What programming language should be learned first ?

အခုမှ programming ကို စသင်မယ်။ ဘာကို စလေ့လာသင့်လဲဆိုတဲ့ မေးခွန်းကတော့ စလုံးရေစဖို့ ပြင်နေတဲ့သူတွေအတွက်က အသိချင်ဆုံးပါပဲ။ ကျွန်တော်ကတော့ C++ ကနေ စသင်စေချင်တယ်။ Why C++ !!! လို့ ဆိုရင်တော့ ရှင်းပါတယ်။ အခြေခံ အကျဆုံးနဲ့ သက်တမ်း အရှည်ဆုံး ဖြစ်ပြီး ယနေ့တိုင် သုံးနေဆဲ language မို့ပါပဲ။ programming စလေ့လာဖို့ ပြင်တဲ့ သူတွေ မေးတတ်တဲ့ မေးခွန်းရှိတယ်။ ဘယ် language က မြန်မာနိုင်ငံအနေနဲ့ သင့်တော်မလဲ။ ဘယ် language က အလုပ်အကိုင် အခွင့်အလမ်း ရှိမလဲ။ PHP တို့ ASP.NET တို့ကကော internet မရှိပဲ ရေးလို့ရလား။ web server တွေလိုတယ်လို့ ကြားတယ်။ စသည်… စသည်ဖြင့် မေးခွန်းပေါင်းမြောက်မြားစွာ ရှိတတ်ပါတယ်။ အရင်ဆုံး ဘာမှမစဉ်းစားနဲ့။ စစဉ်းစားရမှာက ငါ တကယ်လုပ်ချင်ရဲ့လားဆိုတာကိုပါ။ programming ဆိုတာ ဘာမှန်းမသိသေးချိန်မှာ သူများတွေ အလုပ်အကိုင်ကောင်းတယ် နောက်ပြီး Programmer ကြီး ဆိုပြီး အထင်ကြီးစရာထင်တတ်ကြပါတယ်။ Programmer နဲ့ Developer ကွာပါတယ်။ Developing လုပ်တာနဲ့ Progrmming လုပ်တာကလည်း ကွာပါတယ်။ ဒါတွေက နောက်ပိုင်း သိလာမှာပါ။

Continue reading

Developer VS Programmer

တကယ်ကောင်းတဲ့ အဖြေလေးပဲ သဘောကျလို့ ကူးထားလိုက်တာ။

Programming is the act of writing, compiling, testing and debugging source code.

Software development includes other activities like:

  • Requirements definition
  • Specification writing
  • Project planning
  • Creating an installation package
  • Troubleshooting problems during installation
  • and, and, and…

Therefore a programmer is a person who produces code, usually after some sort of specification. This is focused on a specific functionality.

A software developer is producing a solution for the customer, with a big focus on customer satisfaction.

copy from : http://stackoverflow.com/questions/653770/software-developer-vs-programmer-why-the-difference

Sharepoint ဆိုတာ

share point ဆိုတာက Microsoft က ထုတ်ထားတာပါ။ ပုံမှန်အားဖြင့် ရုံးတွေမှာ MS office နဲ့ တစ်ယောက်က ရိုက်ထားလိုက်။ အဲဒါကို နောက်တစ်ယောက်က ပြန်ပြင်လိုက်။ ပြန်ပြင်တဲ့အချိန်မှာလည်း အရင်တစ်ယောက်က ပြင်ပြီး ရိုက်နေ။နောက်ဆုံးတော့ ဘယ်ဟာကို သုံးလို့သုံးရမှန်းမသိ ဖြစ်တတ်ပါတယ်။ အဲလိုမျိုး Excel တွေမှာလည်း ရှုပ်နေတတ်ပါတယ်။ Share Point ကို အသုံးပြုပြီးတော့ တပေါင်းတစည်းထဲ အလုပ်လုပ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်သူပြင်သွားတယ်။ ဘယ်အချိန်မှာ ဘယ်သူ commit လုပ်လိုက်လဲဆိုတာကို သိနိုင်တယ်။ နောက်ပြီး file တွေကို group , member စတာတွေကို သီးသန့်ခွဲထုတ်ပြီး access ပေးလို့ရပါတယ်။ နောက်ပြီး document တွေအကုန်ပြန်ရှာလို့ရတယ်။ Wiki Page ကိုလည်း ထည့်သွင်းထားပေးတော့ ရုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ နောက်ပြီး လိုအပ်တာတွေကိုလည်း ရေးသားထားလို့ရတယ်။ နောက်ပြီး Blog feature လည်း ပါဝင်ပါသေးတယ်။ Share Point က web base သွားတာပါ။ Share Point ကို တင်ဖို့ဖို့အတွက် IIS နဲ့ SQL Server ကလိုအပ်ပါတယ်။ သူက file server တွေ အစားဝင်ရောက်လာတာလို့ ဆိုလို့ရပါတယ်။ share point ကို run ဖို့အတွက် share point server လိုအပ်ပါတယ်။ Sharepoint site ကို ကိုယ်လိုချင်တဲ့ ပုံစံ တည်ဆောက်ဖို့အတွက် Share Point Designer ကို တတ်ကျွမ်းရပါမယ်။ အခုကတော့ Share point Server 2008 ပဲရှိသေးတယ်ထင်တယ်။ နောက် version တွေမှာ ASP.NET နဲ့ တွဲသုံးလို့ရလာပါမယ်လို့ Microsoft ကပြေထားပါတယ်။ Share Point Server 2010 ကတော့ beta ထွက်နေပါပြီ။
Continue reading

Snippets

snippets ဆိုတာက code အတိုအထွာလေးတွေကိုပြောတာပေါ့။ တစ်ခါတစ်လေ code သေးသေးလေးတွေ ကျွန်တော်တို့တွေ တွေ့ထားတာလေးတွေ ရှိတယ်။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ရေးဖြစ်တာလေးတွေ ရှိတတ်တယ်။ ဥပမာ။ jquery 1.4 အသစ်ထွက်တာလေးတွေ code လေးတွေ example လေးတွေနဲ့ ပြထားတယ်။ အဲလိုမျိုးလေးတွေက snippets လေးတွေပေါ့။ code အများကြီး မဟုတ်ဘူး။ သေးသေးလေးလေးတွေ။ Twitter နဲ့ PHP သုံးနည်း code လေးလိုမျိုးတွေပေါ့။ class တစ်ခုလုံးလည်း မဟုတ်သလို စာကြောင်းကလည်း ၁၀ ကြောင်းတောင် မပြည့်တဲ့ code လေးတွေပေါ့။ အဲဒီလိုမျိုး code တွေကို သိမ်းဖို့အတွက် Snippets Management တွေ ရှိလာပါတယ်။ နောက်ပြီး သူများရေးထားတဲ့ snippets လေးတွေ သူတို့မှတ်ထားတဲ့ snippets လေးတွေက တော်တော်အသုံးဝင်တာလေးတွေလည်း ရှိတယ်။ ဥပမာ။။ twitter အတွက် php နဲ့ ချိတ်ရေးတာကို google မှာရှာမယ့်အစား snippet site တစ်ခုမှာ ရှာလိုက်တာက ပိုအဆင်ပြေပြီး လိုချင်တာ တန်းထွက်တာမျိုးတွေရှိပါတယ်။
Continue reading

Web Designer should use Grid System

ရန်ကုန်မှာ အရင်တုန်းက Web Design ပိုင်းသင်တုန်းက PSD နဲ့ပုံတွေ ဆွဲပြီးတော့ HTML ပြန်ထုတ်ခိုင်းတာ မှတ်မိသေးတယ်။ တော်တော်လက်ဝင်တဲ့ အလုပ်ဗျာ။ နောက်ပြီး ပုံက ထွက်လာရင် skill နဲ့ က မကိုက်တာတွေ ဖြစ်လာပြန်ကော။ ဘာဖြစ်လို့ဆွဲခိုင်းတာလဲတော့ မသိ။ ကျွန်တော့်အတွက်တော့ အလကား အပိုအလုပ်ရယ်လို့တောင် မြင်လာသလိုပဲ။ Photoshop နဲ့ဆွဲတော့ HTML မထွက်ခင် design တော့ ကြိုမြင်ပါရဲ့။ ထွက်လာတဲ့ design နဲ့က HTML ထုတ်ရင် scale တွေက ဘယ်တူတော့မလဲလို့တောင် စဉ်းစားမိသေးတယ်။ အခုမှပဲ နားလည်တော့တယ်။ သင်တန်းတုန်းက grid system ကို မသင်ခဲ့ရတာကိုး။ ရုံးမှာ web designer က photoshop နဲ့ ဆွဲနေလို့ နောက်ကနေ သူဘာတွေသုံးလဲဆိုတာကို ရုံးရောက်ကာစ သွားစပ်စုကြည့်သေးတယ်။ သူလည်း phtoshop နဲ့ဆွဲတာပဲ။ ဒါပေမယ့် HTML ထုတ်တာ အရမ်းမြန်တယ်။ scale တွေလည်း မလွဲပါလားလို့။

Continue reading

Amzon EC2 & Me

ပြီးခဲ့တဲ့ အပတ်က Amazon EC2 server ကို ကိုင်ရတယ်။ client သုံးမယ်ဆိုလို့ ရုံးက ဝယ်ပေးတဲ့ server ပေါ့။ project တွေအားလုံးက လက်ရှိ Linux Server ပေါ်မှာပဲ run နေတာကြောင့် Amazon Ec2 မှာလည်း Linux တင်ပြီး Web Server လေး တစ်ခုကို ရုံးက ဆောက်ခိုင်းတယ်။ ရုံးမှာက Linux ပိုင်း သိတာ ဆိုလို့ လူက များများစားစား မရှိတာကြောင့် Amazon EC2 ကြီးကို ကိုင်ဖို့တာဝန်က ကိုယ့်ပေါ်ရောက်လာပြီ။ အဲဒီနေ့မတိုင်ခင်ကလည်း VPS တစ်လုံးနဲ့ web server ကော symfony ကော သွင်းလိုက်ရသေးတယ်။ ဒါကြောင့် Amazon EC2 ကြီးကို ကိုင်ရမှာ သိပ်တော့ မလန့်တာလည်း ပါမှာပေါ့။ ရုံးကလူတွေကလည်း တစ်ယောက်မှ မသုံးဖူးဘူးဆိုတော့ မသိရင် မေးရမှာလည်း ပြဿနာပဲ။ ရှောင်လင် ကတော့ facebook မှာ ပြောပါတယ်။ VPS နဲ့မတူဘူးလို့။ တကယ်လည်း aws ထဲလည်း ဝင်ရော … အားပါးပါး… ရေလည်မိုက်တယ်။ Instances တွေကို ဆောက်ရတာ မြန်သလားမမေးနဲ့။ ဟိုကြည့်ဒီကြည့် နဲ့ video ထိုင်ကြည့်လိုက်တာ သဘောတော့ပေါက်သွားတယ်။

Continue reading

VPS and Domain

ဟိုနေ့က VPS မှာ symfony setup လုပ်ရတယ်။ symfony ကို hosting တစ်ခုကိုပေးပြီး setup လုပ်ခိုင်းတာ ဘယ်လိုမှ မလုပ်တတ်တာနဲ့ နောက်ဆုံး VPS တစ်လုံး ဝယ်လိုက်ရတယ်။ ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက Linux မသုံးတတ်။ အကုန် Windows က လာတာကြီးပဲ။ နောက်ပြီး symfony ကို setup မလုပ်တတ်တာနဲ့ ကိုယ်ကပဲ လုပ်ရတာပေါ့။ VPS အတွက် OS ကိုမေးတော့ ထုံးစံအတိုင်း Ubuntu ပဲပေါ့။ အဲမှာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ သွားမေးတာရှိသေးတယ်။ NS1 နဲ့ NS2 သွားတောင်းတာလေ။ ဟိုဘက် Comapny က ရန်ဘင်း ဆိုတဲ့လူက ကြောင်တောင်တောင်ဖြစ်သွားပုံရတယ်။ နောက်မှ email ပို့ပေးမယ်လို့ပြောတော့ အင်းပေါ့။ အဲတုန်းကတော့ မသိဘူး။ domain setup ဆိုရင် NS1, NS2 ပဲထည့်ရမယ်ထင်နေတာ။ VPS ကလည်း မသုံးဖူးတာပါတာပေါ့။
Continue reading