Remove Smart Quotes in WP

ကျွန်တောှတို့တွေ wordpress မှာ smart quotes တွေ ဖြုတ်ချင်လား။ ကျွန်တောှကတော့ ဖြုတ်လိုက်တယ်။ ဘာလို့လည်းဆိုတော့ html example တွေကို ဖောှပြတဲ့အထဲမှာ လေ့လာသူတွေအနေနဲ့ copy ကူးပြီး သွားထည့်လိုက်လို့မရဘူး။ တဆင့်အနေနဲ့ smart quotes တွေကို လိုက်ပြင်နေရတယ်။ ဒါကြောင့် ကျွန်တောှကတော့ ဖြုတ်လိုက်တယ်။ Smart Quotes ဆိုတာကတော ”smartqutote” အဲဒါလေးပါ။ ကျွန်တောှကတော့ ရိုးရိုး double quotes ” ဖြစ်ဖြစ် single quotes ‘ ဖြစ်ဖြစ် အဲဒါပဲ အသုံးပြုပြီး ဖောှပြပါတယ်။ copy paste လုပ်တဲ့လူတွေလည်း အဆင်ပြေအောင်ပေါ့။

ကိုယ့် theme ရဲ့ function.php ထဲမှာ

remove_filter(‘the_content’, ‘wptexturize’);
remove_filter(‘comment_text’, ‘wptexturize’);

လေး ထပ်ဆုံးမှာ သွားဖြည့်လိုက်ရင် ရပါပြီဗျာ။ လွယ်လွယ်လေးနဲ့ အသုံးဝင်လှပါတယ်။

IP V6 ဆိုသည်မှာ

MZ မှ ကိုမိုးဇက်ကို ရေးထားတဲ့ post ကောင်းလေးတစ်ခုပါ။

IPv6 ဆိုတာ IPv4 ထက် Address space 4 ဆကြီးမားပြီး IPv4 ထက် အဆပေါင်းများစွာ များပြားသော IP address အရေအတွက်ကို သတ်မှတ်နိုင်စွမ်းရှိပြီး 128 bit ရှိသော haxadecimal စံနစ်ဖြင့် ဖွဲ့စည်းထားသော အင်တာနက်သုံး IP address တစ်မျိုးပင်ဖြစ်သည် .. IPv4 ဆိုတာ 32 bit ဘဲရှိပြီး decimal စံနစ်ဖြစ်ပါတယ် .. IPv4 က IP address ဘယ်လောက်ပေးစွမ်းနိုင်သလဲဆိုရင် 4,294,967,296 ရှိပါတယ် .. (သန်းပေါင်း4ထောင်ကျော်ပေါ့).. တစ်ချို့သော အကြောင်းကြောင့် အဲဒီ IP အားလုံးကို သုံးခွင့်မရဘဲ သန်း 500 လောက်သော IP များဟာ ဆုံးရှုံးလျက်ရှိပါတယ် .. ဘာကြောင့်လဲဆိုတော့ … IANA က သီးသန့်အရေးပေါ်အတွက်ဘဲဖြစ်ဖြစ် .. public IP အတွက်ဘဲဖြစ်ဖြစ်ဖယ်ထားတာ .. တစ်ခြား .. lookback တို့ .. unspecifie မလုပ်နိုင်တဲ့ IP တွေ(စဆုံး အရေအတွက် ကိုဖယ်ပြီးသုံးလို့မရနိုင်တဲ့ IP တွေပါမယ်) စသည့်ဖြင့်ပေါ့… အဲဒီတော့ .. 2007 ရဲ့စစ်တမ်းအရ 2.4 Billion သော IP များဟာ လက်ရှိသုံးနေကြပြီး .. နောက်ထပ် 1.7 Billion လောက်ဘဲကျန်ပါတော့တယ် … ဒါတောင် တစ်နှစ်ကို သန်း 170 လောက်စီတိုးနှုန်းနဲ့တွက်ရင် .. နောက်ထပ် 6 နှစ် 7 နှစ်လောက်ဆို .. ပေးစရာ IP တွေက ကုန်ပြီဖြစ်ပါတယ် .. ဒါပေမဲ့ .. IPv6 ဘယ်လောက်အထိသတ်မှတ်နိုင်စွမ်းရှိသလဲဆိုရင် .. 340,282,366,920,938,463,374,607,431,768,211,456 အထိတောင် ပေးစွမ်းနိုင်ပါတယ်.. IPv4 နဲ့ IPv6 ကိုယှဉ်ကြည့်လိုက်ရင် အများကြီးကွာပါတယ်..

more …

WEP Crack in Ubuntu

Ubuntu မှာ WEP crack လုပ်ရတာ လွယ်ပါတယ်။ aircrack-ng package လေးကို အရင် install လုပ်လိုက်ပါ။

$sudo apt-get install aircrack-ng

iw package လည်းလိုအပ်တယ်။ အများအားဖြင့်တော့ iw package က တော့ သူ့ဘာသာသူ သွင်းသွားတတ်တယ်ဗျ။ သေချာအောင်လို့

$sudo apt-get install iw

ကဲ.. ပြီးရင်တော့ စပြီး crack လို့ရပြီ။ ဒါပေမယ့် sudo ကြီးရိုက်ရိုက်နေရတာ ရှုပ်နေတော့….

$sudo bash

အဲဒါပြီးရင် sudo ထပ် ရိုက်စရာမလိုတော့ဘူးလေ။ ကဲ… စတင် crack တာကိုတော့ youtube ကနေပဲ ကြည့်ပါတော့ဗျာ။ ကျွန်တော်လည်း အဲဒီကနေ ကြည့်ပြီး လုပ်ကြည့်တာ တကယ်ရပါတယ်။ အရမ်းကိုလွယ်တယ်။ မြန်မာနိုင်ငံမှာလည်း youtube ကို ကြည့်လို့ရတဲ့ နည်းလမ်လေးတွေ ရှိတော့ youtube နဲ့ပဲ တင်လိုက်တာ။

MySQL Migration Toolkit (Excel To MySQL)

2009-10-04_104737တစ်ခါတစ်လေ excel က data တွေကို mysql ထဲ ထည့်ချင်ရင် အရမ်းစိတ်ညစ်ရတယ်။ csv ကနေ ပြောင်းထည့်လို့ရတယ်။ ဒါပေမယ့် အမြဲတော့ အဆင်မပြေဘူးဗျ။ စာတွေကရိုက်ရတော့ နည်းနည်းလေး မှားသွားတာနဲ့ error message ပြရော။ GUI tool လေးသုံးပြီးထည့်ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ၂ ဆင့် ၃ ဆင့် လောက်တော့ လုပ်ရမယ်။ MySQL Migration Toolkit ဆိုတာကို mysql ကနေ ထုတ်ပေးထားတယ်။ဝမ်းနည်းစရာကောင်းတယ်က mysql ကို sun က ပိုင်တာဖြစ်လို့ မြန်မာနိုင်ငံကနေ download ချလို့လွယ်မှာတော့ မဟုတ်ဘူးဗျ။

1.http://dev.mysqlcom/downloads/gui-tools/ ကနေ download ချလိုက်လို့ရပါတယ်။

2. Excel ကို အရင်ဆုံး MS Access database အဖြစ်ပြောင်းလဲဖို့လိုတယ်။

3. ပြီးရင်တော့ MySQL Migration Toolkit ထဲကိုသွားပြီး ms access ကို import လုပ်ဖို့လိုတယ်။

4. ပြီးရင်တော့ database အသစ်တစ်ခု ပေါှလာပါမယ်။

5. အဲဒီအခါမှ PHPMyadmin ကနေ table ကို export လုပ်ပြီး လိုအပ်တဲ့ Database ထဲကို import ပြန်လုပ်ရုံပါပဲဗျာ။

Short Note Of PHP — 2

Integer

ပေါင်းနှုတ်မြှောက်စား ကိစ္စတွေအတွက် အသုံးပြုတယ်။

Strings

စာတွေ text တွေအတွက် အသုံးပြုတယ်။

$str=”Hello World”;

Booleans

True or Flase condition တွေအတွက် အသုံးပြုတယ်။

Compound Data Types

အခြား ထပ်မံပါဝင်တဲ့ data types တွေကတော့

Arrays – variable တစ်ခုထက် ပိုတာတွေကို သိမ်းတယ်။ နောက်ပိုင်း Arrary အပိုင်းမှာ ပါမှာပါ။

Objects – data ကော code ကော နှစ်ခု လုံးပါဝင်ပါတယ်။

Other Data Types

NULL – ဘာမှ မရှိတဲ့ value။ No value ပေါ့။

resource – PHP မှာ သီးသန့်အသုံးပြုတာ။ external resources တွေကို ညွှန်ပြပေးတယ်။

Converting Between Data Types

float နဲ့တွက်ပြီး int ပြန်ထုတ်ချင်တဲ့အခါမှာ

$x =10.88;

echo (int) $x; //outputs 10

Variable

Variable ဆိုတာ temporary storage containers တွေပါ။ Variable name တွေကို a-z,A-Z စပြီးပေးလို့ရပြီး နောက်ပိုင်းမှာ number တွေ လိုက်လို့ရတယ်။ underscore( _ ) လည်းလိုက်လို့ရတယ်။ number တွေနဲ့စပြီးတော့ ပေးလို့မရပါ။ special character တွေပေးလို့မရပါ။ _ နဲ့စပြီးပေးလို့မရဘူး။

$name=”valid”; //Valid Name

$_name=”invalid”; //Invalid Name

$1name=”invalid”; //Invalid Name,start with a number

Variable Variables

$name=’foo’;

$$name=’bar’;

$echo $foo;

//Display ‘bar’

$$ သုံးလိုက်တဲ့အတွက် $name ရဲ့ foo က variable ဖြစ်သွားတယ်။

$name=’123′; // 123 is your variable name, this would normally be invalid.

$$name=’456′; // Assign, you assign a value

echo ${’123′};

//Finally, using curly braces you can output 456

variable ကလည်း function ဖြစ်နိုင်တယ်။

function myFunc()

{

echo “myFunc”;

}

$f=’myFunc’;

$f(); //wil call myFunc();

Determining If a Variable Exists

Variable ရှိမရှိ စစ်မယ်ဆိုရင် isset ဆိုတာနဲ့ စစ်လို့ရတယ်။ boolean return ပြန်တယ်။ ရှိရင်1 လို့ ပြန်တယ်။

echo isset($x);

Short Note Of PHP — 1

Intro

XAMPP

PHP ကို ကိုယ့်စက်ထဲမှာ run ဖို့အတွက် xampp သွင်းထားဖို့လိုတယ်။ xampp သွင်းပြီးရင် C:\xampp\htdocs\ အောက်မှာ PHP file ကို သိမ်းရပါမယ်။ browser မှာ http://localhost/filename.php ဆိုပြီး ပြန်ခေါ်နိုင်ပါတယ်။

Chapter 1

PHP Basic
(PHP: Hypertext Preprocessor)

Syntax
C langauage , Perl Language နဲ့ တူပါတယ်။ အခုနောက်ပိုင်း OOP ပုံစံ အသုံးပြုလာပြီး အချို့ပိုင်းတွေမှာ Java syntax နဲ့လည်း ဆင်ပါတယ်။ PHP syntax ဟာ language တော်တော်များများ ကို remix လုပ်ထားပြီး ရိုးရှင်းလွယ်ကူပြီး နားလည်လွယ်ပါတယ်။
Continue reading

Bot Cover Shield Source Code

ကျွန်တော့် လက်ရှိ blog မှာ အသုံးပြုထားတဲ့ code ပါ။ google bot တစ်ခုကိုပဲ allow လုပ်ထားတယ်။ wordpress မှာဆိုရင်တော့ အောက်က code ကို copy ကူးပြီးတော့ Apperance > Theme > header.php မှာ ထိပ်ဆုံးနေရာမှာ paste လုပ်လိုက်ရင် ရပါပြီ။

<?php
if(isset($_POST['submit_dos']))
{
setcookie("checkhuman", "process", time()+3600);
header("Location:".$_SERVER['HTTP_REFERER' ]);
}
function chkcookies()
{
if(isset($_COOKIE["checkhuman"]))
{
if($_COOKIE["checkhuman"]=="process")
{
return true;
}
else
{
return false;
}
}
else
{
return false;
}
}
if(! chkcookies())
{

$ip=$_SERVER['REMOTE_ADDR'];

if(($ip != "66.249.66.1") && ($ip != "66.249.65.133") && ($ip != "66.249.67.72") && ($ip != "66.249.72.137"))
{
echo "If you are human click ";
echo "<form action='index.php' method=post>";
echo "<input type='submit' value='here' name='submit_dos' /></form>";
exit();
}
}
?>

Flowchart

အခုနောက်ပိုင်း ကျောင်းမှာ Flowchart မသင်တော့ဘူးလို့ ကြားတယ်။ ကျွန်တော်တို့တုန်းကတော့ သင်သေးတယ်။ ကျွန်တော် programming မသင်ခင်တုန်းက pseudo နဲ့ flowchart ကို စတင်ခဲ့ရတယ်။ တနည်းပြောရင် အခြေခံကောင်းတယ်လို့ ဆိုလို့ရတယ်။ programming ပထမဆုံး စပြီး သင်ဖြစ်ခဲ့တာက ဗိုလ်တထောင် DSE တက်တုန်းကပေါ့။ အဲတုန်းက Pseudo နဲ့ Flowchart ကို ဆရာမ အေးမွန် သင်ပေးခဲ့လို့ တော်တော်လေးကို နားလည်တယ်သွားတယ်။ Continue reading