Linux ကသာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ဆင်းရဲတဲ့နိုင်ငံအတွက် အဲလိုသာ လူတွေအော်နေကြတာပါ။ လက်တွေ့မှာတော့ Linux ထက် Windows က အများကြီးအဆင်ပြေမှုတွေရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဓိက ပြသနာကတော့ လျှပ်စစ်မီးနဲ့ အင်တာနက် connection ပဲ။ Ubuntu ဆိုတာကလည်း Internet Connection ကောင်းကောင်းမရရင် ဘာမှ လုပ်လို့ရတာမဟုတ်ဘူးလေ။ နောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက အင်တာနက် အသုံးပြုကြေး မြင့်မားပါတယ်။ မြင့်မားတယ်ဆိုတာ ပေးတာနဲ့ ရတာမတန်ဘူးလို့ဆိုတာပါ။ ငွေကြေးကို ပြောတာမဟုတ်ပါဘူး။ ဒီလောက်ပေးပြီး ဒီလောက်ပြန်ရမှ တန်တယ်လို့ဆိုလို့ရပါတယ်။ ၂၄ နာရီလုံး စျေးသက်သက်သာသာ နဲ့ သုံးခွင့်မရှိဘူးဆိုရင်တော့ Linux ကိုမေ့လိုက်ပါ။ အမြန်တိုင်းဆိုရင် Linux က မြန်မာနိုင်ငံအတွက် လိုပါသေးတယ်။ မသင့်သေးဘူး။ Linux ဆိုတာ တကယ်တန်းတော့ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေ အတွက်ပါ။ သူတို့နိုင်ငံက ကျောင်းသားတွေ လက်တည့်စမ်းဖို့ ပညာစမ်းဖို့ opensource သမားတွေ သဘောတွေ့ဖို့ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ opensource သမားကလည်း ရှားပါးပါတယ်။ ဟုတ်တယ်လေ။ မြန်မာနိုင်ငံမှာ Opensource က ပိုက်ဆံမှမရတာ။ ထားပါတော့။ Ubuntu ရဲ့ အဓိက ပြသနာက Internet က အရမ်းအားကိုးရခြင်းပဲ။ တခြားဟာတွေလည်း ဒီလိုပါပဲ။ SuSe ကလည်း Internet connection ကောင်းမှ သုံးပျော်ပါတယ်။ အခု Ubuntu ကတော့ Internet ကောင်းလို့ကတော့ ဘာကောင်းလဲမမေးနဲ့။ ဘာလုပ်ချင်လဲ။ Windows Vista ထက်လှချင်လား။ Performance ကောင်းလာစေချင်လား။ အကုန်ရပါ့။ လေ့လာစရာတွေလည်း အများကြီး။ ခက်တာက မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေက အဲလို speed မြန်တဲ့ connection တွေမပေးနိုင်ဘူးလေ။ ဒါဟာ ပြသနာတရပ်ပါ။ တချို့လူတွေက Ubuntu ကောင်းတယ်။ အရမ်းကောင်းတယ်။ သုံးကြည့်။ အရမ်းမိုက်တာလို့ ပြောကြတယ်။ ကျွန်တော် အပါအဝင်ပေါ့။ ဒါပေမယ့် အဆင်ပြေတဲ့လူ နည်းပါတယ်။ မြန်မာနိုင်ငံက လူတွေအတွက် လုံးဝ အဆင်မပြေသေးပါဘူး။ ၁၀၀၀ ပဲ ပေးပြီး အခွေလေးဝယ်။ သွင်းလိုက်။ အဲဒါလေးကပဲ စိတ်ချမ်းသာတယ်။ internet ဖိုးထက် သက်သာတယ်လေ။ ဒါကြောင့် Windows က ဖွံ့ဖြိုးဆဲနိုင်ငံ (အထူးသဖြင့် copyright မရှိတဲ့နိုင်ငံ) တွေအတွက် အဆင်ပြေတယ်။ တကယ်လို့ Windows က စျေးကြီးတယ်ဆိုလည်း Windows Xp လောက်လေးသုံးပြီး အခွေလေး ဝယ်သုံးရတာက Connection နှေးတဲ့နိုင်ငံ၊ ဒါမှမဟုတ် မရှိတဲ့ နိုင်ငံအတွက်ဆို အရမ်းအဆင်ပြေတယ်။ Linux က ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာသာ ကျယ်ပြန့်ပြီး ကူုးလူးဆက်သွယ်နေပေမယ့် မြန်မာနိုင်ငံလိုမျိုးမှာကတော့ Linux သုံးတက်တာ ဆရာကြီး တစ်ဆူလိုဖြစ်နေတာပဲ။ မြန်မာတွေအားနည်းတာကတော့ လေ့လာမှု။ အထူးသဖြင့် ကိုယ်တိုင်လေ့လာမှုပဲ။ တစ်ခုခုဆို ကိုယ်တိုင်ရှာရမှာ အရမ်းပျင်းတယ်။ အဲလိုဆို Linux မသုံးနဲ့တော့။ Windows ကိုပဲသုံး။ ရှာရလွယ်တယ်။ Linux ကတော့ သိစရာတွေ ရှာစရာတွေ အများကြီးလိုအပ်တယ်။ မြန်မာတွေအတွက်ကတော့ Windows ပဲကောင်းတယ်။ Ubuntu ကို မြန်မာမှာနေတဲ့လူတွေ သုံးဖို့မသင့်သေးဘူး။
Category Archives: Linux
Ubuntu 8.04
Ubuntu 8.04 မှာတော်တော်ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ မကောင်းတာကတော့ network ပိုင်းအားနည်းလာတာကိုတော့ တွေ့ရပါတယ်။ network က မမိသလိုပဲ။ dial-up ပြသနာကတော့ အရင်ကတည်းက ဖြစ်နေတာပါ။ အခုထက်ထိ အဆင်မပြေသေးပါဘူး။
တခြားအနေနဲ့ကတော့ Graphic ပိုင်းမှာ ကောင်းမွန်လာတယ်။ နောက်ပြီး အထူးခြားဆုံးကတော့ wubi ပါ။ တော်တော်ကောင်းပါတယ်။ သွင်းရတာ အရမ်းလွယ်သွားတယ်။ ဘာ ပြသနာမှမဖြစ်ဘူး။ မြန်မာစာကတော့ ကျွန်တော် မစမ်းရသေးဘူး။ ထူးထူးခြားခြားဘာမှပြောင်းလဲသွားတာတော့ မတွေ့ရဘူး။ အဲ… cd burning အတွက်တော့ barbosa ဆိုတဲ့ cd burnning လေးပါလာတယ်။ အရင်က သီးသန့်သွင်းရတယ်။ အခုတော့ သွင်းစရာမလိုတော့ဘူးပေါ့။ တခြား effect တွေကတော့ အရင်အတိုင်းပါပဲ။ Add to panel လေး design လေးပြောင်းသွားတယ်။ ကြည့်ရတာ Ubuntu 7.10 ကိုပဲ အခြေခံထားတယ်ထင်တယ်။
အရင်ကတော့ boot လုပ်တဲ့ အခါ Windows စ မတက်ပဲ Ubuntu စတက်တယ်။ Wubi နဲ့ဆိုရင်တော့ windows စတက်လာပါတယ်။ အဲဒါက တော်တော်မိုက်တာ။ အရင်ကဆို windows စတက်ဖို့ ပြန်ပြင်ရေးရတာတွေ ရှိတယ်။ အခုတော့ မလိုတော့ဘူး။ အထူးသဖြင့် Windows User တွေကို Ubuntu ကို စမ်းသုံးခိုင်းစေချင်ပုံပဲ။ Windows User တွေအတွက် သီးသန့်လုပ်ပေးထားတယ်လို့တောင် ဆိုလို့ရတယ်။ သွင်းရတာ ဘာမှမခက်ဘူး။ လွယ်တာမှဖြင့် တော်တော်လွယ်တာ။ ပြန်ပြီး Uninstall လုပ်လို့ရတော့ ပိုပြီးမိုက်သွားတာ အမှန်ပဲ။
Ubuntu 8.04 အခုထက်ထိ မသွင်းရသေး
Ubuntu 8.04 မှ တကယ် ညစ်သွားတယ်… wubi သွင်းတာ internet connection လိုနေတယ်တဲ့ဗျာ.. တကယ့်ကိုညစ်သွားတာ… အဲဒါသွင်းချင်လို့ ဆိုပြီး Linux ရှိတဲ့ drive ကိုဖျက်လိုက်တာ ပြသနာဖြစ်ပါလေရော… windows တက်မလာတော့ဘူးလေ… ဒီတော့ internet မှာရှာရပြန်ကော..
http://www.mysteryzillion.com/forums/showthread.php?t=667
အဲမှာ windows boot ပျောက်သွားရင် ဘယ်လိုပြန်လုပ်ရမလဲဆိုတာ ရေးထားပါတယ်… အဲဒီအဆင့်ရသွားတော့ wubi သွင်းတာ connection မကောင်းလို့လားမသိဘူး.. wubi သွင်းတဲ့အချိန် download ချတာ ပြတ်ကျကျသွားတယ်.. အခုထက်ထိတော့ အဆင်မပြေသေးဘူးဗျာ… အခွေနဲ့ boot သွင်းလည်း မရနဲ့…. ပြန်စမ်းကြည့်အုံးမယ်.. boot နဲ့ ရမရကို…. စမ်းပေါင်းလည်းများပြီ… ရမှပဲ စမ်းလို့ရမှာဆိုတော့ ရအောင် လုပ်ကြည့်လိုက်အုံးမယ်ဗျာ… ubuntu 7 ရှိတဲ့သူတွေ မသွင်းကြနဲ့အုံးဗျို့… connection ကောင်းရင်တော့ သွင်းပေါ့… ကျွန်တော်ကတော့ dial-up လေးနဲ့ဆိုတော့…..
စောင့်နေပါတယ် Ubuntu
အခု Ubuntu 8.04 ထွက်တော့မယ်ဗျ… နောက် ၁၁ ရက်လောက်ကြာရင်ပေါ့… download ချဖို့ လုပ်ရအုံးမယ်… အင်း.. Vista SP1 သွင်းပြီးမှပဲ Ubuntu ကို ပြန်သွင်းတော့မယ်… သိတယ်မဟုတ်လား.. Windows ဆိုတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်… Windows သွင်းလိုက်ရင် တခြား Linux တစ်ခုမှ boot မတက်တော့ဘူးလေ… Windows မသွင်းခင်က dual boot ရပေမယ့် သွင်းပြီးနောက်ပိုင်း မရတော့ဘူး.. စိတ်တော့မပူပါဘူး.. ပြန်ခေါ်လို့ရတာပဲ… ဒါပေမယ့် အလုပ်ရှုပ်သက်သာအောင် SP1 သွင်းပြီးမှ ပဲ သွင်းတော့မယ်.. ဒါနဲ့ Ubuntu ကို မြန်မာလို ဘာသာပြန်ဖို့ စဉ်းစားကြလားမသိဘူး…
https://translations.launchpad.net/ubuntu/hardy/+lang/my
အဲ…. ဒီလိုတော့ မလုပ်ကြပါနဲ့ဗျာ… တကယ်လို့ထွက်လာရင် မြန်မာတွေ သုံးမရတာပဲ ဖြစ်မယ်..
https://translations.launchpad.net/~naymyolay-gmail
အဲလိုမျိုး မဆီမဆိုင်တာတွေ… ကိုယ်ကျိုးနဲ့ ဆိုင်တာတွေ မထည့်စေချင်ဘူး.. မြန်မာတွေ အတွက်လုပ်တာက မြန်မာတွေ အတွက်ပဲဖြစ်သင့်တယ်… မဆီမဆိုင်တာတွေ မရောစေချင်ဘူး…
ကျွန်တော်တို့တွေ https://translations.launchpad.net/ubuntu/hardy/+lang/my
အဲဒီမှာ ဝိုင်းပြီး ပြန်ပေးလို့ရပါတယ်.. Unicode 5.1 တစ်ခုခုသုံးပြီးတော့ပေါ့.. မြန်မာ 3 ပဲဖြစ်ဖြစ်.. ပိတောက်ဖြစ်ဖြစ်.. ပုရပိုက်ပဲ ဖြစ်ဖြစ်.. တစ်ခုခုနဲ့ပေါ့…. ဘာလို့ အဲဒါနဲ့ ပြန်ရလဲဆိုတော့ မရှင်းတော့ပါဘူး.. ရှင်းရင် ရှည်ပြီး ရှုပ်ကုန်မယ်…
ဇော်ဂျီကို ဘာလို့မသုံးတာလဲ ထပ်မေးအုံးမယ်… အမှန်တိုင်းပြောရင် ဇော်ဂျီကို သုံးချင်တယ်.. ဒါပေမယ့် တစ်ယောက် တစ်ပေါက်တွေ ထွက်လာမှာ ကြောက်လို့ဗျ… လက်ရှိ open office ကလည်း unicode 5.1 မို့… အဲဒါကိုလည်း Unicode 5.1 ပဲသုံးစေချင်တာပါ…
web ပေါ်မှာကတော့ ဘာပဲဖြစ်ဖြစ်ဇော်ဂျီပဲ… =D