ကျွန်တော်တို့ MZ ရတော့မယ်ဆိုပြီး ညက ပြန်လုပ်ကြပါတယ်။ file တွေပြန်တင်ကြတယ်။ ကိုမင်းကျော် တင်ပေးတာ ၂ ရက်လောက်ကြာတယ်ဗျ။ အဲလောက်စောင့်ရတာ။ database ပြန်တင်မယ်ဆိုကော webhostingpad ရဲ့ backup ထဲမှာ ပါမလာပါဘူးဗျာ။ တော်တော်တော့ တင်းသွားတာ။ ဒါနဲ့ edu ရအောင်လုပ်မယ်ဆိုပြီး ပြန်လုပ်တယ်။ အဲမှာကျတော့ database ပဲပါလာတယ်။ file ပါလာဘူး။ ဘာပြောလို့ပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျာ။ တော်တော်ညံတဲ့ webhostingpad ဗျာ။
Category Archives: စိတ်အချဉ်ပေါက်မှုများ
စိတ်ကုန်တယ်
အော်… လူတွေ လူတွေ… ကိုယ်ဘာလုပ်နေလို့ ဘာလုပ်နေမှန်းသိရဲ့လားမသိဘူး…
ကိုယ်လုပ်နေတာ ဘာလဲဆိုတာ သိရဲ့လားမသိဘူး…
အခုလည်း UCSY ကို မပိတ် ပိတ်အောင်လုပ်နေပြီ….
အဲလိုလုပ်တဲ့ကောင်မှ တကယ့်ကို ပညာရေးကို ဖျက်ဆီးတဲ့ကောင်တွေ….
နိုင်ငံကို ဖျက်ဆီးတဲ့ကောင်တွေ….
သေသေချာချာ တိတိကျကျမဟုတ်ပဲ… ကြားတာလေး တစ်စွန်းစ နှစ်စွန်းစနဲ့ သတင်းရေးတာ ကောင်းတဲ့အလုပ်မဟုတ်ဘူး…
နောက်ပြီး မဟုတ်မမှန်တွေ မရေးသင့်ဘူး…
ကိုယ့်ကျောင်းအကြောင်းမို့ ကိုယ်သိတယ်…
ကျောင်းကလူတွေ နိုင်ငံရေး စိတ်ဝင်စားတာ မရှိသလောက်ပဲ…
အကုန်လုံးက IQ မမြင့်ရင်နေမယ်… IQ နဲ့ EQ ကတော့ ကောင်းတာသေချာတယ်… Continue reading
လေ့ကျင့်ခန်း CD ခွေများ
ရန်ကုန်မှာ ဆိုင်အချို့မှာ တင်ထားတာကို တွေ့ကြမှာပါ။ ဘာလေ့ကျင့်ခန်း ဘာလေ့ကျင့်ခန်းတွေဆိုပြီး။ ကျွန်တော့်အတွက် မလိုတော့ ကျွန်တော်လည်း ဝယ်မကျင့်မိဘူး။ ဒီနေ့ ညီလေး တစ်ယောက် ဝယ်လာတယ်။ ဘာတဲ့ 3D Animation လေ့ကျင့်ခန်းတဲ့။ ပြထားတဲ့ပုံကတော့ Game ထဲကပုံတွေဆိုတော့ လန်ထွက်နေတာပေါ့။ ကလေးသာသာပဲရှိသေးတော့ ပုံလှလှလေးတွေ့တော့ ငါလည်း ဒီလိုဆွဲလို့ရမှာပဲ ထင်ပြီး ဝယ်လာပုံရပါတယ်။ သူ့စက်ထဲမှာလည်း ဖတ်ရော မြန်မာစာတွေ မပေါ်ဘူး။ ဒါနဲ့ ကျွန်တော့်ဆီရောက်လာတယ်။ ကျွန်တော့်ဆီမှာ စမ်းတယ်။ မပေါ်ဘူး။ သူက PDF နဲ့ထုတ်ထားတာမဟုတ်ဘူးဗျ။ Microsoft ရဲ့ ဘာ reader လည်းတော့ မသိတော့ပါဘူး။ PDF လိုမျိုးဟာပဲလေ။ မမှတ်မိတော့ဘူး။ ကျွန်တော့်ဆီမှာ မြန်မာ Font တွေ ဒီလောက်ရှိတာတောင် ဖတ်လို့မရဘူး။ ဒါနဲ့ စာဘယ်နှစ်မျက်နှာ ရှိလဲ ကြည့်လိုက်တယ်။ ၁၃ မျက်နှာတည်း။ နောက်ပြီး ဘာမှလည်း မပါဘူး။ ဘာမှ မဟုတ်တဲ့ tutorial လေး။ ပုံထဲက ဟာဆွဲဖို့နေနေသာသာ ဘာမှမဟုတ်တဲ့ ဟာလေးပြထားတယ်။ တော်တော်လွန်တယ်လို့တော့ ခံစားမိသွားတာပဲ အမှန်ပဲ။ အခွေကိုလိမ်ရောင်းတာနဲ့ မခြားဘူးဗျာ။ ပိုက်ဆံဆိုတာ အလကားရတာမဟုတ်ဘူးလေ။ ပညာနဲ့ ထိုက်တန်လို့ ပေးရတာဆို ပေးပျော်တယ်။ အခုဟာက ပေးမပျော်တာအမှန်ပဲ။ internet ကနေရှာလိုက်။ ဒီထက်ကောင်းတဲ့ tutorial တွေအများကြီး။ ကျွန်တော်လည်း အဲဒီတစ်ယောက်ကို ဝမ်းနည်းပါတယ်ကလွဲပြီး ဘာမှ မလုပ်ပေးနိုင်လိုက်ဘူး။ မြန်မာတွေအနေနဲ့ ဘာမှမဟုတ်တာလေးကို အဲလို အခွေထုတ်ပြီး ရောင်းစားတာ မသင့်တော်ဘူးဗျ။ နောက်ပြီး pdf လည်းမဟုတ်။ လူတိုင်းဖတ်လို့ရတဲ့ font လည်းမဟုတ်။ အဲ.. ဝင်း font လို့ပြောလည်း သူပေးထားတဲ့ file က font လည်း ပြောင်းလို့မှမရတာ။ တော်တော်လေးကို ဆိုးတယ်ဗျာ။ မဖြစ်သင့်ဘူးဗျာ။ ပညာငတ်နေတဲ့လူတွေကို မညာသင့်ဘူးဗျာ…
My.wikipedia.com
အော်… Unicode ဆိုတာနဲ့ ရန်တွေကဖြစ်နေကြပြန်ပြီ.. ကျွန်တော့်အထင်ကတော့ my.wikipedia.org ဆိုတာ ဗဟုသုတအကြောင်းအရာတွေရေးမယ်.. မျှဝေမယ်ပေါ့… အဲဒါကြောင့် အကြောင်းအရာတွေ အများကြီးရှိလာမယ်လို့လည်း မျှော်လင့်ထားတယ်။ အခုတော့…. ခေါင်းစဉ်တွေပဲ.. ဘယ်ဟာက စုံလဲ… ဘယ် အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံရှိလဲ… မရှိဘူးဗျ… ခေါင်းစဉ်ပဲရှိပြီး.. အကြောင်းအရာတွေ မရှိ… အနှစ်မရှိပဲ အကာပဲရှိတာနဲ့ တူတယ်ဗျာ… recent changes မှာကြည့်လိုက်လည်း admin request မှာပဲ ပြည့်နေတာပဲ.. ဝင်ရေးတဲ့ အကြောင်းကလည်း မရှိသလောက်ပဲ.. admin တွေကိုယ်တိုင်ကလည်း admin ဖြစ်ရေးနဲ့ admin မပြုတ်ရေးပဲ ဂရုစိုက်နေကြတယ်.. Continue reading
စျေးသက်သက်သာသာ ဝန်ဆောင်မှု သက်သက်သာသာ
ကျွန်တော်တို့တွေ ဆိုင်အတွက် computer ကို budget သက်သက်သာသာ ရွေးဖြစ်ခဲ့တယ်။ ဟုတ်တယ်လေ။ budget များသွားရင် တခြားနေရာတွေမှာ မနိုင်တော့ဘူးလေ။ တစ်လုံးကို ၁ သောင်း ကွာရင် ၁၀ လုံးကို ၁ သိန်းကွာသွားမှာ။ ကျွန်တော်တို့ဆီမှာ အဲလောက် budget အများကြီးမရှိဘူး။ အကောင်းဆုံးဝယ်ရင် အကောင်းဆုံးရမယ်ဆိုတာ သိပါတယ်။ အဲလိုဆိုရင်လည်း opensource တွေ Free တွေက တန်ဖိုးမရှိတော့ သလိုပဲ။ အဲဒါကတော့ မဆိုင်ဘူးလို့ထင်တာပဲနော်
။ joomla ရဲ့ supporting ကို အကြိုက်ဆုံးပဲ။ နောက်ပြီး ubuntu ရဲ့ supporting အရမ်းသဘောကျတယ်။ ဒါပေမယ့် သူတို့က free & opensource ပဲ။ ထားပါလေ။ စီးပွားရေးလောကမှာကတော့ စျေးပေါလေလေ custom care မရှိလေလေလားတော့ မသိပါဘူး။ ကျွန်တော်တို့ LCD 17 လက်မ P4 ကို စျေးက တော်တော်သက်သက်သာသာ နဲ့ရတော့ ဝယ်သင့်တယ်။ warranty ကလည်း ကျွန်တော်တို့ ဝယ်သုံးက ၁ နှစ်ပေးမယ်ပြောထားတော့ ဝယ်မယ်လို့ဆုံးဖြတ်လိုက်တယ်။ စုစုပေါင်း ၄၄ သိန်းကျော်ဖိုးလောက် ဝယ်လိုက်တာပေါ့။ အဲ… အဲဒီလို ဝယ်ပြီးတော့ စစ်ဆေးတုန်းကတော့ အကောင်းတွေပါ။ ဟုတ်ပါတယ်။ windows တွေကို စစ်ကြည့်တယ်။ driver တွေကို စစ်ကြည့်တယ် အကုန်အကောင်းပဲ။ တနေ့တော့… အသံမထွက်တာနဲ့ အဲဒီထဲက စက်တစ်စက်က speaker က အသံမထွက်ဘူး။ စက်ကို အမျိုးမျိုး အသက်ထွက်အောင် တစ်ပေါက်ပြီး တစ်ပေါက်ထိုးကြည့်တယ်။ နောက်ပြီး driver စစ်ကြည့်တော့လည်း OK တယ်။ ဒါနဲ့ အဖြေရှာမရတာနဲ့ ဖုန်းဆက်လိုက်တယ်။ သူတို့က မအားလို့လားမသိဘူး။ ဖုန်းတောင် သေသေချာချာ မပြောနိုင်ဘူး။ ကျွန်တော်တို့ကလည်း စဖွင့်ရက် လူကလည်းများတော့ ဆိုင်ကို ပစ်သွားလို့ မရတာနဲ့ လာလို့ရရင် လာခဲ့ပါပေါ့။ အမှန်တိုင်းပြောရင် လာရင်လည်း သီးသန့် လာကြည့်ခ ပေးဖို့ စီစဉ်ထားပါတယ်။ တစ်ရက်မလာဘူး။ ထားလိုက်ရတယ်။ ၂ ရက်မြောက် ဖုန်း ထပ်ဆက်တယ်။ မလာသေးဘူး။ ၃ ရက်မြောက်တော့ ဆိုင်ဖွင့်ဖို့ အလုပ်ရှုပ်နေလို့ပါတဲ့။ အော်.. သူတို့လည်း ဆိုင်နောက်တစ်ခု ဖွင့်ဖို့လား။ ဘာဆိုင်ဖို့လည်း မသိပါဘူးဆိုပြီး ထားလိုက်တယ်။ ၄ ရက်မြောက်တော့ မထူးပါဘူးဆိုပြီး ဆိုင်ကို သွားလိုက်တယ်။ အဲ… သွားတာကတော့ ကားကြုံနဲ့ ဆိုတော့ ၁ ဘလောက် ပဲ စက်ကို သယ်သွားရတာ။ သိပ်မပင်ပန်းဘူးပေါ့။
ဆိုင်လည်း ရောက်ရော…..
ပစ္စည်းရောင်းထွက်ဖို့ပဲ ဂရုစိုက်နေကြတယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းကို ဂရုမစိုက်ဘူး။ ကျွန်တော်က ဘောင်ချာ ပြလိုက်တယ်။ speaker က အသံမထွက်လို့ လာတာပါလို့ပြောလိုက်တယ်။ စက်စမ်းဖို့ နေရာမရှိသေးဘူးတဲ့။ လူတောင် နင်သွားတယ်။ စီးပွားရေးတွေ အရမ်းကောင်းနေတော့ သိန်း ၄၄ သိန်းဖိုး ဝယ်သွားတဲ့ ကျွန်တော်တို့ ကိုယ်တိုင် ဂရုစိုက်မအား ရှာဘူးပေါ့။ ဒါနဲ့ အကြာကြီး ထိုင်စောင့်လိုက်တယ်။ မိနစ် ၃၀ ကျော် ၄၀ နားရောက်တော့ အစ်ကိုတို့ဟာက windows ကဖြစ်တာ windows ပြန်တင်ရမယ်။ ထားလိုက်။
ဒါနဲ့… windows က ကိုယ့်ဘာသာကိုယ် တင်လို့ရပါတယ်။ တကယ်လို့ windows တင်ပြီးမှ မကောင်းရင်ကော။ ဒါဆို လဲပေးမယ်တဲ့။ လာလဲပေးမှာလား။ မဟုတ်ဘူး။ ယူလာခဲ့ရမှာ။ customer အကုန်လုံးကို ဒီအတိုင်းပဲ။ ဝူး… ဒီအလေးကြီး အခုမသယ်လည်း နောက်ပြန်သယ်ရမှာပဲ။ တော်ပြီ။ သူတို့ windows ကိုတော့ ကြောက်ပြီ။ webcam တွေထိုးတာ unknown device တဲ့။ webcam တွေက ကျွန်တော့် laptop မှာလည်း OK. ဝယ်တဲ့ဆိုင်မှာလည်း OK။ သူတို့ ဆိုင်က ဝယ်လာတဲ့ usb တွေက မကောင်းတာလား။ တင်ပေးလိုက်တဲ့ windows က မကောင်းတာလားတော့ မသိဘူး။ တစ်ခုမှ အလုပ်မလုပ်။ စက်က အစက အကောင်း။ နောက်တော့ ဂျောင်းချင်လာတယ်။ မပျက်တာပဲ ကျေးဇူးတင်နေရတယ်။ ဝယ်လာတဲ့ monitor ကလည်း အနီစက်လေး ပါလာလို့ ဒီနေ့ မနိုင်လို့ သွားတောင် မလဲဖြစ်တော့ဘူး။ ထားပါလေ။ အမှန်တိုင်းပြောရင် ပြန်တော့လည်း အလေးကြီးထမ်းပြန်ရတာပဲလေ။ ဘာထူးမှာလဲ။ တကယ်တန်း သွားတာ သွားလိုက်ရတယ်။ ဘာမှ မထူးသွားဘူးလေ….
စျေးပေါတော့ ဝန်ဆောင်မှုလည်း စျေးပေါပေါပဲ နဲ့တူပါတယ်လေ….
Bagan က အစ အားပေးကြတယ်
glite.mysteryzillion.com ကြီး access denied တဲ့… အဲလို အားပေးတာ.. ကိစ္စမရှိပါ.. အခု mmglite.mysteryzillion.com ပြောင်းသွားပြီ…. MYSTERY ZILLION ကို ပိတ်ပစ်ရင် နောက်တစ်ခါ MyanTel က server room ထဲဝင်ရင် ပလပ်ပေါက်တွေ အကုန် ဖြုတ်လိုက်မှာ…. ဟီး… အခုတလော MICT ဘေးက MyanTel ရဲ့ server တွေထားတဲ့ data center #1 ကို အမြဲရောက်ဖြစ်နေတယ်… သတိထားပေတော့… saturngod.deviantart.com ကို ဘာကြောင့်မှန်းမသိ ပိတ်ခံထိ ကတည်းက ပေါက်နေတာ… အခု ထပ်ပိတ်ရင်တော့…. !!!!!
ပြောင်းလိုက်ပါ စိတ်ဓာတ်လေးတွေ
ကျွန်တော်တို့မြန်မာတွေ အလွယ်လိုက်လာတာကိုတွေ့ရတယ်။ လိုက်ချင်လည်းလိုက်စရာပဲလေ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံ မူလတန်းမှာကတည်းက အလွယ်လိုက်အောင် ရိုက်သွင်းလိုက်တယ်။ ဒါကြောင့် အသက်ကြီးလာတော့လည်း အလွယ်ပဲလိုက်လာပါတယ်။ တကယ်ရှာမတွေ့တာ သေချာပြီလား.. ရှာမတွေ့ဘူးဆိုမှ မေးပါ။ မေးထားတဲ့ အဖြေပဲ ထိုင်စောင့်မနေနဲ့။ ကိုယ်တိုင်ရှာပါ။ မတွေ့ဘူးလက်လျော့လိုက်ပြီဆိုမှ မေးပါ။ အခုတော့ Gtalk မှာတွေ့လည်း မေး။ အပြင်မှာတွေ့တဲ့ လူတွေကလည်း မေးချင်တာတွေ စုပြီးမေး။ မြန်မာတော်တော်များများ အဲလိုတွေဖြစ်လာတယ်။ ကိုယ်တိုင်လေ့လာနိုင်စွမ်းတွေ အများကြီးကျဆင်းလာတယ်။ Thesis ဆိုလည်း shadow အပ်။ စာမေးပွဲအောင်ဖို့ စာလုပ်တာ။ စာကိုသိချင်လို့ စာလုပ်တာမဟုတ်ဘူး။ ဒီလောက်ကျက်ရင် အောင်မယ်။ ဒီလောက်လုပ်ရင် အမှတ်ကောင်းမယ်။ ငါဘယ်လောက်ဖတ်မှ ဘယ်လောက်သိမယ်ဆိုတာ မဟုတ်တော့ဘူး။ အရမ်းကို ကျဆင်းလာတာ။ ကျွန်တော် ကိုယ်တိုင် တဖြည်းဖြည်း အလွယ်လိုင်းရောက်လာတယ်။ ဒါဟာမဖြစ်သင့်ဘူး။ ကျွန်တော် ဒီနေ့ ကိုယ့်ကိုယ် ပြန်မေးလိုက်မှ တွေ့မိလာတယ်။ Computer ပထမနှစ်တုန်းက ထက်စာရင် အခု အများကြီး အလွယ်လိုင်းတွေ လိုက်နေမိပြီ။ အလွယ်လိုင်း မလိုက်ကျပါနဲ့ဗျာ။ သိချင်လို့ စာလုပ်တာဖြစ်ပါစေ။ လုံးဝ ရှာမရတော့လို့ မေးတာ ဖြစ်ပါစေ။ မြန်မာတွေ အမြန်ဆုံး တိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ…
Happy Birthday To me

ဘာလိုလိုနဲ့ ၂၁ နှစ်တောင် ပြည့်ခဲ့ပြီပဲ… ဘဝကြီးမှာ ထူးခြားသွားတာဆိုလို့ ကျောင်းပြီးသွားတာပဲရှိတယ်… ဒီနေ့လည်း ပျင်းရိခြောက်သွေ့စွာနဲ့ပဲ ပြီးဆုံးသွားရပြီ… ကြိုတင်စီစဉ်ထားတာလည်း ရုတ်တရက်ခရီးထွက်စရာ ပေါ်လာတာနဲ့ ဘာမှ မလုပ်နိုင်တော့ဘူး… ရန်ကုန်မှာ ဒီနေ့ရှိရရင်တော့ တော်တော်လေးကို ပျော်ဖို့ကောင်းမှာထင်တယ်… အခုတော့ တော်တော်လေးကို တနေ့တာကို map နဲ့ sahana နဲ့ပဲ အချိန်ကုန်နေတယ်… ဝမ်းသာစရာတစ်ခုတော့ရှိတယ်… ကျွန်တော် အရမ်းကြည့်ချင်တဲ့ kung fu panda ဒီနေ့ ရုံတင်ပြီလေ.. US မှာတင်တာနဲ့ တူတယ်… yahoo movie ကလည်း ကြည့်လို့ရပြီ.. trailer လေးကြည့်ပြီး.. အရမ်းသဘောကျနေတာ… အဲဒီ panda ကြီးက တော်တော်ချစ်ဖို့ကောင်းတယ်… ဇာတ်လမ်းလေးကတော့ သမာရိုးကျပါပဲ… ဒါပေမယ့် 3D ကတော့ တော်တော်လေးကောင်းတယ်ဗျာ… အဲဒါလေးကို ဒီနေ့ ပွဲထုတ်တဲ့အတွက် ဘာပဲပြောပြော ဝမ်းသာတယ်… သမိုင်းမှာတော့ ဒီနေ့ဟာ လူပေါင်းမြောက်များစွာ အသက်ပေးခဲ့ရတဲ့ D-Days လေ… မနက်ကတော့ သူငယ်ချင်း ၂ ယောက် mail ရောက်လာပြီ… အခု နောက်ထပ် ကိုယ့်ကိုယ်ကိုပဲ ပြောလိုက်ပါတော့မယ်.. Happy Birthday Saturngod….
PS:
MZ ကိုတော့ အရမ်းချစ်တယ်… MZ မှာ ဒီနေ့ post 1000 ပြည့်တယ်… member ပေါင်း ၁၂၀၀ ရှိသွားပြီ… MZ member များကို ကျေးဇူးအရမ်းတင်တယ်ဗျာ..