iPhone/iPod Touch Zawgyi Keyboard and Font Package

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ေပါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။

For iOS 3.1.2

လိုအပ်ချက်

OS : 3.0 >= (3.1.2 recommend)

Type : Jailbreak

Installer : Cydia

Internet : Require

Continue reading

ကျွန်းသေးသေးသို့ထွက်ခွာခြင်း – ၂

ကဲ… ကျွန်သေးသေးလေးကို သွားဖို့ အသင့်ဖြစ်ပြီ။ ကိုယ့်ကိုယ်လည်း ယုံကြည်တယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ experience ကလည်း ၂ နှစ်လောက်ရှိတယ်။ recommendation တွေလည်း အပြည့်အစုံရှိတယ်။ reference တွေကလည်း ကောင်းပါ့။ တတ်တာတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေကြီးပဲ။ ဒါဆိုရင်တော့ စလုံးထွက်တာ မမှားဘူးပေါ့။ Continue reading

ကျွန်းသေးသေးသို့ထွက်ခွာခြင်း – ၁

ကျွန်းသေးသေးလေးမှာ အလုပ်လုပ်တော့မယ်လို့ တကယ်ဆုံးဖြတ်ပြီးပြီလား။ တကယ်ကော ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလား။ ကိုယ့်ရဲ့ အရည်အချင်း အတွေ့အကြုံတွေကို တခြားသူတွေ reference မပါခင် ကိုယ့်ဘာသာကိုယ် အပြည့်အဝ အာမခံနိုင်လား။ မြန်မာနိုင်ငံမှာ မနေချင်လို့ နိုင်ငံခြားထွက်မယ်ဆိုတဲ့ အူကြောင်ကြောင် အတွေးအခေါ်တွေကို ခဏလောက်မေ့ပြီး ဒီနိုင်ငံမှာ ဘာတွေလုပ်နေလဲ။ သူ့တို့ business flow က ဘာလဲ။ အဓိက ဘာ tool တွေ ကို အသုံးပြုလဲ။ ကိုယ်နဲ့ ကိုက်တာတွေ ရှိလားဆိုတာကိုကော လေ့လာပြီးပြီလား။ Continue reading

PHP Meetup Nove 209

တော်တော်ကောင်းတဲ့ ပွဲပဲ။ လူကတော့ အများကြီးတော့ မလာဘူး။ iPhone နဲက Google Android အကြောင်းတော့ ကောင်းကောင်းလေး သိလိုက်ရတယ်။ နောက်ပြီး opengap ဆိုတာလေးပါ အဆစ်သိလိုက်ရတာ တန်သွားတယ်။ လုပ်တဲ့နေရာကတော့ Singapore Microsoft Office မှာပါ။ NTUC 22 ထပ်မှာ လုပ်တာပါ။ ရယ်တော့ရယ်ရတယ်နော်။ iPhone နဲ့ Google Android ပြိုင်တာ Microsoft Office ရုံးမှာဆိုတော့။

Microsoft ကလည်း သူတို့ product အသစ်တစ်ခုကို မိတ်ဆက်သွားပါတယ်။ Website Spark အကြောင်းပြောသွားတယ်။ ကျွန်တော်နဲ့ MS က မသက်ဆိုင်တော့ သလိုဖြစ်တော့ ကျွန်တော်လည်း သူ့ site ကိုသွားပြီး မစမ်းရသေးဘူး။ company အသေးလေးတွေအတွက် လို့တော့ ပြောတာပဲ။ သိချင်ရင်တော့ http://www.microsoft.com/web/websitespark မှာ သွားကြည့်လို့ရပါတယ်။
Continue reading

How to stand opensource ?

တကယ်တန်းအလုပ်ဖြစ်တာ hardware စျေးကွက်။ ဒါပေမယ့် အလုပ်ဖြစ်ဖို့ data စုဆောင်းရတာက web , opensource , GNU တွေ ဖြစ်ကုန်တယ်။ တနည်းပြောရင် opensource က data collect လုပ်ဖို့ opensource ဖြစ်လာပြီး ရလာတဲ့ data တွေကို opensource company တွေက hardware စျေးကွက်ကိုပြောင်းလဲလိုက်တယ်။ data တွေက opensource ပါ။ သင့်ဘာသာ သင်လုပ်နိုင်ရင် သင့်ဘာသာ သင် hardware ထုတ်ပေါ့။
Continue reading

Web Design Should be evolution

Web design ပိုင်းတွေကို ပြောင်းလဲသင့်နေပြီလို့ ထင်တယ်။ အချိန်လည်း ကျလာပြီ။ ကျွန်တောှတို့ တချိန်တစ်ခါတုန်းက flash တစ်ခုကို အားကိုးပြီး လန်းဆန်းတဲ့ design တွေကို ဖန်တီးလာတယ်။ နောက်ပြီး ajax ပေါှလာပေမယ့် flash လိုတော့ လှပတာတော့ မဟုတ်ဘူး။ Flash က ကောင်းလေလေ size က ကြီးလေလေ ဖြစ်တယ်။ နောက်ပြီး loading time အတွက် အချိန်ပေးရတယ်။ ဒါကြောင် ့နောက်ပိုင်းမှာ Jquery လိုမျိုး javascript library တွေက နာမည် ရလာကြတယ်။ Continue reading

Web Developer & Web Designer

Developer သည် Developer သာဖြစ်သည်။ Web Designer သည် Designer သာဖြစ်သည်။ ထိုနှစ်ခုပူးပေါင်းလိုက်သောအခါ website ဟူပြီး ဖြစ်လာသည်။ ထို့ကြောင့် Developer သည် design idea ရှိမည်မဟုတ်သလို design ပိုင်းကို နားလည်သည်မဟုတ်။ သိရုံသာသိသည်။ သူရေးသားရမည့် code ကိုသာ နားလည်တတ်ကျွမ်းသည်။ programmer တစ်ယောက်သည် designer ပေးသော design ကို ရေးထားသော code နှင့် အလွယ်တကူပူးပေါင်းတတ်သည်။ ထို့ကြောင့် Developer သည် Photoshop သုံးတတ်ချင်မှ သုံးတတ်မည်။ အရောက် ရွေးချယ်တတ်ချင်မှ တတ်မည်။ သို့သော် Designer လိုချင်တဲ့ ပုံစံကိုတော့ ရအောင် ရေးနိုင်သူဖြစ်သည်။ Designer နဲ့ ညှိနှိုင်းကာ ဆောင်ရွက်ရသည်။ Continue reading

Welcome to the Mac World

1255275071_macတကယ်လို့ သင် mac book pro ကို အသုံးပြုခဲ့မယ်ဆိုရင် Linux ပဲ ဖြစ်ဖြစ် Windows ပဲဖြစ်ဖြစ် ပြောင်းသုံးချင်စိတ်ရှိတော့မှာမဟုတ်တော့ဘူး။ အဲ… သင်က gamer ဆိုရင်တော့ Windows မှာပဲ ပျော်ရှာမှာပါ။ mac book pro က စျေးကြီးတယ်လို့ ပြောရင် ပြောလိမ့်မယ်။ software တွေ က ရှားတယ်။ စျေးကြီးတယ်လို့ ပြောကောင်းပြောမယ်။

Continue reading