PDF (PDF Fixed in firefox)

PDF ဆိုတာ

PDF ဆိုတာကိုတော့ ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ portable document file ပေါ့။ PDF ကို adobe acrobat နဲ့ အရင်တုန်းက လုပ်ခဲ့တယ်။ ခုနောက်ပိုင်းတော့ Free များနဲ့ အသုံးပြုနေပါတယ်။

PDF Printer

PDF ကို လုပ်ဖို့အတွက် pdf printer လိုပါတယ်။ pdf printer ကို adobe acrobat professional မသုံးပဲနဲ့ Free ရတဲ့ pdfcreator ကို အသုံးပြုနိုင်ပါတယ်။ pdfcreator ကို download ချပြီးတော့ သွင်းလိုက်ပါ။ ပြီးရင် pdf လုပ်ချင်တဲ့ page ကို print ထုတ်လိုက်ပါ။ အဲဒီအခါ printer dialog တက်လာပါမယ်။ Printer ကို PDFCreator ရွေးပေးလိုက်ပါ။ ခဏနေရင် save လုပ်ဖို့ dialog တက်လာမယ်။ အဲဒီအခါ ရွေးပြီး save လုပ်လိုက်ရုံပါပဲ။ တကယ်လို့ save dialog box မတက်လာရင်တော့ pdf creator ဆိုတဲ့ program လေး desktop ပေါ်မှာ သို့မဟုတ် Start Menu -> All Programs -> PDFCreator -> PDFCreator ဆိုတဲ့ program လေးကို ဖွင့် လိုက်ပါ။ အဲဒီအခါ dialog box တက်လာပါမယ်။ အကောင်းဆုံးကတော့ PDF print မထုတ်ခင် pdfcreator program လေး ဖွင့်ထားတာ ပိုကောင်းတာပေါ့။

PDF Reader

PDF reader အတွက် ကျွန်တော်က ပေါ့ပါး မြန်ဆန်တဲ့ foxit reader သုံးပါတယ်။ Free လည်းရသလို ပေါ့လည်း ပေါ့ပါတယ်။ memory အစားသက်သာတဲ့အတွက် foxit reader ကို အသုံးပြုပါတယ်။ foxit reader သုံးရင် firefox မှာ pdf file ကို ဖွင့်ရင် ပြဿနာ တက်တယ်ဗျ။ firefox မှာ pdf download ပြီးမှ ပွင့်လာတတ်တယ်။ အဲဒီအတွက် firefox -> Tools –> Options… -> Applications က search ဆိုတဲ့နေရာမှာ foxit လို့ရိုက်ကြည့်လိုက်ပါ။ Foxit Reader Document မှာ Action ကို Save File ကို ရွေးလိုက်ပါ။ တကယ်လို့ မတွေ့ရင်တော့ pdf လို့ ရိုက်ရှာကြည့်ပါ။ PDF Document ကို Save File လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါမယ်။

TurnOffMonitor

ခင်ဗျားတို့တော့ မသိဘူး… ကျွန်တော်ကတော့ 6 cell Battery လေးဖြစ်တာကြောင့် ၁ နာရီကျော်ကျော်ပဲ ခံတယ်။ တစ်ခါတစ်လေ download ချတဲ့  ဒါအေခါမှာ Laptop Monitor လေးပိတ်ထားလို့ရရင် battery အစားသက်သာသွားမယ်ထင်တယ်ဗျ။ LCD ကလည်း battery သုံးတာကို။ အဲဒါကြောင့် C# နဲ့ program လေးရေးထားတယ်။ goolge ကနေ ရှာပြီး နည်းနည်းပါးပါးပြင်ထားတာပဲပေါ့…

Download

Jquery Offline API Docs Air App

Jquery နဲ့ ပတ်သက်တဲ့ docs site တစ်ခုလုံး offline ရရင်ကောင်းမယ်ဆိုပြီး google မှာရှာလိုက်တာ adobe air app လေးရလိုက်တယ်။ ရတဲ့ site ကတော့

remysharp.com/2008/07/04/jquery-api-update-offline-and-anywhere/

ကနေပါ။ သွင်းပြီးရင် update တော့လုပ်ရတယ်။ တော်တော်လေးကို ပြည့်စုံပြီး အသုံးဝင်ပါတယ်။ ကျွန်တော့်အတွက်တော့ jquery က အဆင်ပြေပြီးရင်း ပြေနေတာပဲ…. :)

Panda introduces cloud-based free antivirus

AVG လိုမျိုး Panda ကလည်း Free Antivirus ထုတ်ပါပြီ… Panda ကိုတော့ တော်တော်များများသိပြီးသားနေမှာပါ.. Antivirus တွေ Internet Security တွေ ထုတ်နေတဲ့ company တစ်ခုပါ.. အခုဟာက personal အတွက်ပဲ ရည်ရွယ်ပြီးထုတ်လုပ်ထားပြီး free ပေးထားတာပါ… အခြား antivirus တွေနဲ့ မတူပဲ Worms Trojan Virus တွေကိုပါ တစ်ခါတည်းစစ်ပေးပါတယ်… အဲဒီ cloud antivirus ကို ၃ နှစ်အချိန်ယူပြီး ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်..

ကျွန်တော်ပြောင်းသုံးမယ်မို့ စဉ်းစားမိတဲ့အချက်ကတော့ 50 MB လောက်ပဲ နေရာယူပြီး 17 MB RAM လေးပဲအသုံးပြုတယ်ဆိုတာပါပဲ… ဟုတ်မဟုတ်တော့ မစမ်းကြည့်ရသေးဘူး… လက်ရှိ kaspersky 7 သုံးနေတာက memory ကို အများကြီး အသုံးပြုထားပြီး boot တက်ချိန်ကို ကြာစေတာကြောင့် တကယ်ကောင်းမယ်ဆိုရင် ပြောင်းသုံးသင့်တယ်လို့ ဆိုရပါမယ်… ကောင်းမကောင်းတော့ လက်ရှိမှာ မပြောနိုင်သေးဘူး နောက်ပြီး beta ပဲရှိသေးတော့ အစမ်းသပ်ခံ မဖြစ်ချင်သေးဘူး… ကိုယ့်စက်ထဲမှာ data တွေက အများကြီးဆိုတော့ နောက်ပြီး အခုအချိန်မှာ beta ဖြစ်သေးတာကြောင့်လည်းမသိဘူး.. offline update မပေးတဲ့အတွက်ကြောင့် အင်တာနက် မရှိတဲ့သူတွေ အတွက် အဆင်ပြေတဲ့ antivirus တော့ မဟုတ်ဘူးဗျ..

စမ်းချင်ရင်တော့ 18.13 MB သာ ရှိပါတယ်။ နောက်ပြီး key ကိုတော့ email ကနေ free ပို့ပေးပါတယ်ဗျာ။

http://www.cloudantivirus.com

DesktopIconToy

ကျွန်တော်တို့တွေ Windows မှာ icon align ကို ဘယ်ဘက်ကို အမြဲ ကပ်ထားတာပဲ.. တစ်ခါတစ်လေ mac လိုမျိုး ညာဘက်ကို မကပ်ထားချင်ဘူးလား.. ဒါမှမဟုတ် အပေါ်ကနေစီမယ်… ဒါမှမဟုတ် အောက်ကနေ စီမယ်.. အမျိုးမျိုးထားချင်လား… windows မှာတော့ အဲဒီအတွက် function မရှိပေမယ့် DesktopIconToy ဆိုတာလေးရှိပါတယ်… သူက layout ကို အမျိုးမျိုးချလို့ရတယ်.. ပေါ့လည်းပေါ့တယ်.. နောက်ပြီး icon တွေကို အသည်းပုံ ကြယ်ပုံ စတာတွေလည်း စီလို့ရတယ်… စိတ်ဝင်စားသူတွေ ကလိလိုသူတွေ စမ်းလို့ရတယ်..

http://www.idesksoft.com/download.html

AIMP 2

တော်တော်လေးကောင်းတဲ့ music player လေးပါ… winamp ထက်ကောင်းတယ်လို့ ထင်ရတယ်.. song quality ကတော့ itune ကိုမမှီဘူး.. ဒါပေမယ့် အခြား feature လေးတွေကတော့ မဆိုးဘူး.. ကြိုက်တာက သူ့ရဲ့ default theme လေးကိုပါ… အခုတလော AIMP လေးနဲ့ပဲ သီချင်းနားထောင်ဖြစ်နေတယ်..

http://www.aimp.ru/index.php?do=lang-en