုန်လို့ အသက်တွေကြီးကုန်ရင် ..ခက်ရချည်ရဲ့ ….
သူငယ်ချင်း = အဆ ၂၀ အင်တာနက်
ရှုပ်ပွနေသော Mail များ
ဒီနေ့ မဖတ်ဖြစ်တဲ့ mail ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရေး စခဲ့ပါတယ်။ အခု post ရေးတဲ့အချိန်ထိတော့ မပြီးသေးဘူး။ အရင်ဆုံး Twitter , facebook စတာတွေကို အရင်ဆုံး ရှင်းလိုက်တယ်။ တော်တော်လေးကိုများတာပဲဗျ။ နောက်ပြီး label:unread ဆိုပြီး ရိုက်ရှာလိုက်ပြီး unread mail တွေကို read လုပ်ဖို့ action မပေးခင်မှာ ဖတ်စရာရှိတဲ့ mail တွေ ဖတ်ကြည့်တယ်။ သူငယ်ချင်းတော်တော်များများ mail တွေ ကျွန်တော် မဖတ်လိုက်ရဘူးပဲ။ အရေးကြီးတဲ့ သတင်းတွေလည်း မဖတ်လိုက်ရဘူးတဲ့။ တနေ့တနေ့ twitter,facebook, အခြား social network invite တွေနဲ့တင် page က တစ်မျက်နှာဖြစ်နေတယ်။ ဒါကြောင့် 20 mail per pages လုပ်ထားတာ။ တနေ့ကို mail 20 မက ဝင်ပါတယ်။ အဲဒါတွေအကုန်လုံးကတော့ twitter,facebook,invitation တွေပဲ။ အရေးကြီးတဲ့ mail, ကိုယ့် သူငယ်ချင်းတွေ ပို့လိုက်တဲ့ mail တစ်ခုမှ မဖတ်ရဘူး။ တနေ့ တနေ့ အဲဒါတွေမရှင်းပဲ ထားတော့ ပိုဆိုးလာတယ်။ အခု Unread mail 400 ကျော်ပဲ ကျန်တော့တယ်။ အကုန်လုံးကို ရှင်းထုတ်ရမယ်။ ပြီးရင် filter ခံပြီး inbox ကို ရှင်းမှ ဖြစ်တော့မယ်
sorry friend, I forget to read your mail because my inbox always fill with invitation from social network
မပြောချင်လည်း ပြောရအုံးမယ်
Unicode ကိစ္စတွေ ဝင်မပါပဲ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့်ဘာသာ blog ရေးတာတောင်
Saturngod is ethnic cleanser and a thief.
Zawgyi font is for ethnic cleansing and Saturngod uses this font as a weapon of mass destruction to Shan,Karen,Mon
Saturngod has blood in his hand.http://bit.ly/ArHman
အဲလို ခပ်ကြောင်ကြောင် comment က ရှိသေးတယ်။ အဲဒါက HTML စာအုပ် ဆိုတဲ့ http://www.saturngod.net/?p=1365 မှာ comment ဝင်ပေးထားတာပါ။ ကျွန်တော် သိချင်တာက ကျွန်တော့်ဘာသာ ကျွန်တော် ဇော်ဂျီ font သုံးတာ ဘာဖြစ်လို့လဲ။ ကျွန်တော် သုံးတော့ ကျွန်တော့်အတွက် အဆင်ပြေအောင် ကျွန်တော် ဖန်တီးတယ်။ ကျွန်တော် ဖန်တီးလို့ရတာကို တခြား ကျွန်တော့်လို ဇော်ဂျီ သုံးတဲ့လူတွေ လွယ်ကူအောင် ပြန်ပေးတယ်။ အဲဒါ မှားလား။ ကိုယ့်ဘာသာကိုယ် HTML , CSS စာအုပ်ရေးတယ်။ ဇော်ဂျီ မရှိတဲ့လူတွေ ဖတ်လို့မရမှာ ဆိုးလို့ PDF နဲ့ ထုတ်ပေးတယ်။ ကိုယ့်ဘာသာကိုယ် အလကား ပေးတဲ့စာအုပ်ကို ဇော်ဂျီနဲ့ ရေးတာ ဘာဖြစ်လည်း။ ခက်တယ်။ အပြစ်မရှိ အပြစ်ရှာ သလိုပဲ။ Myanmar 3 မအောင်မြင်တာ ကျွန်တော် ဇော်ဂျီ သုံးလို့ ဖြစ်နေပြီ။ တကယ်ရယ်ရတဲ့ ဟာသဗျာ။ ကျွန်တော် သုံးလို့ သူများတွေ လိုက်သုံးတယ်ဆိုရင် ကျွန်တော် မျှဝေ သလို မြန်မာ NLP က လူတွေ ဘာလို့ မမျှဝေတာလဲ။ တကယ်ကောင်းတဲ့ content ဆိုရင် ဘယ်သူမဆို ရအောင် ဖတ်ကြမှာပဲ။ ဇော်ဂျီမဟုတ်လို့ မဖတ်ဘူးဆိုတာ မရှိဘူး။ ကိုယ့်ဘာသာကိုယ် ဘယ် font သုံးသုံး ကိုယ် မျှဝေတဲ့ဟာက လူတစ်ယောက်အတွက် အသုံးဝင်သွားရင် ကိုယ့် blog ကို လာဖတ်မှာပဲ။ အခုဟာက ကိုယ်လည်း မလုပ်နိုင် သူများကို အပြစ်ပြော မင်းမရှိမှ ငါကောင်းမယ်ဆိုတာ ရုပ်ရှင်ကားထဲက လူဆိုးတွေရဲ့ အတွေးအခေါ်ပါဗျာ။ မင်းထက်ကောင်းအောင် ငါလုပ်ပြမယ်။ မင်းထက်သာအောင် ငါလုပ်ပြမယ်ဆိုတာမှ ရုပ်ရှင်ကားထဲက မင်းသားတွေ style ဗျ။ အခုဟာက လူဆိုးတွေရဲ့ ခပ်ပိန်းပိန်း အတွေးခေါ်နဲ့ comment လာပေးသွားသလိုပဲ။ အဲ.. comment ပေးတဲ့လူကိုပြောတာနော်… ပြီးရင် ပြဿနာတွေ ထပ်လာရှာအုံးမယ်.. Unicode ကိစ္စဘာမှ မပြောပဲ ပါးစပ်ပိတ်ထားတာကြာပေါ့… အခုဟာကလည်း comment ရေးသွားတဲ့ Corrector ကိုပြောတာပါဗျာ…
Saturngod has blood in his hand
ဆိုတဲ့ စာလေးကို တွေ့တော့ ထူးတေဇာ ဆွဲထားတဲ့ Wallpaper ကို သတိရတယ်။ အဲမှာ စာသားလေးက
Saturn Bless You
တဲ့….
သဘာဝပတ်ဝန်းကျင်နှင့် ရန်ကုန်
ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ဆိုတဲ့ အကြောင်းပေါ့။ အထက်တန်းကျာင်းတုန်းကလည်း သင်ခဲ့ရတယ် လေထု ညစ်ညမ်းခြင်း။ ကျွန်တော်တို့ နေ့စဉ် မီးစက်တွေ ဒီလောက်အသုံးပြုနေတာ ရန်ကုန်မြို့ကြီးကော လေထု မညစ်ညမ်းဘူးလား။ အင်တာနက်ဆိုင်တွေ များပြားလာတာနဲ့ အမျှ မီးစက်တွေ များလာတယ်။ တစ်ဆိုင်မှာ လူနှစ်ယောက်ပဲရှိတယ်။ ဒါကြောင့် မီးစက်ဖွင့်ရတာပဲ။ စုစုပေါင်း ဆိုင် ၃ ဆိုင်ဆိုရင် မီးစက် ၃ ခု ပေါ့။ တနည်းပြောရင် လူ ၆ ယောက်အတွက် မီးစက် ၃ လုံးတောင်လေ။ တကယ်တန်းတော့ အလကား ဖြုန်းတီးမှုတွေ ဖြစ်နေသလိုပဲ။ အင်တာနက်ဆိုင်တွေ များလာတာနဲ့အမျှ ငွေတွေ အချိန်တွေ ကုန်ဆုံးရတဲ့ အပြင် သဘာဝ ပတ်ဝန်ကျင် လေထု ညစ်ညမ်းမှုတွေ ပါ ဖြစ်လာတာပဲ။ အရင်တုန်းက လက်ဖက်ရည်ဆိုင်တွေ များလာတော့ ပတ်ဝန်းကျင် ပလက်ဖောင်းတွေ ညစ်ပတ်တယ်။ မြောင်းတွေထဲကို အမှိုက်တွေ အကုန် တံမြက်စည်းနဲ့ လှဲချပစ်တာလည်း မျက်မြင်ကွယ်တွေ့ပဲ။ ဒါကြောင့် ရန်ကုန်မြို့ထဲ ရေတွေကြီးနေတာပဲ။ စည်ပင်က ဘယ်လောက်ရှင်းရှင်း ညဘက်ရောက်လို့ ဆိုင်ရှင်းရင် Continue reading
