Open Web Tools Directory

Mozilla Labs ကနေ အသစ်လွှင့်တင်လိုက်တဲ့ site လေးပါ။ ကျွန်တော်တို့ Web Developer အနေနဲ့များပြားလှတဲ့ Library တွေကြားမှာ ဘာပိုကောင်းလဲ ဘာက ကိုယ့်အတွက် သင့်တော်မလဲစတာတွေကို ရွေးချယ်ရတာ တော်တော်လေး အာရုံစားပါတယ်။ အခု Mozilla က အကုန်လုံးကို တနေရာတည်းမှာ စုစည်းထားပေးတယ်။ search လုပ်လို့လည်းရတယ်။ ဥပမာ javascript လို့ ရိုက်လိုက်ရင် jquery,mootools, YUI (ကျွန်တော်သိတာ အဲဒီ ၃ ခုတည်း) အပြင် အခြား Library တွေပါ ထွက်လာတယ်။ တစ်ခုခြင်းဆီရဲ့ အကြောင်းကိုလည်း ရှင်းပြပေးထားတယ်။ နောက်ပြီး အဲဒီ site မှာ သုံးထားတဲ့ Javascript ကလည်း အတော်လေး လန်းတာကို တွေ့ရတယ်။ ကျွန်တော်ပြောနေတာ ကြာပါတယ်။ web developer တစ်ယောက်မဟုတ်ရင်တောင် ဗဟုသုတအဖြစ် ခဏလောက်တော့ သွားကြည့်သင့်တဲ့ site လေးတစ်ခုပါ။

http://tools.mozilla.com/


3D Site with HTML

တစ်ချိန်တစ်ခါတုန်းက HTML နဲ့ 3D လုပ်မယ်ဆိုတာ စိတ်ကူးပဲရှိခဲ့တာပါ။ အခုအခါမှာတော့ လက်တွေ့ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့တွေ HTML design တွေကို 3D ပုံစံနဲ့ ဖန်တီးလို့ရနေပြီ။ အခုအချိန်က ပြီးပြည့်စုံတဲ့ 3D မဟုတ်သေးပေမယ့် နောက်တစ်ချိန်မှာ Web Design လောက အနေနဲ့ပြောင်းလဲစရာတွေ ဖြစ်လာနိုင်ပါတယ်။ Firefox 3.5 နဲ့ Safari 4 , Chrome 3 တို့မှာ 3D Effect တွေ ရရှိလာပြီလေ။ တကယ်ကို အံဩဖို့ ကောင်းပြီး အဲဒီ site ကို မြင်လိုက်ချိန်က ဟာ ခနဲ့ ဖြစ်သွားပါတယ်။ coding ပိုင်းကလည်း CSS လေးနဲ့ပဲ သုံးသွားတော့ ယုံတောင် မယုံနိုင်ဘူး။ နောက်ပြီး HTML5 မှာ ပုံတွေကို run time မှာ ဆွဲလို့ရနေပြီဆိုတော့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ မယုံမရှိ လက်တွေ့မြင်ရအောင်

http://www.zachstronaut.com/lab/isocube.html

Site တစ်ခုလုံးကို ရိုးရှင်းတဲ့ coding နဲ့ ပဲ ဖန်တီးထားတယ်။ ဒါနဲ့ သူ့အတိုင်း စမ်းလုပ်ကြည့်တော့လည်း အဆင်ပြေတာကို တွေ့ရပါတယ်။ ကျွန်တော် စမ်းရေးကြည့်ထားတာတဲ့ coding ကတော့








This is top
This is left
This is right
This is shadow

HTML 5 Cheat Sheet

HTML 5 အတွက် Cheat Sheet ထွက်လာပါပြီ။ Smashing Magazine မှာ တွေ့တာပါ။ HTML5 ကို စူးစမ်းလေ့လာနေတဲ့သူတွေအတွက် တော်တော်လေးကို အသုံးဝင်ပါတယ်။

http://www.smashingmagazine.com/2009/07/06/html-5-cheat-sheet-pdf/


HTML 5 for a better Web

တော်တော်ကောင်းတဲ့ Article လေးပါ….

The HTML 5 will definitely contribute to a better Web. Despite its specification is still being drafted, several browsers like Firefox 3.5, Internet Explorer 8, Safari 4, Chrome 2 and Opera 10 already implement a significant part of the current HTML 5 specification.

This article reviews a bit of the history of how we got to HTML 5 and presents an overview of the enhancements that HTML 5 introduces to provide a better Web.

It also presents a reflection about whether HTML 5 will render useless browser extensions like Flash, Silverlight and Java.

More…


What New In HTML 5

HTML5 မှာ tag အသစ်တွေပါဝင်လာတယ်။ section , article,nav စတဲ့ tag တွေက div အစားထိုးအနေနဲ့ ဝင်ရောက်လာပါတယ်။ အရင်က ul,ol တွေ div အစား ဝင်ရောက်လာသလိုပေါ့… နောက်ပြီး header ဆိုပြီး သီးသန့်ပါလာပါတယ်။ ပုံစံက html4 ကနဲ့ မတူတော့ပဲ အနည်းငယ်ပြောင်းလဲသွားတယ်။ ဘယ်လိုမျိုးလဲဆိုတော့ HTML5 မှာ




လို့ ပုံစံ အကြမ်းပြောလို့ရတာပေါ့။ ပိုပြီး structure ကျလာတယ်ထင်တယ်။ ဒါပေမယ့်လည်း event အသစ်များစွာအတွက် javascript example code တွေ မရှိသေးဘူးဖြစ်နေတယ်။ attribute အသစ်ဖြစ်တဲ့ draggable ကို true ပေးထားသော်လည်း drag လုပ်လို့မရသေးဘူး။ ကျွန်တော် သေသေချာချာ မသုံးတတ်သေးတာလည်း ဖြစ်ကောင်းဖြစ်မယ်။ နောက်ပြီး ref ဆိုတဲ့ attribute ကို mootools မှာ သုံးနေပေမယ့် HTML မှာတော့ သုံးတာ တော်တော်ရှားတယ်။ အခု ပါဝင်လာတာ တော်တော်ကောင်းပါတယ်။ sematic network အတွက် ref က လိုအပ်ပါတယ်။ နောက်ပြီး contextmenu attribute ပါဝင်လာပေမယ့် အလုပ်မလုပ်သေးပါဘူး။ HTML5 ဟာ အချို့ဟာတွေ သုံးလို့ရနေပါပြီ။ ဒါပေမယ့် အချို့ဟာတွေကတော့ စာပဲ ရှိသေးတယ်။ လက်တွေ့ အလုပ်မဖြစ်သေးတာကို တွေ့ရတယ်။ နောက်ပြီး IDE တွေ text editor တွေ မထွက်ပေါ်လာသေးဘူး။ လေ့လာလို့ရပေမယ့် ဒါကတော့ ဒါလုပ်တာလို့ပဲ သိထားလို့ရမယ်။ တနည်းပြောရင် စာတွေ့ပဲပေါ့။ လက်တွေ့အနေနဲ့ အကုန်မရသေးတဲ့အပြင် IDE,texteditor တွေ မရှိတဲ့အတွက်ကြောင့် လေ့လာဖို့ရာ အခက်အခဲလေးတွေ တွေ့နိုင်ပါတယ်။ event တွေအတွက်လည်း javascript example လေးတွေ မကြာခင်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။

HTML5 သာ standard ဖြစ်သွားရင် HTML4 ထက်အများကြီး သာလွန်သွားမှာသေချာတယ်။ Web Design ပိုင်းတွေမှာ အများကြီး ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့မြင်ပါတယ်။


HTML 5 ပြောင်းသင့်ပြီလား

လက်ရှိ HTML 5 မှာ ပါဝင်တဲ့ tag တွေကို w3school မှာ ဖော်ပြထားပါတယ်။ quackit မှာလည်း w3schools ထက်ပိုပြီး ပြည့်စုံအောင် example လေးတွေနဲ့ ရှင်းပြထားပါတယ်။ လက်ရှိမှာတော့ chrome 3 , firefox 3.5 တို့ဟာ HTML 5 ကို support တယ်လို့ ကြေငြာထားပါတယ်။ သို့သော်လည်းပဲ HTML 5 မှာ ပြောထားတဲ့ tag တွေကို သာ သိရုံအဆင့်ပဲရှိသေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့

က HTML 5 မှာ ပြောထားသလို အဖွင့်အပိတ် မရသေးပါဘူး။ details tag အကြောင်းကို ဒီလို ဖော်ပြထားပါတယ်။
Continue reading

Your Freedom Burmese Version

အခု Freedom က မြန်မာလို ရသွားပြီနော်.. မြန်မာစာ Language နဲ့ဗျ… Font ကို ကြည့်ရတာ ဇော်ဂျီနဲ့လို့ထင်ပါတယ်… ပြန်ထားတာလေးတွေ မဆိုးဘူးဗျ… Wizard ကို တဆင့်ချင်းသွားရန် ဆိုပြီး ပြန်ထားတယ်။ စာလုံးလေးတွေက ရှည်ပေမယ့် လူနားလည်ပါတယ်..နောက်ပြီး အကုန်လည်း မပြန်ထားဘူး…. ပြန်ဖို့ခက်တဲ့ Ports ကိုတော့ မပြန်ထားဘူး.. အဲလိုပဲ ဖြစ်သင့်တယ်.. အကုန်လုံးကို အတင်း ဘာသာမပြန်သင့်ဘူးလေ… အခုတော့ freedom လေးက အဲလိုဆိုတော့ တော်တော်မိုက်သွားတယ်..

သင်လည်း freedom သုံးရင် update လုပ်လိုက်ပါ… Freedom ကို မြန်မာလို ရအောင် ဘယ်သူလုပ်ပေးလဲတော့ မသိဘူး… ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်ဗျာ..


Freedom


Test Kaspersky Solution

kaspersky 7 မှာ သုံးခဲ့တဲ့ kaspersky solution.exe path လေးက 2009 အတွက်လည်း အဆင်ပြေတယ်လို့ဆိုပါတယ်။ လက်ရှိတော့ စမ်းသပ်ထားဆဲပါ။ အခုထက်ထိတော့ blacklist မဖြစ်သေးဘူး။ နောက် ထပ် ၂ ရက် ၃ ရက်လောက်ဆိုရင် အဖြေတိတိကျကျ သိမလားမသိဘူး… ဒါမှမဟုတ် blacklist ဖြစ်နေတဲ့ key လေးပို့ပေးပါလားဗျာ… ဒီ post comment မှာပဲ 2009 မှာ blacklist ဖြစ်သွားတဲ့ key ရဲ့ link လေးပေးထားပါဗျာ။