HTML5 section

HTML 5 section ကို ဒီနေ့မှ စမ်းကြည့်တယ်။ တော်တော်မိုက်တာပဲ။ contenteditable ကို အကြိုက်ဆုံးပဲ အရင်က content တွေကို editable ဖြစ်ဖို့ jquery နဲ့ ရေးရတယ်။ အခုတော့ လွယ်ပါ့။ editable ဖြစ်ချင်ရင် contenteditable ကို true ပေးလိုက်ရုံပဲ။ jquery နဲ့ ပေါင်းပြီး သုံးလိုက်တော့ inline edition က အရမ်းလွယ်သွားပြီ။

<section contenteditable=”true”>ဒီစာကို ပြင်လို့ရတယ်။</section>

HTML5 ကို သဘောကျပြီး ကျလာတာတော့ အမှန်ပဲ။

Meet the new language

ဘာလိုလိုနဲ့ iPhone SDK ကို လေ့လာတာ ၅ လ လောက်ရှိသွားပြီထင်တယ်။ January က စပြီး လေ့လာဖြစ်တယ်လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ iPhone SDK Alert Box ဆိုတဲ့ post လေး ရေးခဲ့ဘူးလို့ပါ။ အဲတုန်းကတော့ Alert box တောင် မရေးတတ်သေးဘူး။ လုံးဝ စလုံးရေ စဆိုပါတော့။ ကျွန်တော် ၅ လ အတွင်း မှာ Objective C ကို သိရုံလေး သိလာတယ်။ တနည်းပြောရင် သူများရေးထားတာ ကူးချတတ်လာတယ်ပေါ့။  language အသစ်တစ်ခုကို ငါ ဘယ်လို လေ့လာခဲ့လဲဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစားမိတယ်။

Continue reading

Why Flash won’t die ?

မနေ့တုန်းကတော့ Flash Future ဆိုပြီး ကျွန်တော် ရေးပြီးပါပြီ။ Flash ဟာ အနာဂတ်မှာ ပျောက်ဆုံးသွားမှာလားဆိုတဲ့ မေးခွန်း တစ်ခုကို ဖြေရမယ်ဆိုရတော့ မပျောက်ဆုံးပါ။ မသေဆုံးနိုင်ပါ။ Adobe ဟာလည်း flash ကို သေဆုံးခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ပြီး blog post တွေ တော်တော်များများမှာ Flash နဲ့ HTML 5, jquery ဟာ ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာပြီ လို့ ရေးလာကြပါတယ်။ တကယ်တန်းစဉ်းစားကြည့်မယ်ဆို ဟုတ်သလိုလိုနဲ့ မဟုတ်ပြန်ဘူး။ ဘာဖြစ်လို့ Flash က မသေဆုံးနိုင်တာလဲ။
Continue reading

Flash Future ?

ဒီနေ့ Flash နဲ့ ပတ်သက်ပြီး နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို ထူးတေဇာ ရဲ့ twitter status ကနေ link ရလို့ဖတ်ဖြစ်လိုက်တယ်။ Opera က HTML5 video ကိုပဲ support လုပ်မယ်ဆိုတာလေးပါ။ အကုန်လုံး သိကြတဲ့အတိုင်းပဲ Flash က iPhone, iPodTouch, iPad တွေမှာ မရသလို အသစ်ထွက်ရှိမယ့် iPhone OS 4 မှာလည်း အများမျှော်လင့်သလို မပါဝင်ခဲ့တာ သိကြပြီးတဲ့အတိုင်းပဲ။ ပထမဆုံး Apple က Flv တွေအစား HTML5 ကို video မှာ အသုံးပြုဖို့စတင်ခဲ့တယ်။ HTML5 အတွက် mp4 ကို အသုံးပြုခဲ့တယ်။ အဲလိုပဲ Google ကလည်း HTML5 video ကို စတင် support လုပ်ပြီး youtube မှာ HTML5 video version ကို စမ်းသပ်သုံးစွဲလို့ရနေတာ ကြာပါပြီ။ နောက်ပြီး မကြာခင်မှာ Google Docs တစ်ခုလုံးဟာ HTML5 ကိုပဲ အဓိက သုံးသွားတော့မှာပါ။ Microsoft ကလည်း အသစ်ထွက်မယ့် IE 9 မှာ HTML5 video ကို စတင်ပြီး support လုပ်ပါတော့မယ်။ Opera ကလည်း HTML5 video ကို support လုပ်နေပါပြီ။

Continue reading

Ogv / Ogg

ကျွန်တော်တို့ HTML5 နဲ့ video တွေ audio တွေ ဖန်တီးတဲ့အခါမှာ လိုအပ်တာကတော့ Ogv / Ogg convertor တွေပါပဲ။ Video တွေကို Ogv သို့မဟုတ် Ogg ကို ပြောင်းပြီးမှ HTML5 video အနေနဲ့ firefox , Opera တို့မှာ ရမှာပါ။ MP4 ကတော့ Safari တို့ chrome တို့မှာ အဆင်ပြေပါတယ်။ Audio အတွက်ကတော့ firefox , opera တို့က Ogg ပဲ ဖြစ်ပေမယ့် Safari , Chrome တို့ကတော့ MP3 ကို အသုံးပြုပါတယ်။ IE မှာကော လို့မေးမလို့လား။ IE က version 9 မှ HTML5 ကို support လုပ်မှာဆိုတော့ အခုအချိန်မှာ မေ့ထားလိုက်တာ အကောင်းဆုံးပဲ။ IE က Web browser လောကမှာ နောက်ကျလွန်းနေပြီ။

Continue reading

HTML5 audio

html5 video ကို လုပ်ကြည့်ရင်း audio ကို စမ်းချင်တာနဲ့ စမ်းဖြစ်သွားတယ်။ နောက်ပြီး playlist လုပ်ချင်တာနဲ့ jqueyr ui နဲ့ တွဲပြီး code ပါရေးဖြစ်လိုက်တယ်။

အခုက တစ်ပုဒ်ပြီး တစ်ပုဒ်တော့ မပြောင်းသေးဘူး။ နည်းနည်းထပ်ရေးရအုံးမယ်။

Demo

http://www.saturngod.net/project/html5audio/

Soure

http://github.com/saturngod/html5audio-jquery_ui

HTML5 Video

HTML5 video ကိုတော့ မနေ့တုန်းက video.saturngod.net အတွက် စမ်းဖြစ်လိုက်တယ်။ ပုံမှန် သမာရိုးကျကတော့

<video width="100%" height="422" controls="controls" preload="none" tabindex="0" style="background-color:#111111" poster="http://video.saturngod.net/video/2019MS_Health.jpg"" >
<source type="video/mp4" src="http://video.saturngod.net/video/2019MS_Health.mp4"></source>
<source type="video/ogg" src="http://video.saturngod.net/video/2019MS_Health.ogg"></source>
</video>

အဲဒါလေးပဲ။ mp4 က safari နဲ့ chrome တို့အတွက်ပေါ့။ webkit က mp4 မှ အလုပ်လုပ်တယ်။ ogg နဲ့ogv ကတော့ firefox , opera တို့အတွက်ပေါ့။ တကယ်လို့ video.saturngod.net မှာလို ဖြစ်ချင်ရင်တော့

<script type="text/javascript"  src="http://html5.kaltura.org/js"  > </script>

ဆိုတာလေး ထည့်ပေးလိုက်ရုံပဲ။ နောက်ပြီး video tag မှာ class=”kskin” လို့ ထည့်ပေးလိုက်ရင်ရပါတယ်။ မူရင်းကတော့ jquery UI skin ကို သုံးထားတာပါ။ အဲဒီ skin ထက် kskin ကို ပိုသဘောကျတယ်။ button နည်းပြီး ရှင်းလို့ပါ။

HTML5 က ogg က flv ထက်စာရင် size သေးပြီး loading က ပိုမြန်တဲ့အတွက် ကျွန်တော်ကတော့ flv ထက်စာရင် html5  video ကို သဘောကျတာ အမှန်ပဲ။ HTML5 video က android 2.0 မှာတော့ မရသေးဘူး။ iPhone , iPodTouch တွေမှာတော့ ကောင်းကောင်း အလုပ်လုပ်ပါတယ်။