အရင်အတိုင်းပဲ မြန်မာနိုင်ငံ

ဟိုးအရင်တုန်းက မြန်မာနိုင်ငံမှာ လူတွေဟာ လူရှေ့သူရှေ့ မရှောင် ဆေးလိပ်သောက်တာတွေ့ဘူးတယ်။ မကြိုက်တဲ့လူရှိရင် ပိုလို့တောင် သောက်သေး။ လူအများကြီးတွေရှိတဲ့နေရာ ၊ လူစု လူဝေးတွေ ရှိတဲ့ နေရာ ၊ ကလေးတွေ ရှိတဲ့ နေရာမျိုးတွေမှာ ဆေးလိပ်မသောက်သင့်ဘူးဗျ။ အခုတော့ အရင်ကလောက် မဆိုးတော့ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပုံစံကို PAC ဆိုင်တွေမှာ တွေ့ရတတ်တယ်။ ဘာလဲဆိုတော့ IDM တွေ သုံးတာပဲ။ ကျွန်တော်လည်း သုံးခဲ့ဘူးတယ်။ ဒါပေမယ့် အခုအချိန်မှာ မှားမှန်းသိသွားပြီ။ ကျွန်တော့် တစ်ယောက်တည်းအတွက် လူအများကြီး စတေးရတဲ့အလုပ်ပဲဗျ။ ကိုယ်ကျိုး ကြည့်တဲ့အလုပ်ပဲ။ IDM သုံးလိုက်ခြင်းအားဖြင့် ကိုယ့်မှာ connection တွေ အပြည့်နဲ့ download ချလိုက်ပေမယ့် အခြား စက်တွေကတော့ တော်တော်လေးကို နှေးကျသွားတယ်။ ကိုယ်တစ်ယောက်တည်း ပျော်နိုင်ပေမယ့် အခြားလူတွေ စိတ်ပျက်နေရတယ်။ Continue reading

ပြင်ဖတ်ပေးပါ

Personal Computer Magazine 2009 May လထုတ် စာမျက်နှာ 148 မှာ

Linux မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။

ကို

Linux Desktop တစ်ခုဖြစ်တဲ့ KDE မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။

လို့ပြင်ဖတ်ပေးစေချင်ပါတယ်။ Gnome မှာ ဇော်ဂျီ အလုပ်လုပ်တယ်။ LXDE မှာလည်း အလုပ်လုပ်တယ်။ LXDE မှာ keyboard change ဖို့ ပြဿနာ နည်းနည်းရှိပေမယ့် အဆင်ပြေတယ်။ KDE မှာတော့ rendering ကြီးကို မဖြစ်မနေထည့်ထားတဲ့အတွက်ကြောင့် ကေ ဆိုရင် ကေ လို့ပြောင်းသွားတယ်…. KDE မှာ အလုပ်မလုပ်တာပါ။

Today…

Babylon နဲ့ stardict အတွက် update တင်ထားတယ်.. www.ornagai.com/site/ မှာသွားယူနိုင်ပါတယ်… အခုတလော MZ ပြဿနာ ငြိမ်းတော့ အခြား ပြဿနာတွေ ရောက်လာတယ်… အော်… တစ်ခုတော့ သိလိုက်တယ်.. ဖြစ်ချိန်တန်တဲ့အခါ…. ဖြစ်သင့်တဲ့ အခါ…. အချိန်တွေ ဘယ်လိုဆွဲဆွဲ နောက်ဆုံးတော့ ဖြစ်လာတာပဲ…..

မထူးဆန်းသော အကြောင်းအရာများ

မီးပျက်တယ်… ပျက်ချိန်မှာ  အချိန်မှန်ပျက်တယ်.. လာချိန်မှာလည်း ပျက်တယ်… အမြဲတန်းပျက်တယ်… ရုပ်ရှင်ကြည့်မရဘူး.. မီးစက် အမြဲဖွင့်နေရတယ်… ညဘက် အမှောင်ထဲနေရတယ်…. ညဆို အမြဲ ပူလောင် အိုက်စွာ အိပ်ရတယ်… အဲ… မနှစ်ကလည်း ဒီအတိုင်းပဲ… ဒီနှစ်လည်း ဒီအတိုင်းပါပဲ… မထူးပါဘူးလေ…

ban and ban again

connection ကျနေချိန်မှာ bangan လိုင်းမှာ game , social network စတဲ့ site တော်တော်များများ ဘန်းလိုက်ပါတယ်။ ဆော့နေကျ ikariam.org လည်း ban ခံထိပြီ။ facebook.com လည်း ban ခံထိပြီ။  online ပေါ်တက်ရတာလည်း ၂၅ ရက်နေ့မတိုင်ခင်ထိ နှေးနေအုံးမှာ ဖြစ်တဲ့အတွက် gtalk , gmail ကို သာသုံးစွဲနေရပါတယ်။

Update : ည ၁၀ နာရီကျော်တော့ ်facebook ပြန်ဖွင့်ပေးပါတယ်။

ဘာလုပ်သင့်လဲ

တစ်ခါတစ်လေ ဘာလုပ်ရမယ်..
ဘာလုပ်သင့်လဲ…
ဘယ်အခြေအနေက အဆင်ပြေဆုံးဖြစ်မလဲ…
ဘာတွေ ဆက်လုပ်ရမလဲ…
ဘာတွေ လုပ်လိုက်ရင် ပိုဆိုးသွားမလဲ…
ဘယ်သူ့ဘက်မှာ ရှိရမလဲ..

ရွေးရကျပ်တဲ့အခြေအနေတွေ….
လုပ်ရကိုင်ရခက်တဲ့ အခြေအနေတွေ…
ရှုပ်ရှက်ခက်နေတဲ့ အခြေအနေတွေ…
ဘယ်လို ထိန်းချုပ်ရမလဲ…
တစ်ယောက်တစ်မျိုး အကြံပေါင်းစုံထဲက…
တစ်ခုခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်..

MZ နင့် MMEnglish ခဏပိတ်ထား

MZ နှင့် MMEnglish ကို ခဏပိတ်ထားပါတယ်။
Dos ကြောင့် database connection မရတော့သောကြောင့်ဖြစ်သည်။ မြန်မာ IP ပိတ်ပြီး ပြန်စမ်းဖွင့်သော အခါ ပြန်ရပါသည်။ သို့သော် ရေရှည်မခံ။ နာရီ ဝက်တွင် freedom IP နဲ့ ဝင်ရောက်လာခဲ့သောကြောင့် connection ပြတ်တောက်ရပြန်သည်။ ထို့ကြောင့်

အချို့ချို့သော မြန်မာများကြောင့်

ခဏပိတ်ထားပါသည်။ ပြန်ဖွင့်မည် အချိန်ကိုမူ မသိရသေး။ အဘယ့်ကြောင့်ဆိုသော် Grid Processing Unit သည် အလုံး ၁၀၀၀ သာ အသုံးပြုခွင့်ရှိသည်။ ယခု အလုံး ၇၇၁ အထိ ရောက်ရှိနေပြီ။ ၂ နာရီအတွင်း ၇၇၀ မှ ၇၇၁ သို့ကူးပြောင်းသွားသည်။ ထို့ကြောင့် ၁၀၀၀ မပြည့်မီ ပိတ်ထားခြင်းဖြစ်သည်။ grid server မှ တခြားကို ထပ်မံကူးပြောင်းဖို့ ငွေကြေးမပြည့်စုံပေ။ ထပ်မံငွေလည်း မတိုးမြှင့်ပေးနိုင်ပေ။ ထို့ကြောင့် ခဏ ပိတ်ထားရခြင်းသာ ဖြစ်သည်။

စေတန်

စေတန်နတ်ဆိုး

လူတွေကပြောတယ်..
စေတန်ဆိုတာ နတ်ဆိုးတဲ့…
သူဘာကြောင့်ဆိုးလဲ…
လူတွေမေးကြည့်ဘူးလား…
လူတွေ လေ့လာဘူးလား…

တစ်ခါတစ်လေ…
လူတွေဖိအားကြောင့်…
လူတွေက ဆိုးလာကြတယ်…
အရောင်ပြောင်းလာကြတယ်..
ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်..

မူရင်းဘဝပျောက်ဆုံးပြီး…
cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်..
လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်…
လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်..

သူမှန်တယ်.. ငါမှန်တယ်နဲ့…
ရှုံးနိမ့်သူက လူဆိုးပဲ…
သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ…
ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်…
သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ…

သူငယ်ချင်းတစ်ယောက်ပြောတယ်…
ပြိုင်ငြင်းမနေနဲ့…
ဘယ်သူမှန်တယ်ဆိုတာထက်..
ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်…
နိုင်တဲ့လူက မှန်တာပဲ…
နိုင်တဲ့လူထဲမှာ သမိုင်းပဲ…

အမှန်တရား… စာနာနားလည်ချင်း…
ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်…
ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား..
ကိုယ့်အမြင်ကသာ အမှန်တရား..
အင်အားတောင့်သူကသာ အမှန်တရား..

မင်းမှန်လား…
ငါမှန်လား…
နိုင်သူကသာ အမှန်ပဲ…
ဒါကို ဇူးနတ်မင်းကြီး သင်ပေးခဲ့တယ်…

ဇူးနတ်မင်းကြီး…
အင်အားကြီးမား…
စေတန်နတ်ဘုရား…
ဝေးရာထွက်သား…
အိုလံပစ်တောင်….
ဇူးပိုင်စေသား….
ဇူးနတ်လက်ထက်…
စေတန်နတ်ဆိုး…
TITAN အမည်ပျောက်…
ကိုးကွယ်သူမဲ့…
စွမ်းလှပေတယ်…
ဇူးနတ်ဘုရားရယ်…

သားတော်များစွာ…
ရှိလှပေတဲ့…
ဇူးနတ်ဘုရား…
သူ့နောက်လက်ထက်…
အမည်ပျောက်ပါတကား…

ပွေလှပေမယ့်…
လူတိုင်းကိုးကွယ်…
ဇူးနတ်ဘုရားကို…
အံသြလှတယ်….

ပိုစိုင်းဒါန်းလည်း…
အိုလံပစ်မှာ မနေရရှာ…
ပင်လယ်ထဲဆင်း…
ငါဘုရင်လို့…
ဟစ်ကျွေးခဲ့တယ်..

ဟေးဒီနတ်မင်း…
အပူအပင်….
ငရဲပြည်သို့…
ဆင်းသက်လေကာ…
ဘုရင်လုပ်တယ်…

အိုလံပစ်တောင်ဝယ်…
ဇူးမိသားစု…
များလှပေတယ်…
ဆွေမျိုးတွေမပါ…
သားသမီးတင်ပဲ…
ပြည့်နေလှတယ်…

စေတန်နတ်မင်း…
Rome လည်းရောက်
သတင်းလည်းပျောက်…
ဘယ်ဘဝရောက်ရှာ…
မသိရပေရှာ…

ဘဝတစ်သက်…
စေတန့်အမှား…
သူ့မွေးရင်းသားများ
သူပြန်မျိုခဲ့…
အာဏာမက်လို့ပေါ့…

လူထုအပေါ်ကောင်းခဲ့ပေတယ်…
စိုက်ပျိုးခြင်းတွေ ထွန်းကားခဲ့တယ်…
လူထုဆီက နောက်ဆုံးရလဒ်…
နတ်ဆိုးကြီးတဲ့…
စားနေတဲ့ ဆန်စပါး….
ကျေးဇူးမျှ မထောက်…
အော်….
နတ်ဆိုးဘဝ တကယ်ပြောင်းသင့်တယ်…
စေတန်…

စေတန့်အမှား စေတန်သိလို့…
ပြင်ကောင်းပြင်ခဲ့…
ဒါပေမယ့် လူမသိတော့…
ဇူးနတ်သည်သာ တန်ခိုးကြီးဆုံး…
အိုလံပစ်တောင် သခင်ဖြစ်ပေတည်း….