Posterous

ရန်ကုန်ကလူတွေတော့ Posterous ကို သုံးလို့ရမရ မသိဘူး။ Posterous က blogspot လိုမျိုး blog site တစ်ခုပါပဲ။ blog တွေကို လွယ်လွယ်ကူကူ ဖန်တီးလို့ရသလို လှပတဲ့ Theme တွေလည်း တော်တော်များပါတယ်။ Tumblr လိုမျိုး posterous Blog တွေကိုလည်း subscribe ( Follow ) လုပ်လို့လည်း ရပါတယ်။

Why posterous

Tumblr ဟာ blogpost ကို လွယ်လွယ်ကူကူနဲ့ တင်လို့ရပါတယ်။ နောက်ပြီးတော့ audio နဲ့ video တွေတင်ရတာ အရမ်းလွယ်ပါတယ်။ Posterous မှာ အကြိုက်ဆုံးအပိုင်းကတော့ blog ရေးသာထက် bookmarklet ပဲ။ ကိုယ်ကြိုက်တဲ့ website တွေကို လွယ်လွယ်ကူကူ bookmark လုပ်လို့ရအောင် ဖန်တီးပေးတာပါ။ ဥပမာ ကြည့်ချင်ရင်တော့ http://saturngod.pulsememe.com မှာ ကြည့်နိုင်ပါတယ်။ နောက်ပြီးတော့ email နဲ့ လွယ်လွယ် post တင်လို့ရပါတယ်။ iPhone အတွက် app ရှိပေမယ့် ipad အတွက်တော့ မရှိသေးပါ။

Continue reading

အပြောင်းအရွှေ့ – ၂

ကျွန်တော် အပိုင်း ၁ ကိုတော့ ရေးပြီးပါပြီ။ အပိုင်း ၁ မှာတော့ အလုပ်ရတဲ့ အကြောင်း ကို ရေးပြီးပါပြီ။

အဲ.. အလုပ်လည်း ရတယ်။ ဒီဘက်ကိုလည်း အလုပ်ထွက်မယ်လို့ ပြောလိုက်ပြီ။ ကျွန်တော့် အမှားက အဲမှာ စတာပဲ။ ဒီဘက်က EP status မသိရသေးခင် အလုပ်ထွက်ဖို့ အကြောင်းပြောလိုက်တာပဲ။ ပုံမှန် အားဖြင့် တော်တော်များများက EP status သိရမှ အလုပ်ထွက်စာတင်ကြပါတယ်။ ကျွန်တော်က ဒီဘက် ကနေ EP မလျှောက်ရသေးခင် ထွက်စာတင်လိုက်တော့ စိတ်မချရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။
Continue reading

NSObject with NSUserDefaults

ဒီနေ့တော့ တနေကုန်သွားတယ်။ NSMutableArray ထဲမှာ NSObject ထည့်ပြီးတော့ NSUserDefaults ထဲမှာ သိမ်းတာ လုံးဝကို မရဘူး ဖြစ်နေတယ်။ အစက NSMutableArray က သိမ်းမရဘူး ဖြစ်တာ ထင်ပြီး အဲဒီ keyword နဲ့လိုက်ရှာပြီး ဖြေရှင်းကြည့်သေးတယ်။ ပြီးမှစဉ်းစားမိတယ်။ အကြမ်းရေးထားတုန်းက  NSMutableArray ပါပဲ။ ဒါပေမယ့် NSObject မသုံးထားတာပဲ ရှိတယ်ဆိုပြီး စဉ်းစားမိပါလေကော။ အဲဒါ စဉ်းစားမိချိန်ကလည်း ညရောက်နေပြီ။ မနက်တုန်းက ရှာတုန်းကတော့ NSObject ကို NSUserDefaults ထဲ ထည့်လို့မရဘူး။ NSData ပြောင်း Archive လုပ်ပြီး ထည့်။ ပြီးမှ ပြန်ထုတ်တဲ့အခါမှာ NSData နဲ့ ပြန်ထုတ်။ Unarchive လုပ်။ ဘာတွေ မှန်းလဲ မသိ။

Continue reading

VB6 suck ?

မနေ့က အောင်စည်သူနဲ့ Food court မှာ စကားပြောဖြစ်တယ်။ ထုံးစံအတိုင်း computer သမားဆိုတော့ စကားပြောတော့ computer အကြောင်းရောက်သွားတယ်။ သူက ပြောတယ် သူ VB6 လုပ်လိုက်တာ အချိန် တော်တော်ကုန်သွားပြီး C++ ကို မလုပ်မိလိုက်တာ မှားသွားတယ်ပေါ့။ VB6 နဲ့ သူ အလုပ်လုပ်ခဲ့တဲ့ Project အကြောင်းလေးလည်း ပြောဖြစ်တယ်။ ကျွန်တော်ကကော …. အင်း.. ကျွန်တော်လည်း VB 6 နဲ့ ၂ နှစ်လောက် အချိန်ကုန်သွားတယ်။ UCSY ကျေးဇူးနဲ့ C++ ကို စပြီး သိခဲ့ရတာ။ နောက်မို့ဆို သိဖြစ်မယ်မထင်။ အခု အချိန်ထိ လေ့လာဘူးတဲ့ language တွေထဲမှာ VB6 နဲ့ Python က အလွယ်ဆုံးပဲ လို့ ဆိုရမှာပဲ။ အဲ… Python နဲ့ကတော့ ဘာ project မှ မရေးဘူးပါ။ Django လုပ်မယ်ဆိုပြီး နည်းနည်းပါးပါး ဖတ်ဘူးတာပဲ ရှိတယ်။ အခြား language တွေလေ့လာရတာထက် လွယ်တယ်လို့ ဆိုရမယ်။ VB 6 ကို ပထမဆုံး Programming Language အနေနဲ့ စတင်ထိတွေ့ခဲ့ရတာကတော့ ဗိုလ်တထောင် ကောလိပ်မှာ SE diploma တက်တုန်းကပေါ့။ Programming ဆိုတာ ဘာမှန်းမသိ။ Virus က programming နဲ့ ရေးရတာ။ Game က Programming နဲ့ ရေးရတာ စသည်စသည်တွေကြောင့် Diploma သင်တန်းကို တက်ဖြစ်ခဲ့တာပေါ့။
Continue reading

Idea တွေ Idle ဖြစ်ခြင်း :: Part 2

Idea တွေ Idle ဖြစ်ခြင်း အပိုင်း ၁ မှာတော့ Resource , Lazy , No Deal ဆိုပြီး ရေးခဲ့ပြီးပါပြီ။ အခုကတော့ အပိုင်း ၂ ပေါ့။

Believe

ကျွန်တော်တို့တွေဟာ ကိုယ့် Idea ကို ကိုယ် မယုံကြည်ခြင်းကလည်း Idle ဖြစ်စေခြင်း တစ်ကြောင်းဆိုလည်း မမှားပါဘူး။ ငါ idea အတိုင်းလုပ်လိုက်ရင် မအောင်မြင်ရင် ဒုက္ခ။ ငါ့ idea က အဲလောက်ကြီး မကောင်းဘူးထင်တာပဲ။ စသည်စသည်ဖြစ် ကိုယ့်ကိုယ် ယုံကြည်ချက် မရှိကြပါဘူး။ အချိန်မတန်သေးပါဘူး။ ငါလုပ်လို့ မဖြစ်ပါဘူး ဆိုပြီး ကိုယ့်ကိုယ် အားပေးရမယ့် အစား ကျွန်တော်တို့တွေဟာ ကိုယ့် idea တွေကို သတ်ပစ်ဖို့ ကြိုးစားနေကြပါတယ်။ သို့ပေမယ့်လည်း ကိုယ့် idea အတိုင်း အခြားသူ တစ်ယောက်လုပ်သွားတဲ့အခါ .. ဟာ ဒါ… ငါစဉ်းစားထားတာပဲ ဆိုပြီး နောင်တရ မကျေမနပ်တွေ ဖြစ်ပြီး ကျန်ခဲ့ရတာပေါ့။
Continue reading

Custom Post Type in Wordpres 3

ပြီးခဲ့တဲ့ အပတ်က project တစ်ခုမှာ Custom Post Type ကို အသုံးပြုလိုက်ရတယ်။ Custom Post Type နဲ့ အတူ Custom taxonomy ကို ပါ သုံးလိုက်ရတယ်။ ဘာလို့ သုံးရတာလဲ။ တကယ်တန်းတော့ Post တစ်ခုတည်းနဲ့ တင်ရပါတယ်။ WordPress 3 မတိုင်ခင်ကဆိုရင်တော့ Post နဲ့ တင်ဖြစ်ပါတယ်။ WordPress 3 မှာ Custom Post Type နဲ့ Custom taxonomy ပါလာလို့ စမ်းချင်တာကြောင့်လည်းပါတယ်။ Custom Post Type နဲ့ Custom Taxonomy မရှိခင်တုန်းက Post မှာတင် ရှုပ်နေတာပဲ။ Custom Field တွေကလည်း တော်တော်ရှုပ်တယ်။ Category တွေက အရမ်းများသွားတယ်။ ဥပမာ။။ Country နဲ့ Brand ဆိုပြီး category အောက်မှာ sub category ရှိတယ်ဗျာ။ အဲဒီတော့ User က Add New မှာ တင်တော်တော် လေးကို ရွေးရခက်တယ်။ Country Category ကိုလည်း check လုပ်ဖို့ လိုသလို Brand Category ထဲက တစ်ခုကိုလည်း check လုပ်ရပါတယ်။
Continue reading

Idea တွေ Idle ဖြစ်ခြင်း

Myanmar Tutorial မှာ Idea လား idle လား ဆိုတာလေးကို ဖတ်မိပြီး ဒီ အကြောင်းလေး ရေးမယ်လို့ စဉ်းစားထားတာ အခုမှပဲရေးဖြစ်တော့တယ်။

Resource

ကျွန်တော်တို့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် လိုအပ်တာကတော့ Resource ပဲ။ အဓိကလိုအပ်တဲ့ Resource ၃ မျိုးရှိတယ်။ Money | Time | Human (skill and knowledge) ။ အဲဒီ ၃ မျိုးထဲက ၂ ခု ပြည့်စုံမှ ကျွန်တော်တို့တွေ idea တွေ စတင်နိုင်မယ်။ ၁ ခု တည်းပြည့်စုံလို့ မရဘူးလား ဆိုတော့ ရတော့ ရတယ် မပြည့်စုံဘူးလို့ပဲ ဆိုရမယ်။ ကျွန်တော်တို့တွေ စဉ်းစားကြည့်ရအောင်
Continue reading

readability on wordpress

ဟိုနေ့က iReader လေး ရေးရင်း iReader မသုံးပဲနဲ့ကော blog တွေမှာ ပေါ်အောင် လုပ်လို့မရဘူးလား လို့စဉ်းစားမိတယ်။ iReader က readability နဲ့ safari reader ၂ ခုကို ပေါင်းထားတာ။ ဒါနဲ့ readability ကို သုံးဖို့ ဆုံးဖြတ်လိုက်တာ။ အဲဒါနဲ့ wordpress plugin တစ်ခု ကောက်ရေးပြီး လက်ရှိ blog နဲ့ mz blog မှာ စမ်းထားတယ်။ public တော့ မထုတ်သေးဘူး။ public ထုတ်ရင် setting တွေထည့်ရမှာ အလုပ်ရှုပ်လို့။ setting page လေး မရေးချင်လို့ public ကတော့ စိတ်ကူးပေါက်မှပဲ ထုတ်တော့တယ်။ အခု MZ blog နဲ့ ကျွန်တော့် blog ကို pdf ထုတ်ချင်တဲ့သူတွေကတော့ readability ဆိုတာလေးကို နှိပ်ပြီး ဘယ်ဘက်က print နဲ့ ထုတ်လို့ရတယ်။ အဲ.. pdf printer တော့ ရှိဖို့လိုတာပေါ့။