Fedora 10 အတွက် ဇော်ဂျီ keyboard တကယ်ရပြီ

အခုလက်ရှိ fedora ကနေ zawgyi နဲ့တင်လိုက်တာနော်။ မယုံမှာဆိုးလို့ ပုံလေးနဲ့ ပြထားလိုက်တယ်။ အဲ.. copy paste မဟုတ်ဘူးဗျ။ fedora အတွက် ကျွန်တော် အရင်က ubuntu က deb package ကနေ rpm ပြောင်းထားတာ။ ပြသနာတွေကတော့ အများကြီးပဲဗျ။ ဘယ်လောက်များလဲဆိုတာတော့ မမေးနဲ့။ သွင်းလို့ကို မရတာ။ ဘယ်ရမလဲဗျာ။ ကျွန်တော့်မှာက fedora လည်းမရှိ။ နောက်ပြီး fedora ရဲ့ command တွေမသိတာလည်းပါတယ်။ အခုမှ ပြန်ကြည့်မိတယ်။ အကုန်အမှားတွေအများကြီးပဲ။ အခုတော့ fedora 10 ကို VirtualBox နဲ့ run ပြီးတော့ keyboard ကို ပြန်လုပ်လိုက်တယ်။ နောက်ပြီး rpm package လုပ်နည်းလည်း လေ့လာလိုက်ရတယ်။ လေ့လာလိုက်တော့ သိလိုက်တယ်။ အမှန်တိုင်းပြောရရင် ဖတ်တာနဲ့ တကယ်လုပ်တာက တလွဲတွေ။ error message တွေကနေ တဆင့်လေ့လာသင်ယူလိုက်တာပါ။ အဲ.. စာကြောတောင် နည်းနည်းရှည်သွားတယ်။ Continue reading

Twhirl

Adobe Air program လေးပါ။ ကျွန်တော်တို့ twitter ကို အသုံးပြုတဲ့လူတွေအတွက်တော့ သုံးလို့ကောင်းပြီး လှပတဲ့ program လေးပါ။ လိုအပ်တာကတော့ Adobe Air ပါ။ လှပတဲ့ Design လေးနဲ့ ကိုယ့်ကို reply ပြန်တာနဲ့ ကိုယ်က သူများကို reply လုပ်တာ။ ကိုယ်တင်ထားတာ စတာလေးတွေကို ခွဲပြီးပြထားပေးတယ်။ တကယ်လို့ စိတ်ဝင်စားတယ် သုံးကြည့်ချင်တယ်ဆိုရင်တော့  www.twhirl.org မှာ download ချနိုင်ပါတယ်။ အဲ… adboe air သွင်းထားဖို့တော့ လိုတယ်နော်။

I Like Picasa 3

ဒီနေ့မှ Picasa 3 ကို သုံးကြည့်မိတယ်။ အရင်တုန်းက ကျွန်တော် Picasa ကို လုံးဝ မကြိုက်ဘူး။ Picasa web ပေါ်မှာတင်ရတာ အဆင်မပြေလို့လေ။ နောက်ပြီး သုံးရတာ သိပ်ပြီး လက်ဝင်တာ။ အခု version 3 လည်းရောက်ရော ကျွန်တော် အရင်က ထင်သလိုမဟုတ်တော့ပဲ တော်တော်လေးကို ကောင်းလာတယ်ဗျ။ အထူးသဖြင့် GUI ပိုင်းပေါ့။ အခုဆိုရင် Windows မှာပါတဲ့ Picture Viewer မသုံးပဲ Picasa ကို မရှိမဖြစ် ထည့်သွင်းထားရပြီ။ နောက်ပြီးတော့ Web ပေါ်မှာ upload တင်ရတာ အရမ်းကောင်းတယ်ဗျ။ ကိုယ့် picasa မှာ ကိုယ်ကြိုက်တဲ့ပုံလေးတွေကို ရွေးပြီး upload တင်လိုက်ရုံပဲလေ။ နောက်ပြီးတော့ resize ပါ တစ်ခါတည်း ချုံ့ပေးတော့ တော်တော်အဆင်ပြေတယ်ဗျာ။ ကျွန်တော်ကတော့ လက်ရှိ Picasa က မရှိမဖြစ်လို့ဆိုလို့ရလိမ့်မယ်။ အင်တာနက်ရှိပြီးတော့ picasa web ကို အမြဲ သုံးနေတဲ့လူဆိုရင်တော့ picasa 3 ကို မဖြစ်မနေ သုံးသင့်တယ်ဗျ။ နောက်ပြီး သမာရိုးကျ design မဟုတ်တော့ပဲ ဓာတ်ပုံ rotation effect လေးတွေနဲ့ တော်တော်လေးကို လှပါတယ်။ သုံးရတာလည်း ပျော်ဖို့ကောင်းပြီး ဓာတ်ပုံတွေကို လွယ်လွယ်ကူကူပြင်နိုင်ပါတယ်။ တစ်ခုပဲရှိတယ်။ CMYK ပုံတွေ မဖတ်နိုင်တာပါ။ RGB ကိုကောင်းစွာ ဖတ်နိုင်ပေမယ့် CMYK ပုံတွေကိုတော့ ဖတ်တဲ့အခါမှာ ကာလာက ကြောင်ထွက်သွားပါတယ်။ ဘာပဲပြောပြော သင့်စက်ထဲမှာ ထည့်ထားသင့်တဲ့ software တစ်ခုပါပဲ။

Habari

wordpress လောက်တော့ မကောင်းသေးပေမယ့် ပေါ့ပါး မြန်ဆန်ပြီး အောင်မြင်လာနိုင်တဲ့ project တစ်ခုပါ။ JQuery နဲ့ PHP ကို တွဲသုံးထားပြီး wordpress ထက် ရိုးရှင်းတဲ့ GUI ကို အသုံးပြုထားတယ်။ ဒါပေမယ့် wordpress လောက် theme မများသေးခြင်း နှင့် wordpress ရဲ့ one-click installter လိုမျိုး မရှိသေးတာလည်း မကောင်းဘူးပေါ့။ wordpress ကို ကျွန်တော် ကြိုက်တာက plugin တွေ theme တွေကို download ချစရာမလိုပဲ သွင်းလို့ရတာကို ကြိုက်တာ။ Continue reading

IcoFX1.6 Portable

အရင်တော့ icon workshop ဆိုတာလေးသုံးတယ်။ အခုတော့ IcoFX လေးပြောင်းသုံးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Free လည်းဖြစ်တယ်။ size လည်းသေးတယ်။ နောက်ပြီး png to ico  အပြင် အခြား image format တွေကနေ icon ပြောင်းလို့ရတယ်လေ။ အခု ကျွန်တော်လုပ်ထားတဲ့ IcoFX 1.6 portable လေးမျှဝေလိုက်ပါတယ်။

Download Here

MySQL UTF-8 Convertor

တချို့တွေအတွက်တော့ လိုချင်မှ လိုလိမ့်မယ်။ တချို့တွေအတွက်ကတော့ မရှိမဖြစ်ပေါ့။ ကျွန်တော့်အတွက်လည်း မရှိမဖြစ်ပဲ။ ကျွန်တော်အရင်တုန်းက Fantastico De Luxe ကနေပြီးတော့ wordpress ကို သွင်းဘူးတယ်။ အဲမှာ ရွာစပတ်တာပဲ။ မြန်မာလို ဘယ်လိုမှ ရိုက်လို့မရဘူး။ ??? တွေပဲပေါ်လာတယ်။ ဘာဖြစ်လို့ အဲလိုဖြစ်ရတာလဲဆိုတော့ mysql database မှာ Latin ဖြစ်နေတာပဲ။ တကယ်လို့ UTF-8 တာဆိုရင် code လေးနည်းနည်းပြင်စမ်းလိုက်ရင် ရအုံးမယ်။ ဒါပေမယ့် Table တစ်ခုခြင်းစီ Field တစ်ခုခြင်းစီ လိုက်ပြင်ဖို့ မလွယ်ဘူး။ ဒါနဲ့ နောက်ဆုံးမှာတော့ အစအဆုံး upload ပြန်တင်လိုက်ရတယ်။ တကယ်တန်း ကျွန်တော်တို့ one click install သွင်းလို့ရနေရဲ့သားနဲ့ upload တင်ရတာအလုပ်မဟုတ်ဘူးဗျာ။ ကျွန်တော်တို့မှာ Latin ကနေ UTF-8 ပြောင်းလို့ရရင် ကောင်းမယ်။ အဲဒါဆိုရင် အများကြီးအဆင်ပြေလာလိမ့်မယ်။
Continue reading

Without Windows OS

ကျွန်တော်တို့တွေ စိုးရိမ်ကြောက်ရွံ့နေရတယ်။ တကယ့်ကို international လိုင်စင်ကြီးနဲ့ windows ကိုဝယ်သုံးရရင် ဘယ်လိုလုပ်မလဲ။ အခုအချိန်မှာတော့ ကျွန်တော်တို့တွေ သိပ်ပြီးကြောက်စရာမလိုတော့ပါဘူး။ ကျွန်တော်တို့တွေဟာ Linux မိသားစုကို ရင်းရင်းနှီးနှီးရှိလာလေပြီ။ ဒါပေမယ့်လည်း windows က program တော်တော်များများ run မရတာ။ windows နဲ့မတူတဲ့အပိုင်းတွေ များတာကြောင့် Windows ကနေ Linux ကိုချက်ခြင်းပြောင်းသုံးဖို့က အဆင်မပြေသေးပြန်ဘူးလေ။ ဒီလိုမျိုး user အတွက်

Continue reading