တစ်ချိန်တစ်ခါတုန်းက romantic ဆန်ဆန်တွေ အခုအချိန်မှာ သုံးလို့မရတော့ဘူး။ တချို့ဟာတွေက ခေတ်ဟောင်းမှာ ကျန်ခဲ့လေပြီ။ ရုပ်ရှင်ကားထဲမှာ ကျန်ခဲ့ပြီ။ WongFuProductions က ရိုက်ပြထားတဲ့ Technology Runis Romance ဆိုတာလေး တော်တော်လေးကောင်းတယ်။ ၃ ပုဒ်ပါပဲ။ Continue reading
Category Archives: နှိုင်းယှဉ်ချက်
I love JQuery
Python VS PHP
Source code For Zawgyi 2008 TO Zawgyi 2009
Python
import sys,re
ENC='utf8'
def zawgyi2new(d):
m=open("zawgyi2new_replace.ini").read().strip().decode('utf8').replace("-",'').replace(' ','').split("\n")
for x in m:
x=x.split("\t")
if x[0]in d:
d=d.replace(x[0],x[1])
return d
if __name__=='__main__':
infile=sys.argv[1]
d=open(infile).read().decode(ENC)
d=zawgyi2new(d)
outfile=infile[:infile.rfind(".")]+"_out.txt"
open(outfile,"wb").write(d.encode(ENC))
PHP
$time_start = microtime(true);
// get contents of a file into a string
$filename = $argv[1];
$handle = fopen($filename, "r");
$d= fread($handle, filesize($filename));
fclose($handle);
$myFile = "zawgyi2new.ini";
$fh = fopen($myFile, 'r');
$theData = fread($fh, filesize($myFile));
fclose($fh);
$theData=str_replace("-","",$theData);
$m=split("\n",$theData);
foreach ($m as $x)
{
$k=split(" ",$x);
if(strripos($d,$k[0])!=false) $d=str_replace($k[0],$k[1],$d);
}
$fp = fopen("convert_".$argv[1], 'w');
fwrite($fp, $d);
fclose($fp);
$time_end = microtime(true);
$time = $time_end - $time_start;
echo "Total ".$time." seconds";
Python က 1 second နဲ့ 3 MB ရှိတဲ့ file ကိုပြီးတယ်။ PHP ကတော့ 29 seconds လောက်ကြာတယ်။ python က ၁၅ လိုင်း။ php က ၂၃ လိုင်း။ အချိန်တွက်တာ မပါရင်တော့ လိုင်း ၁၉ ပေါ့။ ဒီထက်တိုအောင် ထပ်ရေးမယ်ဆိုရင်တော့ ၁၇ လိုင်းလောက်နဲ့ ပြီးတယ်။ ရှင်းအောင် ရေးထားလို့ပါ။ PHP နဲ့ ၁၅ လိုင်းလောက်နဲ့ရအောင် ရေးလို့ရတယ်။ ဒါပေမယ့် ဖတ်ရတာ ရှုပ်သွားမှာဆိုးလို့။
Python is very faster than PHP
Same Algorithm, Same Logic, နဲ့ရေးထားပြီး 30 MB text file ကို PHP နဲ့ပြောင်းတာ second 29 ကြာပေမယ့် python နဲ့ကတော့ 1 seconds ပဲကြာတယ်။
searching တွေအတွက် crawling တွေအတွက် Giga Bytes လောက်ရှိတဲ့ Filesize တွေ အတွက် PHP ထက် Python က ပိုသင့်တောှတယ်။ Python ကို လေ့လာဖို့တော့ လိုလာပြီ ?????
Different Between zawgyi 2009 and 2008
ဇော်ဂျီ ၂၀၀၈ နဲ့ ၂၀၀၉ ဘာကွာသလဲ။၂၀၀၉ သုံးလိုက်ရင် ၂၀၀၈ က ဘာတွေ ဖြစ်ကုန်မလဲ။ ၂၀၀၉ မသုံးရင်ကော မရဘူးလား။ စသည် စသည် မေးခွန်းများစွာအတွက် သိသလောက် ရေးလိုက်ရပါတယ်။
၁။ Rendering ပါခြင်း နှင့် မပါခြင်း။
၂၀၀၈ တွေက rendering မပါပါဘူး။ ဒါကြောင့် နှစ် ဆိုတဲ့ စာလုံးအတွက် န က နှစ်ခုဖြစ်နေရတယ်။ ြ– တွေကလည်း ၆ ခုဖြစ်နေတယ်။ user တွေအနေနဲ့ က နဲ့ တွဲမယ့် ြ– လား ခ နဲ့ တွဲမယ့် ြ– လား ဆိုပြီး စဉ်းစားပြီး ရိုက်နေရပါတယ်။ ဒါပေမယ့်လည်း လူတိုင်း ရိုက်နိုင်ကြပါတယ်။ အဲလိုပဲ ရ ကလည်း ၂ မျိုးလောက်ဖြစ်နေတယ်လေ။ နောက်ပြီး —ါ် အတွက် ၂၀၀၈ မှာက တစ်ခုတည်းလေ။
၂၀၀၉ မှာကတော့ တစ်မျိုးတည်းထားရှိပြီး rendering ထည့်သွင်းထားပါတယ်။ ဒါကြောင့် န က တစ်မျိုးတည်း ြ– ကလည်း တစ်မျိုးတည်းနဲ့ အလုပ်ဖြစ်တယ်။ ဒါပေမယ့် rendering engine မပါရှိတဲ့ device တွေမှာ အလုပ်တော့ လုပ်မှာ မဟုတ်ဘူးဗျ။ rendering မပါရှိတဲ့ device တွေနဲ့တော့ ကျွန်တော်လည်း မစမ်းဖူးဘူး။ ရှိတဲ့လူတွေ စမ်းကြည့်ပေါ့။ ခက်တာက phone ဆိုလို့လည်း windows mobile နဲ့ iphone ပဲ font ထည့်လို့ အဆင်ပြေတာ။ လက်ရှိ ၂၀၀၉ နဲ့ အဆင်ပြေလား ဆိုတာ ကျွန်တော်သိချင်ပါတယ်။
၂။ Storage တွေ ကွာသွားတယ်။
၂၀၀၈ တုန်းက ပါဌ်ဆင့်တွေကို code တစ်ခုတည်းနဲ့ သိမ်းခဲ့ပေမယ့် ၂၀၀၉ မှာတော့ code ၂ ခုနဲ့ သိမ်းပါတယ်။၂၀၀၈ တုန်းက ြ– အတွက် storage က ၆ မျိုးလောက်ရှိပေမယ့် ၂၀၀၉ မှာကတော့ ၁ မျိုးတည်းဖြစ်သွားတယ်လေ။ နောက်ပြီး ပါဌ်ဆင့် သိမ်းပုံကွာသွားတယ်။ ၂၀၀၈ တုန်းက ပါဌ်ဆင့်အတွက် စာလုံး တစ်လုံး ပဲ သိမ်းပေမယ့် ၂၀၀၉ မှာကတော့ စာလုံး ၂ လုံး သိမ်းပါတယ်။ က ပါဌ်ဆင့်ဆိုရင် `(u103f)+u(u1000) ဆိုပြီး ၂ ခုသိမ်းသွားတယ်။ တနည်းပြောရင် က ပါဌ်ဆင့်ထဲမှာ က တန်ဖိုးပါနေတဲ့အတွက် searching တွေအတွက် တော်တော်အဆင်ပြေလာလိမ့်မယ်။ သဘောက က ဆိုတဲ့ တန်ဖိုးကိုရှာတဲ့အခါမှာ ပါဌ်ဆင့် ထဲမှာပါတဲ့ က တန်ဖိုးပါ ရှာလာနိုင်တာပေါ့။ နောက်ပြီး ြ– တွေ တစ်မျိုးတည်းဖြစ်သွားတဲ့အတွက်ကြောင့် searching ပိုင်းမှာ ပိုလွယ်သွားတယ်။
၃။ Zip လုပ်ရင် Size ကွာတယ်။
နောက်ပြီး ၂၀၀၈ နဲ့ ၂၀၀၉ ကို ယှဉ်ပြီး zip ချုံ့ကြည့်လိုက်ရင် ၂၀၀၉ က ၂၀၀၈ ထက် အများကြီး ကျုံ့တာကို တွေ့ရမှာပါ။ ဘာလို့လည်းဆိုတော့ သူ့မှာက value တွေက တစ်ခုတည်းဖြစ်တာ များတာကြောင့်ပါ။ ဥပမာ ခြ နဲ့ ကြ အတွက် ၂၀၀၈ မှာ zip လုပ်တဲ့အခါ ြ– အသေး တစ်ခု ြ– အကြီး တစ်ခု ဆိုပြီးဖြစ်နေတာ့ compress key 2 ခု သုံးရတယ်။ ၂၀၀၉ မှာတော့ ြ– အသေး နဲ့ ြ–အကြီး အတူတူပဲဆိုတော့ compress key က ၁ ခုတည်းနဲ့ အဆင်ပြေသွားတယ်။ ဒါကြောင့် value တွေ များလာရင် ၂၀၀၈ နဲ့ ၂၀၀၉ မှာ ၂၀၀၉ က ပိုပြီး ချုံ့နိုင်တယ်။ ဒါပေမယ့် စာလုံး ၁၀၀၀၀ လောက်ရှိတဲ့ text file ပြိုင်ဖွင့်ရင်တော့ ၂၀၀၈ က ပိုမြန်မယ်ထင်တယ်။ ဘာလို့လည်းဆိုတော့ ၂၀၀၉ မှာ rendering ပါတဲ့အတွက် စာလုံး ရွှေ့ရတာလေးတွေရှိတယ်။
၄။ Font Embed in Browser
၂၀၀၉ font size က 54 KB ပဲရှိတယ်။ ၂၀၀၈ ကတော့ 336 KB ရှိတယ်။တနည်းပြောရင် font embed အတွက်ဆို ၂၀၀၉ က အများကြီး ပိုကောင်းတာပေါ့။ 336 KB နဲ့ 54 KB ဆိုတာ 6 ဆ လောက် ကွာတယ်။ ဒါကြောင့် ၂၀၀၉ ကိုပြောင်းခြင်းအားဖြင့် font embed အတွက် အရမ်းသင့်တော်တယ်။
၅။ Keymaster (normalization)
အခု ၂၀၀၉ အတွက် ကိုစိုးမင်းက keymaster ဆိုတာ လုပ်နေတယ်။ ကိုယ့်ရေးထားစာကို normalization အနောက်ကနေ background လုပ်ပေးသွားနိုင်တယ်။ က–ိ–ု ပဲ ရိုက်ရိုက် က–ု–ိ ပဲရိုက်ရိုက် က–ိ–ု ကို အလိုလိုရွှေ့ပေးသွားမယ်။ အသုံးပြုသူအနေနဲ့ သိနေစရာမလိုတော့ဘူး။ ဒါဟာ content searching တွေအတွက် အရေးပါလာနိုင်တယ်။ ၂၀၀၈ မှာဆိုရင်တော့ အဲဒီ feature ကို အသုံးပြုနိုင်မှာ မဟုတ်ဘူးဗျ။
၆။ Search Result
လက်ရှိမှာတော့ Google Search မှာ ၂၀၀၈ content တွေကိုပဲရှာနိုင်သေးတယ်။ ၂၀၀၉ နဲ့ ရှာရင် တွေ့ချင်မှ တွေ့မယ်။ result တူချင်မှ တူမယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော် အပေါ်မှာပြောထားခဲ့သလို storage ကွာသွားတယ်။ ၂၀၀၉ keyboard နဲ့ ရိုက်ရှာရင် တွေ့အုံးမှာမဟုတ်ဘူးဗျ။ နောက်ပိုင်းတော့ တွေ့လာမှာပါ။ ဘာလို့လည်းဆိုတော့ ၂၀၀၉ က ၂၀၀၈ ထက်စာရင် ရိုက်ရတာ အများကြီး လွယ်တယ်။ နောက်ပြီး ပိုမို တိကျတဲ့ search result တွေ ထွက်လာနိုင်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ ၂၀၀၈ ဆိုရင် ကြိုး ဆိုတဲ့စာလုံးအတွက် ြ– အကြီးက ၂ မျိုး သုံးတယ်။ အပေါ်ပြတ်တဲ့ဟာ နဲ့ ရိုးရိုးပုံမှန်ဟာနဲ့ပေါ့။ ဒါကြောင့် result က တိကျမှုမရနိုင်ဘူး။ အဲလိုပဲ –့ က ၄ ခုလောက်ရှိတဲ့အတွက် တိကျတဲ့ result ထွက်ဖို့ခက်တယ်။ ၂၀၀၉ က storage တစ်ခုပဲ သုံးတဲ့အတွက်ကြောင့် result ပိုင်းမှာ ပိုတိကျလာနိုင်တဲ့အတွက်ကြောင် ့၂၀၀၉ ကို နောက်ပိုင်း လူသုံးပိုများလာနိုင်ချေရှိတယ်။ အခု ကျွန်တော် ornagai မှာ 2008 နဲ့ပဲရိုက်ရိုက် ၂၀၀၉ နဲ့ပဲရိုက်ရိုက် same result ရအောင်တော့ ဖန်တီးပေးပြီးပါပြီ။ ဒါပေမယ့် မတင်ရသေးပါဘူး။
ကျွန်တော် သိသလောက် မှတ်သလောက် ကွာခြားချက်လေးတွေ ရေးပြီးပါပြီ။ အခြား အသုံးဝင်မယ်ထင်တဲ့ဟာလေးတွေကတော့
ဇော်ဂျီ ၂၀၀၈ ကို ၂၀၀၉ လွယ်လွယ်ပြောင်းလို့ရလား။
ရပါတယ်။ python 2.6 သွင်းထားတယ်ဆိုရင်တော့ လွယ်လွယ်လေးပြောင်းလို့ရတယ်။လိပ်စာကတော့
http://newzawgyi.googlecode.com/svn/migration.zawgyi.original.to.new/python/
wordpress ဆိုလည်း xml ကို export လုပ်ပြီး ပြောင်းလိုက်ပေါ့။ ပြီးမှ ပြန် import လုပ်ပေါ့။ အဲဒါက ကောင်းတဲ့ နည်းတော့ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ import မလုပ်ခင် post အဟောင်းတွေကို ဖျက်ပစ်မှ ရမှာပါ။ ကျွန်တော့် အနေနဲ့ အကြံပေးချင်တာကတော့ ကျွန်တော့်လိုမျိုး sql ကို export လုပ်ပြီး import ပြန်လုပ်တဲ့ နည်းပါ။ sql ကို export/import လုပ်မယ်ဆိုရင်လည်း ssh ရှိရင် အရမ်းမြန်ပါတယ်။
mysql export
$mysqldump -uyour_usr -pyour_pwd -hlocalhost WordPress_Database > mybackup.sql
ရလာတဲ့ sql ကို zip ပြန်လုပ်တဲ့ပုံကတော့
$zip -r mybackup_sql.zip mybackup.sql
အဲဒီရလာတဲ့ zip file လေးကို download ချပြီး ကိုယ့် စက်ထဲမှာ Python နဲ့ ပြောင်းလိုက်ပေါ့။ ပြီးရင် .out file လေးရမယ်။ အဲဒါကို upload တင်ပြီးတော့
mysql import
$mysql -uyour_usr -pyour_password -hlocalhost WordPress_Dabatabase < mybackup.sql.out
အဲလိုဆိုရင် ကိုယ့် site တစ်ခုလုံး ၂၀၀၉ ကို ပြောင်းသွားမှာပါ။ ကျွန်တော် နည်းနည်းလေး အားတာနဲ့ wordpress ပြောင်းဖို့အတွက် php လေးရေးပေးပါ့မယ်။ အဲဒါဆိုရင်တော့ export import လုပ်စရာမလိုပဲ online မှာတင်ပြောင်းလို့ရတာပေါ့။ connection ကောင်းဖို့တော့ လိုမယ်။ ဒီကလူတွေဆိုရင်လည်း နိုင်ငံခြားမှာ ရှိတဲ့ တစ်ယောက်ယောက်ကို ပြောင်းခိုင်းလို့ရမှာပါ။ ရေးတော့ မရေးရသေးဘူး။
စာနည်းနည်းလေးပဲ ပြောင်းချင်တာ။ ၂၀၀၉ မသွင်းထားလို့ ၂၀၀၉ က စာတွေကို ၂၀၀၈ နဲ့ ဖတ်ချင်တယ်။
အဲဒီအတွက် ကျွန်တော် online ကနေ ပြောင်းလို့ရတယ်။ ကိုစိုးမင်းရဲ့ python code အတိုင်း PHP နဲ့ ပြန်ရေးထားတယ်။
http://www.saturngod.net/project/zg829/
မှာ သွားရောက် အသုံးပြုနိုင်ပါတယ်။၂၀၀၈ ကနေ ၂၀၀၉ ပြောင်းတာကော ၂၀၀၉ ကနေ ၂၀၀၈ ပြောင်းတာအတွက်ပါ ထည့်ရေးပေးထားတယ်။
၂၀၀၉ သွင်းရင် ၂၀၀၈ ကို ဖတ်လို့ရပါ့မလား။
၂၀၀၉ သွင်းထားရင်လည်း ၂၀၀၈ ကို ဖတ်လို့ရပါတယ်။၂၀၀၈ သွင်းထားရင်တော့ ၂၀၀၉ က စာအားလုံးကို ဖတ်လို့ရမှာမဟုတ်ပါဘူး။
၂၀၀၉ ကို ဘယ်မှာ download ချရမလဲ။
Font ကိုတော့
http://newzawgyi.googlecode.com/svn/font.file/
မှာ download ချနိုင်ပါတယ်။ အပေါ်ဆုံးက .ttf လေးကို download ချပြီး သွင်းယူနိုင်ပါတယ်။
keyboard ကိုတော့
http://newzawgyi.googlecode.com/svn/keyboard.windows.keymaster.binary/
မှာ download ချနိုင်ပါတယ်။
၂၀၀၉ က တရားဝင် ဇော်ဂျီ font ဖြစ်လာမှာလား။ ကိုစိုးမင်း လက်ရှိ လုပ်နေတာမဟုတ်ဘူးလား။
ကျွန်တော့်အထင်ကတော့ ဖြစ်လာမယ်ထင်တယ်ဗျ။ ဘာလို့လည်းဆိုတော့ ဒီလောက် ကောင်းတဲ့ font ကို ဇော်ဂျီ အဖွဲ့က ငြင်းမှာမဟုတ်ပဲ လက်ခံပြီး ၂၀၀၉ အတွက် www.zawgyi.net မှာ တင်မယ်လို့ထင်ပါတယ်။ အခုအချိန်မှာ ၂၀၀၉ က အစအဆုံးမပြီးသေးတာကြောင့် www.zawgyi.net မှာ မတင်သေးတာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ သုံးစွဲလို့ရတယ်။ ကိုစိုးမင်း လုပ်ထားတာ အရမ်းကောင်းမွန်နေတဲ့အတွက်ကြောင့် မသုံးရသေးသူတွေလည်း ပြောင်းသုံးဖို့ အကြံပေးလိုပါတယ်။
ကဲ… ဒီလောက်ဆို သိချင်တာလေးတွေ သိရပြီဖြစ်လို့ ကျေနပ်မယ်လို့လည်း ထင်ပါတယ်။
Smalltalk about Java (saturngod & Lupyogyi)
ဒီနေ့ Java အကြောင်းလေးနဲ့ ပတ်သက်ပြီး လူပျိုကြီးနဲ့ ပြောမိဆိုမိတာလေးတွေကို ပြန်တင်ပြလိုက်ပါတယ်။
saturngod : java မှာ hello world အတွက် စာတွေ အများကြီးရေးရတယ်.. (system.out bla bla bla) Python မှာဆိုရင် print (“hello world”) နဲ့တင်ပြီးတယ်.. php မှာဆို echo “hello world”; ဆိုပြီး တိုတိုလေး… java က ဘာလို့ ရှည်နေတာလဲမသိဘူး..
လူပျိုကြီး : ကြည့်ရတာ ဒီရက်ပိုင်း ဂျာဗားနဲ့များ ရန်ဖြစ်ထားသလား ဂျာဗားမကြိုက်ရင် စူပါ သို့မဟုတ် မီကို ပဲသောက်ဗျာ။
Drupal 6.2
Drupal 6.2 က တော့ တော်တော်လေးကို ကောင်းမွန်လာတာကိုတွေ့ရပါတယ်… အထူးသဖြင့် sidebar တွေကို AJAX အသုံးပြုလာတာ တွေ့ရပါတယ်။ Drag & Drop ပေါ့။ တော်တော်လေး လွယ်ကူသွားတယ်။ အရင်ကဆိုရင် တစ်ခုလုပ်လိုက် တစ်ခါ loading ဆွဲလိုက်နဲ့ တော်တော်လေးကို စိတ်ကုန်ဖို့ကောင်းတယ်။ နောက်ပြီး security ပိုင်းမြင့်တင်ထားတယ်လို့ပြောထားပါတယ်။ အဲဒါတော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ အရင် version က ကျွန်တော့် blog မှာ spam တွေ ဝင်လာတာ မနည်းဘူး။ ဒါကြောင့် comment ကို approve လုပ်ပြီးပဲ လက်ခံခိုင်းထားတာ။ အခုတော့ အစမို့လားမသိဘူး။ spam တွေမဝင်သေးဘူး။ နောက်ပြီး AJAX တွေ တော်တော်များများသုံးထားတာကိုတွေ့တယ်။ summary ကိုလည်း အရင်ကလို code ထည့်စရာမလိုပဲ သီးသန့်အနေနဲ့ Split summary at cursor ပါလာတာကိုတွေ့၇တယ်။
မကောင်းတဲ့အချက်က Template ရှားပါးခြင်းနဲ့ module ရှားပါးခြင်းပဲ။ ဒါကလည်း ဖြစ်နေရိုး ထုံးစံပါ။ version အပြောင်းအလဲမှာ ဒီလိုဖြစ်တတ်ပါတယ်။ version 7 လည်း မကြာခင်ထွက်တော့မယ်လို့သိပါတယ်။ Drupal က CMS တစ်ခုဆိုပေမယ့် blog နဲ့ပိုတူသလိုပဲ။ ဒါပေမယ့်လည်း CMS မှာလို Site ကောင်းကောင်းတစ်ခုကို လွယ်လွယ်ကူကူဖန်တီးနိုင်တယ်။ Joomla က ကောင်းပေမယ့် သုံးရတာ မျက်စိရှုပ်တယ်။
Drupal 6.2 မှာ အရင်သုံးထားတဲ့ template တွေ အချို့ module တွေ သုံးလို့မရတော့ပါဘူး။ အဲမှာ WordPress ကို သဘောကျတယ်။ WordPress 2.5 မှာ တစ်ခါတည်း online ကနေ plugin တွေ ကို Update လုပ်လို့ရတယ်။ ဒီမှာကတော့ အဲလို မပါဝင်သေးဘူးနဲ့တူတယ်။ ဒါမှမဟုတ် ကျွန်တော် သေသေချာချာ မစမ်းရသေးတာလားမသိဘူး။ ကျွန်တော်ကတော့ template ပြောင်းလိုက် ဘေးက sidebar တွေ ပြန်ဖြည့်လိုက်နဲ့ ရှုပ်နေတာပဲ။
IE 7 VS Firefox 2
Firefox 2 ထွက်ပြီး မကြာခင်မှာပဲ IE 7 ထွက်လာခဲ့ပါတယ်။ ကျွန်တော်က security ပိုင်းနဲ့ပတ်သက်ရင်တော့ သေသေချာချာမသိပါဘူး။ ဒါပေမယ့် user တစ်ယောက်အနေနဲ့ တင်ပြသွားပါမယ်။
Firefox 2 ကို အရင်က ကျွန်တော်သုံးဖြစ်တယ်။ ဘာကြောင့်လည်းဆို သူက GUI Design ကတော်တော်လှတယ်ဗျ။ ဘာကြောင့်လည်းဆို ကြိုက်တဲ့ theme ကိုပြောင်းလို့ရတယ်။ နောက်ပြီး tab တွေနဲ့လည်း အများကြီးဖွင့်ထားလို့ရတယ်။ တခြား plug in အသစ်တွေလည်း download ချပြီးထည့်လို့ရသေးတယ်။ ဒါကြောင့် တော်တော်ကြာသုံးဖြစ်တယ်။ နောက်ပြီး web page တွေကို download ချတဲ့ပုံက IE ထက်စာရင် ပိုကောင်းတယ်ဗျ။ ကျွန်တော်လိုချင်တဲ့ JavaScript တွေကို IE ကနဲ့ယူတာမရပဲ Firefox ကနေယူလို့ရတော့ Firefox ကိုသဘောကျမိတယ်။
IE 7 ကို download ချဖို့ အခက်အခဲကြောင့်မသုံးဖြစ်ဘူး။ ဒါပေမယ့် သူများပြောသံတွေတော့ ကြားမိတယ်။ ဘာတွေကောင်းမှန်းလည်းမသိဘူး။ အဲဒီတုန်းကတော့ Firefox 2 လောက်တော့ကောင်းမှာ မဟုတ်ဘူးလို့ထင်ခဲ့တာပဲ။
ဒါပေမယ့် နောက်တော့ ကျွန်တော် IE 7 ကို သုံးလို့ရလာတယ်။ မဆိုးဘူးဗျ။ GUI မှာ တော်တော်လေးပြင်ဆင်ထားတာတွေ့ရတယ်။ Tab က Firefox မှာပါပြီးသားပါ။ Tab က image ကိုမြင်ရတာ opera မှာပါပြီးသား feature ပေမယ့် IE က အကုန်လုံးကို တပြိုင်နက်ထဲကြည့်လို့ရတာတော့တော်တော်လေးကောင်းတယ်လို့ဆိုရမယ်။ IE 7 က Firefox နဲ့ opera တို့ကို ပေါင်းပြီး ပိုကောင်းအောင်လုပ်ထားသလိုပဲ။ သူ့ကိုယ်ပိုင်ဟန်ကတော့ vista style လေးပဲပါတယ်။ ဒါပေမယ့် ပိုသုံးလို့ကောင်းတော့ ကျွန်တော်နောက်ဆုံး IE 7 ပဲသုံးဖြစ်တော့တယ်။
