Manga တွေကို Nook Simple Touch ထဲမှာ ထည့်ဖတ်ဖို့အတွက် epub file format သို့မဟုတ် PDF format မှ အဆင်ပြေပါလိမ့်မယ်။ iPad , iPhone တို့မှာလို app တွေ မရှိတဲ့အတွက် သီးသန့် image တစ်ခုခြင်းဆီကို download ချရပါတယ်။ ဒါနဲ့ github မှာရှာကြည့်လိုက်တော့ mdl ဆိုပြီး ruby နဲ့ ရေးထားတာ တွေ့ပါတယ်။
Category Archives: Download
CSS for starter
ဒီစာအုပ်ကို ရေးတာ ဘယ်လောက် ကြာလို့ ကြာသွားမှန်းတောင် မသိတော့ဘူး။ သေချာတာကတော့ ၁ နှစ်ကျော်သွားပြီဆိုတာပဲ။ ၁ နှစ်အတွင်းမှာ အားတဲ့ အချိန်တွေမှာ တဖြည်းဖြည်းခြင်းရေးခဲ့တာ အခုတော့ ပြီးသွားပါပြီ။ ကျွန်တော် ရေးတဲ့အချိန်တုန်းက CSS 3 က ပေါ်ကစဖြစ်ပြီး browser အားလုံး support မလုပ်သေးပါဘူး။ ဒါကြောင့် အခု CSS စာအုပ်မှာ CSS 3 အကြောင်းမပါလာခဲ့ပါဘူး။ စာလုံးပေါင်းမှားနေတာ ရေးထားတာမှားနေတာတွေကို ဝေဖန်ထောက်ပြနိုင်ပါတယ်ဗျာ။
Shwedagon Epub format
ဒီေန႕ epub format စာအုပ် တစ်အုပ် စမ်းထားတယ်။ ibook နဲ့ ကော Nook နဲ့ ပါ ဖတ်လို့ရပါတယ်။ wikimyanmar ကနေ ရွှေတိဂုံ သမိုင်း အကြောင်းကို ယူပြီးတော့ epub format ပြန်ထုတ်ထားတယ်။

ဒီနေ့ အလုပ်များနေတာနဲ့ ဘာမှ တောင် မလုပ်ဖြစ်ဘူး။ epub format က နေ့လည် ထမင်းစားခါနီးမှာ လုပ်ထားတာ။ အိမ်ရောက်တော့ Nook မှာ စမ်းကြည့်တာ မရဘူး။ nook က stylesheet ကို * နဲ့ မရဘူး။ နောက်ပြီးတော့ custom font သုံးချင်တာတွေအကုန်လုံးကို class တစ်ခု ဆောက်ပေးရတယ်။ default tag ကို font ပြောင်းခိုင်းပေမယ့် မပြောင်းဘူး။ အဲဒါလေးတွေ ပြင်လိုက်ရတယ်။
ဒီမှာ ယူပြီးတော့ ဖတ်လို့ရပါပြီ။
Unicode Zawgyi Combobox
Unicode , Zawgyi combobox wordpress မှာ ဘယ်လိုထည့်ရမလဲမေးနေသူများအတွက် plugin လေးရေးပြီး တင်ထားလိုက်ပါတယ်။ ဘာ code မှ ပြင်စရာမလိုပဲ plugin လေး သွင်းလိုက်ရင်ရပါပြီ။
http://wordpress.org/extend/plugins/unicode-zawgyi-combobox/
Chrome Extension for Web Developer
Aug 18 ထုတ်တဲ့ chromium မှာ မြန်မာစာ ပြဿနာ fix လုပ်ပေးပြီးသွားပြီ ဖြစ်လို့ Safari 5 ကနေ Chromium ကို ပြောင်းသုံးနေတယ်။ အရင်တုန်းက Chromium ကို သုံးရင်း extension အတွက် enable လုပ်ပေးရပေမယ့် အခု version မှာ မလိုတော့ဘူးလေ။ Extension တွေကို တိုက်ရိုက် သွင်းလို့ရတဲ့အတွက်ကြောင့် ပိုအဆင်ပြေပြီး သုံးဖြစ်နေတယ်။ ကျွန်တော်လက်ရှိ သုံးနေတဲ့ Extension တွေကတော့
လက်ရှိ site မှာ Google Index လုပ်ထားတာ ဘယ်လောက်လဲ။ ဘယ် search engine တွေက ကိုယ့် sites ကို ဘယ်လောက် Index လုပ်ထားလဲ။ Back link တွေက ဘယ်လောက်ရှိလဲ။ Domain Detail စတာ စတာတွေ အတွက် သွင်းထားသင့်တဲ့ Extension ပါ။ Web Development လုပ်ရင် SEO ကလည်း အရေးပါပါတယ်။ Continue reading
iTune with Zawgyi (Win)– Tahoma Zawgyi
tahoma ကို overwrite မရသလို installer တွေနဲ့လည်း မရဘူး။ ဒါကြောင့် ပုံမှန် သမာရိုးကျနည်းနဲ့ပဲ လုပ်ရတော့မယ်။ အရင်ဆုံး အောက်က package လေးကို download လုပ်လိုက်ပါ။
အဲမှာ.. install.bat ပါတယ်။ အဲဒါလေးကို run လိုက်။ အဲဒါက tahoma ကို del လုပ်ပေးပြီး tahoma ကို copy ကူးထည့်ပေးတာ။ xp ဆို restart ချလိုက်ရင် အဆင်ပြေပေမယ့် Vista နဲ့Win 7 ဆိုရင် မရပါ။ အဲဒီအတွက် font နှစ်ခုဖြစ်တဲ့ tahoma.ttf ကို right click နှိပ်။ Popup ထဲမှာ Install font ကို နှိပ်လိုက်ပါ။ ပြီးရင် tahomabd.ttf ကို right click နှိပ်။ Popup ထဲမှာ Install font ကို နှိပ်လိုက်။ ပြီးရင် Logout လုပ်လိုက်။ ပြီးရင် ပြန်ဝင်လိုက်ရင် ရပြီ။
အဒါမှမရရင်တော့ Linux နဲ့ boot တက်။ ပြီးရင် tahoma.ttf နဲ့tahomabd.ttf ကို C:\Windows\Fonts ထဲကို overwrite လုပ်ပေးလိုက်ရင်ရတယ်။
Ready made Installer
http://www.multiupload.com/CI6SEMW09B
အဲဒါလေးကို download ချပြီး သွင်းလိုက်လည်း ရပါတယ်။ ကိုမင်းကျော် က installer ပြန်လုပ်ပေးထားတာပါ။
Install Netbean in Ubuntu
Netbean ကို သွင်းဖို့အတွက် အရင်ဆုံး ကိုယ်သွင်းချင်တဲ့ version ကို http://www.netbeans.org/downloads/index.html မှာ သွားပြီး download ချလိုက်ပါ။ အဲဒီ အခါ .sh file လေးရလိမ့်မယ်။ ကျွန်တော်ကတော့ PHP version လေးကို download ချလိုက်တော့ netbeans-6.7-ml-php-linux.sh လေးရလာတယ်။ အဲဒါမသွင်းခင် ကျွန်တော်တို့ java-runtime သွင်းထားဖို့လိုတယ်။ Java Runtime သွင်းဖို့အတွက် Applications -> Add/Remove… ကိုသွားပါ။ Show : ဆိုတဲ့ combo box လေးမှာ All available Applications ကိုရွေးလိုက်ပါ။ ပြီးရင် Search မှာ Sun Java လို့ရှာလိုက်ရင် Sun Java 6 Runtime တွေ့ပါမယ်။ အဲဒါလေးကို အရင်သွင်းလိုက်ပါ။ ပြီးရင်တော့ ကျွန်တော်တို့ download ချထားတဲ့ .sh file လေးကို သွင်းပါမယ်။
Netbean သွင်းရန် download ချထားတဲ့ .sh file လေးကို terminal တွင်
$chmod +x ./netbeans-6.7-ml-php-linux.sh
$bash ./netbeans-6.7-ml-php-linux.sh
အဲဒီ command တွေပြီးသွားရင်တော့ Installation Wizard တက်လာပြီး Next.. Next လေးတွေ နဲ့သွင်းလိုက်ရုံပါပဲ။
Why I use Foobar2000
အဓိက အချက်ကတော့ လုံးဝ ပေါ့ပါးတယ်.. memory လုံးဝ မစားဘူး.. firefox တောင် code name ပြောင်းပေးချင်တယ်… memory eater လို့… firefox တောင် သိပ်မကြိုက်တော့ဘူး… ကျွန်တော်က taskbar မှာ အများကြီး ဖွင့်ပြီး ဟိုဟာလုပ်လိုက်.. ဒီဟာ လုပ်လိုက် လုပ်နေတော့ memory စားသက်သာတာကိုပဲ သဘောကျတယ်။ memory ကလည်း 1 GB ပဲရှိတယ်။
Light Weight (လုံးဝပေါ့ပါးတယ်)
customize design (color တွေကို ကြိုက်သလိုပြောင်းလို့ရတယ်)
customize layout (ကိုယ်နဲ့ သင့်တော်တဲ့ Layout ကို အလွယ်တူပြောင်းလို့ရတယ်)
customize font in all (ကျွန်တော် သီချင်း ခေါင်းစဉ်တွေကို ဇော်ဂျီနဲ့ ပေးထားလို့ တော်တော်အဆင်ပြေသွားတယ်)
Good Song Quality (Winamp နဲ့ Quality အတူတူပဲ။ Winamp ထုတ်တဲ့လူတွေပဲ လုပ်ထားတာကြောင့်ဖြစ်မယ်)

