ကောင်းရာ သုဂတိလားပါစေ

ဒီနေ့ Keith ရဲ့ သတင်းရဲ့ ကြားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က ဦးဏှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးသွားတယ်လို့ ကြားလိုက်ရတယ်။ ယုံတောင် မယုံနိုင်ဘူး။ ယုံလည်း မယုံချင်တာလည်း ပါတာပေါ့။ Keith ဆိုတာကတော့ အခြားသူတော့ မဟုတ်ပါဘူး။ http://www.thanlwinsoft.org/ ပိုင်ရှင် Keith Stribley ပါ။ သံလွင်soft ကို မသိဘူးဆိုရင်တောင် unicode သုံးနေတဲ့သူတွေအနေနဲ့ အက္ခရာ keyboard ကိုတော့ သိကြမယ်ထင်တယ်။ ဟုတ်ပါတယ်။ အက္ခရာ keyboard ကို ရေးသားခဲ့တဲ့သူပါ။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၇ နှစ်လောက် နေပြီး Myanmar Unicode ကို လုပ်ခဲ့တဲ့သူပါ။ မြန်မာ Unicode နဲ့ ပတ်သက်ပြီး အများကြီး ဆောင်ရွက်ခဲ့တဲ့သူပါ။ မြန်မာ Unicode ကို စ ကတည်းကနေ ပါဝင် ဆောင်ရွက်ခဲ့သူတစ်ယောက် ဖြစ်ပြီး သူလုပ်ခဲ့တဲ့ အရာတွေလည်း အများကြီးပါပဲ။ Open Office မှာလည်း မြန်မာစာ ရအောင် ပါဝင် ဆောင်ရွက်ခဲ့သူတစ်ယောက်ဆိုလည်း အမှန်ပါပဲ။

ဒါ့အပြင် Linux Geek ဖြစ်ပြီး Linux အတွက် မြန်မာ Unicode ကိုလည်း ကောင်းကောင်း support ပေးနေတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူ့ရဲ့ firefox addon , Myanmar Converter Firefox Extension ကို ရေးခဲ့ပါတယ်။ နောက်ပြီး မြန်မာစာ sorting ကိစ္စတွေ spell checking တွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူပါ။ သူ့ကိုတော့ အပြင်မှာ တစ်ခေါက်ပဲ မြင်ဘူးတယ်။ ကိုဝီလျံ ရန်ကုန်ရောက်တဲ့အချိန်တုန်းက ပွဲသွားတက်တုန်းက Myanmar Unicode ကိစ္စတွေ မေးဖြစ်ခဲ့ဘူးတယ်။ KDE အကြောင်းတွေလည်း သူ့ကို မေးခဲ့ဘူးတာလောက်ပဲ ရှိတယ်။ သို့ပေမယ့် ဆုံးသွားတယ် သတင်းကြားရတော့ ရင်ထဲမကောင်းဘူး။ မြန်မာစာအတွက် နှမြောမိတယ်။ Myanmar IT လောကအတွက်လည်း ဆုံးရှုံးမှု တစ်ခုဆိုလည်း မှားမယ် မထင်ပါဘူး။ သို့သော် သေခြင်းတရားက ဘယ်အချိန်မှာ ဘယ်လို ရောက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။

Keith , ကောင်းရာ သုဂတိ လားပါစေဗျာ…

image credit : http://www.flickr.com/photos/26895501@N03/5454974467/

Happy at MZ Gathering

ဒီတစ်ခေါက် ရန်ကုန်ပြန်တာ တော်တော်အကျိုးရှိသွားတာကတော့ MZ က လူငယ်တွေနဲ့ တွေ့လိုက်ရတယ်။ လက်ရှိ pro မဟုတ်သေးတဲ့ သူတွေရဲ့ စကားကို ကြားချင်နေတာ ကြာလှပြီ။ MZ က လူငယ်တွေက အခုမှ စလေ့လာကစ လူတွေ နောက်ပြီး အခြား လိုင်းကနေ computer ကို စိတ်ဝင်စားလို့ ရောက်လာတဲ့ လူငယ်တွေ တော်တော်များများပါတယ်။ Pro တွေလည်း ပါတယ်။ လာတဲ့သူတွေကတော့ လုပ်ချင် ကိုင်ချင် လေ့လာချင်စိတ် အပြည့်ရှိတဲ့သူတွေလည်း မမှားပါဘူး။

MZ Gathering ကို ၄ နာရီ လောက်ချိန်းထားပေမယ့် မုန့်ဝယ်တာနဲ့ဆိုတော့ နောက်ကျသွားတယ်။ ကျွန်တော်က ၄ နာရီ ခွဲလောက်မှ ရောက်ဖြစ်တယ်။ မိုးက ရွာတာနဲ့ လူတွေ ကွဲကုန်ပြီ မှတ်တာ တော်သေးတာက exiter နဲ့ gipsy တို့ ရောက်နေတော့ ဆိုင်ထဲကို နေရာရွှေ့ထားပေးလို့။ ကျွန်တော် ရောက်မှပဲ ပွဲ စဖြစ်တာပေါ့။ ရောက်ရောက်ခြင်း လူတွေ မိတ်ဆက်တော့ ဟိုးအရင်တုန်းက ကျွန်တော် သိတဲ့ ကလေးတွေတောင် လူငယ်တွေ ဖြစ်ကုန်ပြီပဲ ဆိုတာ သိရတယ်။ ဟိုအရင် planet forum တွေ ခေတ်စားတုန်းက ကလေးတွေတောင် တော်တော်အသက်တွေကြီးလာပြီပဲ။ ငါလည်း တော်တော်အသက်ကြီးသွားပြီပဲလို့တောင် တွေးမိသေးတယ်။
Continue reading

MZ is ready to change Unicode

Python converter နဲ့ ပြောင်းတာ အဆင်မပြေတာနဲ့ ကိုယ့်ဘာသာ ရေးထားတဲ့ PHP ကို ပြန်စမ်းကြည့်ဖို့ စဉ်းစားထားတာ ကြာပြီ။ MZ ကို ပြောင်းဖို့ ကြည့်လိုက်တော့ နောက်ပိုင်းရေးထားတဲ့စာတွေက Latin မှာသွားသိမ်းထားတာ ࿽ လိုမျိုး ပုံစံတွေနဲ့ ဆိုတော့ PHP code နဲ့က အဆင်မပြေဘူး။ ကို ရာဗီ ကိုတော့ ပြောင်းတာ error တက်တာ ပြောထားသေးတယ်။ ဒေါက်တာ ကာဘွန် ရေးထားပေးတဲ့ java converter နဲ့တော့ မစမ်းရသေးဘူး။

MZ database က 500 MB လောက် ရှိတယ်။ ဒါကြောင့် ပြောင်းရခက်နေတာ။ Unicode ပြောင်းတာနဲ့ အတူတူ vanilla ကိုလည်း ပြောင်းမှာဆိုတော့ Vanilla ကို export လုပ်လိုက်တယ်။ file size က 200 MB လောက်ပဲ ရှိတော့တယ်။ အဲဒီ sql ကို ကိုရာဗီ ရဲ့ python နဲ့ ပြောင်းတာလည်း မရဘူး။ ဒါနဲ့ မနေ့က လေယာဉ်ပျံ ပေါ်မှာ php converter ကို ထပ်ပြီး update လုပ်ပြီး ရေးလိုက်တယ်။ အဓိက ပြဿနာက memory ပဲ။ ဒါနဲ့ *nix အဓိက ဆင်းပြီး shell script ရေးရင်း ကောင်းမလားလို့ တောင် စဉ်းစားသေးတယ်။ shell script ဆိုတာနဲ့ ဘာကို သွားစဉ်းစားမိလဲဆိုတော့ cat နဲ့ > filename ကို သွား သတိရတယ်။ cat ကတော့ *nix တွေမှာ file read တဲ့ အနေနဲ့ ခေါ်ပြီး php zg_cli.php > output.txt ဆိုရင် output အနေနဲ့ file write သွားပေးတယ်။ php က file write တာ မဟုတ်ပဲ os က သွား write ပေးတာ ဖြစ်တော့ နည်းနည်း ပိုမှန်တယ်။
Continue reading

MZ Gathering

MZ member တွေ့ဆုံပွဲကို ကန်တော်ကြီးမှာ လုပ်ပါမယ်။

Date:… 30.1.2011
Time:… ညနေခင်း 3 နာရီမှ 4 နာရီခွဲအထိ
Place:.. ကန်တော်ကြီး ချစ်သူများကျွန်း

ကျွန်တော်လည်း အဲဒီနေ့ အဲဒီပွဲမှာ ရှိနေမှာပါ။ အစီအစဉ်ကတော့ ထွေထွေထူးထူး မရှိပါဘူး။ member အသစ်တွေကော အဟောင်းတွေကော ရင်းနှီးသွားအောင် တွေ့ဆုံကြတဲ့ သဘောပါ။ နောက်ပြီး ကျွန်တော် ရန်ကုန်ရောက်နေတုန်းမှာ MZ က member တွေကိုလည်း တွေ့ချင်တာကြောင့်လည်းပါပါတယ်။
Continue reading

Keymagic Portable

အင်တာနက်ဆိုင်မှာ keyboard မရှိလို့ unicode ရိုက်လို့မရဘူးဆိုသူများ key magic portable ကို အသုံးပြုလို့ရပါတယ်။

http://dl.dropbox.com/u/176693/KeyMagic-Standalone-Portable.zip

Thank , Dr Carbon for keymagic portable :)

Official One Piece Wikia for Myanmarsar

ဒီနေ့ one piece wikia ကို ဖတ်နေရင်းနဲ့ မကျေမနပ်ဖြစ်လာတယ်။ အခြား ဘာသာ စကားတွေက de.onepiece.wikia , zh.onepiece.wikia ဆိုပြီး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေအတွက် my.onepiece.wikia ကို ခေါ်တာ မရဘူးဖြစ်နေတယ်။ ဒါနဲ့ ဘယ်လို လုပ်ရမှန်းလဲ မသိ။ လုပ်ကလည်း လုပ်ချင်နေတယ်။ onepiecemm.wikia.com က လက်ရှိ ဇော်ဂျီနဲ့ ရေးနေပေမယ့် official မဟုတ်သလို ခံစားနေရတယ်။ ရေးရတာ သိပ်အရသာမရှိသလို အခြား language တွေလို လက်ရှိ Article မှာ Langauge ဆိုတဲ့ နေရာမှာ မထည့်နိုင်ဘူး ဖြစ်နေတယ်။ ဒါနဲ့ မနေနိုင်တာနဲ့ wikia support ကို email ပို့လိုက်တယ်။
Continue reading

MM Unicode font on cydia

iOS အတွက် jailbreak MM Unicode ကို http://cydia.macforus.com မှာ ရပါပြီ။

Zawgyi Font သွင်းထားရင်တော့ သုံးမရပါ။ ဒါကြောင့် လက်ရှိ Zawgyi သွင်းထားသူများအနေနဲ့ကတော့ Zawgyi ကို ဖြုတ်ဖို့လိုပါတယ်။

Remove Zawgyi from iOS

၁. Zawgyi Font iOS Uninstaller ကို အရင် သွင်းပါ။

၂. ပြီးလျှင် Zawgyi Font iOS ကို update လုပ်ပါ။

၃. Zawgyi Font iOS ကို Uninstall လုပ်ပါ။

၄. နောက်ဆုံး Zawgyi Font iOS Uninstaller ကို Uninstall ထပ်လုပ်ပါ။

ဒါဆိုရင် Zawgyi Font iOS uninstall လုပ်ပြီးပါပြီ။

Install Unicode Font

Go to Cydia > Sources > Edit > Add

မှာ http://cydia.macforus.com ကို ထည့်လိုက်ပါ။

ပြီးလျှင် package ကို သူ update လုပ်သွားပါမယ်။

cydia.macforus.com ကို ထည့်ပြီးတဲ့သူတွေကတော့ Changes မှာ Refresh ကို နှိပ်လိုက်ရုံပါပဲ။

ပြီးလျှင် Sections > Zawgyi > MM Unicode Font ကို သွင်းလိုက်ရင် ရပါပြီ။

သွင်းပြီးရင် respring လုပ်ပါလိမ့်မယ်။ ပြီးလျှင် ရပါပြီ။ စက်ကို restart ချစရာမလိုပါ။ Uninstall လည်း ပြန်လုပ်လို့ရပါတယ်။

Python ZG To Uni Converter

Hi Saturn,
I am attaching the lastest file with html2utf8 conversion and windows
standalone exe file inside the dist folder. Ko Thiha, please also test
for me if the windows exe works. Thanks.
The html2utf8 conversion will convert က to but will not convert
name html entities like &lgt; © etc which is useful in an html
file. For windows program I need to add a progress indicator bar as
write now user can not know when the conversion finished. But if their
file is not large this should not be a problem. Looking forward to
feedback. Sorry this took longer than expected.
After extracting this rar file, please rename two files from under
“dist” folder with extension .exe instead of .bak.
Cheers,
Ravi

Thank , Ko Ravi …

I can’t test today. I will test tomorrow and I will write how to convert using python converter.
download