Ubuntu 8.10 Coming Soon

ကိုယ့်ရဲ့ sidebar တွေမှာ

<script type=”text/javascript” src=”http://www.ubuntu.com/files/countdown/display2.js”></script>

လေးထည့်လိုက်ပြီး Ubuntu 8.10 ကိုကြိုဆိုရအောင်ဗျာ…

ဒါမှမဟုတ် http://www.ubuntu.com/getubuntu/countdown ကိုသွားပြီး ကိုယ် ကြိုက်တဲ့ design လေးယူလို့ရပါတယ်ဗျာ

ထွက်ပြီးမကြာခင်မှာရအောင် အခုကတည်းက မှာထားရအောင်ဗျာ… CD ခွေကို တောင်းချင်ရင်တော့ https://shipit.ubuntu.com/ ကိုသွားရောက်ပြီး တောင်းယူနိုင်ပါတယ်…

GetDEB

Ubuntu မှာ ဘာတွေ သုံးလို့ရလဲ မေးမေးနေသူတွေအတွက် http://www.getdeb.net ဆိုတဲ့ website လေးကို ညွှန်းပါရစေ။ Windows က Game တွေ ကစားလို့မရလို့ စိတ်မပျက်ပါနဲ့။ Windows Game လောက်မကောင်းပေမယ့် ကစားလို့ကောင်းတဲ့ Linux Game လေးတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကိုယ်လိုအပ်တဲ့ software တွေကို Categories နဲ့ရှာဖွေနိုင်တယ်။ သုံးမကုန် စမ်းမကုန်အောင် များပြားလှပါတယ်။ ဘာကောင်းလဲဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် စျေးကတော့ လူတိုင်း ဝယ်မရတဲ့စျေးနှုန်းနဲ့ download ချနေရပါတယ်။ ဘာဖြစ်လို့ဝယ်မရလဲဆိုတော့ free ဖြစ်နေလို့ပါပဲဗျာ….

New Software in this month

ကျွန်တော် သိသလောက်ပေါ့…

၁. silverlight 2 ထွက်လာပြီ။ ကြာပြီလားတော့ မသိဘူး။ ဟိုနေ့ကမှ စာတွေ ပြန်ဖတ်မှ တွေ့မိလို့ ကျွန်တော့်အတွက်တော့ အခုမှသိတာပဲ။

၂. Openoffice 3.0 ထွက်ပြီ။ Ubuntu မှာ Upgrade လုပ်ရအုံးမယ်။

၃. GIMP အသစ်ထွက်တယ်။ Ubuntu မှာ အဲဒါလည်း upgrade လုပ်ရမယ်။

၄. Flock 2.0 ထွက်ပြီ။ စောင့်ရတာ တော်တော်ကြာပြီ။ facebook သမားတွေအကြိုက် browser တစ်ခုပေါ့။ Firfox 3.0 ကို အခြေခံပြီး ထုတ်ထားတာလေ။

၅. Revo Uninstaller လည်း အသစ်ထွက်ပြီ။ ကျွန်တော်ကတော့ windows မှာ အဲဒါကို uninstall ချတိုင်း အဓိကအသုံးပြုတယ်။

About Google Chrome

ကျွန်တော်လည်း Chrome အကြောင်းကြီးပဲ ပြောပြောဖြစ်နေတယ်။ အခုလည်း ထပ်ပြောလိုက်အုံးမယ်။ Chrome မှာပါတဲ့ about အကြောင်းလေးတွေပေါ့။ Firefox မှာတုန်းကတော့ address bar မှာ about:config နဲ့သွားပြီး font တွေပြင်ခဲ့တာ မှတ်မိမှာပါ။ အခုလည်း Google Chrome မှာ about: တွေပါပါတယ်။ ရှိတဲ့ about တွေကတော့
* about:memory
* about:stats
* about:network
* about:internets
* about:histograms
* about:dns
* about:cache
* about:plugins
* about:version

စတာတွေပါ။

Continue reading

Traditional Launcher in Windows

Launcher တွေ Dock တွေက windows အတွက် အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ကြိုက်တော့ မတွေ့ဘူးဗျ။ ကျွန်တော့် အကြိုက်ဆုံး Launcher ကတော့ ဝေဖြိုးပြောပြတဲ့ run ကနေ သွားတာပဲဗျ။ ကျွန်တော် အရင်ကတည်းက run ကနေပဲ သွားတာ။ ဝေဖြိုးရေးတာ တွေ့တာနဲ့ပဲ ကျွန်တော်လည်း ပြန်မျှဝေလိုက်ရတာ။

Continue reading