Node.js 0.4.9 released

Version 0.4.9 မှာတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာ မပါပါဘူး။ အကုန်လုံးနီးပါးက bug fixed တွေ လုပ်ထားတာ များပါတယ်။ အသစ်ဆိုလို့

  • Upgrade V8 to 3.1.8.25, upgrade http-parser.

ပဲပါတယ်။

နောက်ထပ် သတင်း တစ်ခုက Node.js version 1.0 မှာ windows အတွက်ပါ ရပါလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီအတွက် Microsoft က ကူညီနေပါတယ်။ Microsoft က သူ့ရဲ့ Windows Azure မှာ node.js run လို့ ရအောင် ဖန်တီးမယ့် ပုံပေါ်ပါတယ်။ ဘာပဲပြောပြော Windows သမားတွေအတွက် သတင်းကောင်းပါ။ သို့ပေမယ့် Driver တွေကတော့ ပြဿနာတွေ ရှိနေဆဲ ဖြစ်အုံးမယ်ထင်တယ်။

Download

NewtonApples Free Now

ကျွန်တော်တို့ ရုံးက ဆွဲထားတဲ့ NewtonApples ဆိုတဲ့ Game ကို Free ပေးလိုက်ပါပြီ။ ဘယ်တော့ အထိ Free ပေးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အခုတော့ iPad version ကို စရေးနေပါပြီ။ Free ရတုန်း download ချပြီး itunes မှာ တချက်လောက် rate လေး ပေးပေးပါ။ ဘာတွေ လိုအပ်လဲ။ ဘာတွေကို မကြိုက်ဘူးလဲဆိုတာကို itunes မှာပဲ comment ပေးခဲ့ပေးပါဗျာ။

http://itunes.apple.com/us/app/newtonapples/id417698312?mt=8

Some Google API has been officially deprecated

ကြာသာပတေးနေ့က ရုံးအလုပ် ကိစ္စကြောင့် Google API ကို သုံးမလား ဆိုပြီး အစည်းအဝေး လုပ်ရင်း တစ်ခါတည်း သုံးလို့ရမရ စစ်ကြည့်လိုက်တာ မမျှော်လင့်ပဲ အချို့ API တွေကို Google က မပေးတော့ဘူးဆိုပြီး သိလိုက်ရတယ်။ ဘယ် API တွေ မရတော့တာလဲဆိုတော့

Shutdown ရက် အတိ အကျမပြောသေးတဲ့ API များကတော့

  • Code Search API
  • Diacritize API
  • Feedburner APIs
  • Finance API
  • Power Meter API
  • Sidewiki API
  • Wave API

Continue reading

Myanmar 3 Multi OS font

အခု မြန်မာ ၃ က Mac OSX အတွက်ပါရသွားပါပြီ။ ttf file တစ်ခုတည်းနဲ့ Linux , Windows , Mac မှာ အသုံးပြုနိုင်ပါပြီ။ သို့ပေမယ့် ကျွန်တော့် ဆိုတဲ့ စာကို ရိုက်တဲ့အခါမှာ –့ နဲ့ –် က နေရာ ကွဲသွားပါတယ်။ mywebfont မှာလည်း updated လုပ်ပြီးသွားပါပြီ။ နောက်ပြီးတော့ mywebfont ကို သုံးထားတဲ့ website တွေအနေနဲ့ Mac OSX chrome နဲ့ ကြည့်နဲ့ အခါ Myanmar3 ကို embed လုပ်ပေးလိုက်ပါတယ်။ ဒါကြောင့် ကျွန်တော့် blog အပါအဝင် mywebfont အသုံးပြုထားတဲ့ site တွေမှာ chrome mac osx သာဆိုရင် font မရှိပဲနဲ့ ဖတ်နိုင်ပါပြီ။ သို့ပေမယ့် Windows Chrome အတွက်တော့ မရသေးပါဘူးဗျာ။

font embed on mac

Download

Lion that made me cry

Lion ကို ထူးမြင့်နောင် သွင်းပြီးတော့ facebook မှာ တင်ထားတဲ့ ပုံတွေပါ။ font ၂ မျိုးပါပါတယ်။ Myanmar MN နဲ့ Myanmar Sangam MN ပါ။ font ကတော့ Unicode 5.0 ဖြစ်နေတော့ လက်ရှိ စာလုံးတွေကို ကောင်းကောင်းမြင်ရမှာမဟုတ်ဘူး။ မယ့် ဆိုရင် –် နဲ့ –့ က နေရာလွဲပြီး တွေ့နေရမယ်။ font ရေးဆွဲပေးထားတဲ့ company ကတော့

Copyright (c) 2010 by Murasu Systems Sdn. Bhd. Malaysia. All rights reserved.

နောက်ပြီးတော့ default keyboard ပါပါတယ်။ သို့ပေမယ့် အရမ်းကို အိုဟောင်းနေတဲ့ keyboard ပါ။ k = က , t = တ ဆိုပြီး ဟိုးအရင်တုန်းက Mac မှာ သုံးခဲ့တဲ့ keyboard ပေါ့။ နောက်ပြီး Regional Option ကိုလည်း မြန်မာလို support လုပ်ပေးထားပါတယ်။ ကဲဗျာ.. ပုံလေးတွေ ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။ Lion version မှာတော့ အပြည့်အဝ support မလုပ်ပေမယ့် နောက်ပိုင်း version မှာ ပြုပြင်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်ထိတော့ Lion အတွက် feedback ပေးလို့မရသေးပေမယ့် Lion တရားဝင် ထွက်ပြီးရင်တော့ feedback စပေးလို့ရပါလိမ့်မယ်။ အဲဒီ အခါမှာ မြန်မာစာနဲ့ ပတ်သက်တဲ့ bugs တွေကို တင်ကြတာပေါ့။
Continue reading

Lion support Myanmarsar

Twenty new font families for document and web display of text provide support for the most common languages in the Indian subcontinent, including Bengali, Kannada, Malayalam, Oriya, Sinhala, and Telugu. Devanagari, Gujarati, Gurmukhi, Urdu, and Tamil have been expanded. And three new font families support Lao, Khmer, and Myanmar.

Node.js Tutorial

Mongodb နဲ႕ Node.js ကို ပေါင်းပြီး todo list လေး တစ်ခုဆောက်တဲ့ tutorial လေး စရေးနေပါတယ်။ ၁ ပတ်လောက်တော့ ကြာမယ်ထင်တယ်။
http://blog.mysteryzillion.org/article/making-todolist-with-node-js-and-mongo-part-i/
http://blog.mysteryzillion.org/article/making-todolist-with-node-js-and-mongo-part-ii/

MMUnicode iPhone Keyboard

cydia.macforus.com မှာတော့ တင်ထားတာတော့ ကြာပြီ။ ရေးထားတဲ့ သူကတော့ ရှိန်ြမင့်အောင် ပါ။ ကျွန်တော်ကတော့ မစမ်းကြည့်ရသေးပါဘူး။ လက်ရှိ iphone ကော iPad ကပါ jailbreak မလုပ်ထားပါဘူး။ jailbreak လည်း လုပ်လို့ မရသေးတာ ကြောင့်လည်း ပါတယ်။ အခုတော့ in app purchases ပိုင်း ရေးနေတဲ့ အတွက်ကြောင့် jailbreak လုပ်လို့ မရဘူး။ jailbreak လုပ်လိုက်ရင် in app purchases က development ပိုင်းမှာ အလုပ်မလုပ်တော့လို့ပါ။ စမ်းချင်တဲ့ သူတွေ စမ်းလို့ ရပါတယ်။ ပြဿနာများကိုတော့ nasperlay.net မှာ သွားရောက်မေးမြန်းနိုင်ပါတယ်။