iPad 2 Now Available In SG

အခုပဲ Apple SG Store ကို update လုပ်လိုက်ပါပြီ။ ipad 2 ကို SG မှာ ရပါပြီ။ မနက​​်ဖြန်တော့ လူတွေ သွားပြီး တန်းစီကြပေမယ့် ဒီတစ်ခေါက်တော့ တန်းမသွားစီနိုင်တော့ဘူး။ ipad 2 တော့ အကြောင်းအမျိုးမျိုးကြောင့် မဝယ်ဖြစ်သေးဘူး။

မနက်ဖြန် ၁၀ နာရီ ဆိုင်တွေ ဖွင့်မှာဖြစ်ပြီး apple retail store မှာ သွား တန်းစီးလို့ရပါပြီဗျာ။

Nookcolor Major Update

အခုပဲ Nookcolor က major update 1.2 version ထွက်ပြီဆိုတာနဲ့ download ချပြီး စမ်းကြည့်လိုက်တယ်။ စက်ကနေ အနားမှာ ရှိနေတာနဲ့ သွင်းပြီး စမ်းကြည့်လိုက်တယ်။ အရင် version တုန်းက အားသွင်းထားတဲ့ အချိန်မှာ စာဖတ်မရဘူး။ စာတွေ ရိုက်မရဘူး။ ဒါကြောင့် တနေ့ ၇ နာရီပဲ စာဖတ်လို့ ရတယ်။ အားသွင်းထားချိန်ဆိုရင် ပစ်ထားပေတော့ပဲ။ အခုတော့ အားသွင်းထားရင်း စာဖတ် ၊ စာရိုက်လို့ ရသွားပြီ။ Android 2.2 ကို အသုံးပြုထားတော့ Flash တွေပါကြည့်လို့ရသွားတယ်။ Youtube website တွေကိုလည်း လွယ်လင့်တကူ ကြည့်လို့ရသွားပြီ။ နောက်ထပ် ထူးခြားမှု တစ်ခုက Email App ကို built in ပါဝင်လာတဲ့ အတွက် အရင်ကလို gmail စစ်ချင်ရင် website သွားဖွင့် စရာမလိုပဲ app ကနေ တဆင့် စစ်လို့ရတယ်။ App store ပါဝင်လာပေမယ့် Android မှာ free ရတဲ့ Angry Bird က $2.99 ပေးရလိမ့်မယ်။ pulse ကတော့ free ရတဲ့အတွက် မဆိုးဘူးဆိုရမယ်။


Continue reading

Fixed Mywebfont

ဒီနေ့ မင်းယွန်း က http://www.jbiznaz.com/ မှာ yunghkio အတွက် mywebfont သုံးထားပေမယ့် မမြင်ရဘူးလို့ ဆိုတာနဲ့ တော်တော်လေး စစ်လိုက်ရတယ်။ နောက်ဆုံး ပြဿနာက server ဘက်မှာ font file name ပေးဖို့ ကျန်ခဲ့တာ ဖြစ်နေတယ်။ အခုတော့ ပြန်ပြင်ပြီးပါပြီ။ နောက်ပြီး MZ မှာ မမြင်ရတာလည်း မသိလိုက်ဘူး။ မင်းယွန်း ပြောလို့ ပြင်လိုက်ပြီးမှပဲ MZ မှာလည်း မြင်ရတော့တယ်။ Mac မှာက masterpiece သွင်းထားတော့ အဆင်ပြေနေတာနဲ့ windows ကို ပြန်မစစ်မိလိုက်တာလည်း ပါသွားတယ်။ အခု source code ကို github မှာလည်း update လုပ်ပြီးပါပြီ။ Yunghkio ကို စက်ထဲမသွင်းထားတဲ့သူ တော်တော်များလို့ပဲလားတော့ မသိ ပြင်လိုက်ပြီး ၁ရက်တည်းနဲ့တင် bandwidth က 10% ဖြစ်သွားတယ်။ ၁ရက် ကို 1 GB bandwidth တော့ မရှိလောက်ပါဘူး။ ခံနိုင်မယ်လို့ ထင်တာပဲ။ အခြေအနေ စောင့်ကြည့်လိုက်အုံးမယ်။ bandwidth ကုန်ရင်တော့ ထပ်ဝယ်မယ်လို့ စဉ်းစားထားတယ်။

Zawgyi For Blackberry

Blackberry အတွက် ဇော်ဂျီ font ကို လိုချင်သူများအနေနဲ့ Smiley Myanmar လာပါပြီ။ ကိုမျိုးဟန်ထွန်း နဲ့ ကိုမျိုးကျော်ထွန်း တို့ ညီအစ်ကို ၂ ယောက်ရဲ့ Design နဲ့ သူတို့တွေ ဖန်တီးထားတဲ့ Smiley Myanmar Blackberry application က ဇော်ဂျီ font တွေကို ဖတ်လို့ရပြီး English Myanmar dictionary ကို internet connection နဲ့ အသုံးပြုလို့ရပါတယ်။ အသေးစိတ်ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။

Ornagaime

မနေ့ညကပဲ App Store မှာ Ornagaime ကို Approve ဖြစ်သွားပါတယ်။ Ornagaime ဆိုတာကတော့ Ornagai Myanmar to English Dictionary ဖြစ်ပါတယ်။ လက်ရှိ Ornagai က Data ကိုပဲ reverse ပြန်လုပ်လိုက်တာပါ။ reverse လုပ်တယ်ဆိုပေမယ့် လက်ရှိ www.ornagai.com မှာ သုံးထားတဲ့ နည်းပညာအတိုင်း တွေကို ခွဲထုတ်ပြီး တော့ လုပ်ထားပါတယ်။ စာလုံးပေါင်း 61579 ရှိပါတယ်။ သို့ပေမယ့် စာလုံးတွေက လိုအပ်နေပါသေးတယ်။ လက်ရှိ version ကတော့ 0.5 ဖြစ်ပြီးတော့ iOS 4.2 သို့မဟုတ် နောက်ပိုင်း version တွေမှသာ သွင်းလို့ရမှာပါ။ zawgyi keyboard အရံသင့်ထည့်သွင်းထားပါတယ်။ လက်ရှိ computer လက်ကွက်အတိုင်းပါပဲ။ Unicode ကို အစက ပြောင်းမလို့ စဉ်းစားပေမယ့် android version အတွက် ပြဿနာ ကြုံရနိုင်တာကြောင့် data ကို ဇော်ဂျီပဲ သုံးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ လက်ကွက်ကို ပို အဆင်ပြေအောင် မလိုအပ်တဲ့ ​ြ– တွေကို ဖြုတ်ဖို့ လုပ်ပါအုံးမယ်။ အခု version ကတော့ အကုန်လုံး ဖြည့်ထားတဲ့အတွက် ခလုတ်လေးတွေက အရမ်းကို သေးသွားတယ်။
Continue reading

Gmail Motion

Google က လှုပ်ရှားမှုပေါ်မှုတည်ပြီးတော့ စာပို့လို့ရတဲ့ စနစ်တစ်ခု ဒီနေ့ မိတ်ဆက်လိုက်ပါတယ်။ camera တပ်ထားပြီးတော့ သင့်ရဲ့ လှုပ်ရှားမှုကနေ တဆင့် command တွေ ပေးနိုင်ပါတယ်။ ပေးလို့ရတဲ့ command တွေကတော့ အောက်မှာ ကြည့်နိုင်ပါတယ်။

Continue reading