HTML 5 for a better Web

တော်တော်ကောင်းတဲ့ Article လေးပါ….

The HTML 5 will definitely contribute to a better Web. Despite its specification is still being drafted, several browsers like Firefox 3.5, Internet Explorer 8, Safari 4, Chrome 2 and Opera 10 already implement a significant part of the current HTML 5 specification.

This article reviews a bit of the history of how we got to HTML 5 and presents an overview of the enhancements that HTML 5 introduces to provide a better Web.

It also presents a reflection about whether HTML 5 will render useless browser extensions like Flash, Silverlight and Java.

More…

မြန်မာနိုင်ငံ

`ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။
ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။
´

`အင်္ဂလိပ်စာထက်ပဲ အသုံး၀င်ရဦးမလား ဒယ်ဒီရာ´ Continue reading

သဘောကျတဲ့ post လေးတစ်ခု

ဒီနေ့မှ ဖတ်ဖြစ်တဲ့ blog အသစ်က post လေးပါ…
သဘောကျလို့ ဖော်ပြလိုက်တာ..

http://hninyoonsis.blogspot.com/2008/01/blog-post_18.html

သူတို့(၃)ယောက်

ဘလော့ဂ်ရယ် ပိုက်ပိုက်ရယ် ဗို်က်ဗိုက်ရယ် ဆိုတဲ့သယ်ရင်း(၃)ယောက်ရှိတယ်။ ဘလော့ဂ်ဆိုတဲ့ သယ်ရင်းကိုတော့ ခင်တာမကြာသေးပါဘူး။ သူနဲ့မခင် ခင်တုန်းကဆိုရင် ပိုက်ပိုက်နဲ့ဗိုက်ဗိုက်က သိပ်ချစ်ကြတဲ့သယ်ရင်းတွေပေါ့။ ဗိုက်ဗိုက်ကလေး စားချင်တာကို ပိုက်ပိုက်ကအမြဲတမ်း လိုက်လုပ်ပေးတယ်။ ပိုက်ပိုက်ရဲ့ကျေးဇူးကြောင့် အမြဲတမ်းပျော်ရွှင်ကျန်းမာနေရတာပေါ့။ ဒါပေမယ့် ဘလော့ဂ်နဲ့ ခင်ပြီးတဲ့ နောက်မှာတော့ ပိုက်ပိုက်ကဗိုက်ဗိုက်ကို မခေါ်တော့ဘူး။ ဘလော့ဂ်လုပ်ချင်သမျှကို လိုက်လုပ်ပေးတယ်။ လိုအပ်တာရှိရင်လည်း ဖြည့်ဆည်းပေးတယ်။ ဗိုက်ဗိုက်ကို လှည့်မကြည့်တော့ဘူးပေါ့။ အခုတော့ ဗိုက်ဗိုက်က မေမေကျွေးမှ စားရတော့မယ့် ဘ၀လေးကိုရောက်သွားပါပြီ။ ဗိုက်ဗိုက်: ဟင့်…ဟင့်…ဂွီ.ဂွီ………..။

Beware of something in social networks

ပြောချင်နေတာကတော့ ကြာပြီ။ အခုတော့ ဝေဖြိုးရေးထားတာတွေ့လို့ သူ့ blog က ဟာကို ပြန်ဖော်ပြပေးလိုက်တယ်။ မြန်မာက လူတွေ သူ့ blog ကို ဝင်ကြည့်ခက်မှာဆိုးလို့ ဒီမှာပဲ ရေးပြလိုက်ပါတယ်။

source: http://edwardwitten.blogspot.com/2008/02/beware-of-something-in-social-networks.html

 

ပြီးခဲ့တဲ့ ပို့စ်မှာ Social Networking အကြောင်းတွေ ပြောခဲ့လို့ ကျွန်တော် ဒီပို့စ်ကို ရေးဖို့ ဆန္ဒပေါ်လာပါသည်။

Personal ထင်မြင်ချက်နှင့် သတိပေးချက်တစ်ခုကို ပြောပါရစေ။ အွန်လိုင်းပေါ်မှာ ကျွန်တော်မကြိုက်ဆုံး မျက်စိအနောက်ဆုံးလို့ ထင်ထားတဲ့အရာတွေထဲမှာ Social Networking Tools တွေပါတယ်ဆိုရင် ယုံပါ့မလား။ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ အရမ်းကို clutter ဖြစ်နေပြီး အချိန်တွေကို မတရားအပိုင်သိမ်းနေတယ်လို့ ခံစားရလို့ပါ။ တော်ရုံတန်ရုံဆိုရင်တော့ အဲ့ဒါတွေက မဆိုးပါ။ တနေ့တနေ့ ကိုယ့် profile ကို ဖင်တပြန်ခေါင်းတပြန် လျှောက်ပြောင်းနေမဲ့အစား တခြားဟာတွေလုပ်လိုက်ရတာက ပိုအကျိုးရှိမယ်လို့ထင်ပါသည်။ အဆိုးဆုံးက Facebook ပါပဲ။ ကျွန်တော် အမျှော်လင့်ခဲ့ဆုံး နည်းပညာဆိုက်တွေထဲမှာ FB ပါပါတယ်။ ဒါပေမယ့် မဟားဒယားတိုးပွားလာတဲ့ အဲ့ဒီ Application တွေဟာ အကျိုးရှိတဲ့နေရာကနေ ေ၀းရာကို ပြေးလို့နေပါပြီ။ မနက်မိုးလင်းတိုင်း အရည်မရအဖတ်မရ App အင်ဗိုက်တေးရှင်းတွေ သိပ်များနေတာ မကောင်းဘူးလို့ ခံစားရပါတယ်။ လေး ငါးခုဆို လုံး၀ လက်ခံနိုင်ပေမဲ့ ခဏခဏ လေးငါးဆယ်လောက် ဂိမ်းကစားဖို့၊ ဘာလုပ်ဖို့ ညာအကောင်ကိုက်ဖို့ ဖိတ်စာတွေ များနေတာကို တော့ လက်လန်ပါ၏။ နောက်ပြီး ကျွန်တော်ကြိုက်တဲ့အရာဆိုရင် Accept လုပ်ပါ့မယ်။ မကြိုက်လို့ Reject လုပ်လိုက်တာတွေကို နောက်တစ်ခါထပ်မပို့သင့်ဘူးလို့ထင်ပါတယ်။ ဒီနေရာမှာ လူတွေအပြစ်မဟုတ်ပါဘူး။ FB ရဲ့ စနစ်ကိုက အထိန်းအကွပ်မရှိ မသတ်မှတ်ပေးထားတာပါ။ အရမ်းကာရော ပွားများနေတဲ့ ဂိမ်းတွေကလည်း ကြောက်စရာပါပဲ။ မှန်ပါတယ်။ ဆိုရှယ်နက်၀က်ကင်းဆိုတာ ဒီလိုမျိုး သူငယ်ချင်းတွေ စုပြီးကစားမှ၊ ဟိုကုတ်ဒီကုတ် လုပ်မှ ပျော်ဖို့ကောင်းမှာပါ။ လက်ဆောင်လေးတွေ ၀ယ်ပေးမှ စိတ်ချမ်းသာမှာပါ။ အားလုံးကို မငြင်းပါဘူး။ ဒါပေမယ့် ပြဿနာက အတားအဆီးမရှိတော့တာကို ဆိုချင်တာပါ။ ကျွန်တော်က အမြဲတမ်း အစွန်းရောက်သဘာ၀တွေကို လက်မခံနိုင်ပါဘူး။ ဒါကြောင့်ဒီစကားပြောတာ ဖြစ်မှာပါ။ ကျွန်တော့်သူငယ်ချင်းတွေ Social Networking Tools တွေကို သုံးပြီး အလုပ်လုပ် အဆင်ခြောသွားတဲ့ လူတွေ တပုံတပင်ပါ။ ဒါပေမယ့် အများစုက အခုထက်ထိ FB မှာ App တွေ အင်စတောလုပ်ရ၊ အင်ဗိုက်လုပ်ရ၊ ဟိုလျှောက်ချိန်း ဒီလျှောက်ချိန်းလုပ်ရတာနှင့် တစ်ရက်ကို နာရီ ၁၅နာရီလောက် အချိန်ဖြုန်းလိုက်တာကို တွေ့လိုက်ရပါသည်။ ကပ်စီးနဲသင့်ဆုံး အရာများထဲတွင် အချိန်ပါပါသည်ဟု နှလုံးသွင်း ယုံကြည်ထားခြင်းသည်လည်း ကျွန်တော့်၏ ထိုထို Social Networking တွေနှင့် clash ဖြစ်မှု ဇစ်မြစ် ဖြစ်နိုင်ပါသည်။

ထပ်ပြောပါရစေ။ အခုခေတ်ဟာ Social networking era ပါ။ Web 3.0 ဆိုတာကို cloud တစ်မျိုးပါလို့ ဂူဂယ် စီအီးအိုကြီးက အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီလို ချိတ်ဆက်မှုတွေကနေ အရင်းတည်မဲ့ ခေတ်တစ်ခုပါ။ အဲ့ဒီ နက်၀က်တွေကို အသုံးချပြီးလူတွေ ကူးလူးဆက်ဆံကြမဲ့ ကာလပါ။ ကျွန်တော်ကိုယ်၌မှာလည်း အခု ၂၀ မက ရှိပါတယ်။ အဲဒီလိုကာလမှာ ဒါတွေကို ခေတ်နှင့်အညီ သုံးကြတာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ရူးမူးစွာ အဲ့ဒီထဲမှာပဲ အချိန်ကုန်ကြ၊ တစ်ယောက်နှင့်တစ်ယောက် နာရီပေါင်းများစွာ အကျိုးမရှိတဲ့ဟာတွေ ပို့နေကြပြန်ရင်တော့ သိပ်မကောင်းတော့ပါဘူး။ Facebook မှာ ကျွန်တော်လေးစားရတဲ့ App တွေ၊ ရှိသလို စဉ်းစားလို့မရတဲ့ လက်မခံနိုင်တဲ့ App တွေလည်း ရှိပါတယ်။ ကျွန်တော်လည်း သူငယ်ချင်းတွေကို လက်ဆောင်တွေပေးပါတယ်။ လိုက်ကိုက်ပါတယ်။ ရံဖန်ရံခါပေါ့ဗျာ။ တစ်ချို့က အဲ့လိုမဟုတ်ပါဘူး၊ ဒါမှ မလုပ်ရရင် ညစာတောင်

ပျက်သွားပါမယ်။ ဘာမှတ်လဲတဲ့။ ဖရားဖရား ကြောက်စရာကလား။ ဆိုတော့ နောက်ဆုံးအကျဉ်းချုံးပြောချင်တာက သုံးတာသုံးပါ။ အားရပါးရလေ့လာရှာဖွေသုံးပါ။ ကျွန်တော်တို့က ဒီလိုသုံးမှ သူများတွေနှင့် ရင်ဘောင်တန်းနိုင်မှာပါ။ ဒါပေမယ့် ကိုယ်သုံးလိုက်တဲ့အချိန်တွေကို တခြားအရေးကြီးတဲ့ နေရာတွေမှာရော သုံးဖို့လိုနေမလား အရင်ဆန်းစစ်ကြည့်စေလိုပါတယ်။ လူတွေရဲ့ လုပ်ပိုင်ခွင့်ကို ကျွန်တော့်မှာ တိုက်ရိုက်ပြောပိုင်ခွင့် 0 ရာခိုင်နှုန်းတောင်မရှိပါဘူး။ ဒါပေမယ့် မြင်ရတာတွေကို အသံ(အကြံ)မပြုပဲမနေနိုင်တာကိုတော့ ခွင့်လွှတ်နားလည်ပေးပါ။ အင်း ကိုယ်ကိုယ်တိုင်ကလည်း ဟောင်ချင်နေမိတာဗျာ။

=D

Rgds,
-WaiPK

When You die

သင်သေသွားသော် ( ဇော်ဂျီ )

ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှေ၀ရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်၀င်းလျက် ကျန်စေသတည်း ။
 

ကျွန်တော် သေသွားရင်ကော…… ???????

 

ဖြစ်စေချင်ပါတယ်

ကျွန်တော် ဒီနေ့ ဦးရဲမြတ်သူပို့လိုက်တဲ့ email ထဲမှာ…
http://www.elance.com/ အဲဒီ site လေးကို ညွှန်ထားတာတွေ့လို့သွားကြည့်လိုက်တယ်..
တော်တော်မိုက်တာပဲ…
အဲဒီ site ရဲ့ design တွေ ရေးထားတာတွေကို ပြောတာမဟုတ်ဘူး..
elance ရဲ့ စေတနာ… idea တွေက တော်တော်လန်းတယ်…
လူတွေကို ကမ္ဘာမှာ အလုပ်အကိုင်အခွင့်အရေးအတွက် လမ်းဖွင့်ပေးလိုက်သလိုပဲ…

အဲဒီ site မှာ လူတွေက သူတို့ရဲ့ project တွေ design တွေ idea တွေ…
တင်ကြတယ်..
ရောင်းကြတယ်…
နောက်ပြီး စီးပွားရေးသမားတွေကလည်း…
အဲဒီက လူတွေရဲ့ Project တွေကို ကြည့်ပြီး လာဝယ်မယ်..
သဘောကျတဲ့လူတွေကို ခေါ်ပြီး အလုပ်ခန့်လာမယ်..
အလုပ်အကိုင် အခွင့်အရေးတွေ…
online ကနေ ဝင်ငွေရဖို့ အခွင့်အရေးတွေ တိုးလာတယ်…
google adsense လို click ပြီး ပိုက်ပိုက်ရတာမဟုတ်ဘူး..
တကယ့်အရည်အချင်းကြောင့် ပိုက်ပိုက်ရတာ…
ဂုဏ်ယူဖို့ကောင်းတယ်..

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲလို site လေးကို မြန်မာ ဘာသာနဲ့ဖြစ်ချင်တယ်..
မြန်မာနိုင်ငံမှာ အရည်အချင်းရှိပြီး အလုပ်လက်မဲ့တွေ များနေတယ်…
အလုပ်သွားလျှောက်ရင်လည်း အရည်အချင်းကို အကြောင်းအမျိုးမျိုးကြောင့် ပြသခွင့်မရတာတွေရှိတယ်..
အလုပ်ရှင်တွေကလည်း အရည်အချင်းရှိတဲ့လူတွေ လိုအပ်နေတယ်..
ကျွန်တော့်အမြင်အရဆိုရင်…
တကယ် အလုပ်မလုပ်ချင်တဲ့ လူ ၅ ယောက်ကို ပိုက်ပိုက်ပေးပြီး ခန့်ထားမယ့်အစား…
တကယ်လုပ် တကယ်တော် တကယ်တတ်တဲ့ လူတစ်ယောက်ကို…
အဲဒီ ၅ ယောက်စာ ပိုက်ပိုက်ပေးပြီး ခန့်ထားတာ ပိုကောင်းမယ်ထင်တယ်..
ဒါဆို လစာခံစားခွင့်လည်း တိုးတက်လာမယ်…
မြန်မာနိုင်ငံမှာက အဲလိုမဟုတ်တော့ လစာခံစားခွင့်က ကျဆင်းနေတာပေါ့…

အဲလို site လေးတစ်ခုကို ဖော်ထုတ်ပေးဖို့အတွက်…
ကျွန်တော် အကြံပြုပါရစေ…
ဘယ် company ကပဲဖြစ်ဖြစ် ဖော်ထုတ်ပေးပါလို့ အကြံပြုပါရစေ..
ကိုယ်တိုင်ထောင်လိုက်ပါလားဆိုတော့…
ကျွန်တော် ကိုယ်တိုင် တည်ထောင်ချင်ပါတယ်..
မအားတာရယ်…
နောက်ပြီး MYSTERY ZILLION အတွက် လုပ်ချင်တာတွေက များနေတာရယ်ကြောင့်ပါ…

တကယ်လို့ ဝါသနာပါတယ်…
အဲလို site လေးလုပ်ချင်တယ်…
စေတနာနဲ့ တကယ်တည်ထောင်ချင်တယ်…
အစအဆုံးလည်း တာဝန်ယူနိုင်တယ်..
site ရဲ့ ပြသနာအားလုံး ဖြေရှင်းပေးနိုင်တယ်..
ဒါပေမယ့် web server မရှိဘူး…
အဲဒီအတွက် domain name လည်း မရှိဘူး..
အဲဒါဆိုရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ..
ကျွန်တော် သုံးနေတဲ့ server ကိုပေးပါမယ်..
MYSTERY ZILLION ရဲ့ sub domain name အနေနဲ့ domain name ပေးနိုင်ပါတယ်..
ဒါမှ မဟုတ် ကိုယ်ပိုင် domain name နဲ့လုပ်ချင်တယ်ဆိုရင်လည်း domain name ဝယ်လိုက်ပါ…
ကျွန်တော့် server မှာ domain name setting ချပေးပါ့မယ်..

ကျွန်တော် ဘာအကျိုးအမြတ်မှ မမျှော်ကိုးပါဘူး..
ဖြစ်စေချင်တဲ့ ဆန္ဒလေးပဲ ရှိတာပါ…
တကယ်လို့ ဘယ်သူမှ မလုပ်ဖြစ်ဘူးဆိုရင်တော့…
ကျွန်တော် အားတဲ့ အချိန်ရောက်ရင် ကြိုးစားပြီးလုပ်ကြည့်ပါ့မယ်..
ကျွန်တော် ဘယ်အချိန်အားမှာလဲ ဆိုရင်တော့……

မြန်မာဘလော့ဂါများ၏ ဆီမီနာ

မြန်မာ ဘလော့ဂါများ ပူးပေါင်းကျင်းပတဲ့ Why do we blog ဆိုတဲ့ Open Seminar ဟောပြောပွဲ အခမ်းအနားကို လာမည့် 01.09.2007 စနေနေ့ ၁၁နာရီကနေ ၄နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဘလော့ဂ် ရေးသားနေကြတဲ့ ကျွမ်းကျင်သူ ပညာရှင် ဘလော့ဂါတွေကိုယ်တိုင် ဟောပြောကြမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှေ၀ချင်လို့လဲ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာတစ်၀ှမ်းမှာ လူတိုင်း စိတ်၀င်တစား အသုံးပြုနေကြတဲ့ နည်းပညာနဲ့ အခွင့်အလမ်းတွေကို မြန်မာလူငယ် လူကြီးအားလုံး သိစေချင်တာရယ်၊ စီးပွားရေး အခွင့်အလမ်းတွေ ရရှိလာစေရန် စတဲ့ အချက်တွေကို ရည်ရွယ်ပါတယ်။ ဒီပွဲတစ်ခု လုပ်ရတာ မလွယ်ပါဘူး။ အကုန်အကျ အများကြီး ရှိသလို အလွန်ပင်ပန်းပါတယ်။ ပိုက်ဆံ အကျိုးအမြတ် တစ်ပြား တစ်ချပ်မှ မရဘဲ အထက်က ရည်ရွယ်ချက်တွေ သက်သက်အတွက် ကျွန်တော်တို့ လုပ်ဖြစ်ကြတာပါ။ Company တော်တော်များများကလည်း ဒီပွဲအတွက် ပံ့ပိုးပေးထားပါတယ်။ အသက်ကန့်သတ်ချက် မရှိပါဘူး။ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ တက်ရောက် လာသူတွေအတွက် အစားအသောက်နဲ့ ကံစမ်းမဲ အစီအစဉ်တွေလည်း ထည့်သွင်းထားပါကြောင်း။

ကိုညီလင်းဆက် post မှ ကူးယူဖော်ပြသည်။