media in CSS

သောကြာနေ့ကမှ CSS မှာ ထည့်ထည့်သုံးနေတဲ့ medai ဆိုတာ ဘာလဲဆိုတာကိုသိတော့တယ်။ ပုံမှန်အားဖြင့် media=”screen” ဆိုပြီး သုံးကြတာများပါတယ်။ CSS မှာ media=”screen” နဲ့ media=”print” ဆိုပြီး သုံးကြပါတယ်။ ပုံမှန် သမာရိုးကျ ကြည့်ရင်တော့ သိပ်မကွာခြားလှပေမယ့် ကွာပါတယ်။ အခြား media propertities တွေရှိသေးပါတယ်။ CSS မှာတော့ media ကို screen နဲ့ print ပဲ အသုံးပြုတယ်။

Continue reading

First App writing using iPhone SDK

အရင်တုန်းက PhoneGap နဲ့ ပဲ ကလိနေတာ ဒီနေ့မှ iPhone SDK ကို ပြန်စဖြစ်တော့တယ်။ stanford က သင်တာက iTuneU နဲ့ subscribe လုပ်ပြီးတော့ iPhone SDK ရေးနည်း သင်နေတာ ပြီးတော့မပြီးသေးဘူး။ ရုံးသွားရုံးပြန်လောက်ပဲ bus ပေါ်မှာ ကြည့်ဖြစ်ရင်း သင်ထားတာ။ အခု RSS reader လေး တစ်ခု စမ်းကြည့်ထားတယ်။ RSS read တာကတော့ ဘယ်ရေးတတ်မလဲ။ Googling လုပ်လိုက်ပြီး XML Parser အလုပ်လုပ်ပုံပါ တစ်ခုတည်း ဖတ်လိုက်ရတယ်။ iPhone SDK ရေးရတာတော့ ရေလည်သဘောကျတယ်။ အရမ်းချစ်ဖို့ ကောင်းတယ်ဗျ။ ဘယ်လိုပြောရမလဲမသိဘူး။ မသိရင် တော်တော်ခက်တယ်။ သိလိုက်ပြန်ရင်လည်း ဟောခနဲ ဟောခနဲ နဲ့ ချက်ခြင်းသိသွားတာ။ အခက်ကြီးရယ်တော့ မဟုတ်ဘူး။ စာအုပ်ဖတ်တာထက် Stanford က သင်ပေးတဲ့ဟာနဲ့ သင်တာ အများကြီးပိုကောင်းတယ်ဗျ။ စာအုပ်ဖတ်တုန်းက အဲလောက် နားမလည်ဘူး။ အခုတော့ Begineer အဆင့်ရောက်လာပြီ။ ဘာလို့လည်းဆိုတော့ ကူးချတတ်နေပြီ။ စာအုပ်ဖတ်တုန်းက အဲလို မကူးချတတ်ဘူး။ code ကြီးပေးထားတာတောင် ဘယ်လို ကူးရမလဲ မသိတာ။ အောက်မှတော့ စမ်းထားတာလေးကို youtube မှာ တင်ထားတယ်။ Continue reading

MarkDown Code

ဒီနေ့ မောင်ပြုံးပြောတာနဲ့ MarkDown Editor တစ်ခုဖြစ်တဲ့ WMD ကို စမ်းဖြစ်တယ်။ Markdown ဆိုတာကတော့ HTML WYSIWYG editor လိုမဟုတ်တော့ပဲ text ကိုပဲ MarkDown syntax နဲ့ရေးတာပါ။ WMD ဆိုတာကတော့ Markdown WYSIWYG editor တစ်ခုပါ။ ကျွန်တော်တို့တွေ WYSIWYG editor သုံးလို့ရရဲ့သားနဲ့ ဘာလို့ markdown သုံးမှာလဲလို့ မေးစရာရှိလာတယ်။ ဘာလို့လည်းဆိုတော့ Loading ကြောင့်ပါ။ MarkDown ဟာ WYSIWYG editor တွေထက်စာရင် loading မြန်ပါတယ်။ မြန်မှာပေါ့ text file ကြီးပဲကို။ နောက်ပြီး အခြား website ကနေ စာတွေ copy ကူးပြီးလာတင်တာ မျိုးမကြိုက်ဘူး။ ဒါဆိုရင် MarDown ကို သုံးလို့ရပါတယ်။ နောက်ပြီးတော့ Word နဲ့ ရိုက်ထားတဲ့ စာတွေ copy paste လာလုပ်ပြီးထည့်တာ မကြိုက်တာတို့ နောက်ပြီးတော့ အခြား color တွေထည့်တာ span tag တွေ ထည့်တာမျိုး မထည့်စေချင်ဘူးဆိုရင်တော့ MarkDown က သုံးလို့ အကောင်းဆုံးပဲ။ ဘယ် အခြေအနေမှာ markdown သုံးလဲဆိုတာ အောက်ကပုံကို ကြည့်လို့ရပါတယ်။ Continue reading

Change Time-Zone in Ubuntu

ဒီနေ့ client က feedback ထဲမှာ status message က အချိန်တွေလွဲနေတယ်ဆိုလို့ ကြည့်စရာတောင် မလိုဘူး server time zone ပြဿနာပဲဆိုတာ တန်းသိတယ်။ (ကိုယ် setup လုပ်ထားတဲ့ server ပဲ ကိုယ်သိတာပေါ့။ အဲတုန်းက timezone ကိစ္စမေ့သွားတယ်)

$sudo dpkg-reconfigure tzdata

အဲဒါလေး ရိုက်ပြီး step by step သွားလိုက်ရင် ပြီးသွားတာပဲ။ မှတ်မိအောင် blog ထဲမှာ ရေးထားတာ။

PHP mail() function setup in Ubuntu

ဒီနေ့ Client Server မှာ တင်တော့ mail() function က php မှာ သုံးမရဘူးဖြစ်နေတယ်။ တကယ်တန်းတော့ symfony မှာ ဘာ plugin လဲမသိပါဘူး။ မေ့တောင် မေ့သွားပြီ။ အဲဒါနဲ့တွဲသုံးထားတာ။ mail() function လိုတယ်ဆိုတာနဲ့ mail function enable လုပ်ဖို့ စရပါတော့တယ်။ Ubuntu Server ဆိုတော့ ရှာရတာ အရမ်းလွယ်တယ်။ ဘာမှ မခက်ဘူး။ exim4 ကို သွင်း။ ပြီးရင် config လုပ်။ အဲဒါကလည်း

https://help.ubuntu.com/community/Exim4

အဲဒီမှာ ဖတ်လိုက်လို့ရတယ်။

sudo apt-get install exim4

လို့ သွင်းပြီး

sudo dpkg-reconfigure exim4-config

ဆိုပြီး config လုပ်လိုက်ရုံပဲ။ Config ကလည်း English လိုရေးထားတာပဲလေ။ Wizard နဲ့step by step လုပ်လိုက်တော့ အဆင်ပြေသွားတယ်။ ပြီးတော့ php.ini မှာ

sendmail_path = /usr/sbin/sendmail

ဆိုပြီး သွားထည့်ပေးလိုက်တယ်။ အစက comment ပိတ်ထားတာ။ comment လေး သွားဖွင့် ။ sendmail path လေးထည့်ပေးလိုက်ရုံပဲ။ နောက်ဆုံး apache restart ချ။ ပြန်စမ်းတော့ ရသွားပါလေရော။ သိပ်လည်း မကြာလိုက်ပါဘူး။ နာရီဝက် လောက်ပဲ ကြာတယ်ထင်တယ်။ Ubuntu Server ကို အဲလို လိုချင်တာလေး မြန်မြန် ရှာရတာ လေးကို သဘောကျတာ။

Developer or Programmer

Developer နဲ့ Programmer တွေ မကွဲကြသေးတဲ့သူတွေအရင်ဆုံး dictionary မှာ အဲဒီ စာလုုံး နှစ်လုံးကို ရှာကြည့်သင့်တယ်။

Developer (n) : နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ(သို့)ကုမ္ပဏီ။ (ဖလင်၊ ဓာတ်ပုံ) ပုံဖော်ဆေး။
Programmer (n) : ကွန်ပျူတာအတွက်ညွှန်ကြားချက်ရေးသားပြုစုသူ။

အဲဒါကတော့ ornagai.com မှာ ရှာထားတဲ့ result တွေပါ။ WordNet မှာ ပြထားတဲ့ result တွေကတော့

developer (someone who develops real estate (especially someone who prepares a site for residential or commercial use))

programmer, computer programmer, coder, software engineer (a person who designs and writes and tests computer programs)

လို့ ရေးထားပါတယ်။ wiki မှာဆိုရင်တော့

Programmer

A programmer, computer programmer or coder, is someone who writes computer software. The term computer programmer can refer to a specialist in one area of computer programming or to a generalist who writes code for many kinds of software.

Developer

A software developer is a person or organization concerned with facets of the software development process. They can be involved in aspects wider than design and coding, a somewhat broader scope of computer programming or a specialty of project managing including some aspects of software product management.

Continue reading