ဟိုနေ့က VPS မှာ symfony setup လုပ်ရတယ်။ symfony ကို hosting တစ်ခုကိုပေးပြီး setup လုပ်ခိုင်းတာ ဘယ်လိုမှ မလုပ်တတ်တာနဲ့ နောက်ဆုံး VPS တစ်လုံး ဝယ်လိုက်ရတယ်။ ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက Linux မသုံးတတ်။ အကုန် Windows က လာတာကြီးပဲ။ နောက်ပြီး symfony ကို setup မလုပ်တတ်တာနဲ့ ကိုယ်ကပဲ လုပ်ရတာပေါ့။ VPS အတွက် OS ကိုမေးတော့ ထုံးစံအတိုင်း Ubuntu ပဲပေါ့။ အဲမှာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ သွားမေးတာရှိသေးတယ်။ NS1 နဲ့ NS2 သွားတောင်းတာလေ။ ဟိုဘက် Comapny က ရန်ဘင်း ဆိုတဲ့လူက ကြောင်တောင်တောင်ဖြစ်သွားပုံရတယ်။ နောက်မှ email ပို့ပေးမယ်လို့ပြောတော့ အင်းပေါ့။ အဲတုန်းကတော့ မသိဘူး။ domain setup ဆိုရင် NS1, NS2 ပဲထည့်ရမယ်ထင်နေတာ။ VPS ကလည်း မသုံးဖူးတာပါတာပေါ့။
Continue reading
Category Archives: Knowledgebase
How to make MVC framework
ဒီနေ့တော့ ရေးတာ ပြီးသွားပါပြီ။ အရင်တုန်းက ရေးထားတဲ့ library လေး ကောက်ထည့်ပြီးရင် ကျွန်တော် အရင်ကရေးထားတဲ့ framework က MVC ဖြစ်သွားပြီ။ MVC ရေးရတာ မခက်ပါဘူး။ OOP နားလည်ရင်ရပါပြီ။ ကျွန်တော် သုံးထားတဲ့ File Structure လေး ကြည့်ကြည့်ပါ။
ရောက်တက်ရာရာ
ဒီနေ့ emo လေး နဲ့ facebook မှာ စကားပြောတော့ Concept ကို ဘယ်မှာ သွားသင်ရမလဲလို့ မေးတယ်။ သူ ဝါသနာပါတာက Designer။ PHP လေ့လာဖို့လိုလားလို့ မေးတော့ ကျွန်တော်ကလည်း ပြောပါတယ်။ သိရုံလောက်ပဲ လုံလောက်တယ်။ တေဇာ အဖြေက ပိုရှင်းတယ်။ SmashingMag မှာ Programming Language အကြောင်းပါလားလို့ မေးလိုက်တော့ အဖြေက ရှင်းသွားတာပဲ။
Continue reading
Wow… JSON
JSON ကို ကျွန်တော်တို့တွေ နေရာစုံမှာ အသုံးပြုကြပါတယ်။ အရင်တုန်းကတော့ ကျွန်တော်သိတာက JSON ကို web service တွေမှာ အဓိက သုံးတယ်ပေါ့။ တကယ်တန်းတော့ မဟုတ်ပါ။ နေရာစုံမှာ သုံးနိုင်တယ်။ လိုအပ်သလို သုံးနိုင်တယ်။ အမြဲတန်းသုံးရမယ်မဟုတ်ဘူး။ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့တုန်းက Database Design ရေးဆွဲတဲ့အခါမှာ 1NF , 2NF , 3NF ထိ သင်ဖူးပါတယ်။ သိပ်တော့ မမှတ်မိတော့ဘူး။ 3NF ထိလို့ထင်တာပဲ။ တကယ်တန်းတော့ 6NF ထိရှိပါတယ်။ သို့ပေမယ့် အဲလောက်ထိ မသုံးကြဘူး။ 3NF လောက်ထိ သိရင် အလုပ်ဖြစ်တယ်။ ဒါပေမယ့် JSON ကို သုံးပြီး Table တွေ လျော့ချဖို့ သို့မဟုတ် field တွေ လျော့ချဖို့တွေ မသင်ခဲ့ပါဘူး။ ဒါတွေက အတွေ့အကြုံတွေက သင်လာခဲ့တာပါ။
Web Route 1.1.4
http://www.saturngod.net/wp-content/uploads/Web.png
ရှောင်လင် , Creative Fox ပြောတာတွေ ထပ်ဖြည့်ထားတယ်။ ပိုပြီး အသေးစိတ်အောင် အနည်းပြင်ထားတယ်။
ပုံထဲက မရှင်းတာတွေရှိရင် မေးနိုင်သလို အကြံလည်း ပြုနိုင်ပါတယ်။
Google Search Crawl Result
Crawl ဒီနေ့လုပ်လိုက်တာ result ရလာပြီ။ 1,080,000 result ထဲက 560 ကို crawl လုပ်ပြီး duplicate တွေ စစ်ထုတ်လိုက်တာ 416 site ရှိတယ်။ google ကလည်း result အားလုံးကို မထုတ်ပေးဘူးလေ။ result ပေါင်း 560 က ဂိတ်ဆုံးပဲ။ page rank မြင့်တဲ့ site တွေပဲ အရင်ထွက်တာပေါ့။ ကျွန်တော် သိတဲ့ အချို့ site တွေက 416 ခုထဲမှာ မပါလာတာကို တွေ့ရတယ်။ ဥပမာ။ ။ http://www.myatmon.com/ ၊ http://blog.calmhill.info/ ၊ http://mrdba.info/ စတာတွေ result ထဲမှာ မပါလာဘူး။ ဘာလို့ မပါတာလဲ။ page rank နိမ့်ရတာလဲဆိုတာကို သိချင်ရင်တော့ Beyond PageRank and Third Generation IR ကို သာ ဖတ်ကြည့်ပါ။ ကျွန်တော့် blog ပါတယ်။ www.htootayzar.com စတာတွေ ပါပါတယ်။ နောက်ပြီး sub path တွေ မပါဘူး။ duplicate တွေကို ဖယ်ထုတ်လိုက်တော့ group.ps/aaa စတာတွေ မပါတော့ဘူးပေါ့။
ဟုတ်ပြီ။ ဒါဆိုတော့ ဒီလိုပြန်တွက်ကြည့်မယ်…
560 = 416
1080000 = (1080000*416)/560 = 802285.714285714285714
ထပ်ပြီး တွက်ကြည့်ရအောင်
560 = 144 duplicate
802285 = 206301.857142857142857 duplicate
appro:
802285-206301= 595984
ဒါဆိုရင်တော့ မြန်မာစာ က အသုံးပြုတဲ့ site ၅ သိန်းကျော်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ duplicate ဖြစ်တယ်လို့ မှတ်ပြီး ၅ သိန်းကျော်လို့ ပဲ ယူလိုက်တာပါ။ ဒါကတော့ မှန်းခြေပါ။ သေချာတာကတော့ မြန်မာစာ site ၁၀ သိန်း မရှိသေးဘူး။ content တွေကသာ တော်တော်လေး များနေတယ်လို့ ဆိုရမယ်။
Updated Web Route
Framework တွေပါ ထပ်မံဖြည့်စွက်ထားပါတယ်။ စာလုံးပေါင်းမှားနေတာတွေ ပြန်ပြင်ထားပါတယ်။ web designer များအနေနဲ့ လိုအပ်တာများကို ဖြည့်စွက်ပြောပေးစေလိုပါတယ်။ သက်ဆိုင်ရာ developer များလည်း မှားနေတာတွေ ထောက်ပြနိုင်ပါတယ်။ ကျွန်တော်က PHP တစ်ခုပဲသိပါတယ်။
