Ubuntu 10.04 Sound Problem

တကယ်လို့ Ubuntu 10.04 မှာ sound မရရင်

terminal ကို သွား။ ပြီးလျှင်

$sudo rm -rf .pulse

လို့ရိုက်ပြီး restart ချလိုက်ပါ။

အဲဒါတောင် မရသေးရင်

$sudo apt-get install –reinstall plusaudio

လို့ရိုက်ပြီး restart ပြန်ချကြည့်ပါ။

sound preference က waiting for sound system to repond ဖြစ်နေရင်တော့ sound preference setting က လက်ရှိ သုံးထားတဲ့ sound card အတွက် preference မရှိလို့ပါ။ အခြား GUI preference ကို သွင်းပေးရပါတယ်။

$sudo apt-get install gnome-alsamixer

ကို သွင်းပေးပြီး Applications > Sound & Video > Gnome ALSA Mixer ကနေ ချိန်ညှိနိုင်ပါတယ်။

OpenSSH

OpenSSH က Ubuntu  Server မှာ သွင်းလိုက်တာနဲ့ ပါပြီးသားပါ။ Ubuntu Desktop မှာ မပါသေးရင်

$sudo apt-get install ssh-client ssh-server

ဆိုပြီး သွင်းနိုင်ပါတယ်။

Open SSH က SFTP နဲ့ SSH ကို အသုံးပြုဖို့ပါ။ SFTP နဲ့ SSH ရဲ့ username နဲ့ password ကတော့ Ubuntu account username နဲ့ password နဲ့ အတူတူပါပဲ။ SFTP မှာ permission မရလို့ဝင်မရရင်

/etc/ssh/sshd_config  မှာ

RSAAuthentication no
PasswordAuthentication yes

အဲဒီ ၂ ခုပြင်ရသည်။ SSH ကို windows မှာ putty သုံးလို့ရပါတယ်။ တနည်းပြောရင် Ubuntu Server တင်ထားပြီးတော့ Ubuntu server ကို မသွားပဲ putty ကနေ Ubuntu Server ကို လှမ်းပြီး command တွေကို ပို့လို့ရတယ်။ file တင်ချင်ရင် download ဆွဲချင်ရင် SFTP ကို filezilla နဲ့ ချိတ်ပြီးတော့ တင်လို့ရတယ်။ download ဆွဲလို့ရတယ်။ server ဆီ သီးသန့်သွားနေစရာမလိုတော့ဘူး။ အဲဒါက လက်ရှိ VPS server တွေ decided server တွေမှာ အလုပ်လုပ်နေကြတဲ့ ပုံပါပဲ။ SFTP နဲ့ SSH ၂ ခု ရှိရင် server တစ်ခုလုံး ထိန်းလို့ရပါပြီ။

Enough

ကျွန်တော်တို့တွေဟာ တော်တော်လေးကို လောဘကြီးတယ်ဗျ။ လောဘကြီးတယ်ဆိုတာက ပညာ လောဘကြီးကျတာ။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် လောဘကြီးမှန်းလည်း ကိုယ်တိုင်လည်း မသိကျတာများတယ်။ ကျွန်တော် ရန်ကုန်မှာတုန်းကဆို စာတော်တော်များများ ဖတ်ဖြစ်တယ်။ သတင်းတွေလည်း အတတ်နိုင်ဆုံးဖတ်တယ်။ ROR ဆိုလည်း လုပ်လိုက်တာပဲ။ python လည်း စမ်း။ php လည်းချ။ java , c# လည်း လုပ်တာပဲ။ စာအုပ်တွေလည်း အကုန်ဖတ်ပဲ။ ဒီရောက်တော့ အဲလို မလုပ်နိုင်တော့ဘူး။ ရုံးဆင်းချိန် ၈ နာရီလောက် အိမ်ပြန်ရောက်တော့ ပင်ပန်းနေပြီ။ news တွေလည်း weekend မှ ပေါင်းဖတ်ပဲ။ ညဘက်ရောက်တော့ ကိုယ်စိတ်ဝင်စားတာလေးတွေ လုပ်ပေါ့။ ( Anime ဇာတ်လမ်းတွဲတွေ ကြည့်တာများတယ် ) ရုံးက ပြန်ရောက်လာရင် ခေါင်းက ဘာမှ စဉ်းစားလို့မရတော့ဘူး။ ခေါင်းအေးအေးလေးနဲ့ ကိုယ်လက်လှုပ်ရှားစရာမလိုပဲ ငြိမ့်ငြိမ့်လေးဖြစ်တဲ့ သီချင်းနားထောင်တာတို့ ရုပ်ရှင်ကြည့်တာတို့လောက်ပဲ လုပ်ဖြစ်တော့တယ်။
Continue reading

subscriber count , follower count with PHP

subscriber count ကို feed burner ကနေ ယူချင်တာနဲ့ API လေး စမ်းဖြစ်သွားတယ်။ feed burner api မလုပ်ခင် api ကို allow လုပ်ပေးဖို့လိုတယ်။

  1. login your feedburner and go to your feed.
  2. Go to Publicize tag
  3. Go to Awareness Api and active it.

Continue reading

Why need to develop own php framework ?

တကယ်လို့ PHP developer တစ်ယောက်က PHP ကို ကျွမ်းကျင်နေပြီလို့ ယူဆရင်တော့ php framework တစ်ခုလောက် ဆောက်ကြည့်သင့်တယ်။ phpframework တွေက နည်းတာ မဟုတ်ဘူး ဘာလို့ framework ရေးမှာလည်း။ သူများ ရေးထားတာပဲ ယူသုံးမှာပေါ့လို့ ဆိုကောင်းဆိုမယ်။ ဟုတ်ပါတယ်။ http://www.phpframeworks.com/ မှာ ပြထားတဲ့ framework တွေတောင် မနည်းပါဘူး။ ဒါဆိုဘာလို့ ကိုယ်ပိုင် PHP framework ရေးဖို့လိုတာလဲ။ skill and knowledge အတွက်ပါ။

Continue reading

How to make your own dictionary ?

Dictionary တစ်ခုလုပ်ဖို့ အတွက် အရေးကြီးဆုံးက data ပါပဲ။ Dictionary လုပ်ဖို့ software တွေက

Babylon Glossary Builder

Bayblon Dictionary အတွက် add-on dictionary တစ်ခုတည်ဆောက်ချင်ရင်တော့ babylon glossary builder  ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် data တွေကို  excel file နဲ့ ရိုက်သွင်းရပါတယ်။ အသုံးပြုပုံ အဆင့်ဆင့်ကိုတော့

http://www.babylon.com/support/step-by-step/quick-guide/glossary-builder.html

မှာ ရှင်းပြထားပါတယ်။ Excel မှာ data တွေ သိမ်းပြီး babylone dictionary ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။

More…

Glob

အရင်က image တွေကို folder တစ်ခုအောက်မှာထားပြီး အကုန်လုံး ဘယ်လို ဆွဲခေါ်ထုတ်ရမှန်းမသိဖြစ်ဖူးတယ်။ နောက်ပြီးတော့ library folder ထဲက php တွေကို ဆွဲထုတ်တာလည်း မသိဘူးဖြစ်နေတယ်။ အခုမှ သိတယ်။ glob ဆိုတဲ့ function ကို ခေါ်လိုက်ရင် တော်တော်လွယ်တာပဲ။

<?php
foreach (glob("*.txt") as $filename) {
echo "$filename size " . filesize($filename) . "\n";
}
?>

အရင်က မသိခဲ့လိုက်လို့ ၂ ကြောင်းလောက်နဲ့ ပြီးမှဟာကို ရှည်ရှည် ဝေးဝေးတွေ ရေးလိုက်ရသေးတယ်။ Image Gallery လိုမျိုး site တွေ , php file တွေကို include နဲ့ လှမ်းခေါ်ရတာများမယ့်ဟာတွေကို glob သုံးလိုက်ရင် တော်တော်အဆင်ပြေတာပဲ။ နောက်ဆိုရင်တော့ ရေးရတာ နည်းနည်းသက်သာပြီပေါ့။

PHP က function တွေ အများကြီးရှိတော့ အကုန်လုံးကို သိရင်တောင် ဘယ်မှာ ဘယ်လိုသုံးရမလဲဆိုတာသိချင်မှ သိမယ်။ ဥပမာ။။ array_shift ဆိုတဲ့ function ကို ဘယ်မှာ သုံးရမှန်းမသိပေမယ့် address segment ဖြတ်တဲ့ နေရာမှာတော့ တော်တော်အသုံးဝင်တယ်။

Time to go android development

Android ဆိုတာကိုတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ Android စထွက်ကာစက iPhone ကို ယှဉ်နိုင်လောက်တဲ့ အရည်အသွေးတွေ မရှိပေမယ့် အခုအချိန် Android 2.1 မှာ တော်တော်လေးကို ပြီးပြည့်စုံလာသလို SDK ကလည်း တော်တော်လေးကို ကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Mobile Development ဆိုတာက တခြား Sotware Development ထက်စာရင် ပိုပြီး အောင်မြင်တဲ့ စျေးကွက်လို့ ဆိုရမယ်။ လူတိုင်း Computer မသုံးတတ် ၊ မသုံးနိုင်ပေမယ့် လူတိုင်းနီးပါး ဖုန်းဝယ်သုံးကြတယ်။ နောက်ပြီး Mobile Software အတွက် ပိုက်ဆံကို မနှမြောကျတာလည်း တွေ့ရပါတယ်။ Software အခွေတွေဟာ ခိုးကူးခွေတွေကြောင့် တစ်ခွေ ၁၀၀၀ နဲ့ ပေါပေါ ရပေမယ့် လူတိုင်း Mobile Application တွေကို မသွင်းတတ်တာက တစ်ကြောင်း နောက်ပြီး Mobile Application crack တွေကို အင်တာနက်မှာ download ချပြီး သွင်းလို့ရတယ်ဆိုတာကို မသိတာက တစ်ကြောင်း တို့ကြောင့် mobile application တွေကို ဆိုင်မှာ သွင်းခိုင်းကြတာများတယ်။ နောက်ပြီး software တွေကိုလည်း ဝယ်သုံးလိုက်ကြတာများတယ်။ လက်ရှိ လူသုံးများတဲ့ mobile ကတော့ Nokia ပဲပေါ့။ Continue reading