How to buy Domain ?

ကျွန်တော်တို့တွေ Domain name တစ်ခုဝယ်ဖို့ရန်အတွက် Credit Card သို့မဟုတ် paypal လိုအပ်ပါတယ်။ domain name ဝယ်ယူရန်အတွက် မိမိနှစ်သက်ရာ domain ရောင်းတဲ့ site ဆီမှာ ဝယ်လို့ရတယ်။ နာမည်ကြီး domain ရောင်တဲ့နေရာ တွေကတော့ GoDaddy, Enom, DynDns, Name.com တို့ပါ။ နောက်ပိုင်းတော့ name.com မှာ ဝယ်ယူပါတယ်။ ဒါပေမယ့် သူ့ဆီမှာ ဝယ်ရင် Sub Domain တွေကို သီးသန့် ခွဲထုတ်လို့မရပဲ domain တစ်ခုပဲရပါတယ်။ subdomain တစ်ခု hosting တစ်ခုပေးချင်ရင်တော့ CNAME Record ရတဲ့ domain provider တွေကနေ ဝယ်ယူရပါမယ်။ domain ဝယ်ယူပြီးတဲ့အခါမှာ domain control အတွက် admin panel သဘောမျိုးပေးပါတယ်။ အဲဒီမှာ ကိုယ်ချိတ်မယ့် hosting ရဲ့ name server address ကို ထည့်ရပါတယ်။ မိမိ hosting ထဲမှာလည်း အဲဒီ domain ကို ထည့်ပေးထားရပါတယ်။ ဒါမှသာ ချိတ်ဆက်မှုရှိတာပါ။

domain တစ်ခုကို ခေါ်လိုက်တဲ့အခါ Name Server ထည့်ထားတဲ့ hosting ကိုသွားတယ်။ Name Server ထည့်ထားတဲ့ Hosting မှာ အဲဒီ domain name ရှိမရှိရှာပြီး domain name ရှိရင် domain name ရှိတဲ့ path ကို လှမ်းခေါ်လိုက်သလိုမျိုးပါ။

name.com မှာ ဝယ်မယ်ဆိုရင်တော့ အရင်ဆုံး name.com မှာ register လုပ်ရပါတယ်။ register လုပ်ပြီးရင် သူ့ search box မှာ ကိုယ်ဝယ်ချင်တဲ့ domain name ကို search လုပ်လိုက်ပါ။ အဲဒီအခါ ကိုယ်လိုချင်တဲ့ domain ရမရ သူစစ်ဆေးပါ့မယ်။ ရရင် ရတယ်ပေါ့။ မရရင် သူ suggestion ပေးပါလိမ့်မယ်။ ပြီးရင်တော့ checkout လုပ်လိုက်ပြီး ကိုယ့် credit card ဖြစ်စေ paypal နဲ့ ဖြစ်စေ ငွေချေနိုင်ပါတယ်။

ပြီးရင်တော့ ကိုယ့် Account ထဲမှာ ကိုယ်ဝယ်ထားတဲ့ domain name ပေါ်လာပါလိမ့်မယ်။ ဝယ်ဝယ်ပြီးခြင်းတော့ domain ကို ခေါ်လို့ရမှာမဟုတ်ဘူးဗျ။ ကိုယ့် Account ထဲဝင်ပြီး သင်ဝယ်ထားတဲ့ domain name ကို click လုပ်လိုက်တဲ့အခါမှာတော့ domain name နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဖော်ပြပေးပြီး ဘယ်ဘက်အခြမ်းမှာတော့ control panel ပါဝင်ပါတယ်။ Edit Name Server ကို နှိပ်လိုက်ပြီး သူ့ default name server တွေကို remove လုပ်ပြီး ကိုယ့် Hosting ရဲ့ name server ကို ထည့်သွင်းပါ။

ကိုယ့် hosting name server ကိုတော့ ကိုယ့် hosting ဝယ်ယူထားသုံးက ရထားတဲ့ domain address ကို www.whois.net မှာ ရိုက်ပြီး name server ကို သိရှိနိုင်ပါတယ်။ အဲဒီ name server ကို ကိုယ့် domain name နဲ့ ချိတ်ဆက်ပြီး ကိုယ့် hosting မှာလည်း domain name ကို ချိတ်ဆက်ပြီးရင်တော့ ၁ နာရီလောက်စောင့်ပြီးရင် domain name ခေါ်လိုက်တာနဲ့ hosting မှာ ကိုယ်ပေးထားတဲ့ နေရာကို သွားခေါ်ပေးတော့မှာပါ။

ဆက်စပ် thread
MZ Related Post


JSON

ကျွန်တော်တို့တွေအနေနဲ့ JSON (/ˈdʒeɪsɒn/ JaSON လို့အသံထွက်သည်) ကို မသိရင်တောင် XML ကို သိကြမှာပါ။ JSON ဟာလည်း XML လိုမျိုးပါပဲ။ light weight computer data interchange format ပါ။ ကျွန်တော်တို့တွေ XML နေရာမှာ အစားထိုးပြီး အသုံးပြုနိုင်ပါတယ်။ JSON ကို အရင်က ajax နဲ့ တွဲသုံးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ programming တွေနဲ့ပဲ တွဲပြီး အသုံးပြုလာတယ်။ JSON ကို လက်ရှိ လူသုံးများနေတဲ့ burglish editor မှာ အသုံးပြုထားသလို ကနောင် convertor မှာလည်း json ကိုပဲ အသုံးပြုထားပါတယ်။ နောက်ပြီး web service တော်တော်များများဟာ json ကို အသုံးပြုထားကြပါတယ်။ bitly ရဲ့ api ကို အသုံးပြုပြီးရေးသွားတဲ့ PHP code ကို လေ့လာဘူးတဲ့သူတွေ မှတ်မိကြမှာပါ။ json နဲ့ပဲ အသုံးပြုသွားတာပါ။ ဒါလောက်ဆို json ဘယ်လောက် အသုံးဝင်လဲ ဘယ်လောက်ထိ အသုံးပြုနေကြပြီလဲဆိုတာကို သိနိုင်မှာပါ။ ornagai ရဲ့ api ဟာလည်း json ကိုပဲ ထုတ်ပေးမှာပါ။ json နဲ့ ပတ်သက်ပြီး json.org မှာ သွားရောက်လေ့လာနိုင်ပါတယ်။

json ကို ဘယ်လိုရေးမလဲ။

json က သမာရိုးကျ XML လိုမျိုးပါပဲ။ သူ့မှာလည်း ရေးတဲ့ syntax ရှိပါတယ်။ json ကို စရေးမယ်ဆိုရင်တော့ { နဲ့ စပြီး } နဲ့ ပိတ်ရပါတယ်။ နောက်ပြီး key ကို ဘယ်ဘက်မှာ ရေးပြီး value ကို ညာဘက်မှာ ရေးပါတယ်။ string တွေကို " နဲ့ " ကြားမှာ ရေးပါတယ်။ key တစ်ခုနဲ့ တစ်ခုကို , နဲ့ ခြားထားပါတယ်။ ဥပမာ

{
"data":{
"name" : "json test" ,
"value" : 12345
"address" : "www.saturngod.net"
}
}

အဲဒီဟာက xml နဲ့ဆိုရင် ဒီလိုပေါ့

<data>
<name>json test</name>
<value>12345<value>
<address>www.saturngod.net</address>
</data>

json မှာ ထပ်ပြီး ခွဲချင်ရင်တော့ [ နဲ့စပြီး အပြီးမှာ ] နဲ့ ပိတ်ရပါတယ်။

{"menu": {
"id": "file",
"value": "File",
"popup": {
"menuitem": [
{"value": "New", "onclick": "CreateNewDoc()"},
{"value": "Open", "onclick": "OpenDoc()"},
{"value": "Close", "onclick": "CloseDoc()"}
]
}
}}

အဲဒါကို xml မှာဆိုရင်တော့

<menu id="file" value="File">
<popup>
<menuitem value="New" onclick="CreateNewDoc()" />
<menuitem value="Open" onclick="OpenDoc()" />
<menuitem value="Close" onclick="CloseDoc()" />
</popup>
</menu>

အဲဒါနဲ့ ပတ်သက်တဲ့ example တွေကိုတော့ http://www.json.org/example.html မှာ လေ့လာလို့ရပါတယ်။

Open JSON in firefox

JSON ကို firefox မှာ ဖွင့်လို့မရပါဘူး။ JSON က MIME type ရရပြီးသားဖြစ်ပါတယ်။ application/json ဆိုပြီး တည်ရှိပြီးသားပါ။ ဒါပေမယ့် လက်ရှိမှာတော့ firefox မှာ support မလုပ်သေးပါဘူး။ ကျွန်တော်တို့တွေ json data တွေကို .json ဆိုပြီး သိမ်းကြပါတယ်။ အဲဒါကို firefox မှာ ဖွင့်လို့ရအောင် JSONView addon တစ်ခုထပ်သွင်းရပါတယ်။ အဲဒီ addon သွင်းလိုက်ရင် firefox မှာ .json ဆိုတာတွေကို ဖွင့်ဖတ်လို့ရပြီး ကိုယ့် json format မှန်မမှန်ကို စစ်နိုင်ပါတယ်။

Editor For JSON

JSON အတွက် editor တွေက လက်ရှိမှာတော့ သေသေချာချာမရှိသေးဘူး။ notepad++ မှာဆိုရင်တော့ javascript language နဲ့အတူတူပါပဲ။ Setting > Style Configure -> Javascript မှာ User ext နေရာမှာ json ဆိုပြီး ဖြည့်လိုက်ပါ။ ပြီးရင် Save & Close လုပ်လိုက်ပါ။ Settings -> Preference မှာ File Association Tab မှာ customize ကိုသွားပြီး .json လို့ထည့်ပြီး -> လေးကို နှိပ်လိုက်ပါ။ Registered exts: မှာ .json ဆိုတာလေး ဝင်သွားလိမ့်မယ်။ ဒါဆိုရင် .json file တွေကို double click လုပ်တာနဲ့ notepad++ နဲ့ ပွင့်သွားမှာပါ။

နောက်ပြီး online json editor ကို ဒီမှာ ရနိုင်ပြီး အဲဒါကို download လုပ်ချင်ရင်တော့ ဒီမှာရနိုင်ပါတယ်။


Canceling Your Gmail

ကိုယ့် gmail ကို မသုံးချင်တော့ဘူး။ ဒါပေမယ့် သူများကလည်း Password ကို ဖောက်ပြီး ကြည့်သွားမှာလား ကြောက်တယ်။ (တကယ်တော့ gmail password က ဖောက်ဖို့မလွယ်ပါဘူး) ကိုယ့် gmail account ကို ဖျက်ချင်ရင်တော့

၁။ gmail ထဲဝင်ပါ။
၂။ ညာဘက်ထိပ်နားမှာ setting ဆိုတာလေးကို သွားပါ။
၃။ Accounts tab ကိုသွားပါ။
၄။ အောက်ဆုံးက Google Account Settings ကိုသွားပါ။
၅။ My products – edit တွင် edit ကို နှိပ်ပါ။
၆။ Remove Gmail permanently ကို click လိုက်ပါ။
((https://mail.google.com/support/bin/answer.py?hl=en&answer=8152))


Font Embed in Firefox 3.5

အရင်က စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လိုက်ဘူး.. ဒီနေ့မှပဲ စမ်းဖြစ်တာ….

ကျွန်တော်တို့တွေ web design တွေဆွဲတဲ့အခါမှာ font တွေကလည်း အရေးပါလှပါတယ်။ header ကို ဘာ font သုံးမယ်။ paragraph ကို ဘာ font သုံးမယ်ဆိုပြီး ကျွန်တော်တို့တွေ ရွေးချယ်ရတယ်။ အရင်က ကျွန်တော်တို့တွေမှာ ရွေးချယ်စရာ များများမရှိဘူး။ Windows မှာ default ပါတဲ့ font နဲ့ mac မှာ default ပါတဲ့ font တွေဖြစ်ဖို့ အရေးကြီးတယ်။ နောက်မို့ဆို ကိုယ့် design က မလှပဲ ဖြစ်သွားမယ်။ ဒါကြောင့် အများအားဖြင့် Verdana,Times New Roman,Tahoma,Arial,Georgia စတာတွေလောက်ပဲ ရွေးလို့ရတယ်။ အများကြီးရွေးချယ်စရာမရှိဘူးလေ။ သူတို့ စက်ထဲမှာ font မရှိရင် အလကားပဲ။ ဒါကြောင့် designer တွေကတော့ browser တွေထဲမှာ font embed ဖြစ်စေချင်ကြတယ်။
Continue reading


Open Web Tools Directory

Mozilla Labs ကနေ အသစ်လွှင့်တင်လိုက်တဲ့ site လေးပါ။ ကျွန်တော်တို့ Web Developer အနေနဲ့များပြားလှတဲ့ Library တွေကြားမှာ ဘာပိုကောင်းလဲ ဘာက ကိုယ့်အတွက် သင့်တော်မလဲစတာတွေကို ရွေးချယ်ရတာ တော်တော်လေး အာရုံစားပါတယ်။ အခု Mozilla က အကုန်လုံးကို တနေရာတည်းမှာ စုစည်းထားပေးတယ်။ search လုပ်လို့လည်းရတယ်။ ဥပမာ javascript လို့ ရိုက်လိုက်ရင် jquery,mootools, YUI (ကျွန်တော်သိတာ အဲဒီ ၃ ခုတည်း) အပြင် အခြား Library တွေပါ ထွက်လာတယ်။ တစ်ခုခြင်းဆီရဲ့ အကြောင်းကိုလည်း ရှင်းပြပေးထားတယ်။ နောက်ပြီး အဲဒီ site မှာ သုံးထားတဲ့ Javascript ကလည်း အတော်လေး လန်းတာကို တွေ့ရတယ်။ ကျွန်တော်ပြောနေတာ ကြာပါတယ်။ web developer တစ်ယောက်မဟုတ်ရင်တောင် ဗဟုသုတအဖြစ် ခဏလောက်တော့ သွားကြည့်သင့်တဲ့ site လေးတစ်ခုပါ။

http://tools.mozilla.com/


3D Site with HTML

တစ်ချိန်တစ်ခါတုန်းက HTML နဲ့ 3D လုပ်မယ်ဆိုတာ စိတ်ကူးပဲရှိခဲ့တာပါ။ အခုအခါမှာတော့ လက်တွေ့ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့တွေ HTML design တွေကို 3D ပုံစံနဲ့ ဖန်တီးလို့ရနေပြီ။ အခုအချိန်က ပြီးပြည့်စုံတဲ့ 3D မဟုတ်သေးပေမယ့် နောက်တစ်ချိန်မှာ Web Design လောက အနေနဲ့ပြောင်းလဲစရာတွေ ဖြစ်လာနိုင်ပါတယ်။ Firefox 3.5 နဲ့ Safari 4 , Chrome 3 တို့မှာ 3D Effect တွေ ရရှိလာပြီလေ။ တကယ်ကို အံဩဖို့ ကောင်းပြီး အဲဒီ site ကို မြင်လိုက်ချိန်က ဟာ ခနဲ့ ဖြစ်သွားပါတယ်။ coding ပိုင်းကလည်း CSS လေးနဲ့ပဲ သုံးသွားတော့ ယုံတောင် မယုံနိုင်ဘူး။ နောက်ပြီး HTML5 မှာ ပုံတွေကို run time မှာ ဆွဲလို့ရနေပြီဆိုတော့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ မယုံမရှိ လက်တွေ့မြင်ရအောင်

http://www.zachstronaut.com/lab/isocube.html

Site တစ်ခုလုံးကို ရိုးရှင်းတဲ့ coding နဲ့ ပဲ ဖန်တီးထားတယ်။ ဒါနဲ့ သူ့အတိုင်း စမ်းလုပ်ကြည့်တော့လည်း အဆင်ပြေတာကို တွေ့ရပါတယ်။ ကျွန်တော် စမ်းရေးကြည့်ထားတာတဲ့ coding ကတော့








This is top
This is left
This is right
This is shadow

HTML 5 Cheat Sheet

HTML 5 အတွက် Cheat Sheet ထွက်လာပါပြီ။ Smashing Magazine မှာ တွေ့တာပါ။ HTML5 ကို စူးစမ်းလေ့လာနေတဲ့သူတွေအတွက် တော်တော်လေးကို အသုံးဝင်ပါတယ်။

http://www.smashingmagazine.com/2009/07/06/html-5-cheat-sheet-pdf/