readability on wordpress

ဟိုနေ့က iReader လေး ရေးရင်း iReader မသုံးပဲနဲ့ကော blog တွေမှာ ပေါ်အောင် လုပ်လို့မရဘူးလား လို့စဉ်းစားမိတယ်။ iReader က readability နဲ့ safari reader ၂ ခုကို ပေါင်းထားတာ။ ဒါနဲ့ readability ကို သုံးဖို့ ဆုံးဖြတ်လိုက်တာ။ အဲဒါနဲ့ wordpress plugin တစ်ခု ကောက်ရေးပြီး လက်ရှိ blog နဲ့ mz blog မှာ စမ်းထားတယ်။ public တော့ မထုတ်သေးဘူး။ public ထုတ်ရင် setting တွေထည့်ရမှာ အလုပ်ရှုပ်လို့။ setting page လေး မရေးချင်လို့ public ကတော့ စိတ်ကူးပေါက်မှပဲ ထုတ်တော့တယ်။ အခု MZ blog နဲ့ ကျွန်တော့် blog ကို pdf ထုတ်ချင်တဲ့သူတွေကတော့ readability ဆိုတာလေးကို နှိပ်ပြီး ဘယ်ဘက်က print နဲ့ ထုတ်လို့ရတယ်။ အဲ.. pdf printer တော့ ရှိဖို့လိုတာပေါ့။

ပါရဂူ chrome extension

ဒီနေ့ Solveware Solution က လုပ်ထားတဲ့ ပါရဂူ convertor ရဲ့ javascript ကို ယူသုံးပြီးတော့ chrome extension လေး လုပ်ဖြစ်တယ်။ အခု extension က အရင်ကလို unicode to zawgyi မဟုတ်တော့ပဲ Unicode 5.1 <=> Zawgyi 2008 ရသွားပါတယ်။ ဒါကြောင့် unicode သမားတွေအတွက်လည်း အဆင်ပြေတာပေါ့။ javascript ကို အသုံးပြုခွင့်ပေးတဲ့ solveware solution က ကိုငွေထွန်းကို လည်း ကျေးဇူးတင်ပါတယ်။

Download Here

Zawgyi iOS Package is working now for iPhone 4

Cydia ကနေ zawgyi iOS Font Package ကို iPhone 4 အတွက် သွင်းလို့ရပါပြီ။

Fixed ဖို့ နည်းလမ်းပြောပြပေးတဲ့ ကို GloblHawk နဲ့ စမ်းသပ်ပေးတဲ့ ကို သက်ထွေးအောင် နဲ့ ကောင်းထိုက်သူ တို့ကို ကျေးဇူးတင်ပါတယ်။

nokia s60v3 myanmar font & keyboard installer beta package

စိုင်းညီဖြိုးလုပ်ထားတာလေးပါ။ သူလုပ်ချင်တာကို သူ့ဘာသာ စာတွေ ဖတ်ပြီးတော့ ရအောင် လုပ်သွားနိုင်တာကိုတော့ လေးစားတယ်။

http://www.mysteryzillion.org/discussion/8905

My Chrome Extension

iReader မှာ မြန်မာလို မမြင်ရတဲ့အတွက် Zawgyi နဲ့ Myanmar 3 ကို font setting ထဲမှာ ထည့်ထားပေးတယ်။ Option ကနေ ပြောင်းလိုက်လို့ရတယ်။

iReader (Myanmar)

Myanmar Unicode 5.1 နဲ့ ရေးထားတာတွေကို zawgyi 2009 ပြောင်းပေးတဲ့ extension ။ Zawgyi icon လေးကို နှိပ်လိုက်တာနဲ့ လက်ရှိ စာမျက်နှာကို convert လုပ်ပေးတယ်။ ကို စိုးမင်း ရေးထားတဲ့ Zawgyi 2009 bookmark ကိုပဲ chrome အတွက် ပြန်ပြင်ထားတာပါ။

Unicode to Zawgyi 2009

Android Universal Root

Android ကို ဘယ်လို root ရမလဲလို့ mail နဲ့ ကော comment မှာကော မေးနေသူများ အောက်က link မှာ သွားဖတ်နိုင်ပါတယ်။

http://www.mysteryzillion.org/forums/showthread.php/8877-One-Key-Root-for-Android-most-model-(REALLY-ONE-KEY!!!)

MZ User for End User

MZ 2.0 ကို ရေးတာ တော်တော်ကြာသွားပြီ။ Git repo မှာ စတင်တဲ့ နေ့က APRIL 13, 2010 က စတယ်။ အခုလပါ အပါအဝင် ၅ လ ကျော်သွားပြီလို့ ဆိုလို့ရမယ်။ တကယ်တန်းတော့ အချိန်ပြည့်ရေးရင် ၁ လ တည်းနဲ့ အကုန်ပြီးပါပြီ။ သိပ်အများကြီးမဟုတ်ဘူး။ အခုက အားတဲ့ အချိန်လေးတွေ မှာ ရေးရေးနေရလို့ အဲလောက်ထိ ကြာသွားတာ။ နောက်ပြီး ကိုယ်ပိုင် framework APIwork ကို သုံးလိုက်တာကြောင့် ကြာသွားတာလည်း ပါတယ်။ April လတုန်းက framework က စလုံးရေစပဲ။ အခုလောက် stable မဖြစ်သေးဘူး။ MZ 2.0 ကို ရေးရင်းနဲ့ လိုတာတွေ ဖြည့်ရင်း အခုတော့ တော်တော် stable ဖြစ်သွားပြီ။ MZ User site ကို ကိုယ်ပိုင် Framework နဲ့ အစအဆုံး ရေးလိုက်တော့ ကြာသင့်တာထက် ပိုကြာသွားတယ်။ CI ကို သုံးလိုက်ရင် ပိုမြန်ကောင်းမြန်နိုင်ပေမယ့် ကိုယ့် framework ကိုလည်း stable ဖြစ်အောင် လုပ်ချင်တာနဲ့ APIwork ကိုပဲ သုံးဖြစ်လိုက်တာ။

MZ User က လုံးဝ End User တွေကို ရည်ရွယ်ထားပါတယ်။ End User ဆိုတာက Developer လည်း မဟုတ်ပါ။ သာမာန် သုံးစွဲသူများသာ ရည်ရွယ်ထားပါတယ်။ လက်ရှိ computer နဲ့ ဆိုင်တဲ့

  • Computer က တီတီပဲ မြည်နေတယ်
  • Zawgyi Font သွင်းလို့မရဘူး
  • Jailbreak ဘယ်လိုလုပ်ရသလဲ
  • Windows အတွက် Dictionary ဘယ်ဟာ ကောင်းလဲ
  • Nokia ဖုန်းမှာ Dictionary ဘယ်လိုသွင်းလဲ

စသည် စသည် End User မေးခွန်းများအတွက် ရည်ရွယ်ပါတယ်။ အခု ကျွန်တော်က DB Engine ကို InnoDB သုံးထားလိုက်တော့ အရမ်းလေးသွားတယ်။ နောက်ထပ် version တွေမှာ MyISAM ကို ပြန်ပြောင်းသုံးဖို့ စဉ်းစားထားတယ်။ လိုအပ်တာတွေကတော့ အများကြီးပဲ။ Reputation point အတွက် Rule တွေလည်း မပြီးသေးဘူး။ အများကြီး လုပ်စရာ ကျန်သေးတယ်။ အခုက စလုံးရေ စဆိုတဲ့ အဆင့်ပြီးသွားတာပဲ ရှိပါသေးတယ်။ Login မဝင်ခင် အရင်ဆုံး FAQ လေးကိုတော့ သေချာဖတ်ချင်ပါတယ်။

CSS နဲ့ javascript ကို compress လုပ်ရအုံးမယ်။ အခု online ပေါ်တင်လိုက်တော့ ထင်တာထက် လေးနေတယ်။ နောက်ပိုင်းတော့ ဒီထက် မြန်လာအောင် ကြိုးစားပေးပါ့မယ်။ အခုတော့ ခုနက ပြောသလို စလုံး ရေ စပါ။ အများကြီး update လုပ်ဖို့ ကျန်နေသေးတယ်။

Do not upgrade Ornagai 1.4

Ornagai 1.4 ကို upgrade မလုပ်နဲ့အုံးဗျ။ ကျွန်တော် iPodTouch ကို jailbreak လုပ်လိုက်တာ မှားသွားတယ်ဗျာ။ မြန်မာ font embed ကို စမ်းမရပဲ simulator မှာ ပေါ်တာနဲ့ တင်လိုက်တာ။ အခု jailbreak မဟုတ်တဲ့  device တွေမှာ မပေါ်ဘူးဆိုလို့ ပြန်စမ်းကြည့်မှ error တွေ့တယ်။ sorry ဗျာ။ ဒီည Ornagai 1.4.1 ကို တင်ပေးပါ့မယ်။ အခုတော့ ကျွန်တော့် device ကို restore လုပ်ထားတယ်။ iPhone simulator က မယုံရတော့ဘူး =(