MZ 4th anniversary confirm date

ဒီနှစ် MZ နှစ်ပတ်လည်ကို Myanmar Tutorial ရဲ့ နှစ်ပတ်လည် နှင့် web design ဆုပေးပွဲနဲ့ အတူတူကျင်းပါမယ်။ MICT Park conference hall မှာ ကျင်းပပါမယ်။ MZ နဲ့ မြန်မာ tutorial ပူးပေါင်းပြီးကျင်းပတဲ့အတွက် ပိုမိုစည်ကားပြီး ပိုပြီး အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ပွဲ အစီစဉ်အသေးစိတ်ကိုတော့ ကိုသီဟ နဲ့ အသေးစိတ် ဆွေးနွေးပြီးရင် ပြန်လည်ကြေငြာပါ့မယ်။

WWDC sold out within 12 hour

မနေ့ညက ၁ နာရီလောက်မှာ WWDC က June ၆ ရက်နေ့ဆိုပြီး mail ရောက်လာတယ်။ စျေးနှုန်းက $1599 ။ ရုံးက ပြင်သစ် ကတော့ သွားမယ်ဆိုပြီး ရုံးကိုတော့ ခွင့်တောင်းထားပေမယ့် ရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီလိုနဲ့ မနက် ရုံးတက်တော့ WWDC က June ၆ ရက်နေ့နော် လို့ ပြောပြီး Google Reader ကနေ သတင်းဖတ်လိုက်တော့ လက်မှတ်ကုန်သွားပါပြီတဲ့။ ၁၂ နာရီ အတွင်း လက်မှတ် အကုန် ရောင်းကုန်သွားပါပြီတဲ့ဗျာ။ ရုံးက တစ်ယောက်တော့ ဒီနှစ် WWDC လွတ်သွားပြီ။
Continue reading

Dhamma Stream

Dhamma Stream ဆိုတာက iPhone Application တစ်ခုပါ။ တရားတော်တွေကို online ကနေ တိုက်ရိုက် နားထောင်လို့ရအောင် ဖန်တီးပေးထားပါတယ်။ လက်ရှိ ဆရာတော် ၉ ပါး ကို online ကနေ တိုက်ရိုက် နားထောင်လို့ရပါတယ်။ data တွေ အားလုံးကို မူရင်း website ကနေ ပဲ ရယူထားပါတယ်။ တရားတော် များများကိုတော့ http://dhammadownload.com/ ကနေ ယူထားပါတယ်။ အခု version မှာတော့ download ချတာနဲ့ favorite list လုပ်တာတော့ မပါသေးဘူး။ Database ကို online ကနေ တိုက်ရိုက် update လုပ်ယူအောင် လုပ်ဖို့ ကြိုးစားပေမယ့် အချိန်ယူရမှာကြောင့် မထည့်ဖြစ်ဘူး။ နောက် version မှာ ပါလာအောင် ကြိုးစားပေးပါ့မယ်

ရေးဖြစ်သွားတာက website ကိုသွား ဖွင့်ရတာပျင်းတာကြောင့် phone ပေါ်ကနေပဲ တိုက်ရိုက်ဖွင့်လို့ရရင်ကောင်းမယ်။ website မသွားချင်ဘူးဆိုဘူး ရေးဖြစ်သွားတာပါ။ နောက် version မှာတော့ ဆရာတော် စာရင်း ထပ်ဖြည့်ပေးပါ့မယ်။ အခုတော့ version 0.5 ကို iphone ပေါ်ကနေ download ချပြီး online ပေါ်ကနေ တရားနာလို့ရပါပြီ။ computer ကို ဖွင့်ဖို့ မလိုပဲ phone ပေါ်ကနေ လွယ်လင့် တကူ တရားနာယူလို့ရပါပြီဗျာ။

Newton Apple iPhone Game

ဒီနေ့ ရုံးမှာ ၃ လလောက် ရေးထားတဲ့ Game ကို app store မှာ approve ဖြစ်သွားပါပြီ။ Game ကတော့ ရိုးရိုးရှင်းရှင်းလင်းလင်းပေမယ့် bugs တွေပြင်တာတွေ အခြား feature တွေ ဖြုတ်ထုတ်တပ် တွေ လုပ်နေတာနဲ့ ၃ လ ကျော်ကျော်လောက် ကြာသွားတယ်။ game ရဲ့ အဓိက ဇာတ်လမ်းကတော့ ပန်းသီး ကြွေကျတာကို pop လိုက်လုပ်ပေးရတာပါ။ Newton ခေါင်းပေါ် ပန်းသီး မကြွေကျအောင် ကာကွယ်ပေးရတာက အဓိက game ဇာတ်လမ်းပဲ။ ကျွန်တော်ကတော့ ဒီ game မှာ mini game ဖြစ်တဲ့ worm game နဲ့ zombie game ပဲ ရေးထားတယ်။ worm game က ၃ မျိုးလောက် ရေးပြီးမှ ၁ ခုကို ထည့်လိုက်တာပါ။ Worm game ကို acculturation နဲ့ တစ်ခေါက်ရေးတယ်။ ပြီးတော့ box2d နဲ့ တစ်မျိုးရေးတယ်။ အခု ထည့်ထားတာကတော့ အရိုးအရှင်းဆုံး cocos2d တစ်ခုတည်းနဲ့ပဲ ရေးထားတာ။ Worm Game ၃ မျိုးကို ၁ လ လောက် ကြာသွားတယ်။ တစ်မျိုးမကြိုက် တစ်မျိုးပြောင်းတာနဲ့။ နောက်ပြီး level design ၁၀ ခု လောက်ကို စမ်းပြီးမှ သင့်တော်တဲ့ ၃ ခု ကို ထည့်ထားပါတယ်။ အစက ၆ ခု ထည့်မလို့ပဲ။ ကျွန်တော်က ၃ ခုလောက်ပဲ ရေးပြီးတော့ ကျန်တဲ့ ၇ ခုလောက်ကို intern လေးကို အပ်ပြီး ရေးခိုင်းလိုက်တာ။ အဲဒီ အထဲကမှ အကောင်းဆုံး ၃ ခုကို ရွေးခဲ့တယ်။ သို့ပေမယ့် သူက grid ပေါ်မှာ layout ချထားတာမဟုတ်တော့ worm သွားတဲ့ လမ်းကြောင်းက detect မသိတော့ဘူး။ ဒါနဲ့ ကိုယ့်ဘာသာရေးထားတဲ့ ၃ ခုပဲ ထည့်လိုက်ရတယ်။

Newton Apple ကတော့ အစအဆုံး ရုံးက ပြင်သစ်ရေးထားတာပဲ။ အဲဒီအထဲမှာ သဘောကျတဲ့ အပိုင်းက သစ်ရွက်ကြေတဲ့ animation အတွက် သူသုံးထားတဲ့ formula ပဲ။ game က ဒီအတိုင်းဆော့လိုက်ရင် ဘာမဟုတ်ဘူးထင်ရပေမယ့် ထင်သလောက် တော့မလွယ်ဘူး။ နောက်ပြီး cocos2d မှာ gestures မပါတော့ ကိုယ့်ဘာသာ ကိုယ် ပြန်ရေးရတာတွေ ရှိတယ်။ multi touch တော့ မပါသေးဘူး။ ပန်းသီးကြွေကျတာဖြစ်ပေမယ့် random engine ကိုလည်း သူ့ဘာသာ သူရေးထားတာပဲ။ game ကတော့ ကလေးတွေ အကြိုက် ရေးထားတာလို့ ဆိုရမလားပဲ။ boss ရဲ့ ကလေးတွေကတော့ တော်တော်လေးကို သဘောကျတယ်။ ကျွန်တော်တို့ရုံးကလူတွေကတော့ testing လုပ်ရလွန်းလို့ game ကို တော်တော်ကျွမ်းနေပြီ။
Continue reading

KeyMagic on web

jKeyMagic က keymagic web version ပါ။ online ပေါ်မှာ keyboard အတွက် သီးသန့် ပြန်ရေးနေစရာမလိုပဲ လွယ်လွယ် ကူကူ အသုံးပြုလို့ရပါပြီ။ ဇော်ဂျီ လက်ကွက် နဲ့ unicode ကော ဇော်ဂျီ ကော ရှိတဲ့အပြင် မြန်မာ ၃ ၊ ပုရပိုက် စတဲ့ လက်ကွက် စုံစုံလင်လင်ရှိပါတယ်။ iOS နဲ့လည်း တွဲပြီး အသုံးပြုလို့ရတဲ့အတွက် iOS ပေါ်မှာ မြန်မာလို စာရေးချင်တဲ့သူတွေ အတွက် သင့်လျော်ပါတယ်။

XCode 4 have a problem with template

XCode 4 မှာ template system က directory နေရာပြောင်းသွားသလို template system ကလည်း ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် cocos2d , phonegap စတဲ့ template base framework တွေ အနေနဲ့ XCode 4 ကို သုံးလို့ရအုံးမှာ မဟုတ်သေးပါဘူး။ Cocos2d ကတော့ XCode 4 တရားဝင် ထွက်မှ သူတို့လည်း ထုတ်မယ်လို့ ဆိုပါတယ်။ သို့ပေမယ့် Phonegap ကတော့ ဘယ်လိုမျိုး ပြောင်းလဲပြီး အသုံးပြုနိုင်တယ်ဆိုတာကိုတော့ ဒီမှာ ရေးထားပါတယ်။ Cocos2d သမားတွေ အနေနဲ့ Xcode 4 နဲ့ကတော့ ကသိကအောက် ဖြစ်စရာပါပဲ။ ဒီနေ့ည ပွဲမှာ XCode 4 တော့ မထွက်လောက် သေးဘူးထင်တာပဲ။ ထွက်သင့်နေပြီ။ iPad 2 သာ ဒီည ထွက်မယ်ဆိုရင်တော့ XCode 4 လည်း မနက်ဖြန် မနက်လောက် download ဆွဲလို့ရမှာ သေချာပါတယ်။ ဒါဆိုရင် cocos2d လည်း update version လိုက်ထုတ်ပေးမယ်လို့ မျှော်လင့်ရတာပဲ။

CB Bank iPhone app

CB Bank iPhone app ဟာ CB Bank ရဲ့ Branch တွေ အားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုလို့ ရပြီး ဖုန်း နံပတ် ၊ လိပ်စာ ၊ fax စတဲ့ အချက် အလက်တွေ ပါဝင်ပါတယ်။ နောက်ပြီး မြေပုံကနေ တဆင့် အနီး ဆုံး branch ကို ရှာဖွေလို့ရပါတယ်။ အင်တာနက် connection ရှိဖို့ တော့လိုတာပေါ့။ Mobile Banking တွေ မရသေးပေမယ့် လက်ရှိ bank လိပ်စာတွေ နဲ့ ဖုန်းနံပတ်တွေကို လွယ်လွယ်ကူကူ ရအောင် ဖန်တီးပေးထားတာပါ။ နောက်ပြီး အတိုးတွက်တဲ့ Calculator တစ်ခု ပါဝင်ပြီး ကိုယ်ငွေစုထားရင် ဘယ်နှစ်နှစ် ကြာရင် bank ထဲမှာ ဘယ်လောက်ရှိသွားပြီဆိုတာကို တွက်ချက်လို့ရပါတယ်။ နောက် version တွေမှာတော့ Branch တွေရဲ့ photo တွေ ပါဝင်လာပါမယ်။ နောက်ပြီး အခြား feature အသစ်တွေလည်း ပါဝင်လာဖို့ရှိသလို iPad version လည်း ထွက်ရှိလာမှာပါ။ iPhone version က Branch list ကို ဒီထက် ပိုမိုကောင်းမွန်လာအောင် ပြုပြင်ဖို့ ရှိပါတယ်။

Continue reading

Xcode 4 is awesome

ဒီနေ့ည ပြန်ရောက်တော့ XCode 4 GM version download ချထားတာ သွင်းကြည့်တယ်။ တော်တော်မိုက်တယ်။ Xcode ၃ ထက် စာရင် UI က နည်းနည်း ပိုရှုပ်သွားတယ်။ သို့ပေမယ့် Interface Builder နဲ့ Xcode ကို ပေါင်းလိုက်တော့ ပိုပြီး ကြည့်ရတာ အဆင်ပြေတယ်။ သို့ပေမယ့် စစခြင်း သုံးတဲ့အခါမှာ Interface Builder ကို ဘယ်လို သုံးရမှန်း မသိလောက်အောင် ကို ဖြစ်သွားတယ်။

Code ရေးတဲ့ အပိုင်းမှာ ပိုအဆင်ပြေသွားတယ်။ အချို့ function တွေက deprecated function တွေ ဖြစ်ကုန်ပြီ။ အဲဒါကို XCode 4 မှာ သိသာအောင် ပြထားပေးတယ်။
Continue reading