အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။ ပြန်ရေးတဲ့ အချိန် ပထမဆုံး blog post ကလည်း CSS စာအုပ် ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။ အခုတော့ စကာင်္ပူ က အလုပ်တွေနဲ့ ပတ်သက်ပြီး link တွေကို ပြန်စုစည်းပေးလိုက်ပါတယ်။ ကျွန်တော်လာတုန်းကတော့ post တွေက အရမ်းနည်းတယ်။ အခုတော့ မဆိုးဘူး လို့ဆိုရမယ်။ အရင်ကထက် စာရင် တော်တော်များလာပြီ။
Continue reading
Category Archives: Knowledgebase
Should we change target ?
ဟိုနေ့က ကိုပီဇီ နဲ့စကားပြောဖြစ်သေးတယ်။ ကျွန်တော်က ရန်ကုနု်မှာ လူငယ်တွေကော ဘယ်လိုလဲလို့ မေးလိုက်တော့ … ကိုပီဇီက အားမလို အားမရတွေဖြစ်နေတယ်။ ၁၀ တန်းပြီးမှ computer အခြေခံစသင်ရတာနဲ့ အင်္ဂလိပ်စာ အခြေခံပြန်သင်ရတာကို မကျေမနပ်တွေ ဖြစ်နေတယ်။ ၁၀ တန်းပြီးပြီဆိုရင် အင်္ဂလိပ်စာ အခြေခံနဲ့ computer အခြေခံ ကို သင်တာ နောက်ကျနေပြီဗျ။ ကျွန်တော်တို့တွေ အသက်အရွယ်ကြီးတဲ့ အထိ ရှေ့မတက်နိုင်တာက ၁၀ တန်းပြီးမှ အခြေခံ စတာကြောင့်လည်း ပါတယ်ဆိုတာ မမှားဘူး။ ၁၀ တန်း ပြီးဆိုတော့ ၁၆ နှစ် ပေါ့။ ၁၆ နှစ်မှာမှ Word , Excel , Powerpoint တွေ စသင်ခိုင်းတာက အလွန်ကို နောက်ကျနေပြီလို့ ဆိုလို့ရပါတယ်။ computer ကို ဝါသနာပါတယ်လို့ ပြောပေမယ့် တယ်လည်း ခက်သား။ ဘာ ဝါသနာ ပါလဲဆိုတာကိုလည်း ရှင်းဖို့ ခက်သား။ ၁၀ တန်းပြီးတဲ့ ကလေးတွေ computer ထဲကို ရောက်လာတာကလည်း Hacker ဖြစ်ချင်လို့ နောက်ပြီး Game Developer ဖြစ်ချင်လို့ စတာတွေလောက်နဲ့ ပဲ ရောက်လာတာ။ အမှန်တိုင်းဆိုရင် emo တို့ အရွယ်လောက် ကတည်းက word, excel တို့ အပြင် HTML , CSS အနည်းငယ်လောက်တော့ မတတ်ရင်တောင် သိထား နားလည်ထားသင့်ပြီ။
Bitbucket
အခုတော့ လက်ရှိ private project တွေကို codaset ကနေ bitbucket ကို ပြောင်းလိုက်ပြီ။ codaset က git repo ပဲ။ beta version တုန်းက စမ်းထားလို့ free private repo ၂ ခု ရထားတယ်။ သို့ပေမယ် ထပ်လိုချင်ရင်တော့ ပိုက်ပိုက် ထပ်ပေးရမယ်။ အခုတော့ သူတို့ စျေးနှုန်းပါ မြှင့်လိုက်ပြီဆိုတော့ ထပ်သုံးဖို့ အကြောင်း မရှိ။ ဒါကြောင့် bitbucket ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။ bitbucket အဓိက အချက်က unlimited private repo free ရတာပဲ။ အဲဒါကို သဘောကျတယ်။ ပြဿနာက Mercurial ကို သုံးထားတာပဲ။ သူက Git နဲ့ မတူဘူး။ ဒါကြောင့် Mercurial ကို သီးသန့် ထပ်သွင်းရတယ်။ Mercurial က python နဲ့အဓိက ရေးပြီး diff အပိုင်းကို C နဲ့ ပြန်ရေးထားတာနဲ့ တူတယ်။
Continue reading
Singapore ? Part – II
singapore part 1 မှာတော့ ဒီမှာ ကျောင်းလာတက်မယ့် ကလေးတွေ အကြောင်းပြောခဲ့ပါတယ်။ အခု အပိုင်း ၂ မှာတော့ အလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်လေးတွေကို တင်ပြချင်ပါတယ်။ အဲ.. အလုပ်ဆိုလို့ ကျွန်တော် Job ? ဆိုတဲ့ post တစ်ခု ရေးခဲ့သလို ကျွန်းသေးသေးလေးကို ထွက်ခွာခြင်း ဆိုပြီးတော့လည်း ရေးခဲ့ဖူးတယ်။ အခု စလုံး ကို ရောက်လာတာ ၁ နှစ်ရှိသွားပြီဆိုတော့ အလုပ်အကြောင်းတော့ ဒီမှာ နှစ်ကြာနေတဲ့သူတွေလောက် မသိပေမယ့် အနည်းအကျဉ်းတော့ သိလာပါပြီ။ ဒါကြောင့် ဒီကို လာမယ့်သူတွေကို မနှစ်က စထွက်လာကစ ကျွန်းသေးသေးလေးကို ထွက်ခွာခြင်းထက် ပိုသိလာပြီပေါ့ဗျာ။
Continue reading
Myanmar Bookmarklet
Font install သွင်းမရတဲ့ စက်တွေမှာ မြန်မာစာ ဖတ်လို့မရဘူး။ နောက်ပြီး ဇော်ဂျီပဲ သွင်းထားတယ်။ unicode မသွင်းချင်ဘူး။ unicode ပဲ သွင်းထားတယ် ဇော်ဂျီမသွင်းချင်ဘူးဆိုတဲ့ စက်တွေအတွက် bookmarklet လုပ်ထားတယ်။ ဒီမှာ သွားပြီး ယူနိုင်ပါတယ်။ Link ကို click မနှိပ်ပဲ Drag & Drop Bookmarkbar ပေါ်မှာ ဆွဲထည့်လိုက်ပါ။ ပြီးရင် ကြည့်ချင်တဲ့ site ကို bookmark bar ပေါ်က bookmark လေးကို နှိပ်ပြီး လွယ်လင့်တကူ ကြည့်လို့ရပါတယ်။
Zawgyi Embed Bookmarklet
iPad ကို iOS 4.2 GM version ကို update လုပ်လိုက်တာ jailbreak မရတော့ဘူး။ ဒါနဲ့ website တွေကို ဖတ်လို့မရတော့ဘူးပေါ့။ အဓိက email မှာ မရရင်တောင် website မှာ မြန်မာလို မြင်ရရင် မဆိုးဘူးဆိုပြီး ကိုယ့်ဘာသာ ကိုယ် bookmarketlet လုပ်လိုက်တယ်။ Safari မှာ Bookmark လုပ်လိုက်တယ်။ ပြီးတော့ iPad ကို Sync လုပ်လိုက်တယ်။ bookmark ကို run လိုက်တာနဲ့ လက်ရှိရှိနေတဲ့ site က စာတွေအားလုံးကို zawgyi font နဲ့ မြင်ရအောင် ဖန်တီးလိုက်ပါတယ်။
Continue reading
Job ?
အလုပ်အပေါ်မှာ ခံယူချက်က တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး။ အချို့တွေကလည်း ဝါသနာပါတာကို လုပ်လို့ ဆိုကြသလို အချို့တွေကလည်း အလုပ်ရနိုင်တာကို လုပ်။ ဝါသနာထက် ရေရည်ရပ်တည်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုကြပြန်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ခံယူချက်မတူသလို ကျောင်းပြီးကာစ လူငယ်လေးတွေလည်း ဘာလုပ်ရမှန်းမသိကြတာ အမှန်ပါ။
ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောဘူးတယ်။ သားကို အမေတို့က ပညာအမွေပဲ ပေးနိုင်တယ်။ ပညာတတ်အောင် သင်ပေးတဲ့ အထိပဲ အမေတို့ တတ်နိုင်မယ်။ ကိုယ့်ဘဝ ကိုယ်ရပ်တည်ရမှာပဲလို့ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောခဲ့ဘူးတယ်။ ပညာ အမွေ ? အဖေ တို့ အမေ တို့ ပေးနိုင်တာကတော့ ကျောင်းပညာ အမွေပါ။ ကျောင်းပညာ လို့ ဆိုရတာကလည်း ကျောင်းမှာ သင်တဲ့ ပညာရယ် ကျောင်းမှာ မသင်တဲ့ ပညာရယ်ဆိုပြီး ရှိပါသေးတယ်။ ဥပမာ။။ ဗေဒင် မျက်လှည့် စတာတွေက ကျောင်းမှာ မသင်ပေးနိုင်ဘူး။ ဗေဒင်နဲ့ ချမ်းသာတဲ့ ဗေဒင် ဆရာတွေ ရှိသလို ဆင်းရဲနေတဲ့ ဗေဒင်ဆရာတွေလည်း အများကြီးပါ။ မျက်လှည့်ထို့ အတူပါပဲ။ အခြေခံအဆင့် အောင်သွားရင်တော့ ရေးတတ် ဖတ်တတ်သွားမယ်။ စကားပြောတတ်သွားမယ်။ စဉ်းစားတတ်လာမယ်။ သို့ပေမယ့် နောင်တချိန် အလုပ်ရဖို့ ပိုက်ဆံတွေရှိလာဖို့ ပျော်ရွှင်လာဖို့ ပညာတွေ ပါမလာတာကတော့ သေချာတယ်။ high school ပြီးတော့ တက္ကသိုလ်တွေ တက်ကြရပြန်ကော။ တက္ကသိုလ်တက်တဲ့ အခါမှာလည်း အမှတ်မှီလို့ မိဘ က သွားခိုင်းတာနဲ့ ဝါသနာ ပါတာကို စွန့်ပြီး ဆေးကျောင်းသွားရတဲ့သူတွေရှိသလို ဝါသနာပါတဲ့ လိုင်းကိုပဲ လိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဝါသနာမပါပဲနဲ့ လာတက်တဲ့သူတွေ အထဲမှာ Computer တက္ကသိုလ်က လူတော်တော်များများ ပါတယ်။ Computer တက္ကသိုလ်ရောက်မှ programming ဆိုတာ ဘာလဲဆိုတာ သိကြတဲ့သူတွေလည်း အများကြီးပဲဗျ။ တနည်းပြောရင် ကိုယ်တက်မယ့် တက္ကသိုလ်မှာ ဘာတွေ သင်မလဲဆိုတာ မသိတဲ့သူတွေ အများကြီးပဲ။
ဆယ်တန်းပြီးတဲ့ သူတစ်ယောက်ကို ဘာဝါသနာပါလဲလို့ မေးလိုက်ရင် အင်း.. အဲ… ဖြစ်တဲ့သူကဖြစ်။ မဟုတ်ရင် ငယ်ငယ်ကတည်းက သင်ပေးထားတဲ့ အတိုင်း ပြောတာတွေလည်း အများကြီးပါ။ ဝါသနာဆိုတာက ပြောင်းလဲတတ်တယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ဝါသနာ ပြောင်းသွားတတ်တယ်။ ဒါကြောင့် အခုအချိန်မှာ ဘာဝါသနာပါလဲဆိုတာကိုပဲ မေးလို့ရလိမ့်မယ်နဲ့တူတယ်။ တနည်းပြောရင် ငယ်ငယ်တုန်းက စစ်တိုက်တန်း ကစားရတာ ဝါသနာပါပေမယ့် ကြီးလာတဲ့အခါမှာ စစ်တိုက်နေရတာ မကောင်းဘူးလို့ နားလည်ရင် ဝါသနာ ပါတော့မှာမဟုတ်ဘူး။ ဒါကြောင့် ဝါသနာ ဟာပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဘာဝါသနာပါလဲလို့ မေးရင် ဖြေနိုင်ဖို့လိုတယ်။ ဆရာဝန်လုပ်ချင်တယ်။ ဆရာဝန်လုပ်ရတာ ဝါသနာပါတယ် လို့ ဆိုတဲ့သူတွေဟာလည်း အမှတ်မမှီတဲ့အခါမှာ သူတို့ ဘဝကြီး အလကားဖြစ်သလို ခံစားသွားရတဲ့ သူတွေ အများကြီးပါ။ ၁၀ တန်းမှာ ဆေးကျောင်းအမှတ်မမှီလို့ စိတ်ပျက်ပြီးနောက်ပိုင်းမှာ အခြားနေရာတွေမှာလည်း အောင်မြင်တယ်။ တော်တယ်ဆိုတာ တော်တော်ရှားသွားတယ်။ သူတို့ရဲ့ ဝါသနာ ပျက်စီးသွားပြီ။ သူတို့ ဖြစ်ချင်တာ ဖြစ်ခွင့်မရှိတော့ဘူးဆိုပြီး မသိစိတ်က ရှေ့ဆက်မယ့် ဘဝတွေကို ထိန်းချုပ်ခြင်းခံလိုက်ရတဲ့သူတွေကို ကျောင်းတက်နေတုန်းက တွေ့ခဲ့ဖူးပါတယ်။
Continue reading
Singapore ?
မနေ့က နိုင်ငံခြား ရောဂါ ဆိုပြီး ကိုမိုးစက်မှော် blog ကနေ ဖတ်လိုက်ရတယ်။ ဖတ်ကြည့်လိုက်တော့လည်း ဟုတ်နေသလိုလိုပါပဲ။ ဟုတ်နေသလိုလိုပါပဲလို့ ပြောရတာက ကျွန်တော့်ပတ်ဝန်းကျင်မှာ အဲလို ကိစ္စတွေ မကြုံဖူးလို့ပါ။ ကျွန်တော် Singapore မှာ နေတဲ့ အသိုင်းအဝိုင်းက ရုပ်ရှင်ကားထဲက စကားလုံးကို ဌားသုံးပြီးပြောရရင်တော့ ပညာတတ်အသိုင်းအဝန်းပေါ့။ တနည်းဆိုရရင် ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့သူတွေ Master ဆက်တက်နေတဲ့သူတွေကြီးပါပဲ။ အင်္ဂလိပ်စာ မပြောတတ်တဲ့သူ မပါသလို ကိုယ့်အားကိုယ်ကိုးချင်စိတ် မရှိတဲ့သူတွေလည်း မပါဘူးလို့ ဆိုရမယ်။ ဒါကြောင့် ကျွန်တော် နိုင်ငံခြားရောဂါမှာ ပြောထားတာတွေ ဟုတ်သလား မဟုတ်လားတော့ သေချာမသိပါ။
Continue reading