NoSQL

စမ်းမယ် စမ်းမယ်နဲ့ သေသေချာချာ မစမ်းဖြစ်သေးတဲ့ MongoDB ကို ဒီနေ့မှပဲ စမ်းဖြစ်တော့တယ်။ php အတွက် driver ကိုတော့ စမ်းသွင်းထားတာ ကြာလှပါပြီ။ MongoDB က သွင်းရတာ လွယ်သလို ရေးရတာလည်း လွယ်တယ်။ ပြဿနာ တစ်ခုက PHP Driver သွင်းရတာလေးပဲ။ 32 bit နဲ့ 64 bit ပြဿနာ ကြောင့် driver ကို ကိုယ့်ဘာသာကိုယ် compile ပြန်လုပ်ရတယ်။ အဲဒါကလွဲပြီး ထွေထွေ ထူးထူး ပြဿနာ မရှိပါဘူး။ MongoDB က NoSQL Database တွေထဲက တစ်ခုပါ။
Continue reading

For PHP Developer

ဒီ post ကို ဖတ်မိကတည်းက ချက်ခြင်း ဘာသာပြန်ချင်စိတ် ရှိနေပေမယ့် မအားတာနဲ့ လုံးဝကို ဘာပြန်မပြန်နိုင်ဘူး ဖြစ်သွားတယ်။ ရတဲ့ အချိန်လေးမှာ ၂ ပိုင်းခွဲပြီးတော့ ရေးလိုက်တယ်။ အစကတော့ ဘာသာပြန်မလို့ပဲ နောက်တော့ ခေါင်းစဉ် အချက်လောက်ပဲ ယူပြီး ကိုယ့်ဘာသာကိုယ် ရေးချင်တဲ့ အကြောင်းတွေပဲ ရေးဖြစ်လိုက်တယ်။ ဘာသာပြန်တာကနေ မှီငြမ်းတာ ဖြစ်သွားတာပေါ့။ Education နဲ့ သက်ဆိုင်တာကြောင့်လည်း MZ Blog မှာပဲ သွားရေးဖြစ်တယ်။ နောက်ပြီး အခုတလော မအားရဘူးဆိုတာကလည်း Ava အတွက် Documentation ရေးနေတာကြောင့်လည်း ပါတယ်။ အခုထက်ထိတော့ Documentation က မပြီးသေးဘူး။ စလုံးရေးစ ပဲ ဖြစ်နေသေးတယ်။ Documentation ကတော့ လက်ရှိ framework ရဲ့ အသက်ပဲ။ အချိန်ပေးရတာ မှန်ပေမယ့် နောက်ပိုင်း အသုံးဝင်မှာမို့ သေချာရေးဖို့လိုတယ်။ နောက်ပိုင်း အသုံးဝင်မှာမို့ဆို ဘာသုံးမှာမို့လဲဆိုတော့ မသိသေးဘူးပဲ ပြောရမလားပဲ။ python ကလည်း လေ့လာနေရင်း objective -c ရောက်သွားတာနဲ့ Django တောင် မလုပ်ဖြစ်တော့ဘူး။ ROR ပဲ လုပ်ရင် ကောင်းမလား Django ပဲ လေ့လာရင် ကောင်းမလား စဉ်းစားနေတုန်းပဲ။ အခုလောလောဆယ်တော့ objective -c နဲ့ပဲ လုပ်နေရတော့ အဲဒါပဲ လုပ်ဖြစ်နေတယ်။ များများလုပ်တော့ များများသိလာတာပေါ့။
Continue reading

Change Unicode in Blogspot

Blogspot မှာ unicode ဘယ်လိုပြောင်းရမလဲ ဆိုသူတွေအတွက် ရေးထားပါတယ်။

ပါဝင်တာတွေက

လက်ရှိ Blogspot ကို Unicode ပြောင်းခြင်း။
လက်ရှိ Unicode Blog ကို font embed နဲ့ CSS ထည့်ခြင်း

Download

FAQ About Uni

အားရင်တော့ Myanmar Unicode For dummie ဆိုပြီး စာအုပ်လေး ရေးမလား စဉ်းစားနေတယ်။ အခုတော့ ကိုမျိုးကျော်ထွန်း မေးထားတဲ့ မေးခွန်းတွေကို အတိုဆုံး ဖြေထားပေးပါတယ်။

1. ဘာလို့ Unicode သုံးသင့်သလဲ။

Unicode ဟာ standard ပါ။ နောင်တချိန်မှာ ပြောင်းလဲသုံးစွဲရမယ့် standard တစ်ခုပါ။ လက်ရှိ app translaction တွေကလည်း unicode နဲ့ပဲ လုပ်နေတာပါ။

( အခု အချိန်မှာ မဖြစ်မနေ သုံးရမယ်တော့ မဟုတ်ပါ။ )

2. Standard Unicode List တွေက

လက်ရှိ ရှိနေတဲ့ Standard Unicode တွေက

၁။ Myanmar 3 ( Mac မှာ မရ )
၂။ ပိတောက် ( Mac မှာ မရ )
၃။ ပုရပိုက် ( Mac မှာ မရ )
၄။ သံလွင် ( Mac မှာ မရ )
၅။ ဝင်း အင်းဝ Uni ( Mac မှာ မရ )
၆။ ဝင်း အင်းဝ ကလော ( Mac မှာ မရ )
၇။ MyMyanmar
၈။ ယွန်းချို ( Mac မှာ မရ )
၉။ Masterpiece Uni Sans ( Only For Mac )
၁၀။ Xentotype (Only For Mac but not free )

Xentotype လွဲပြီး ကျန်တာတွေ အကုန် download လုပ်လို့ရပါတယ်။ Download link တွေကို မကြာခင် ထည့်ပေးပါ့မယ်။ ပြန်စုနေလို့ပါ။

Continue reading

Unicode ဘယ်လိုသုံး

Unicode မြင်ဖို့ကတော့ Font ရှိဖို့ပဲလိုပါတယ်။ Font ရှိရင် မြင်ရပြီ။ ဒါဆိုရင် ဘာ ဖောင့်တွေ ရှိသလဲ ဆိုတာ ကြည့်ရအောင်။

စာဖတ်ဖို့

လက်ရှိ Unicode Font တွေကတော့ ဒီမှာ သွားဖတ်လိုက်ပါ။

ကျွန်တော့် blog sidebar မှာလည်း Font Link ထည့်ထားပေးပါတယ်။

Mac အတွက်ကတော့ ရှင်းတယ်။ ဒီ package ကို Install လုပ်လိုက်ရင်ရပါပြီ။ သို့ပေမယ့် OS X 10.6 တော့ လိုတယ်။ Font ပဲ လိုချင်တယ်ဆိုရင်တော့ ဒါကို download ချလိုက်ပါ။
Continue reading

Updated MMUnicode Embed

ဒီနေ့ ရုံးမှာ MMUnicode Embed အတွက် ထပ်ပြီး update လုပ်ဖို့ စဉ်းစားမိလာတယ်။ မနေ့ညကတည်းက စဉ်းစားမိပေမယ့် ရေးဖို့က ပျင်းနေတယ်။ ရုံးရောက်တော့ လူပျိုကြီးကိုတော့ လှမ်းပြီး အကြောင်းကြားလိုက်သေးတယ်။ ကျွန်တော် ဒီနေ့ comment မှာ ဇော်ဂျီနဲ့ ရိုက်ရိုက် unicode နဲ့ ရိုက်ရိုက် ရိုက်လို့ရအောင် လုပ်တော့မယ်လို့။ တကယ်တန်းတော့ ကျွန်တော် ငပျင်းမို့ပါ။ comment တဲ့သူတွေက unicode နဲ့ ဖတ်ပြီး comment တာတွေကို ဇော်ဂျီ နဲ့ ရိုက်သွားတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းရတာပေါ့။ အဲလို ပြောင်းရတာ ပျင်းလို့ comment ရေးတာတွေကို ဇော်ဂျီနဲ့ ရေးရေး Unicode နဲ့ ရေးရေး ရအောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာ။
Continue reading

Unicode , Zawgyi And Me

အခုကေတာ့ Blog ကို ဇော်ဂျီကနေ Unicode ကို ပြောင်းလိုက်ပြီ။ Converter ကတော့ ကိုယ့်ဘာသာကိုယ် PHP နဲ့ ရေးလိုက်တာပဲ။ ကိုယ့်ဘာသာကိုယ် ရေးထားတာဖြစ်လို့ 100% တော့ မမှန်ဘူးဖြစ်နေတယ်။ ကိစ္စမရှိ။ စာဖတ်သူတွေ ဖြည့်ပြီး နားလည်ပေးမယ်လို့ ထင်ပါတယ်။ Unicode 5.2 stable ဖြစ်သွားပြီလို့ ဆိုတာကြောင့် Unicode ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

Unicode နှင့် ကျွန်တော်

Unicode ကို ဘယ်တုန်းက စသိသလဲဆိုတော့ မြန်မာ 1 ကတည်းက စသိတယ်ဆိုရမယ်။ အဲတုန်းက ကြားဖူးတာပဲရှိတာ။ Unicode ဆိုတာ ဘာမှန်းမသိ။ နောက်တော့ မြန်မာ 2 ပေါ်လာတာတော့ ကျွန်တော် စသုံးတယ်။ အဲတုန်းက ဇော်ဂျီ ပေါ်ပြီလား မပေါ်သေးဘူးလားမသိဘူး။ သုံးရတာ လုံးဝ အဆင်မပြေ။ ရိုက်ရတာလည်း အဆင်မပြေ။ အချို့ စာလုံးတွေ ရိုက်လို့မရ။ ဒါကြောင့် မြန်မာစာ ရိုက်ဖို့ ဝင်း ကိုပဲ သုံးတော့တယ်။ နောက်တော့ Planet မှာ ဇော်ဂျီ ပြောင်းသုံးပြီဆိုတာနဲ့ font ကို download ချ။ keyboard ကို download ချပြီး သုံးကြည့်တယ်။ ၂၀၀၅ ခုနှစ် နှစ်ကုန်လောက် တုန်းက ထင်တယ်။ အဲတုန်းက forum မှာ တော်တော် အချိန်ကုန်ခဲ့တာ။ ဝင်း နဲ့ အစက ရိုက်နေတာကနေ မြန်မာ English ၂ မျိုး ရိုက်လို့ရတယ်။ ကိုယ် ရိုက်ချင်တဲ့ စာ တော်တော်များများ အေးအေးဆေးဆေး လွယ်လွယ်ကူကူ ရိုက်လို့ရတယ်။ မြန်မာ ၂ ကို ကျွန်တော်အဲတုန်းက နည်းနည်း သုံးသေးတယ်။ ကိုယ့်ဘာသာကိုယ် စာရေးဖို့အတွက် ဟိုစမ်းဒီစမ်း ထင်တယ်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ကျွန်တော် blog ကို စရေးဖြစ်တာ။ အဲဒီ မတိုင်ခင်က မိုင်မြန်မာလည်း ထွက်ပြီထင်တယ်။ unicode 4.0 ကို အခြေခံထားတာ။ ဇော်ဂျီကတော့ unicode 4.0 နဲ့တော့ တူပေမယ့် လိုနေတာတွေ အကုန်အဆင်ပြေအောင် ထပ်ဖြည့်ထားတာပေါ့။ ဘယ်သူကမှလည်း သုံးပါ ဆိုပြီး အတင်းအကျပ် မခိုင်းပါဘူး။ အဲတုန်းကတော့ Unicode သွင်းပြီး rendering အတွက် တော်တော်လေးကို ခက်ခဲတာ။ တော်တော်လေးဆိုတာ ကျွန်တော် ပြောတဲ့ တော်တော်လေးက ခက်တယ်။ XP မှာ unicode ထည့်ဖို့ သာမာန် End User အနေနဲ့ မလွယ်ပါဘူး။ နောက်ပြီး unicode သွင်းဖို့အတွက် XP windows အခွေလိုတဲ့ အတွက် End User တွေအတွက် မလွယ်လှပါ။ End User တော်တော်များများမှာ Windows ခွေ ကိုယ်ပိုင် မရှိသလို သူတို့အတွက်လည်း လိုတဲ့ အရာလို့ မမြင်ဘူးလေ။
Continue reading